Photobucket

Saturday, August 9, 2008

အဆိုးဆုံးအတွက် မည်မျှပြင်ဆင်ထားသနည်း


ဒီမိုကေ၇စီ ဆိုသော ဝေါဟာရ သည် ယခုခေတ် လူငယ်များနှင့် မစိမ်းသော ဝေါဟာရတစ်ခု ဖြစ်သည်။ ထို့အတူ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုလည်း မသိ သူရှားသည်။ (မသိသေးသူများလည်း ရှိကောင်းရှိနိုင်ပါသည်)။ မြန်မာနိုင်ငံ၏ လွတ်လပ်ရေး ဖခင်၏ သမီး ဒီမိုကေ၇စီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို မြန်မာ လူထု က လေးစား သလို ကမ္ဘာ့ကပါအသိအမှတ်ပြု လေးစားခြင်း ခံရသော မြန်မာအမျိုးသမီး တစ်ဦး ဖြစ်ပါသည်။ ထို့အတူ မြန်မာပြည်၏ ဒီမိုကေ၇စီသမိုင်းတွင် ထင်ကျန်နေမယ့် ပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်ပါသည်။

အန်တီစုသည် “အဆိုးဆုံးအတွက် ပြင်ဆင်ထား” ဆိုတဲ့ စကားကို ပြည်သူတွေဆီသို့ စကားလက်ဆောင်းပါးခဲ့သည်။ ထိုသတင်း စကားကို ကျမအသိစိတ်တွင် ယနေ့တိုင် ကိန်းအောင်းလျှက် ရှိသည်။ ထိုအတွက် ကျမတို့ မည်မျှ ပြင်ဆင်ခဲ့ပါသနည်း။ ကျမအမြင်ကို ပြောရလျှင် သက်ရှိ လူသားတစ်ယောက်ဖြစ်သော အန်တီစုသည် အသက်အရွယ် အားဖြင့်(၆၂)ကျော်လို့ (၆၃)ထဲေ၇ာက်နေပြီ။ အသက်ကြီးပိုင်း စာရင်းဝင်ခဲ့သည်။ ဆန့်သော လက်မကွေးမှီ ကွေးသော လက်မဆန့်မှီဆိုသော စကားအရ အန်တီစုသည် အချိန်မေ၇ွး သေဆုံးနိုင်သည်။ နအဖ အစိုးရ၏ ချုပ်နှောင်မှုအောက်တွင် အချိန်မေ၇ွး လုပ်ကြံခံရနိုင်သည်။ ကျမ တို့နိုင်ငံ၏ ဒီမိုကေ၇စီ ခေါင်းဆောင်ကောင်း တစ်ယောက်အချိန်မေ၇ွး ဆုံးရှုံးနိုင်သည်။ ထို့သည်က ကျမတို့တွေ အတွက် အကြီးမားဆုံးသော ဆုံးရှုံးမှုကြီး ဖြစ်ပါလိမ့်မည်။ သူမ သေဆုံးမည်ကို မတွေးချင် သော်လည်း ကျမ တို့ တွေးသင့်သည် (ကြိုတင်တွေးထားသူများလည်ရှိပါမည်)။

သူမ၏ဖခင် ဗိုလ်ချုပ်သည် တိုင်းတစ်ပါးသားကို တိုက်ထုတ်ပြီး မြန်မာပြည်၏ လွတ်လပ်ေ၇းကို ဆွတ်ခူးခဲ့သူ ကိုပင် လုပ်ကြံ သတ်ဖြတ်သူ ပေါ်ပေါက် ခဲ့သည် မှာပင် ကျမ တို့အတွက် သင်ခန်းစာ တစ်ခု ဖြစ်ခဲ့သည်၊ ကျမတို့ မြန်မာပြည်သူတို့သည် တစ်ခုခုကို အားမလိုအားမရ ဖြစ်ခဲ့သော် “ဗိုလ်ချုပ် အောင်ဆန်းသာ ရှိခဲ့လျှင်” ဆိုကာ နှမြောတသ လွမ်းဆွတ်မိ၏။ အဲဒီလိုဘဲ အန်တီစုကို ကျမတို့ ဆုံးရှုံးခဲ့သော်……..ဖြစ်လာမည့် ဆုံးရှုံးမှုအတွက် မည်မျှပြင်ဆင်ထား ပါသနည်း?? ထိုဆုံးရှုံးမှုသတင်းကို ကျမတို့ တစ်နေ့ အင်တာနက် သတင်း စာမျက်နှာတွင် မလွှဲမသေကြုံတွေ့ရပါအုံးမည်၊ ထို့အတွက် ကျမတို့ လူထုသည် အဆိုးဆုံးသော အခြေနေအတွက် မည်မျှ ပြင်ဆင်ထားကြသနည်း??? ကျမ အမုန်းဆုံး၊ ကျမ မတွေးချင်သောအတွေးကို ဝေမျှမိခြင်း အတွက်လည်း စိတ်မကောင်းဖြစ်မိ၏ အန်တီစုသည် သူမ အချိန်မေ၇ွး လုပ်ကြံခံရနိုင်သလို၊ ၉၆ ပါးသော ဝေဒနာနှင့် ဒီမိုကေ၇စီဆိုသော ပန်းတိုင်မေ၇ာက်ခင် ကွယ်လွန် နိုင်ကြောင်းကို လည်း သူမကိုယ်တိုင် ကြိုတင်မှန်းဆပြီး “အဆိုးဆုံး အတွက်ပြင်ဆင်ထား” ဟု ပြောတာလည်း ဖြစ်ကောင်းဖြစ်နိုင်သည်၊။

