Photobucket

Sunday, August 3, 2008

iPhone 3G သည် သင့်အတွက် စိတ်ကူးယဉ် ဖုန်း ?

ကျွန်တော်က သိပ္ပံမောင်ပိန်ပါ။ ကျွှန်တော့အိမ်၏ အိမ်သား အသစ် တစ်ယောက်ပါ။ ပေဖူး၏ ဆွဲဆောင်မှုနှင့်TEA ရဲ့ ဧည်ခံမှုကြောင့် လမ်းဘေးသည် ဘဝကမှ ကျွှန်ပ် အိမ်ကို ရောက်လာခဲ့ပါတယ်။ မီးဖိုဂျောင် ကြမ်းပြင်ပေါ်မှာပေးအိပ်တဲ့အတွက် ကျေးဇူး အရမ်းတင်ပါတယ်။ ကျွန်တော်ရဲ့ ရှည်လျား ဝေးလံ လှသာ ဘ၀ခရီးလမ်း အကြောင်းကိုတော့ မပြောပြတော့ပါဘုး။ မဟုတ်ရင် ပေဖူးကျွန်ပ်ကို လျှာရှည်လို့ ဆိုပြီး အိမ်ပေါ်ကနေ ကန်ချပါလိမ့်မယ်။ ဟုတ်ပြီ၊၊ ပေဖူး ကျွန်တော့်ကို မသတ်ခင် iPhone 3G အကြောင်း ပြောပြသွား ပါမယ်။





Intro:

ဇူလိုင်လ ၁၁ ရက်နေ့ကတော့ Apple Fanboy တွေ ရူးခဲ့တဲ့ နေ့ပါ။ iPhone 3G ကို အဲ့ဒီနေ့မှာ စတင်ရောင်းချခဲ့ပြီး တစ်ပတ်အတွင်း အလုံး ရေပေါင်း တစ်သန်းကျော် ရောင်းချခဲတယ်လို့ Service Provider AT&T က ပြောပါတယ်။ စစခြင်း ရောင်းတဲ့ အပတ်မှာဆိုရင် တချို့ လူတွေ ၅နာရီ၊ ၁၀နာရီ ကျော် အကြာကြီး တန်းစီ ပြီးမှ supply ပြတ်သွားလို့ Apple လုပ်သားတွေကို ကြိမ်ဆဲပြီး လက်ဟာလာနဲ့ အိမ်ပြန်လာခဲ့ ရပါတယ်။ နောက်နေ့ကျ တော့လည်း အရူးထပြီး ပြန်သွား ကြတာပဲ။ Apple fanboy တွေ iPhone 3G ကို တော်တော်ကြွေကျ ရပါတယ်။ ကျွှန်တော်ကတော့ ထမင်း ငတ်မှာဆိုးလို့ မဝယ် သေးဘူး။ iPhone 3G ကို နိုင်ငံပေါင်း ၂၂ နိုင်ငံမှာ စတင်ရာင်းချ ခဲ့ပြီး ဒီိနှစ်ကုန်ရောက်ရင် နိုင်ငံပေါင်း ၇၀ အထိ ဖြန့်ချီသွားမယ် လို့ သိရှိရ ပါတယ်။ မြန်မာပြည် ကိုတော့ နောင်အနှစ်တစ်ရာအတွင်း ရောက်သွားမယ်လို့ ယုံကြည်ပါတယ်။ iPhone 3G မှာ ဘာတွေထူးခြားလဲဆိုတာ ကြည့်ကြတာပေါ့။


သွင်ပြင်လက္ခဏာ
Touch Sceen အကျယ် - ၃.၅ လက်မ(ထောက်ဖြတ်); ၄၈၀*၃၂၀ pixels

သိုလှောင်အား - 8GB or 16GB

GPS – Assisted GPS

ကင်မရာ - 2.0 megapixels

ဘက်ထရီအား – ဖုန်းပြောချိန်: 3G network သုံးချိန် ၅နာရီ၊ 2G နဲ့က ၁၀နာရီ၊ Stand by ဆို နာရီ ၃၀၀ ခံပါတယ်။

3G နဲ့ အင်တာနက်သုံးရင် ၅ နာရီ၊ Wi-Fi ဆို ၆ နာရီ ခံပါတယ်။ ဗီဒီရို ကြည့်ရင်တော့ ၇ နာရီ ခံပါတယ်။ သီချင်းနားထောင်ရင် ၂၄နာရီ သုံးလို့ ရပါတယ်။

အရွယ် - ၄.၅" by ၂.၄" by ၀.၄၈"

