Photobucket

Friday, August 29, 2008

ထောင့်မှန်ကျနေတဲ့ မျဉ်းနှစ်ကြောင်းက တွေ့ဆုံခြင်းလား၊ ခွဲခွာခြင်လား

ထောင့်မှန်ကျနေတဲ့ မျဉ်းနှစ်ကြောင်းက တွေ့ဆုံခြင်းလား?
ဒါမှမဟုတ် ခွဲခွာခြင်းလား?

ပုံမှာကြည့်မယ်ဆိုရင်
၁။ ထောင့်မှန်ကျနေတဲ့ မျဉ်းနှစ်ကြောင်းလေးက ခွဲနေရာကနေ ထောင့်မှာ သွားပြီး နှစ်ကြောင်းလုံး တွေ့ဆုံတာကို တွေ့နိုင်တယ်။
၂။ တွေ့ဆုံပြီးနေတဲ့ မျဉ်းနှစ်ကြောင်းက ဦးတည်ချက်မတူတဲ့ အရပ်မျက်နှာနှစ်ခုကို တစ်ပြိုက်နက်တည်း ခွဲခွာသွားတာကို တွေ့နိုင်တယ်။

ဒါဆိုရင် (၁) က မှန်တာလား? (၂) က မှန်တာလား?
တကယ်တော့ (၁)ရော (၂)ရော နှစ်ခုလုံး မှန်ပါတယ်။ ကိုယ်စီကိုယ်စီ ရှုထောင့် ကနေ တွေ့ကြည့်ရင် နှစ်ခုလုံး မှန်တာကို တွေ့ရမှာဖြစ်ပါတယ်။

ထိုနည်းတူပဲ ကျွန်တော်တို့ အားလုံးရဲ့ ဘ၀ တွေမှာ ဖြစ်ပျက်နေတဲ့ ပြဿနာ ပေါင်းများစွာ၊ အရှုပ်အထွေးတွေ များစွာမှာ အမှန် အမှား ကို ဆုံးဖြတ်တဲ့ အချိန်ကျရင် .. ကျွန်တော်တို့ အားလုံး လူတော်တော် များများက ကိစ္စတစ်ခုကို ဆန့်ကျင်ဖက် ရှုထောင့် ကနေ မစဉ်းစား ပေးနိုင်ကြပါဘူး။ နားလည် နိုင်စွမ်း မရှိကြပါဘူး။ အားလုံးကို ကိုယ့်ဖို့၊ ကိုယ့်အတွက်၊ ကိုယ့်အမြင်၊ ကိုယ့်အတွေး အစရှိတဲ့ "ငါ" စွဲ နဲ့ ဖုံးလွှမ်းနေပြီး တစ်ခါ တစ်ခါကျရင် တစ်ဖက်သားကို ပစ်မှား မိတာ တွေလည်း ရှိပါတယ်။ တကယ်တော့ လောကကြီးမှာ အမှန်နှင့် အမှားက အမြဲ ဒွန်တွဲ နေပါတယ်။ ဒါပေမယ့် အရာတိုင်းမှာ အားနည်း ချက်တွေ ရှိသလို အားသာချက်တွေ ရှိပါတယ်။ ဘယ်သူမှ အမြဲတမ်း မမှန်နေသလို အမြဲမှန်နေတဲ့ လူတွေကလည်း လုံးဝ မမှားဘူးလို့ မပြောနိုင်ပါဘူး။

ကျွန်တော်တို့ အမြဲတမ်း ဒါမှန်တယ်၊ ဒါမှားတယ် ဆိုတာထက် မတူညီတဲ့ ရှုထောင့် တွေကနေ ခံစားကြည့် တတ်မယ် ဆိုရင်.... တစ်ဖက်သားကို နားလည် ပေးတတ်မယ် ဆိုရင် ...

ကျွန်တော် ယုံကြည်ပါတယ်။ ကမ္ဘာကြီး တစ်နေ့တစ်ခြား ပိုမို လှပ လာမှာပါ။

Tea

မှတ်ချက်။ ။ သူငယ်ချင်းတစ်ယောက်ရဲ့ gtalk msg က philosophical question လေးကို တွေ့လိုက်လို့ ခေါင်းထဲ အတွေးတွေ ပေါ်လာတာနဲ့ ဒီပိုစ့်လေးကို ရေးလိုက်ပါတယ်။

2 comments:

Anonymous said...

Both wrong!
hehe ^_^

Suburban Area said...

အဖြေ။ ၁၊၂ နှစ်ခုလုံးမှန်တယ်ဆိုတာထက် အဖြေနောက်ထက်နံပါတ်(၃)ဆိုတာရှိသေးတယ်..အဲဒါကိုကြုံတွေ့လာချိန်မှလွဲလို့ ဘယ်သူမသိနိုင်ဘူး။ တီးပို့စ်ရေးထားတာလေးကောင်းတယ်..တချို့ကဆန့်ကျင်ဖက်ရှုထောင့်ကစဉ်းစားပြီး လိုက်မလုပ်နိုင်ရင်ဘာမှမထူးဘူးးးလူအကြောင်းတော့မပြောတော့ပါဘူးးးတီးတော်တယ်၊ဟဟ...:D