ပြည်ပေ၇ာက် နိုင်ငံေ၇းအဖွဲ့အစည်း အများစုသည် ကြေငြာချက်များ၊ ဒီနေရာမှ တောင်းဆိုလိုက်ပါတယ် (သတင်းစာမျက်နှာ ကနေ အော်ခြင်း)၊ သံရုံးများေ၇ှ့ဆန္ဒပြခြင်း၊ စသော လုပ်ရပ်များကိုသာ မကြာခဏ ကြားသိ တွေ့မြင် နေရပါသည်၊ နိုင်ငံေ၇း အဖွဲ့အစည်း အချို့ (အားလုံးကိုတော့ မဆိုလို)ကို မေးချင်တာက အန်တီစု ပြောသော”အဆိုးဆုံးအတွက် ပြင်ဆင်ထား”ဆိုသည်ကို ထိုလုပ်ရပ်များနှင့် လိုက်နာကျင့်သုံး နေကြပါသလား? အမေရိကန်က မြန်မာနိုင်ငံကို ၀င်ဖိုက် ပေးမည့်နေ့ကို မျှော်နေကြပါသလား? UN ကို ဘဲဆက်လက်မျှော်လင့်နေကြပါသလား? နိုင်ငံခြားသား တစ်ချို့၏ :O amazing,awesome....အစ၇ှိသော မြှောက်ပင့်ပြီး ပြောနေသော စကားလုံးလေးတွေ ကြားမှာ ကျေနပ်နေကြပါသလား? အမေရိကန် သမ္မတ အဖြစ်မှ စွန့်လွှတ်ရန် ၆လ ကျော်ကျော်သာကျန်သော ဘွတ်၏” You are with me” ဆိုသောစကားလေးနှင့် ကျေနပ် နေကြပါသလား? (၇ိုင်းရိုင်းပြောရလျှင် ခွေးဝမ်းသာအောင် လေလည်ပြ သွားခြင်းသာ ဖြစ်သည်)
ဘွတ်နှင့် စားခဲ့သော နေ့လည်စာအကြောင်းနှင့် ဘွတ်နှင့် တွဲရိုက်ခဲ့သော ဓါတ်ပုံအတွက် အဖွဲ့အစည်း၏ ရုံးခန်းတွင် ချိတ်ကာ ကျေနပ် ဂုဏ်ယူနေကြပါသလား? သမ္မတ သက်တမ်းတစ်လျှောက်လုံး သူ့နိုင်ငံမှာတောင် အပြောနှင့် အလုပ် တစ်ခြားစီ လုပ်ခဲ့သော သမ္မတ၏ စကားကို ကျမ သည် ၁၀ရာခိုင်နှုန်း သာယုံချင်ပါသည် (ထိုဆယ်ရာခိုင်နှုန်းကလည်း သူ့၏မြန်မာပြည်သူတွေအပေါ် လေဖြင့် အားပေးခဲ့သော အားပေးစကားကြောင့်သာ အားနာပါနာနဲ့ ယုံပေးလိုက်ခြင်းပင်ဖြစ်သည်၊)

