Photobucket

Wednesday, August 6, 2008

သတင်း Center - သြဂုတ် ၅ရက် မြန့်မာသတင်း ကမ္ဘာ့သတင်းများ



မြန်မာ့သတင်းများ

မြန်မာပြည်အတွက် UN ၏ လူ့အခွင့်အရေး ကို်ယ်စားလှယ် အသစ် Mr. Quintana သည် သူ၏ ပထမဦးဆုံး မြန်မာပြည် ခရီးစဉ် ကို ၈ လေးလုံး အနှစ် ၂၀ပြည့် အထိမ်းအမှတ် မတိုင်မှီ ရက်များတွင် ရန်ကုန်သို့ ရောက်ရှိနေသည် ဖြစ်သည်။ တနင်္ဂနွေမှ ၄ရက် အစည်းအဝေးအတွက် ရောက်ရှိကြောင်း ဖြစ်သည်။ [More]


UN မှာ ပြောခွင့်ရှိသူ၏ ပြောပြချက်အရ မြန်မာပြည်တွင် မုန်တိုင်းကယ်ဆယ်ရေးသည် ယခုထိတိုင် အခက်ခဲများနှင့် ရင်ဆိုင်နေရဆဲ ဖြစ်သည်။ [More]


ဗုဒ္ဒဟူးနေ့တွင် အမေရိကန်သမ္မတ George W. Bush သည် သူ၏ အာရှ ခရီးစဉ်တွင် ဘန်ကောက်မြို့ကို ရောက်ရှိမည်ဖြစ်သည်။ ထိုနေရာတွင် သူသည် နိုင်ငံရေး မိန့်ခွန်းပြောကြားပြီး မြန်မာနိုင်ငံအတွင်း အပြောင်းအလဲများ ဖြစ်ပေါ်လာစေရေးအတွက် မြန်မာပြည်၏ ပြည်ပရောက်နိုင်ငံရေး လှုပ်ရှားသူများနှင့် ဆွေးနွေးမည်ဖြစ်သည်။ [More]


ထောင်နှင့်ချီသော လက်နက်ကိုင် စစ်တပ်များ ရန်ကုန် ပတ်လည်တွင် ၈လေးလုံး အနှစ်၂၀နေ့ အတွက် ပြင်ဆင်ပြီး နေရာချထားလျှက် ရှိသည်။ [More]


London: Human rights organization Amnesty international မှ မြန်မာစစ်အစိုးရအပေါ် ပိုမို အလေးပေးပြီး ချင့်ချိန် ဖို့ အတွက် UN ကို တိုက်တွန်းလိုက်သည်။ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးအတွက် ပါ တိုက်တွန်းခြင်း ဖြစ်သည်။ [More]


မြန်မာပြည်ရှိ နှစ်ထောင်ကျော်သော နိုင်ငံရေး အကျဉ်းသားများသည် အကျဉ်းထောင် အတွင်းတွင် နှစ် ၂၀ကျော် ပိတ်မိနေကြသည် ဖြစ်သည်။ ၈.၈.၈၈ မှ စတင်ပြီး ယနေ့ထိဆို နှစ် ၂၀ပြည့်တော့ မည်ဖြစ်သည်။ [More]


နှစ်လကျော် ထောင်ထဲ ထည့်ခံရအပြီး ကိုဇာဂနာနှစ် တွ့ တခြား သုံးယောက်တို့သည် တရားရုံးပေါ် ရောက်လာသည်။ [More]


အင်းစိန်ထောင်တွင် ဖမ်းဆီးခံထားရသည့် လေဘေးဒုက္ခသည်များ ကူညီပေးသူနှင့် အားကစားဆောင်းပါး ရေးသူ ကိုဇော်သက်ထွေးကို ယနေ့တွင် မိသားစုဝင်များက တွေ့ခွင့်ရခဲ့သည်။ [More]


မြန်မာနိုင်ငံအတွင်း အခြေခံကျသော အပြောင်းအလဲများ ဖြစ်ပေါ်လာရေးအတွက် နေပြည်တော်ရှိ ဗိုလ်ချုပ်ကြီးများအပေါ် ထားရှိသည့် နိုင်ငံတကာ၏ သဘောထားမှာ တသမတ်တည်း တူညီနေကြရန် လိုသည်ဟု မြန်မာ့ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအရေး ဆော်သြစည်းရုံး လှုပ်ရှားနေသည့် အဓိက အဖွဲ့ကြီးတခုက ပြောကြားလိုက်ပါသည်။ [More]


ဆင်းရဲကျပ်တည်းမှုကြောင့် ကချင်အမျိုးသမီးများသည် တရုတ်နိုင်ငံတွင် ရောင်းစားခံရကာ သားမယား ကျွန်ပြုခံနေရကြောင်းကို ကချင်အမျိုးသမီး အစည်းအရုံး (ထိုင်းနိုင်ငံ) (KWAT) က ယနေ့တွင် အစီရင်ခံစာ ထုတ်ပြန်သည်။ [More]


၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမာကီ (ခေါ်) ကိုကျော်ကျော်ထွေးသည် ကျန်းမာရေး မကောင်းသဖြင့် အင်းစိန် ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသ ခံနေရသည်။ [More]


နာမည်ကျော် စာရေးဆရာနှင့် ဗေဒင်ဆရာ မင်းသိင်္ခ (၇ဝ နှစ်) သည် သောကြာနေ့နံနက် ၆ နာရီတွင် လူကြီးရောဂါများဖြင့် ကွယ်လွန်သွားပြီ ဖြစ်သည်။ [More]


