ကျွန်တော်တို့ အားလုံးရဲ့ ဘ၀မှာ နေ့စဉ် လျှောက်သန်းနေတဲ့ ဦးတည်ချက်က ဘယ်အရာလဲ ? ကျွန်တော်တို့ တတွေ တစ်နေ့တစ်နေ့ ဘ၀မှာ ရုန်းကန်ကြရတယ်၊ ကြိုးစားကြရတယ်၊ အားထုတ် ကြရတယ်။ ကျွန်တော်တို့တွေ မှာ ဖြစ်ချင်တာတွေ အများကြီးပဲ။ ဟိုး ငယ်စဉ်တောင်ကျေး ကလေးဘ၀ ထဲက သားကြီးလာရင် ဆရာဝန်ကြီး ဖြစ်ချင်ပါတယ်၊ သမီးကတော့ အင်ဂျင်နီယာကြီး ဖြစ်ချင်ပါတယ်၊ ဒီလို ရည်မှန်းချက်တွေနဲ့ ကျွန်တော်တို့ တတွေ အချိန်နဲ့အပြိုင် ရှည်လျားလှသော ဘ၀ကြီးကို ဖြတ်သန်းလာကြတယ်။
မူလတန်း၊ အလယ်တန်း၊ အထက်တန်း၊ ပြီးတော့ တက္ကသိုလ်တွေ တက်နေကြရတယ်။ ကျောင်းပြီးသွားရင် အလုပ်ခွင်ထဲကို ၀င်ကြတယ်။ အလုပ်ခွင်ထဲမှာ တစ်နေ့တစ်နေ့ အလုပ်တွေ လုပ်ကြရတယ်။ ဘ၀ ဆိုတာ အရင်တုန်းက ကျောင်းနဲ့အိမ်၊ အခုလို အလုပ်ရှိတော့ အလုပ်နဲ့အိမ်၊ ဒါတွေကို ဒီလိုနဲ့ပဲ ဖြတ်သန်းလာကြတယ်။ တစ်နေ့တစ်နေ့ ဘ၀ကို ဖြတ်သန်းရာမှာ ပူပန်မှုတွေ၊ စိုးရိမ်မှုတွေ အများကြီးရှိတယ်။ ဒါတွေ ကြားမှာ အသက်ရှင်နေရတယ့် ဘ၀ကြီးဟာ ရင်မောစရာပါ။
ကျွန်တော်တို့တတွေ အားလုံးဟာ အနာဂတ်တစ်ချိန်ကျရင် "ငါဒီတစ်ခုခုကို ရယူ အောင်ပွဲခံမယ်" "ဒီလို အောင်ပွဲခံပြီးရင် ပျော်ရွှင်လိမ့်မယ်" လို့ ယူဆထားကြတယ်။ ဒါပေမယ့် အမှန်တစ်ကယ် တစ်ခုခုကို ကျွန်တော်တို့ ရယူ ပြီးသွားရင် ပျော်သလား ဆိုတော့ မပျော်တော့ဘူး။ ကျွန်တော် မှတ်မိပါသေးတယ်။ ဒီအမေရိကန်ပြည်ထောင်စုမှာ မရောက်ခင်တုန်းက ရန်ကုန်မှာ ဗီဇာဝင်ရတယ်။ ဗီဇာ မ၀င်ခင်တော့ ဗီဇာ သိပ်ရချင်တယ်၊ စာအရမ်း သွားဖတ်ချင်လွန်းလို့ ရမှဖြစ်မယ် ဆိုပြီး အရမ်းကို တောင်းတခဲ့မိတယ်။ ဘုရားသွားပြီး ဆုတောင်းလိုက်၊ အားလုံး အလုပ်ကို ရှုပ်နေခဲ့တယ်။ နောက်ဆုံး ဗီဇာရပြီးသွားရင်လည်း သိပ်ကို ပျော်လိမ့်မယ်လို့ ယူဆခဲ့တယ်။ ကျွန်တော် တကယ်တမ်း ဗီဇာရသွားတော့ ပျော်တော့ ပျော်လိုက်တယ်၊ ဒါပေမယ့် သိပ်မကြာလိုက်ဘူး၊ အဲ့ဒီ ပျော်ရွှင်မှုကြီးက ဘယ်ရောက်သွားမှန်း မသိတော့ဘူး။ ကြာကြာ မပျော်လိုက်ရဘူး။ တစ်ခုခုကို ရယူ အောင်မြင်သွားသော်လည်း ကျွန်တော် စင်စစ်ပျော်ရွှင်မှုကို ရယူ ပိုင်ဆိုင်ခွင့် မရခဲ့ဘူး။
အရင် ငယ်ငယ်လေးကထဲက ဘ၀မှာ ဖြစ်ရမယ့် အရာတွေ အများကြီးရှိခဲ့တယ်။ ရည်မှန်းချက်တွေ၊ ဘ၀မှာ တောင်လို ပုံနေတယ်။ ဒါပြီးရင် ဒါဖြစ်ရမယ်၊ အဲ့ဒါတွေ ဖြစ်ပြီးသွားရင် ပျော်လာလိမ့်မယ်လို့ ထင်ခဲ့မိတယ်။ ဒါပေမယ့် တစ်ခုခုကို achieve လုပ်ပြီးသွားတိုင်းမှာ ဖြစ်ပေါ်လာတဲ့ happiness က ကြာရှည်မခံဘူး။ ရည်မှန်းချက်အတွက် အင်တိုက်အားတိုက် ဘ၀မှာ နေ့စဉ် လျှောက်လှမ်းနေသော် လည်း ကျွန်တော်တို့တတွေ လက်ရှိ ဘ၀မှာ ဘယ်သူမှ မပျော်ကြဘူး။ အနာဂတ်မှာ ပျော်ရွှင်လိမ့်မယ် ဆိုတဲ့ မျှော်လင့်ချက် ရောင်စင်တန်း တစ်မျှင်လေးနဲ့ အသက်ရှင်နေကြတယ်။ အဲ့ဒီ အနာဂတ်ဆိုတာကို ရောက်ခဲ့ရင်လည်း နောက်ထပ် အနာဂတ်အသစ်ကို ထပ်တွေးပြီး အားထုတ်ကြပြန်တယ်။ ဒီလိုနဲ့ ကျွန်တော်တို့ အားလုံးရဲ့ ဘ၀တွေဟာ နောက်ဆုံးတော့ ၀က္ကပါထဲက ကြွက်လေးတွေ အပြေးပြိုင်နေသလို ပါပဲ။ အားရပါးရ အမြဲတမ်း ထွက်ပေါက်တစ်ခု တွေ့မယ်လို့ ထင်ပြီး ပြေးလွှားနေကြပေမယ့်၊ တစ်ကယ်တော့ ဘာမှ ထူးခြား မလာဘူး၊ ပိတ်ပြီးရင် ပိတ်နေတယ်။ ကျွန်တော်တို့ တတွေဟာလည်း တစ်ချိန်ချိန်မှာ ပျော်လိမ့်မယ်ဟု မှန်းပြီး အားထုတ်နေကြပေမယ့် အဲ့ဒီ တစ်ချိန်ချိန်ဆိုတာ ကြီးက ရောက်လာရင် မပျော်တတ်တော့ဘူး။ ဒီအတိုင်းက ဒီအတိုင်းပဲ။ ပျော်ရွှင်ခြင်းတွေ ရည်ရှည် မခံဘူး။ ဖြစ်ပေါ်လာတဲ့ ပျော်ရွှင်ခြင်းတွေက အချိန်တို အတွင်းမှာ ဖမ်းဆုပ်လို့ မရအောင် တိမ်မြှပ် ပျောက်ကွယ် သွားကြတယ်။ သြော်... ဘ၀.. ဘ၀... ဘ၀ဆိုတာ Rat Racers တဲ့လား ....