ကျမသည် အမေရိကန်သမ္မတ ဘွတ်ပြောသောစကားနှင့်လုပ်ရပ်ထက် ပြည်တွင်းမှ ကုန်ဈေးနှုန်း ကျဆင်ေ၇းအတွက် စတင်ပြီးဆန္ဒပြခဲ့သော ကိုထင်ကျော်ကို ပိုပြီး အထင်ကြီး လေးစားမိ၏။ ယုံကြည်မိ၏။ အားကိုးမိ၏။ ကိုထင်ကျော်၏ လုပ်ရပ်နှင့် သမ္မတဘွတ်၏ လုပ်ရပ်နှစ်ခုကို ယှဉ်ကြည့်ပါက မည်သူ၏လုပ်ရပ်က ပိုပြီး ထိေ၇ာက်ခဲ့သည်ဟု လူကြီးမင်းတို့ထင်ကြသနည်း? ထို့အတူ ပြည်တွင်းမှ ထောင်နန်းစံနေသော အန်တီစုနှင့် တစ်ကွ တစ်ခြားသော နိုင်ငံေ၇း အကျဉ်းသားများ ၊အမျိုးသမီးများကိုယ်စား ဆုတွေတစ်ဆုပြီးတစ်ဆု တတ်ယူပြီး ပါတီပွဲတွေ ကျင်းပနေချင်းဖြင့် ဂုဏ်ယူ နေကြမည်လား၊၊ ဘယ်သူက ဘယ်ပါတီမှာ ဘယ်အရက်တွေနဲ့ ဧည့်ခံတာဆိုတာတွေ အတွက်ဘဲ ဂုဏ်တုဂုဏ်ပြိုင်လုပ်ပြီး ကျေနပ်နေတော့မှာလား?

ဒေါ်အောင်ဆန်းစုကြည်နှင့် တကွ နိုင်ငံေ၇း အကျဉ်းသားများကို အမြန်ဆုံး လွှတ်ပေးဖို့ ဒီနေ၇ာကနေ တောင်းဆိုလိုက်ပါတယ်ဆိုတဲ့ စကားလေး လှုပ်ရှားနေတဲ့ လှုပ်ရှားမှုကြီးက ဘယ်လောက်ထိတောင် အကျိုးသက်ေ၇ာက်မှု၇ှိသလဲ၊ အဲဒီအဖွဲ့အစည်းတွေ တောင်းဆိုတဲ့ တောင်းဆိုချက် ဘယ်နှစ်ချက်ကို နအဖက လိုက်ရောခဲ့ဘူးလဲ၊ ဘယ်အချိန်ကလဲ ဘယ်တုန်းကလဲ? နအဖက ခင်ဗျားတို့ တောင်းဆိုချက်တွေကို ဖုတ်လေတဲ့ ငပိရှိတယ်လို့ တောင်မထင်၊ ကျွန်တော်/ကျွန်မ ကတော့ ဒီနေရာကနေပြီး နအဖလုပ်ရပ်ကို ရှုတ်ချ လိုက်ပါတယ်လို့အင်တာဗျူးတွေမှာ ဖြေဖြေနေတဲ့ ခင်ဗျားတို့ ကို နအဖက ဂရုမစိုက်သည်မှာ ထင်ရှားသည်။ ထိုသို့သော ပုဂ္ဂိုလ်များသည် မြန်မာနိုင်ငံ၏ ဒီမိုကေ၇စီအေ၇းလှုပ်ရှားမှုအတွက် အဆိုးဆုံးအတွက် ပြင်ဆင်ဖို့ ရဲဆေးတင်ပြီး အရက်သောက်ပြ နေကြပါသလား ခင်ဗျားတို့တွေသာ ဘီယာနဲ့ အရက်အရှိန်ကြောင့် တစ်ဖြည်ဖြည်းနဲ့သာ လူတွေကဖောပြီး ဗိုက်ရွှဲလာတယ်။ မြန်မာနိုင်ငံရှိ ပြည်သူများက တော့ တစ်နေ့ထက်တစ်နေ့ ပိုပိုပြီးငတ်လာတယ်၊

ပြည်ပေ၇ာက် လူ့အခွင့်အေ၇း လှုပ်၇ှားသူများကလည်း ပြည်သူများ အခွင့်အေ၇းအတွက် လှုပ်ရှားမရှား တော့မသိ သူတို့ရဲ့အခွင့်အေ၇း အတွက်တော့ အပီအပြင်ကို လှုပ်ရှားကြလေ၏။ သြော်……… အဆိုးဆုံးအတွက် ဘီယားသောက်ရင်း ပြင်ဆင်နေကြ လေသလားကွယ်၊
ဘာဘဲဖြစ်ဖြစ် “သဗ္ဗေသတ္တာ ကမ္မသကာ” ပေါ့…………… ၀ဋ်ကြွေး တွေကြေပါရစေ …. နာဂစ်မှာသေပါရစေဆိုတဲ့ သီချင်းလေးကိုဘဲ မြန်မာပြည်သူများ ဆို ညည်းနေလေမည်လား……..

