Photobucket

Wednesday, August 6, 2008

သစ္စာ

၈.၈.၈၈ အတွက် ကိုမင်းကိုနိုင်၏ သစ္စာ ကဗျာဖြင့် စိတ်ဓာတ်မြှင့်တင် ပေးလိုက်ပါသည်။


အမျိုးသားရေးအတွက်
အသက်ပေးသွားသော ရဲဘော်များအား
တိုင်တည် သစ္စာပြုပါ၏။

မပြီးပြတ်သေး တော်လှန်ရေးတွင်
ကျွနိုပ်၏သွေး မနီသေးလျှင်
အသင်တို့ သွေးပက်ဖြန်းပေး၍
ရဲဆေးတင်ပေးကြပါလေ။

မပြီးပြတ်သေး တော်လှန်ရေးတွင်
ကျွနိုပ်ဝိညာဉ် ကြောက်စိတ်ဝင်၍
မချင့်မရဲ သတ္တိနည်းလျှင်
သင်တို့ ၀ိညာဉ် ပူးကပ်ဝင်၍
ကျွနိုပ်အား ထိန်းချုပ်သွားပါလေ။

မပြီးပြတ်သေး တော်လှန်ရေးတွင်
ကျွနိုပ်သည်ကား အမျိုးဂုဏ်မောက် သစ္စာဖောက်ဟု
မထောက်မညှာ ပြုမိပါလျှင်
အသင်တို့၏ မညွတ်ပြောင်းသော
ခွပ်ဒေါင်းလက်ဖြင့်
ဝိုင်းညှပ်အပြစ် ပေးကြပါလေ။

မပြီးပြတ်သေးလေသာ တော်လှန်ရေးအတွက်
ကျွနိုပ် အသက်လမ်းတ၀က်မှ ပေးဆက်ရလည်း
လူဘုံလမ်းခွဲ ၀မ်းမနည်းဘဲ
တာဝန်တရပ် ကျွေပြွန် မှတ်၍
ထပ်ဆင့်ပျော်ဝင် ကျွနိုပ် ၀ိညာဉ်သည်
ဒေါင်းအလံကိုဆွဲ လေတွင်ဝဲ၍
သင်တို့ ရှိရာ ကျွနိုပ်လာမည်
ရင်ဖွင့် ကြိုဆိုကြပါလေ။

(မင်းကိုနိုင်)

3 comments:

Suburban Area said...

တီးရေ..တင်ထားပေးတာအရမ်းကျေးဇူးတင်တယ်ဗျာ၊ အခုမှဖတ်ဖူးတာ "သစ္စာ"ကဗျာကြိုက်သွားပြီး။ ကိုမင်းကိုနိုင်ကဗျာအရမ်းကောင်းတယ်ဗျာ...
အရေးအသားလဲကောင်းတယ်...အတုယူစရာလေး
ဲအားပေးလျှက်
..

Dream said...

၈.၈.၈၈ သမိုင်းကြောင်းအကျဉ်းချုပ် ကိုအခုမှ
ပြည့်ပြည့်စုံစုံသိရပါတယ်။ခုလိုအသေးစိတ်လေး
ဖော်ပြပေးတာကျေးဇူးပါ။မှတ်သားစရာလေးတွေရလိုက်
ပါတယ်။ ကိုမင်းကိုနိုင်ရဲ့အဓိပ္ပာယ်ပြည့်ဝတဲ့သစ္စာ
ကဗျာလေးကိုလည်းအင်မတန်ကြိုက်ပါတယ်။
ဖော်ပြပေးတဲ့အရာအားလုံးအတွက်ကျေးဇူးပါ...
:)

Anonymous said...

မပြီးပြတ်သေးလေသာ တော်လှန်ရေးအတွက်
ကျွနိုပ် အသက်လမ်းတ၀က်မှ ပေးဆက်ရလည်း
လူဘုံလမ်းခွဲ ၀မ်းမနည်းဘဲ
တာဝန်တရပ် ကျွေပြွန် မှတ်၍
ထပ်ဆင့်ပျော်ဝင် ကျွနိုပ် ၀ိညာဉ်သည်
ဒေါင်းအလံကိုဆွဲ လေတွင်ဝဲ၍
သင်တို့ ရှိရာ ကျွနိုပ်လာမည်
ရင်ဖွင့် ကြိုဆိုကြပါလေ။
:( D poem ko tin pay tae ko tea ko kyay zuu par