ကျွန်တော်တို့ တော်တော်များများရဲ့ ဘ၀မှာ လုပ်ချင်တာတွေကို မလုပ်ရပဲနဲ့ လုပ်ရမယ့် အရာတွေကို လုပ်နေကြရတယ်။ တွေးကြည့်ရင်.. ငါမနက်ဖြန် ကျောင်းသွား ရဦးမယ်။ ငါ ဈေးသွားဝယ် ရဦးမယ်။ ငါ ပန်းကန်ဆေး ရဦးမယ်။ ငါ စာကျက် ရဦးမယ်၊ ငါ အလုပ်သွား ရဦးမယ်၊ စတဲ့ တာဝန်တွေ လုပ်ရမယ့် ၀တ္တရားတွေနဲ့ ဘ၀ကြီးက ပြည့်နှက်နေပြီး၊ ကျွန်တော်တို့အားလုံး လုပ်ချင်တာတွေကို မေ့နေတတ်တယ်။ စိတ်ထဲမှာတော့ ငါဆရာဝန်ကြီး ဖြစ်ပြီးသွားရင် ဟိုဟာ လုပ်မယ်၊ ဒီဟာ လုပ်မယ်။ ငါ ဒီ Spring ပြီးသွားရင် summer ကျရင် ကောင်းကောင်းကြီး ပျော်လိုက်ဦးမယ်၊ ဒီလိုမျိုး ကိုယ်လုပ်ချင်တာတွေက များသော အားဖြင့် အနာဂတ်မှာ ရှိနေတတ်တယ်။ လုပ်ချင်တာတွေ အရှေ့မှာ ရောက်နေပြီး လက်တွေ့ဘ၀မှာ လုပ်ရမှာတွေနဲ့ ပြည့်နေတတ်တော့ ဘ၀ကြီးက ထင်သလောက် မပျော်တော့ဘူး။ မောပန်းလာတယ်။ ပင်ပန်းလာတယ်။ သြော်၊ တကယ်တော့ ဘ၀ဆိုတာ တိုတို လေးပါဗျာ။ ဒီလို တိုတောင်း လှသော ဘ၀လေးမှာ ကျွန်တော်တို့ လုပ်ရမှာထက် လုပ်ချင်တာလေး တွေကိုမှ လက်တွေ့ဘ၀မှာ မလုပ်နိုင်ခဲ့ရင်.. အချိန်ဆိုတဲ့ စက်ယန္တရားကြီး အောက်မှာ ကျွန်တော်တို့ ဘ၀တွေဟာ မထင်မှတ်ပဲ ပင်ပန်းစွာနဲ့ ကုန်ဆုံးသွားလိမ့်မယ်။
ဘ၀ဆိုတာ တိုပါတယ်။ ကိုယ်လုပ်ချင်တာ လုပ်ထားဖို့ အရေးကြီးပါတယ်။ ဒီနေ့ သေမယ်။ နက်ဖြန် သေမယ် ဆိုတာ ဘယ်သူမှ မသိပါဘူး။ တကယ်တော့ လက်တွေ့မှ ပိုင်ဆိုင်ထားတဲ့ အချိန်ကသာ တန်ဖိုးအရှိဆုံး အချိန်ပါ။ အားလုံးပဲ လက်တွေ့ဘ၀မှာ ပျော်တတ်ကြပါစေ။
Tea
မှတ်ချက်။ ဒီ အပေါ်က concept က Rat Racers concept ပါ။ ဒီ Rat Racers concept လေးကို ကျွန်တော် နွေတုန်းက ကျောင်းမှာ သင်ခဲ့ရတာပါ။ သီဟိုရီအရ လူတွေ အားလုံးရဲ့ ဘ၀ဟာ လေးမျိုးလေးစားရှိတယ်။ ဒီ Rat Racers type က လေးမျိုးထဲက တစ်မျိုးပါ။ အခုလည်း ကျွန်တော်ကိုယ်တိုင် ၀င်ရောက် ခံစားပြီး ရေးထားတယ်။ ကျွန်တော့် အပြင်ဘ၀မှာလည်း ကျွန်တော်ဟာ ထွက်ပေါက် ပျောက်နေတဲ့ ကြွက်ကလေး တစ်ကောင်လို့ ယူဆထားပါတယ်။ နောက်ကျန်တာကိုလည်း ကြုံသလို ဖော်ပြသွားပါ့မယ်။
Monday, August 11, 2008
ဘ၀ဆိုတာ ဒါတဲ့လား ?
