Photobucket

Monday, July 21, 2008

ကျောင်းတက်နေတယ် ဆိုရင်….. အပိုင်း(၂)


ဒီဟာသပို့စ်လေးတွေက facebook မှာ မဟုတ်က ဟုတ်ကပြောတဲ့ အဖွဲ့တစ်ခုက ကောလိပ်ကျောင်းတက်ရင် ဖြစ်တက်တဲ့ ဂဂျိုးဂဂျောင်အဖြစ်လေးတွေကို ရေးတဲ့အဖွဲ့ပါ။ ရီစရာလဲကောင်း၊ သနားစရာလဲကောင်း၊ တခါတလေကြလဲ ရိုက်ပေါက်တွေ ကြီးပဲ။
အပိုင်း(၁)တုန်းက အားပေးကြတဲ့ လူတွေကို ကျေးဇူးတင်ပါတယ်နော်။ ဒီတစ်ခါတော့ ပေဖူးက ဘယ်နှစ်ခုမှန်တယ် မပြောတော့ဘူး။ ကြုံခဲ့ဖူးတာလေးတွေရှိလို့ ကိုယ်တွေ့လေးတွေပါ ကွင်းခတ်ပြီး မျှဝေလိုက်ပါတယ်။

၁။ အမေ့အိမ်မှာ မွေးကတဲက စားလာတဲ့ တစ်နေ့ ထမင်းအနပ် ပုံမှန်သုံးနပ်မှ နှစ်နပ်၊ ဘိုင်လုံးဝ ပြတ်တဲ့နေ့ဆို တစ်နပ်သို့ ကျဆင်းသွားပါသည်။
(တပြားမှ မရှိရင်တော့ အိမ်လည်ထွက်ပါ။ ပီဇာတပိုင်းလောက်တော့ မှန်းနိုင်ပါတယ်။ အဟိ)

၂။ ညည မူးပြီး ဖုန်းမှားဆက်ပေါင်းလဲ များပြီ။ ရစ်တာလေး နည်းနည်းပါပဲ။ :P
(ပေဖူးကတော့ စာမေးပွဲနီးရင် အတန်းဖော်တွေကို black mail ပို့ပါတယ်။ “ဟိုဟာ မကျက်ထားတာပါလာရင် ဘယ်လိုလုပ်မလဲ” ဘာညာကွိကွ။
စာမေးပွဲနီးရင် ပေဖူးလွှာဖုန်းကို လုံးဝမကိုင်တဲ့ Lab Partner တစ်ယောက်နဲ့ ကြုံဖူးပါတယ်။ သူလဲ ဒါဏ်မခံနိုင်တော့တဲ့ အဆုံး ဒီနည်းကို သုံးရတာပါလို့ Final ပြီးတော့ လာဆင်ခြေပေးပါတယ်။ :P :P :P)

၃။ ငါးပေမြှင့်ထားတဲ့ အိပ်ယာပေါ်က လိမ့်ကျပေါင်း မနည်းတော့ဘူး။
(ပေဖူးတို့ အထပ်မှာတော့ ကျောင်းသားတစ်ယောက် ကုတင်အမြင့် ဘေးနံရံက Fire Sprinkler ကို ကန်မိလို့ alarm တွေ ထမြည် ရေတွေဝေါခနဲကျလာပြီး တထပ်လုံး ဆင်းပြေးရဖူးပါတယ်။ ညသန်းခေါင် Snow တွေ ကြားထဲကြီး။ ကန်တဲ့ကောင်ကို မိရင်တော့လား တထပ်လုံး နားရင်းပိတ်အုပ်ဖို့ စောင့်နေတာ။) :S

၎။ အမှိုက်ပုံးကတော့ ပြည့်လျှံနေတာပဲ။ တပြားမှ မရှိတဲ့ Bank Account နဲ့ နေရာချင်းလဲလိုက်ချင်တယ်။
(ဆီတစ်စက်မှ မရှိတဲ့ ကားပါ အမှိုက်ပုံးလို ပြည့်လျှံနေရင် တော်တော်ကောင်းမယ်။ ဟီး….)

