Photobucket

Tuesday, July 22, 2008

Research Paper မနက်ဖြန် Due ပြီ ... !!


အား။ ကယ်ကြပါဦး။ မနက်ဖြန် paper ထပ်ရတော့မယ်။ အခုထိလည်း မစရသေးဘူး။ အချိန်က ကြည့်ပါဦး။ ည ၆နာရီခွဲနေပြီ။ လုပ်ကြပါဦး။ သေပါပြီ။ အခြေအနေကတော့ လုံးဝ မရတော့ဘူး။ မှီမှာ မဟုတ်တော့ဘူး။

* * * အားလုံး ရှုပ်ရှက်ခက်နေသည် * * *

နေဦး။ အချိန်က ၇နာရီထိုးတော့မယ်။ ဗိုက်ကလည်း ဆာနေပြီ။ သွားစားလိုက်ဦးမှ.. မီးဖိုချောင်ထဲသို့ လျှောက်သွားသည်။ ရေခဲသေတ္တာကို ဖွင့်လိုက်သည်။ ပြောသလင်းခါပြီး ရှင်းလင်းနေလေသည်။ ဒါနဲ့ ပုံမှန် ဖွင့်နေကျ ခေါက်ဆွဲဘူးတွေ ထားရာ ဗီဒိုကြီးသို့ ခြေလှမ်းလိုက်ပြီး ဘူးသုံးဘူး ထုတ်ကာ microwave ထဲ ထည့်လိုက်သည်။ ဒါနဲ့ ရေခဲသေတ္တာ အခဲ ခန်းက အဆင်သင့် ပလာတာ သုံးချက်ကို ဒယ်အိုးပေါ် ဆီပါးပါးလေးနှင့် မြန်မြန်ကြော် လိုက်သည်။ ပြီးတော့ သကြားဖြူးပြီး ရေတစ်ခွက်၊ ခေါက်ဆွဲပြုတ်သုံးဘူး၊ နှင့် ပလာတာ သုံးချပ် တို့ဖြင့် ကွန်ပျူတာရှေ့ကို ပြန်လာသည်။

ကွန်ပျူတာရှေ့ရောက်တော့ ဘော်ဘော်တွေက Message တွေ gtalk က ပို့နေသဖြင့် ခဏလောက် နှုတ်ဆက် စကားပြောလိုက်သည်။ ပြီးတော့ အစားစားနေတယ်လေ။ စာလုပ်လို့လည်း မရပါဘူး ဆိုပြီး အဆင်သင့် ရှိနေသော DVD တစ်ချပ်ကို စက်ထဲ ကောက်ထည့်ပြီး ရုပ်ရှင်ကြည့်ကာ ညနေစာကို စားလေသည်။ လူက ရုပ်ရှင်ထဲ မျောပါသွားတော့ အချိန်တွေ ပျံသန်းသွားတာ သိတောင် မသိလိုက်ပေ။ ရုတ်တရက် အချိန်ကို ကြည့်တော့ ၉နာရီတောင် ထိုးသွားပြီ။

ကမန်းကတန်း ရုပ်ရှင်ကို ပိတ်ပြီး ရှိရှိသမျှ ကွန်ပျူတာပေါ်က windows တွေကို ပိတ်လိုက်သည်။ Microsoft Word နှင့် လိုအပ်သော Research Sources များကိုသာ ဖွင့်ထားပြီး စာအုပ်တွေနှင့် အလုပ်တွေ ရှုပ်တော့သည်။ အရေးရယ် အကြောင်းရယ်ဆို ဒီခေါင်းက အိုင်ဒီယာတွေ စဉ်းစားလို့ မရတော့ပြီ။ Introduction ကိုစရေးဖို့ အင်တိုက်အားတိုက် စဉ်းစား သော်ငြား ထူးမခြားလာပေ။ ခေါင်းပိုမူးလာသည်။ တစ်ကြောင်းနှစ်ကြောင်း လောက်ရိုက်လိုက်။ ပြန်ဖျက်ပစ်လိုက်။ ရိုက်လိုက် ဖျက်လိုက်၊ ၁၀ခါလောက် လုပ်ပြီး နည်းနည်း မောလာရာ ခေတ္တခဏနားသည်။ အနားယူနေတုန်း ရေခဲချောင်း စားဦးမည်ဆိုပြီး ရေခဲသေတ္တာသို့ သွားကာ ယူစားနေလေသည်။

ဒါနဲ့ အကြံများရမလားလို့ လင်းစစ်သူတို့ ပေဖူးခွာတို့ ရှိရှိသမျှ လူတွေဆီ ဖုန်းတွေဆက် အကြံတွေတောင်း၊ ဘေးနားက roommate ကို အပူတိုက်။ (ဘယ်ရမလဲ၊ တီးတဲ့လေ၊ ဟွန်း၊ အကုန်လုံးကို ဂျိုမွှေလိုက်မယ်။ ဟတ်ဟတ်) သူတို့ကလည်း သိဘူးတွေရော၊ အားဘူးတွေရော။ စာပြီးသေးဘူးတွေရော။ စုံပလုံစိနေအောင် ပြန်ပြောလို့ ကျွန်တော်လည်း စိတ်ညစ်ညစ်နဲ့ ဂိမ်းခဏလောက် ဆော့ပါသည်။ :)