မြန်မာပြည်သူများ မင်းဆိုး မင်းယုတ် ဒဏ်ကို ကြံ့ကြံ့ခံပြီး အမြန်ဆုံး တွန်းလှန် နိုင်ပါစေ။
စိတ်ဓါတ်ခိုင်မာပြီး ရဲရင့် ပတ်သားတဲ့ မြန်မာ့ဒီမိုကေ၇စီ ခေါင်းဆောင်အန်တီစု တစ်ယောက် သက်တော်၇ာကျော် ၇ှည်ပါစေလို့ ဆုတောင်းရင်………..

မြန်မာပြည်အတွက်ေ၇ာက်ရာနေရာက လက်လှမ်းမှီ သလောက် ဆက်လက်ပံ့ပိုး နေပါအုံးမည့်
မေသူပိုင်

မည်သည့် အဖွဲ့အစည်း မည်သည့် ပုဂ္ဂိုလ်တစ်ဦး တစ်ယောက်ကိုမှ ရည်ရွယ်ပြီး မေ၇းသားပါ၊ အမှန်အကန် လုပ်ဆောင်နေသော အဖွဲ့အစည်းများကိုလည်း ထာဝစဉ်လေးစား အားထား လျက်
ဒီဆောင်းပါးကြောင့် အထိနာသော လူတစ်ချို့ က ဆဲလာနိုင်သည် သို့သော် အန်တီစုပြောသလိုဘဲ
အဆိုးဆုံးအတွက် ပြင်ဆင်ထားတယ်။

6 comments:

PP said...

:( စိတ်တွေ ကောင်းတော့ဘူး။ ဘာတွေဆက်ဖြစ်ကြမှာလဲ????? :(

Myo Win Zaw said...

မေသူပိုင် အပေါ်ပိုင်း ကိုထင်ကျော်နှင့်ဘွတ် နှင့် မရောက်ခင်အထိ သဘောတူပါတယ် ဖြစ်နိုင်ချေလည်း ရှိပါသည်။ ဘွတ်သည် ထိုထက်ပိုပြီးမတတ်နိုင်ဟု ထင်သည် ဘွတ်သည် မြန်မာနိုင်ငံသားမဟုတ်သဖြင့် လူကြားကောင်းအောင် You are with me ဟုသာပြောနိုင်သည်။ နှိုင်းခြင်ရင် ပြည်ပရောက် အတိုက်အခံ တစ်ဦးဦးကို တဖွဲ့ဖွဲ့ကို ကိုထင်ကျော် လုပ်ရပ်နှင့်နှိုင်းပါက ပိုပြီးကောင်းသည့် ဆောင်းပါးဖြစ်မည်ဟုထင်ပါသည်။ နိုင်ငံခြားသား ကတော့ စောင့်ကြည့်နေပ်တယ်။ ခင်ဗျားတို့နှင့်ရပ်တည်လျက်ပါ။ ဒါဘဲပြောမည် ဒါဘဲပြောနေတယ်ဆိုတယ် အားလုံးသိပါကြောင်း ဆရာလုပ်တာမဟုတ်ပါကြောင်း

Myo Win Zaw said...