၅။ Macaroni and Cheese, ခေါက်ဆွဲထုပ်တွေကို နည်းမျိုးစုံအောင် ပြုတ်တတ်တယ်။
(ဗမာ ငါးပိရည်နဲ့ တို့စရာကို လွမ်းဧ။်။ :( )

၆။ အိမ်မှာတော့ ဆိုဖာသုံးလုံးရှိတယ်။ တစ်ခုမှတော့ အဆင်မတူဘူး။
(Dormဆို ဆိုဖာတောင် မရှိပါ။ !_!)

၇။ မနက်စာဆိုရင်တော့ ကော်ဖီပဲ များတယ်။ ထိုင်သောက်တော့ မဟုတ်ဘူး။ လမ်းသွားရင်း မော့သွားတာ။
(caffeine များများပါဖို့ အရေးကြီးတယ်။)

၈။ ပိုက်ဆံအကြွေတွေဟာ ရွှေထက်တောာင် တန်ဖိုးရှိပါတယ်။
(မျက်နှာကြီးမျိုးတွေ။ သူမရှိရင် ရေတောင် သောက်မရဘူးမှတ်။ @,@)

၉။ ဂျင်းဘောင်းဘီတစ်ထည်ထဲကို မလျှော်ဘဲ တနလာင်္မှ သောကြာငါးရက်လုံး ၀တ်တယ်။ ဘယ်သူသိတာလိုက်လို့။
(အဲလိုစဉ်းစားတဲ့လူတွေ မှားသွားမယ်။ မယုံမရှိနဲ့ ကောင်မလေးတွေ သိကြတယ်။ ပေဖူးတို့ Major မှာဆို အဲဒီလူစာရင်းရှိတယ်။ :P :P :P)


၁၀။ စာဖတ်ဖို့ ကြိုးစားတယ်။ Internet ပေါ်ရောက်သွားတယ်။ Laptop ကို ပိတ်လိုက်ပြီ။ ဟင်း….ဗိုက်ဆာလာပြီ။ တခုခု သွားစားဦးမှ။
(Laptop တောင် မပိတ်နိုင်တဲ့ အခြေအနေဖြစ်နေပါတယ်။ အခု ဘလော့ထိုင်ရေးနေတာကိုသာ ကြည့်တော့) ~.~

များများရေး များများဖတ် များများရယ်။
အပိုင်း(၃)တော့ ကြာဦးမယ်။ စာမေးပွဲ ရှိလို့ သတင်းတွေကော၊ အကတွေကော၊ ဟာသတွေကော ခေတ္တရပ်ဆိုင်းထားပါမည်။ ဘွာတေးနော်။

ပျော်ရွှင်ကြပါစေ။
ပေဖူးလွှာ

6 comments:

Welcome said...

အပိုင်း(၁)+(၂)ကို နှစ်သက်စွာဖတ်သွား ပါတယ်။ အပိုင်း(၃)ဘယ်တော့လဲ
-
ဝင်းဇော်

Anonymous said...

ဟား...ဟား....အမေနဲ့နေတာဆိုတော့ အစား ပြဿာနာ မရှိ...ဟီ...ဟိ....အသောက်ပြဿနာပဲရှိတယ်။...ဟဲ..ဟဲ

Tea said...

ဒီတစ်ခါက ပိုဆိုးတယ်.. နာ့ကိုကြည့်ပြီးရေးထားသလား ထင်ရတယ်.. ဟတ်ဟတ်..

RePublic said...

ကျောင်းသူကလေး ဒေါ်ပေဖူး ... အတွေ့အကြုံတော်တော်ထူး ၊၊ဟီး
ပြောထားတယ်နော်..Dance floor မရေးရင်ခေါ်တော့ဝူး ၊၊ အဲဒါ......

Anonymous said...

ပေဖူးနော်...သူတော်တော်ဆိုး

ဟုတ်ပ အမှိုက်ပုံးနဲ့ လဲလိုက်ချင်တယ်...


ဟိုမလျှော်ပဲပြန်ဝတ်တာ တီးများဖြစ်နေမလားပဲ..ဟီးးးးး
စတာ

Anonymous said...

အမှန်တွေဆိုတော့ ဖတ်ရတာ တတွန့်တွန့်ဘဲ အဟက်ဟက်