အလေးချိန် - ၁၃၃ ဂရမ်

iPhone 3G ကတော့ အရင် မျိုးဆက် တွေထက် ထောင့်စွန်း တွေမှာ အနည်းငယ် ပါးပါတယ်။ အလေးချိန် ကလည်း အနည်ငယ်ပို ပေါ့ပါတယ်။ Screen display အရောင်က အရင်မော်ဒယ်တွေထက် အနည်းငယ်ပိုပြီး တောက်ပတယ်။ ဒီဇိုင်းနဲ့ ပတ်သက်ပြီတော့ ကျန်တာတွေ ထူးထူးခြားပြောင်လဲမှု မရှိဘူး။ အရောင်ကတော့ ၁၆ GB အတွက် အဖြူ၊ အမည်း နှစ်မျိုး ရနိုင်ပြီး ၈GB မော်ဒယ်အတွက်ကတော့ အမည်း တစ်မျိုးသာ ရနိုင် ပါတယ်။ လူတော်တော် များများတော့ အမည်းပဲ ဝယ်ကြတယ်။ သန့်ရှင်းရေးလုပ်ရမှာ အပျင်းထူကြပုံ ပေါက်တယ်။

အရင် iPhone တွေနဲ့ကွာခြားချက်များ

GPS and 3G Technology
Hardware ပိုင်းနဲ့ဆိုင်တာဆိုလို့ အဓိက ပြောင်းလဲမှုက GPS နှင့် 3G technology သုံးလို့ ရခြင်း "နှစ်မျိုး"သာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီ fucntion နှစ်ခုလုံးက သုံးမယ်ဆိုရင် တကယ်တော့ လက်တွေ့ မကျပါဘူး။ iPhone 3G ရဲ့ GPS က မီတာအထိ အတိုင်းအတာ တိကျသော်လဲ အသံနဲ့ လမ်းညွှန်တဲ့ turn-by-turn စနစ်မရှိသေးဘူး။ ပုံမှန် GPS သုံရင် တောင် လမ်းပျောက် ပါတယ်ဆို iPhone GPS သုံးရင် မပြောနဲ့တော့။ အလုပ်သွားတာ company မရောက်ဘဲ nightclub ရောက်သွားလိမ့်မယ်။ iPhone 3G ကြောင့်ပါလို့ ဆင်ခြင် ပေးလို့တော့ ရတယ်။ Apple ကတော့ နောက် software အသစ်နဲ့ GPS ကို ပိုကောင်းအောင် လုပ်ဖို့ အစီအစဉ် ရှိပါတယ်။

Connection Speed
Connection အရ ပြောရရင်တော့ iPhone 3G က အရင် generation တွေထက် သိသိသာသာ မြန်လာ ပါတယ်။ 3G နည်းပညာနဲ့ အင်တာနက်သုံးတာက ပုံမှန်ထက် သုံးဆ၊ လေးဆလောက် မြန်တယ်လို့ ပြောပါတယ်။ လက်တွေ့မှာတော့ ဒီလောက် မမြန်ပါဘူး။ ဘာဖြစ်လို့ လဲဆိုတော့ AT&T service က ချာနေလို့ပါလို့ ပြောကြတယ်။ တချို့ နေရာတွေ မှာလည်း 3G သုံးလို့ မရသေးတဲ့ အတွက် ပုံမှန် 2G သာသုံးလို့ ရပါတယ်။

3rd Party Applications
နောက်ပြောင်လဲမှု တစ်ခုကတော့ 3rd Party Application တွေ iPhone App Store ကနေ download လုပ်လို့ ရခြင်း ဖြစ်ပါတယ်။ ဒီကနေ တစ်ဆင့် စိတ်ဝင်စားစရာ ကောင်းတဲ့ ဂိမ်းတွေ၊ ဆော့ဝယ်လ်တွေ download လုပ်နိုင်ပါတယ်။ တချို့ application သာ အခမဲ့ သုံးနိုင်ပြီး တကယ် အသုံးကျတဲ့ ဟာကိုတော့… Apple ကိုလုပ်ကျွေးပေါ့။ iPhone အဟောင်း ကိုင်တဲ့ လူတွေ ကလည်း 3rd Party Application သုံးချင်ရင် iPhone OS firmware 2.0 ကိုစက်ထဲသွင်းလိုက်ရင် စတင် download လုပ်လို့ရပါတယ်။ သွားရန် Link http://gizmodo.com/5023924/iphone-app-review-marathon-liveblog) 3rd Party Applications တွေ ဆိုတာ ဘာလဲ ဆိုတော့ Apple iPhone ပေါ်က Apple ရဲ့ ကိုယ်ပိုင် Applications တွေ အပြင် တစ်ခြား Company တွေက iPhone Users တွေ အတွက် ရည်ရွယ်ပြီး ထုတ်ပေးထားတဲ့ Applications တွေကို ပြောတာပါ။

