Photobucket

Wednesday, July 30, 2008

အင်မတန် ကောင်းသော ရည်းစားစာ

ချစ်သူ....
အကြောင်းညီညွတ်လို့ ဘောင်းဘီချွတ်ပြီး စာရေးလိုက်ပါတယ်..
အခု ကိုယ်ပို့လိုက်တဲ့ စာကလေးကို ရရင် အမွေးနှုတ်ပြီး ကျော်စား လိုက်ပါနော်..
မင်းကို ကိုယ်ချစ်ချင်ပေမယ့် အုန်းခြစ်က မရှိဘူး..
မင်းနဲ့ ကိုယ်ပေါင်းချင်ပေမယ့် ကောက်ညင်းဆန်တွေ ဈေးကြီးတာ မင်းအသိပါ။
မင်းကို ကိုယ်နှစ်သက်ပေမယ့် မင်းက ရေငှပ်ကျွမ်းတော့ ဘာမှ မဖြစ်ဘူးပေါ့
အချစ်ရယ်..
ကိုယ် တစ်ယောက်ထဲ လျှောက်လှမ်းခဲ့တဲ့ အ၀တ်တွေ ခုဆို ခြောက်လောက်ရောပေါ့
မင်းအချစ်ကိုသာ မရရင် ကိုယ်လေ..
မထူးတော့တဲ့ ဘ၀မှ မြောင်းတူးပြီး ပြောင်းဖူးပဲ စိုက်စားတော့မယ်ကွာ..
ကိုယ်ဒီလို အရဲစွန့်ပြီး စာရေးတာ စိတ်မဆိုးပါနဲ့ကွာ..
ငပိ စားပြီး အသိတရား မရှိဘူးလို့တော့ မပြောလိုက်ပါနဲ့ကွာ..
ဂေါ်ဖီတွေ အားပြီး တော်ကီတွေ ပွားတာလဲ မဟုတ်ပါဘူး..
ရုတ်တည်နဲ့ မုန့်တီထိုက်သောက်နေတယ်လဲ မထင်လိုက်ပါနဲ့
အရှက်မရှိ သရက်စေ့ လည်း မဟုတ်ပါဘူးနော်..
ကိုယ်ဟာ..
ရုပ်ကလပ်က စုတ်ပြတ်..
ရူပါက ချူချာ..
သောက်ရုပ်က မျောက်ကုတ်..
ပုံစံက ဒုံးပျံနေပေမယ့်
အသည်းနှလုံးကတော့ သိပ်ချစ်တတ်ပါတယ်..
ကိုယ့်ရဲ့စာကို မင်းမိဘတွေ တွေ့လို့ တော်တော် ဆူနေလား ?
ဆူရင် မီးဖို ပေါ်က ချပြီး လက်ဖက်ခြောက် ခတ်လိုက်နော်..
မင်းလေး..ကိုယ့်ဆီ စာပြန် ပါဦးနော်..
မင်းဆီက ပြန်လာမဲ့ စာကလေးတွေကို..
ကိုယ် လေသေနတ်နဲက အသင့် ဆောင့်နေမယ်..အဲ့လေ..မှားလို့ အသင့်စောင့်နေမယ်..

(မေးလ်ထဲရောက်လာသော ဟာသလေးအား မျှဝေလိုက်ပါ၏)

5 comments:

RePublic said...

ရည်းစားစာ က လန်ထွက်နေတာပဲ ..တီးရေ၊၊

Anonymous said...

ကျွန်တော့်ကောင်မလေးကိုအဲ့လိုစာလေးသွားပေးလိုက်မယ်

shwenaw said...

ဒီစာကြီးကဖြင့် ဟိုး လွန်ခဲ့တဲ့ အန်တိတ်မှာ ကျန်ခဲ့ပါပေါ့ ။ ဟီး

Anonymous said...

မိုက်လှချည့်လား
နာတော့မယ် =)

ပန်းခရေ said...

ကောင်းလိုက်တဲ့ရည်းစားစာ ကောင်မလေးက ....
ချက်ချင်းအဖြေပေးရောလား...
မိုက်တယ်..မလိမ်မာဘူး..လူဆိုး..သူခိုး..ဂျပိုး...သဘက်...သူဝှက်...း)
မောတယ်
တော်ပီ..း)