Photobucket

Tuesday, August 5, 2008

အချစ်ဆိုတာဘာလဲ ?


သူက လူတွေရဲ့ ပါးစပ်ဖျားမှာ အမြဲတမ်း ရေပန်းစားတယ်..
သူကို လူတွေ အားလုံးလိုလို ထိတွေ့ဖူးတယ်.. ရင်ဆိုင်ဖူးတယ်..
သူနဲ့ ဆိုရင် လူတွေက စိတ်ချမ်းသာတယ်.. ပျော်ရွှင်တယ်..
တစ်ချို့ လူတွေကျတော့.. စိတ်ဆင်းရဲတယ်.. ၀မ်းနည်းတယ်..
သူမှာ အဓိပ္ပာယ် အများကြီးရှိတယ်..
ပေးဆပ်ခြင်းလည်းဟုတ်တယ်.. ရယူလိုခြင်းလည်း ဟုတ်တယ်..
ပူတယ်ဆိုလည်း မှန်တယ်.. အေးတယ်ဆိုလည်း မမှားဘူး..
သူ့မှာ အကောင်းနဲ့ အဆိုးရှိတယ်..
အမြဲတမ်း မကောင်းသလို အမြဲတမ်းလည်း မဆိုးဘူး..

သူ့ကို လူတွေက "အချစ်" လို့ သတ်မှတ်ကြတယ်..

ကျွန်တော့်အတွက်တော့ အချစ်ဆိုတာ ကုန်ကုန်ပြောရရင် ဘာနဲ့မှ နှိုင်းလို့ ပြုလို့ အဓိပ္ပာယ်ဖွင့်ပြလို့ မရတဲ့ အရာတစ်ခု၊ အရသာတစ်ခု။ သူ့မှာ များလှစွာသော ခံစားချက်တွေ၊ အဓိပ္ပာယ်တွေ၊ ခံယူချက်တွေနဲ့ ပြည့်နှက်နေတယ်။ အချစ်ကို တခြား နောက်ထပ် စကားလုံး တစ်ခုနဲ့ နှိုင်းယှဉ်လို့ မရဘူး။ ဒါကြောင့် ကျွန်တော့်အတွက်ကတော့ အချစ်ဆိုတာ အချစ်ပါပဲ။

အချစ်ကို စာဖတ်သူတွေကရော ဘယ်လို ယူဆထားပါသလဲ? အောက်က မေးခွန်းသုံးခု ကို ဖတ်ကြည့်ပြီး မိမိ၏ အတွေးအခေါ်ကို လွတ်လပ်စွာ တင်ပြဆွေးနွေး နိုင်ပါသည်။ အမြဲတမ်း ကျွန်တော် ရေးတာတွေ စာဖတ်သူတို့ ဖတ်နေတာဆိုတော့ ဒီတစ်ခါ အပြောင်းအလဲလေး ဖြစ်သွားအောင် စာဖတ်သူတွေရဲ့ စာသားလေးတွေ ကို ဖတ်ကြည့်မယ်။ OK?

Questions:
အချစ်ဆိုတာဘာလဲ?
အချစ်ကို ဘယ်လို Define လုပ်လဲ?
အချစ်ကို ဘယ်လိုမျိုး ခံယူ ထားသလဲ?



အချစ်စစ်ကို ယုံကြည်ကိုးကွယ်သူ
Tea

13 comments:

Anonymous said...

a chit so tar sar lo ma ya bue. tout lo lae ma ya buee. a chit so tar a yan co aye chan dae a yar ta ku par. a chit kyout tay dae lu twal lae shi tal. kone kone pyaw mal. a chit ka fire bae. ma play tat yin, tay naing tal. sate sin yae mal. ma play tat bue so yin, way way ga nay phoe kg par tal. a chit so tar, nar lae ma play tint dae ayar ta ku parhh. play tal so tar ka lae, chit tar co pyaw tar par. sorry par. work yout nay lo mmfont ma shi lo burglish nae bae comment lite par tal.

Cherry said...

အချစ် = အမုန်း
အချစ်ကိုမုန်းတယ်

Suburban Area said...

သူကအပေါ်မှာ အကုန်လုံးပြောထားပြီး၊ဖြေခိုင်းတယ်...:D
အချစ်စစ်ကိုယုံကြည်ကိုးကွယ်သူတဲ့ တစ်ယောက်ထဲမရှိဘူး။
တီးရေ..ဖြေသွားတယ်နော်...ok

(၁) အချစ် က အချစ် ပဲ...။
(၂)"အကောင်းဆုံးပေးဆပ်လိုက်ပါ..သင့်ပြန်မရတာတောင် ကျေနပ်စရာ"..."သန့်ရှင်းဖို့တော့လိုတယ်"
(၃)အချစ် ကို ချစ်နေဖို့ပဲ...။

စာတွေစောင့်ဖတ်နေမယ်
အားပေးလျှက်
..