အချိန်က ၁၁နာရီကျော်ပြီ။ စလုပ်တော့မယ် လို့ ဆုံးဖြတ်ချက်တွေချပြီး ရှိရှိသမျှ စွမ်းအင်တွေ၊ ခွန်အားတွေဖြင့် Body paragraphs တွေကို အရင်စရေးပါသည်။ တစ်ပုဒ်ပြီး တစ်ပုဒ် ကွန်ပျူတာကိုင်လိုက်၊ စာအုပ်လှန်လိုက်၊ သတင်းစာတွေကို မွှေလိုက်၊ data base တွေကို ရှာလိုက်၊ အားလုံး ရှိရှိသမျှ အရာတွေကို တင်ပြဖို့ ပြင်ဆင်ပြီးတော့ အပြင်းအထန်ရေးရာ body paragraphs အကြမ်းတွေ ပြီးသွားတော့ အချိန်က ၃နာရီခွဲတောင် ထိုးပြီပေါ့လေ။ ဒါနဲ့ အရေးထဲ ဗိုက်ကဆာလာလို့ ကြက်အူချောင်း ၅ချောင်းကို microwave ထဲ ၅မိနစ်လောက် မွှေ့ပြီး စားလိုက်သည်။ ပြီးတော့ Intro နဲ့ Conclusion ကို အလျင်အမြန် အိုင်ဒီယာတွေ ထုတ်ပြီး ရေးတာ တစ်နာရီကျော်လောက် ကြာသွားသည်။ အားလုံးပြီးတော့ spelling တွေ grammar တွေ စစ်ပြီး print out လုပ် ဘာညာကွိကွနဲ့ အချိန်က ၅နာရီတောင် ထိုးသွားရော။

ဒါနဲ့ ရေမိုးချိုး မျက်နှာသစ်ပြီး ကော်ဖီခါးခါး တစ်ခွက်သောက်ကာ ကွန်ပျူတာ ကိုသာ ထိုင်နှိပ်နေပါတော့သည်။
မနက် ၆နာရီ ၁၅မိနစ်လည်း ရောက်ရော.. ကျောင်းသို့ သွားရတော့ မည်ဖြစ်သဖြင့် ဘတ်စ်ကား လွတ်သွားမည်ကို စိုးရိမ်သောကြောင့် အလျင်အမြန် ကားဂိတ်သို့ ပြေးလွှားလိုက်ရပါတော့သည်။

Tea

P.S : I wrote this article because my final Research paper is really due tomorrow. :)

11 comments:

ကိုရင်နော်ခင်လေးငယ် said...

အင်းး.. မောလိုက်တာ.. သူလဲမောလို့ ခဏခဏ စားတယ်နေမှာ.. အစားတော့ တော်တော်ပုတ်.. အဟုတ်အဟုတ်... :P

Anonymous said...

သနားလာပြီ
စောစောလုပ်ပါလား
=)

Tea said...
This comment has been removed by the author.
အိတာ said...

arr yar ! seriously Tea U eat alot ! :D

Anonymous said...

အင်း.......ဖတ်ရင်းနဲ့တောင်မောလာတယ်။
ဒါနဲ့တော်တော်စားနိုင်တယ်နော် :P

Anonymous said...

အကျင့်က မြန်မာကျောင်းသား အများစု လုပ်တဲ့စတိုင်ပါလား ကောင်းရောကွာ အဟီး

Suburban Area said...

ဘာမှာမဖြစ်ရင် ဘာမှာမဖြစ်ဘူး...ဟဲဟဲ။လုပ်ကိုယ့်ဘာသာစိတ်ချမ်းသာရင်၊
ဒါပေမယ့် ကျွန်တော်အသိတွေကို ဝေးဝေးရှောင်ခိုင်းတော့မယ်

အကူအညီလိုရင်ပြော...အဲဒီအချိန်ကျရင် မအားဘူးထင်တယ်

PP said...

တီးရေ ဒီတစ်ခါတော့ ဆောရီး။ ဒီမှာလဲ တိုင်ပတ်နေတယ်။ :( :(

Cherry said...

အစားပုတ်
:)

Cherry said...

တစ်ညလုံးမအိပ်ပဲနေနိုင်တာတော့လေးစားတယ်
:)

RePublic said...

တီး ..အနော့် ကော်မန့် အခုရေးချိန်မှာ အားလုံးအဆင်ပြေနေပီဟုတ် ၊၊ ဟီး..
အဲဂလို အချိန်ကိုက်ရေး လိုက်တာ ...တီးရေ ၊၊