Photobucket

Tuesday, June 24, 2008

Me and My Favourite Dancer



စာမေးပွဲရှိတိုင်းသာ စာမရေးရင်တော့ ပေဖူးလွှာတို့ ဒီတသက်လုံး စာရေးဖြစ်မှာ မဟုတ်တော့ဘူး။ အရင်ကတော့ ကြီးကြီးမားမား များများစားစားရေးမလို့ဘဲ။ ရေးချင်တယ်။ အချိန်က မရှိ၊ ဒီကြားထဲ Ms. Reporter ဆိုတော့ သတင်းက လိုက်ဖမ်းရသေးတယ်။ ဟဲ..ဟဲ

ဒီနေ့တော့ ပေဖူးလွှာ ကတတ်သလားလို့ မေးနေကြတဲ့ သူတွေအတွက်ပါ။ ပေဖူးလွှာ ကတတ်ပါတယ်။ ကွေးနေအောင်ကို ကတတ်ပါဧ။်. :P :P ဘာအကလဲလို့ မေးရင်တော့ ပေဖူးတို့က လိုင်းနဲနဲစုံတယ်။ ဟဲ ဟဲ။ ဒါပေမယ့် ဟို Popping တို့ B-Boy Head Spin တို့ တော့ မဟုတ်ဘူး။ အမေက အရိုးထပ်ကျိုးရင် မကုပေးတော့ဘူးဆိုပြီး ရာဇသံပေးထားလို့ ငြိမ်နေရတယ်။ ^.^
ဘယ်လိုက စဖြစ်တာလဲဆိုတော့ ငါးတန်းလောက်တုန်းက စတာပါ။ အဲဒီအချိန်တုန်းက ပေဖူးလွှာတို့ ဆိုတာ မိန်းမတို့ တတ်အပ်သော ပညာက လွဲရင် ကျန်တာ အကုန်တတ်တယ်။ (ဖဲတို့ ဘောလုံးပွဲတို့ ပြောတာပါ….လျှောက်မတွေးနဲ့လေ) :P


အဲဒါနဲ့ပဲ နယ်က အဘွား ပေဖူးတို့ အိမ်မှာလဲ သုံးလလောက် လာနေရော ဒီကောင်မလေး ထောင့်မကျိုးဘူးဆိုပြီး ဗမာအကသင်တန်းပို့ လိုက်ပါလေကော။ အဲဒါနဲ့ပဲ ပေဖူးတို့ စ ကဖြစ်သွားတာပါပဲ။ US ရောက်တော့လဲ ဒီက အကတွေ အချိန်ရရင် ရသလောက် လေ့လာနေပါတယ်။ အရင် Semester တုန်းက ကျောင်းက ဘော်ဒါတွေနဲ့ Ballroom အကသင်တန်း သွားတက်တယ်။ ဟီး……ဘာရမလဲ…အပြတ်ကို တက်နင်းတာပေါ့။ ကမှ မကတတ်ပဲကိုး။ ဟီး….အဲဒီတစ်ယောက် အခုဆို လမ်းလျှောက်ရင်ပါ ရှောင်နေတယ်။ ပေဖူးထပ်တက်နင်းမှာ စိုးလို့ ထင်တယ်။ :P ဒါပေမယ့် လလယ်မှာပဲ အတန်းဖြုတ်လိုက်တယ်၊ စာများတာကိုး၊ နောက်မှဘဲ အေးအေးဆေးဆေး ပြန်တက်တော့မယ်။ ^.^
---------------------------------------------------------------------------------------------------
ဒီတပါတ်တော့ ပေဖူးအကြိုက်ဆုံးက အကပညာရှင်တယောက်အကြောင်း ရေးချင်ပါတယ်။ သူမရဲ့ နာမည်ကတော့ Sara Von Gillern တဲ့။ Miss Von လို့ လူသိများပါတယ်။ သူလဲ So You Think You Can Dance Show မှာ နာမည်ကြီးပါပဲ။ အဲဒီပြိုင်ပွဲအကြောင်း ပြန်ဖတ်ချင်ရင် ဒီမှာ LINK။ သူကတော့ ဒီက နာမည်ကြီးလူတွေလို ခေါင်းမရှိတာမျိုးတော့ မဟုတ်ဘူး။ Colorado State University ကနေ Journalism နဲ့ ဘွဲ့ရထားတာပါ။ အသက်ကတော့ ၂၄ နှစ်ရှိပါပြီ။ ဗမာမျက်စိထဲမှာတော့ အချောကြီးထဲမှာ မပါ ပါဘူး။ သူကတော့ မဲကျရာ အကကို အထစ်အငေါ့မရှိ အေးအေးဆေးဆေးကြီး ကနိုင်ပါတယ်။
သူက အဲဒီပြိုင်ပွဲမှာ Top 8 ချိတ်ပါတယ်။ သူ့မရဲ့ Original Genre ပင်ကိုယ် အကစတိုင်ကတော့ Hip Hop ပါ။ B-Boy တွေလို Break Dancing ပါ။ သူက မိန်းကလေးဆိုတော့ B-Girl ပေါ့။ သူ့ရဲ့ Style လေးကို ကြည့်လိုက်ကြဦးစို့။