စီးပွားရေး လုပ်ငန်းရှင် မောင်ဝိတ်ကို နောက်ထပ် အမှုတခု တိုးလိုက်ပြန်သည်။ မလေးရှား နိုင်ငံသားတဦးကို သူ၏ ရုံးခန်းအတွင်း တရားမ၀င် နေထိုင်ခွင့် ပြုထားသည် ဆိုကာ မောင်ဝိတ်ကို လူဝင်မှု ကြီးကြပ်ရေးဆိုင်ရာ ပုဒ်မတခုဖြင့် ထပ်မံ စွဲဆိုထားသည်။ [More]




ကမ္ဘာ့သတင်းများ

Landlord allegedly rams Hummer into renter's house
အိမ်လခမပေးသဖြင့် အိမ်ရှင်က စိတ်ဆိုးပြီး အိမ်ငှားနေရာ နေအိမ်အား Hummer ကားကြီးဖြင့် ၀င်တိုက်ပစ်။ [More]


Man tells 911 slot machine stole his money
ဖလော်ရီဒါပြည်နယ်တွင် ကာစီနိုလောင်းကစားစက်က အကြွေများကို လိမ်စားပစ်ပါသည်ဟုဆိုကာ 911ကို ဖုန်းဆက်ပြီး ပုလိပ်ကို ခေါ်ပြီးနှောင့်ယှက်နေခြင်းကြောင့် ဖမ်းဆီးလိုက်။ ယခင်အပတ်ကလည်း လူတစ်ဦး အသားညှပ်ပေါင်မုန့်တွင် ဆော့စ်မပါလာသောကြောင့် ပုလိပ်ခေါ်။ [More]


US Border Agency Says It Can Seize Laptops
US နယ်မြေမျဉ်းပေါ်ရှိ ပုလိပ်များသည် နယ်ခြားသယ်ဆောင်မည့် အ၀င်အထွက်လက်တော့များနှင့် အခြားအီလက်ထရောနစ်ပစ္စည်းများကို စစ်ဆေးခွင့်ရှိပြီး တရားဝင်သိမ်းယူနိုင်ခွင့်ရှိသော မူတစ်ခုထုတ်ပြန်လိုက်။ [More]


Woman receives 5 cloned puppies
တောင်ကိုရီးယားနိုင်ငံတွင် ဒေါ်လာငါးသောင်းပေးပြီး ခွေးကလေးများ ကလုန်းနည်းပညာဖြင့် မျိုးပွားခဲ့။ (ဓါတ်ပုံနှင့် တကွ) [More]


Delta Prepares Wi-Fi Launch
အမေရိကန် လေယာဉ်ကုမ္မဏီ Delta လေကြောင်းသည် လေယာဉ်ပျံစီးနေသော အချိန်အတွင်း ၀ိုင်ယာလက် အင်တာနက်သုံးနိုင်ရန် စတင်စီစဉ်နေ။ ယင်းဝန်ဆောင်မှုအတွက် ပိုက်ဆံပေးရမည်ဖြစ်သော်လဲ လွန်စွာမှ အစဉ်ပြေလာမည်ဖြစ်။ [More]


McCain Ad
ရီပတ်ဘလစ်ကန် သမ္မလောင်း John McCain သည် ဒီမိုကရက်တစ်သမ္မတလောင်း Barack Obama ကို ပေါ့ပ်စတားများဖြစ်သော Britney Spears, Paris Hilton တို့နှင့် ခိုင်းနှိုင်းပြီး သရော်လှောင်ပြောင်သည့် ကြေငြာတစ်ခုထုတ်ပြန်ခဲ့။ ယင်းနှင့် ပတ်သတ်ပြီး Paris Hilton က ပြန်လည်ပြီး ချေပသည့် ဗီဒီယိုနှင့် စာသားများ။ [More]


Mars Finding Doesn't Rule Out Life
မားစ်ဂြိုဟ်ပေါ်တွင် သက်ရှိများ သက်ရှင်နေထိုင်မှုကို အားမပေးသော Perchlorate Compound များကို တွေ့ရှိရသော်လည်း နာဆာမှ ပညာရှင်များက ရေနှင့် အသက်ရှင်မှု အထောက်အကူပြု ဓာတုဗေဒပစ္စည်းများတွေ့ရှိခြင်းကြောင့် မည်သည်ကိုမျှ တထစ်ခြမပြောနိုင်ဟု ဆို။ [More]


11 hit with hacking charges
၄၁သန်းသော Credit Card နံပါတ်များ ခိုးယူခြင်း ကိစ္စတွင် လူ၁၁ယောက်ပါဝင်နေ။ ယင်းအပြင် ထိုသူထဲမှ တစ်ယောက်သည် အစိုးရ ကတ်ဘက်ဆိုင်ရာ ကာကွယ်ရေးတွင် ပါဝင်နေသူဖြစ်။ [More]

လေးစားလျှက်
သတင်းထောက်

2 comments:

ကိုရင်နော်ခင်လေးငယ် said...

လေယာဉ်ပေါ်မှာ ဝိုင်ယာလက်(စ်)
သုံးနိုင်ရေး ကို အရမ်းစိတ်ဝင်စားနေမိတယ်
ပေပေရေ....

Suburban Area said...

ဟိုဟာကဒီဟာဖြစ်တယ်၊ဒီဟာကဟိုဟာဖြစ်ပါသည်။ ဟာဒီတခေါက် သတင်းတွေကတော့စုံတယ်ဗျို့..။
တချို့ဟာတွေအခုမှဖတ်ရတယ်..ကျေးဇူး၊မပေဖူးလွှာရေ..