Photobucket

Sunday, July 20, 2008

ယုံလိုက်စမ်းပါ


ဘတ်စ်ကားပေါ်မှာ အမျိုးသမီး တစ်ယောက်နှင့် သူမ၏ အမျိုးသားတို့ စကားပြောနေကြသည်။

အမျိုးသမီး ။ ။ ကျွန်မတို့ ရှေ့မှာ ထိုင်နေတဲ့ ကောင်မလေးကို ရှင် စိုက်ကြည့်နေတဲ့ပုံ.. ကျွန်မ မကြိုက်ဘူးနော်..

အမျိုးသား ။ ။ ဘယ်သူ့ကို ပြောတာလဲ.. မီနီစကတ် အစိမ်းရောင်လေးနဲ့ အညိုရောင် အင်္ကျီလေးနဲ့ အနက်ရောင် ခြေအိတ်လေးတွေ... ပြီးတော့ သားရေကုတ် အင်္ကျီဝတ်ထားတယ်။ အဲ့ဒီ ကောင်မလေးလား

အမျိုးသမီး ။ ။ ဟုတ်တယ်။ သူပဲ.. !

ထိုအချိန်တွင် သူမ၏ အမျိုးသား ပြန်ဖြေလိုက်ပုံက

အမျိုးသား ။ ။ ဟာကွာ၊ ငါသတိတောင် မထားလိုက်မိပါဘူး။

:)

ref: mmap

1 comment:

PP said...

သတိမထားမိပေလို့ပဲ။ သတိများထားမိရင် ပြာကျသွားနိုင်တယ်။ :D