အောက်က ဗီဒီရိုကတော့ Steve Job iPhone ရဲ့ထုးခြားချက်များကို ရှင်းပြထားတာဖြစ်ပါတယ်။






Battery Life
တခြား 3G Technology သုံးဖုန်း တွေနဲ့ ယှဉ်ရင်တော့ iPhone 3Gဟာ ဓာတ်အား ပိုခံတာကို တွေ့ရပါတယ်။ 3G နဲ့ဆက်တိုက် အင်တာနက်သုံးရင် ၅နာရီခံ ပါတယ်။ Samsung၊ Motorola တို့က ၄ နာရီလောက်သာခံပါတယ်။ (source: http://gizmodo.com/5024804/iphone-3g-battery-life-beats-the-competition-apples-own-tests)

ဖုန်းအသစ်က ဓာတ်အား တော်တော်စားတဲ့အတွက် အနည်ဆုံး တစ်နေ့ တစ်ကြိမ် အားသွင်းဖို့လိုပါတယ်။ အကယ်လို့ girlfriend နဲ့ chat နေတုန်း အားကုန်သွားမှာ ကြောက်ရင် စိတ်ပူဖို့ မလိုပါဘုး။ iPhone 3G နဲ့တိုက်ရိုက် ဆက်လို့ ရတဲ extended battery တွေကို ဈေးကွက်မှာ ရနိုင်ပါပြီ။

ကုန်ကျစရိတ်
အခု iPhone 3G 8GB ကို ဒေါ်လာ ၁၉၉ နဲ့ရနိုင်ပြီး 16GBကို ၂၉၉ ဒေါ်လာနဲ့ရနိုင်ပါတယ်။ အရင်လို မဟုတ်တော့ဘဲ instore မှာသာ activation လုပ်လို့ ရပါတော့တယ်။ Steve Jobs တို့လိုမျိုး စီးပွားရေးလုပ်ငန်းရှင်ကတော့ iPhone စက်ကိုဈေလျှော့ ရောင်းပြီး application fee နဲ service fee ကို အဓိက ထားပြီး Customer ထံမှ ပိုက်ဆံ ယူနေပုံ ပေါက်တယ်။ AT&T က plan ကိုယူရင် ကျွန်တော် တွက်ကြည်တာ ၂ နှစ်အတွင်း ဒေါ်လာ ၂၀၀၀ လောက် ကုန်မှာဖြစ်တယ်။ အဟောင်း 2G ကတော့ တစ်နှစ်ကို ၁၈၀၀ လောက်ပဲ ကုန်ပါတယ်။ unlocked iPhone 3G ကို ebay ကတဆင့်ရနိုင်သော်လည်း ဒေါ်လာ ၇၀၀- ၉၀၀ အတွင်း ဈေးရှိပါတယ်။ ကျွှန်ပ် သုငယ်ချင်း တစ်ယောက်ဆို iPhone ကိုဈေးကြီးကြီးဝယ်ပြီး ဖုန်းဆက်ခ ထပ်မတတ်နိုင်လို့ ဖုန်းက အလှကြည့်ပစ္စည်း ဖြစ်သွားတယ်…


နိဂုန်း

ချုံပြီးပြောရရင်တော့ iPhone 3G ဟာအရင် iPhone နဲ့ယှဉ်လျှင် ထူးထူးခြားခြား ပြောင်းလဲမှု ဘာမှတော့ မရှိပါဘူး။ အခု version မှာလည်း ဗီဒီရိုရိုက်လို့ မရသေးပါဘူး။ အခြေခံ အကျဆုံး ဖြစ်သော copy/paste လည်း မရှိသေး တာတွေ့ရ ပါတယ်။ iPhone မရှိသေးသူများ အတွက် iPhone 3G က ထုးခြားမှု တစ်ခု ပေးနိုင်ပါတယ်။ ဒီဇိုင်းလည်းလှ၊ Touch Screen ကလည်း ကမ္ဘာပေါ်မှာ အဆင့်အမြင့်ဆုံး။ application နဲ့ ထူးဆန်းသော games တွေလည်း အမျိုးမျိုး ရနိုင်တဲ့ အတွက် ဝယ်ပျော်ပါတယ်။ သို့သော် iPhone 3G ကို ဗမာပြည်မှာ သုံးမယ်ဆို လက်တွေ့ မကျပါဘုး။ GPS စနစ်ကောင်းကောင်လည်းမရှိ။ 3G နည်းစနစ်က မပေါ်သေးတည့်အပြင် applications တွေကို iPhone Store ကနေ download ဗမာပြည်ကနေ လုပ်လို့မရပါဘုး။ US account သို့မဟုတ် တခြားနိုင်ငံ account ရှိတဲ့သုများသာ download လုပ်လို့ ရပါတယ်။ US မှာနေတဲ့လုတွေအတွက်တော့ iPhone မရှိသေးရင် iPhone 3G တစ်လုံရှိတာမဆိုးပါဘုး။ ကျွှန်တော်ကတော့ ကျွှန်ပ် သူငယ်ချင်းလို ၀ယ်ပြီး လစဉ်ကြေး မတတ်နိုင်လို့ အလှကြည့် ပစ္စည်း မဖြစ်အောင် ပိုက်ဆံအရင်စုလိုက်ဦးမည်။ :P