ပေဖူးကတော့ကြိုက်ပါတယ်။ B-Boy တွေလို ကတာ မမြန်ဆန်ပေမယ့် မိန်းကလေးတယောက် အဲဒီလို ကနိုင်တယ်ဆိုတာကိုက စံပါ။ သူက ဒီလိုအကတွေကို ကျွမ်းကျင်တာကို ကဖို့မဲကျတာက Argentine Tango ပါ။ Argentine Tango က တရားဝင် Ballroom အကမဟုတ်ပါဘူး။ အလွယ်ဆုံးပြောရင်တော့ Argentina မှာ ဒီလိုစတိုင်အများဆုံးကကြလို့ Argentine Tango လို့ နာမည်တွင် သွားတာပါ။ ရိုးရိုးTango နဲ့ ဘာကွာလဲလို့ မေးရင်တော့ Argentine Tango မှာ ကတဲ့ Partner နှစ်ယောက်လုံးက တခါတည်း တွဲနေစရာမလိုပါဘူး။ အဆင်ပြေသလို ကကြတာပါ။ ပြီးတော့ Argentine Tango က ခေါင်းအနေအထားက Tango နဲ့ အများကြီးကွာပါတယ်။ အကျဉ်းချုံးရရင်တော့ Partner Chemistry က Argentine Tango မှာ အများကြီး အသုံးဝင်ပါတယ်။ ကိုယ့်ရဲ့ Favorite ဆိုတော့လဲ ဒီPieceလေးကို ကြိုက်လိုက်တာပါပဲ။ ထူးထူးခြားခြားပါတာ တခုက 1:10 မိနစ်က အကွက်ကလေးပါ။ “Human Pretzel” လို့ခေါ်ပါတယ်။ ဟုတ်တော့လဲ ဟုတ်တာပဲ လူစင်စစ်ကနေ မုန့်ကြိုးလိမ်ဖြစ်ကော။ :S



မိုက်တယ်ဟုတ်။ ဒီတခုက ပိုမိုက်တယ်။ အကဆရာတော်တာလဲ ပါမှာပေါ့။ ဒီ Routine လေးကတော့ Pop Jazz ပါ။ Choreographer ကတော့ Wade Robson ပါ။ သူက Emmy ဆုတောင် ရထားတာလေ။ သူ Emmy ဆုရတဲ့ အကလေးကိုတော့ နောက် ပို့စ်တွေမှာ ထည့်ဖို့ အစီအစဉ်ရှိပါတယ်။ Jazz အက ကတော့ အမြဲထူးထူးဆန်းဆန်းတွေကြီးပဲ။ ဒါပေမဲ့ ပေဖူးအကြိုက် Dancer ကြီးကတော့ ကသွားတာ အေးဆေးပဲ။ B-Girl ဆိုပေမဲ့ Jazz Hand တွေ ပိုင်ပိုင်နိုင်နိုင်ရှိနေသူပေါ့။ ပေဖူးတော့ ဒီအကကို ပထမဆုံးစကြည့်မိတုံးက မျက်တောင် မခတ်မိဘူးထင်တယ်။