မေသူပိုင် ရေအပေါ်ပိုင်း ကိုထင်ကျော်နှင့်ဘွတ် နှင့် မရောက်ခင်အထိ သဘောတူပါတယ် ဖြစ်နိုင်ချေလည်း ရှိပါသည်။ ဘွတ်သည် ထိုထက်ပိုပြီးမတတ်နိုင်ဟု ထင်သည် ဘွတ်သည် မြန်မာနိုင်ငံသားမဟုတ်သဖြင့် လူကြားကောင်းအောင် You are with me ဟုသာပြောနိုင်သည်။ နှိုင်းခြင်ရင် ပြည်ပရောက် အတိုက်အခံ တစ်ဦးဦးကို တဖွဲ့ဖွဲ့ကို ကိုထင်ကျော် လုပ်ရပ်နှင့်နှိုင်းပါက ပိုပြီးကောင်းသည့် ဆောင်းပါးဖြစ်မည်ဟုထင်ပါသည်။ နိုင်ငံခြားသား ကတော့ စောင့်ကြည့်နေပ်တယ်။ ခင်ဗျားတို့နှင့်ရပ်တည်လျက်ပါ။ ဒါဘဲပြောမည် ဒါဘဲပြောနေတယ်ဆိုတယ် အားလုံးသိပါကြောင်း ဆရာလုပ်တာမဟုတ်ပါကြောင်း ထပ်လောင်းလောင်း.....

Suburban Area said...

မမေသူရေ..အရမ်းကောင်းတယ်ဗျို့..ဒီလိုပို့စ်မျိုးများများဖတ်ချင်တာ
ဘာပဲဖြစ်ဖြစ် ကံသေကံမှ မပြောနိုင်သေးပါဘူး။ လိုချင်ပါတယ် အော်နေခဲ့တာလဲမရဘူး၊မပေးချင်တဲ့သူတွေဆိုတော့ ပိုဆိုးတာပေါ့ဗျာ...ကျွန်တော်လဲဥာဏ်လိုက်မမှီဘူး...။ အန်တီစုအတွက် ကျွန်တော်လဲ ဆုတောင်းပေးပါတယ်ခင်ဗျား

Tea said...

တိုင်းပြည်မှာ တစ်ခု လိုနေတာက စည်းလုံးမှု..
့ပြီးတော့ ခေါင်းဆောင်ကောင်းတွေ..
စည်းလုံးမှုတွေကို အကောင်အထည်ဖော်ပေးမယ့် ခေါင်းဆောင်ကောင်းတွေ..
စည်းလုံးမှုတွေကို ဖြစ်ပေါ်လာအောင် ဆောင်ရွက်ပေးမယ့် ခေါင်းဆောင်ကောင်းတွေ...
ဒေါ်စုတစ်ယောက်ထဲကို အားကိုးနေရုံနဲ့ မရနိုင်ဘူး..
တခြား အများကြီးလိုတယ်..

ပြီးတော့.. ဟုတ်တယ်.. ပြည်ပက များလှစွာသော အဖွဲ့အစည်းတွေလည်း တစ်ခုခုကို ဗန်းပြထားပြီး သူတို့ပဲ ကောင်းစားနေကြတာ တွေလည်း ရှိတယ်.. ကိုယ့်ကျိုးအတွက် နိုင်ငံရေး လုပ်နေတဲ့ လူတွေလည်း ရှိတယ်.. အမှန်တကယ် လုပ်တဲ့လူတွေကို မပြောလိုပါဘူး..

လေးစားလျှက်
Tea

Anonymous said...

ဒီအကြောင်းတွေဖတ်မိရင် တကယ်ကို စိတ်ပျက်ပါတယ်။ မှန်ပါတယ် တနေ့တနေ့ထုတ်လိုက်ရတဲ့ ကြေညာချက်တွေ စုံနေတာဘဲ။ အဝေးရောက်ဘာညာ ကွာစိ တွေပြောပီး ထောနေကြတာ။ မုန်းဖို့ကောင်းပါတယ်။ ကို မင်းကိုနိုင်တို့ ကိုထင်ကျော်တို့ ကိုဘုန်းကြွယ်တို့ အားလုံးကို တကယ်လေးစားပါတယ်။ ဒီရှစ်သုံးလုံးနေ့မှာလည်း သူတို့ထဲက တယောက်ယောက်လွတ်နေရင် တစ်ခုခုတော့ကြားရမှာ အသေအချာပါ. ဘွတ်တယောက်တော့ ဒီလောက်ဘဲ လုပ်နိုင်မှာဘဲလေ. ဒီလောက်လုပ်ပေးနေတာဘဲ ကျေးဇူးကမ္ဘာပါ. တိုင်းပြည်တခုရဲ့ အနာဂတ်ဟာ အဲဒီတိုင်းပြည်ရဲ့ ပြည်သူတွေလက်ထဲမှာဘဲ ရှိတာပါ. ကိုယ်က ခုချိန်မှာ ဘာမှမဟုတ်တော့ ဒီထက်ပိုပီးလဲ မပြောရဲပါဘူး