သိပ္ပံမောင်ပိန်

11 comments:

PP said...

ဒါဆို တီးရဲ့ generation iphone ကြီးက ဒိတ်အောက်သွားပြီပေါ့နော်။ :P :P :P

မှတ်ချက်။ ကိုပိန် လျှောက်လျှောက်မပြောနဲ့။ ပေဖူးလွှာက အဲဒီလောက်မဆိုးပါဘူးနော။ :P :P

Tea said...

iPhone ကို 4th Generation စောင့်နေတာ.. ဟတ်ဟတ်.. ဒီဟာကတော့ showroom မှာပဲ သွားပြီး Games တွေ သွားကစားတော့မယ်.. :D

Anonymous said...
This comment has been removed by a blog administrator.
Anonymous said...

အခုလိုသေသေချာချာရှင်းပြပေးထားတာ ကျေးဇူးတင်ပါတယ်

Anonymous said...

ရေးသားမှုတွေက အရမ်းကိုအထောက်အကူဖြစ်ပါတယ်။ ကျေးဇူးတင်ပါတယ်။

မေသူပိုင် said...

ကိုပိန်ေ၇း အခုလိုသေသေချာချာရှင်းပြပေးထားတဲ့အတွက်ကျေးဇူးပါ။
အဲဒါကြောင့်မ၀ယ်တာ :P
Welcome ကိုပိန်!!!!!

သိပံ္ပမောင်ပိန် said...

ကျေးဇူးပါပဲ။ ကျွှန်တော်တတ်နိုင်တလောက်တော့ တဘက်သတ်မဖြစ်အောင်ရေးထားတယ်။ မဟုတ်ရင်ဝယ်ချင်စိတ်တွေကုန်သွားလိမ်မယ် :P

အိတာ said...

ကောင်းပါတယ်..သိရတာပေါ့...သူများကိုဆရာလုပ်ပြီ...ဟီးးးးးးးး
အားပေးလျက်
အိမွန်တာ

Suburban Area said...

ဒီပစ္စည်းတွေကလဲဗျာ အသစ်ကထွက်နိုင်လွန်းတယ်..ထွက်လဲထွက်နေမှပဲလေ။ :D
သိပံ္ပကိုကိုပိန်ကတော့ အပြောမခံစုံအောင်ရေးပြီတင်ထားတယ်ဟဟ။ iPhone ကမိုက်တယ်နော်၊ အဟောင်းရော၊အသစ်ရော မကိုင်ဖူးသေးဘူး။ ဟိုရောက်တော့မှ အဆင်ပြေရင်ပိုက်ဆံစုပြီးဝယ်မကိုင်တော့ပါဘူး။ :)အလှလဲမကြည့်ချင်ပါဘူး ကျွန်တော်လောက်မှမသားနားတာ:P
အဆင်ပြေသလိုပဲ ကိုင်တော့မယ်..တင်ပြပေးတာကျေးဇူးပဲ
ဟဲဟဲ သူများတွေကို ပြန်ပြောလို့ရတာပေါ့..:D

ကေကေ said...

အခုလိုရှင်းပြပေးတဲ့အတွက်ကျေးဇူးပါ...အခုလိုသိသွားတော့လဲ..မ၀ယ်နိုင်သေးတာ..မ၀ယ်ဖြစ်တော့ဘူးပေါ့..:P

Natural Green Land said...

iPhone 3g application install form computer ကိုသိပ်သိချင်ပါတယ်
iPhone နဲ့ပါတ်သတ်ပြီး ကလိလိုရတာလေးတွေကိုလည်ပြောပြပေးပါခင်ဗျာ
ကျေးဇူတင်စွာဖြင့်