Subscribe to:
Post Comments (Atom)
6 comments:
life is life, fight for it :)
အနာဂတ်ဆိုတာလဲ ရှိတယ်။ တစ်ခုခုပြီးမြောက်သွားတိုင်းလဲ ပျော်ရွှင်မှုက တာရှည်ခံတယ်။ ကိုယ့်ရည်မှန်းချက်က ဖြစ်နိုင်လား မဖြစ်နိုင်လားဆိုတာကို အရင်စဉ်းစားတယ်။ ဒီရည်မှန်းချက်အောင်မြင်ရင် ဘာအကျိုးကျေးဇူးရမလဲဆိုတာကိုလဲ တွက်ချက်ပြီးမှ လုပ်တယ်။ အဲ....တန်ရင် တန်သလောက်ပဲ အင်အားစိုက်ထုတ်တယ်။ အဲဒါဆို ဘာအမျိုးအစားလဲ????
သေချာတာတော့ rat racer မဟုတ်တာပဲ။ တီးရေ Be Happy, Be Healthy. :)
လမ်းပေါ်ပြန်တက်နေသူ ။ ကျွှန်တော့ထက် ငယ်သလား ကြီးသလား မသိတော့ ကိုတီးလို့ပဲခေါ်ပါ၇စေ။ ကိုတီး ပြောပုံအရ ကိုတီး ကျွှန်တော့လိုပဲ လျှောက်ရင်းနဲ့ လမ်း ခဏ ပျောက်သွားတာပဲ ဖြစ်မယ်။ အဲ့ဒီ ပျောက်သွားတဲ့လမ်းကို ကျွှန်တော် မတွေ့ တွေ့အောင် အခုပြန်ရှနေပါတယ်။ ကိုတီး လမ်းမှန်ုကို ပြန်လည်တွေ့ရှိပါစေ။
လမ်းပေါ်ပြန်တက်နေသူ
လမ်းပျောက်တာတော့ မဟုတ်ဘူးဗျာ..
ကျွန်တော် ပြောချင်တာက ဒီလောက မှာရှိတဲ့ Rat Racers ဘ၀ကို ပိုင်ဆိုင်ထားတဲ့ လူတွေရဲ့ကိုယ်စား ပြောချင်တာပါဗျာ..
အားလုံး ကိုယ်လုပ်ချင်တာ ကိုယ်လုပ်ရဖို့ အရေးကြီးတယ်လို့.. ပျော်အောင်နေပါလို့..
ကျွှန်တော် C Box မှာရေးနေတုန်း ကျွှန်တော် IP ကို ဘန်းလိုက်တယ်ဗျ ပြန်ဖွင့်ပေးစေချင်ပါတယ် ကျေးဖူးတင်ပါတယ်
ကိုဇင်မျိုးအောင်ရေ.. မနေ့ညက ဘာတွေဖြစ်သွားမှန်းလဲ မသိဘူး.. စီဘောက်စ်မှာ အောက်တန်းကျတဲ့ လူ၂ယောက်လောက်က ၀င်ဂျိုမွှေနေတဲ့ အချိန်မှာ စာဖတ်နေတဲ့ သူတွေက ၀င်ရောက် ခုခံ တားဆီး ပြောဆိုရာမှာ တော်တော်များများ spamming နဲ့ ဘန်းခံလိုက်ရတယ် (မေသူအပါအ၀င်)။ ကျွန်တော် ဘန်းတာမဟုတ်ဘူး..သူ့ဘာသာသူ အော်တို ဘန်းသွားတာ.. အဲ့ဒါ အဆင်ပြေမယ်ဆိုရင် latphatyay@gmail.com မှာ အစ်ကို့ရဲ့ IP ကို လာပြောပြပါ။ ကျွန်တော် ပြန်ရှာပြီး ဖွင့်လိုက်ပါမယ်.. ကျေးဇူးတင်ပါတယ်..
လေးစားလျှက်
တီး
Post a Comment