နောက်တစ်ခုကတော့ West Coast Swing ပါ။ ဒီအကမှာတော့ Sara ဘယ်လောက်သန်တယ်ဆိုတာတွေ့ရမှာပါ။ ပေဖူးအမြင်တော့ west coast swing က တော်တော်ခက်တဲ့ အကပါ။ lift တွေ Cart Wheel တွေ Slide တွေ ပေါ့။ စကားပြောတွေကို ကျော်ချင်ရင်တော့ ၃မိနစ်က နေ စပြီး ကြည့်လိုက်တော့နော်။


Last but not Least. ဒါကတော့ Disco ပါ။ အပေါ်ဆုံးက video နဲ့ ပြန်ယှဉ်ကြည့်မယ်ဆိုရင်တော့ ဘာမှကို မဆိုင်တာပါ။ Miss Von လေ ခရမ်းရောင်ဝတ်စုံလေးနဲ့ ဒေါက်ဖိနပ်လေးနဲ့ အရမ်းလှနေပါတယ်။ ကိုယ်လေးပျော့ပျော့ပျောင်းနဲ့ လေထဲမှာ လွင့်နေတာက အားကျချင်စရာပါပဲ။


အချိန်ပေးပြီး ဖတ်တာ ကျေးဇူးတင်ပါတယ်နော်။ နောက်နှစ်ရက်လောက်ကျရင် သတင်းတွေနဲ့ ပြန်တွေ့ကြတာပေါ့။

ပေဖူးလွှာ

3 comments:

Tea said...

ပေဖူးရေ.. အရမ်းမိုက်တယ်ဆိုတဲ့တစ်ခုက ကြည့်ရတာ တော်တော် ဓာတ်လိုက်နေသလိုပဲ။ ကြည့်တဲ့လူတောင် လိုက်နေသလိုပဲ.. ကတာက တုန်ခါပြီး တွန့်လိုက် ရပ်လိုက်နဲ့ .. ဒါပေမယ့်လည်း လိုက်ပြီး ကကြည့်တော့လည်း လွယ်ပါတယ်။ အခုပဲ စမ်းက ကြည့်ပြီးသွားပြီ။ ;)

ကိုရင်နော်ခင်လေးငယ် said...

ကဲ.......က နီးပေါင်းစုံ နဲ့ လိုက်လိုက် က ရတာ တစ်ကိုယ်လုံးလည်း ချွေးတွေရွှဲနေပေါ့.....ဟူးးးးးးးး
ကဲ...ကပြီးရင်တော့ အမောပြေ ... စားပွဲခင်း ဖဲရိုက်ကြမယ်.....
ဟီးးးးးးးးး ပေဖူးကရိုက်တတ်တယ်ဆိုလို့...းP
(ခင်လေးငယ်)

RePublic said...

ဝိုး....
ဘာပြောရမှန်းတောင်မသိဘူး ၊၊
အကတွေကောင်းချက်ကတော့ဗျာ၊၊စုံအောင်ပြောပြတဲ့
ဲ့ပေဖူးလွှာ ကိုတျေးဇူး ၊၊သင်တန်းဖွင့်ရင်ပြောဗျာ၊၊
ကျွန်တော်ကိုယ်တိုင်လိုက်ကြော်ငြာပေးမယ် ....

**** BRAVO *****