အိတာ said...

အချစ်ဆိုတာအချစ်ပါပဲ
လက်ရှိအနေအထားအတိုင်းကိုပဲချစ်တာအချစ်ပါ...
:)

Anonymous said...

အချစ်ဆိုတာအချစ်ပါပဲ...
ဟား ဟား.. ဟုတ်တယ်။သူပဲပြောထားပြီးတော့သူများတွေကိုလည်းဖြေခိုင်းသေးတယ်။ :P
အချစ်ကိုစကားနဲ့ပြောပြလို့မရပါဘူး။တစ်ယောက်နဲ့တစ်ယောက်ခံစားကြပုံခြင်း
လည်းမတူပါဘူး။အဲဒါကိုကအချစ်ပဲထင်တယ်..
အချစ်ဆိုတာမီးလည်းဟုတ်တယ်။ရေလည်းဟုတ်တယ်။
ချစ်တတ်ဖို့ပဲလိုပါတယ်။
တစ်ကယ်ချစ်တတ်တဲ့လူအတွက်တော့အချစ်ဆိုတာအမြဲအေးမြနေမှာပါ။
မေတ္တာပါတဲ့အချစ်စစ်နဲ့ချစ်တတ်ကြပါစေ.. :)

Z said...

မပြောပြဘူး အသေသာ သတ်လိုက် :D

PP said...

What is love?
Baby don't hurt me
Don't hurt me
no more
ဟင်း....Haddaway ရဲ့ သီချင်းလေးပဲ ထိုင်ညည်းနေမိပြီ။ @,@

Anonymous said...

သူများတွေကပြောတာတော့ အချစ်ဆိုတာ "အ" လို့ ချစ်တာ တဲ့ ငါကတော့မင်းကို ချစ်လွန်းလို့ "အ" ပေးလိုက်တာပါ

Anonymous said...

ချယ်ရီရေ
အချစ်=အမုန်း မဟုတ်ဘူး
ကျွန်တေ့်အတွက်တော့ အချစ်=အရှုံး :(

သိပံ္ပမောင်ပိန် said...

Official Definition: မျက်ကန်းဆေး။ ယောက်ျားတွေကို အိမ်ထောင်မကျခင်အထိ မျက်စိကန်းစေပါသည်။
p.s: Tea ကျွှန်ပ်ကိုယောက်ျားစစ်ကူအဖြစ်ခေါ်တာမှန်သွားတယ်။

ကိုရင်နော်ခင်လေးငယ် said...

Blogger အကိုတစ်ယောက်ရဲ့
“အချစ်ကဗျာ” လေးတစ်ပိုဒ်မှာ
ရေးခဲ့ဖူးတဲ့ Comment လေးပါ..။

“သြော်..အချစ် အချစ်
အချစ်ဆိုတဲ့ အဲဒါကြီးဟာ
တစ်ခါတစ်လေ “အရစ်”
နွယ်တွေလို ကျစ်နေအောင်
လည်မျိုထိတက်ညှစ်ချင်သေးသူ..”

ခင်လေးကတော့ အဲ့လိုထင်တယ်..ဟီးးး

mgthonnya said...

အချစ်.....??အတိအကျတော့မပြောတတ်ဘူးဗျ။နက်နက်ရှိုင်းရှိုင်း
ချစ်တတ်သူတွေကိုလည်းတွေ့ဖူးတယ်။ဒါမဲ့..မမြဲကြဘူး(သင်္ခါရတရားလို့ပဲပြောရမလား :P)ယောက်ကျားလေးကအရမ်းချစ်တော့ကောင်မလေးကအလေးအနက်မထားကြဘူး။
ကောင်မလေးကအရမ်းချစ်လွန်းတော့လဲကောင်လေးကဖောက်ပြန်ချင်တယ်။နှစ်ဦးလုံးသစ္စာ
ရှိရှိချစ်ကြပြန်တော့လည်းအခြေအနေတွေကမပေးကြဘူး။အချစ်တိုတာ...
(အဟမ်းကြီးကြီးကျယ်ကျယ်ပြောရမယ်ဆိုရင်ပေါ့ဗျာ)အလွမ်းဖန်တီးကောင်
ကြေကွဲခြင်းတို့ရဲ့မြစ်ဖျားပိုင်းပါပဲ။ဒါတွေကမျက်စိအောက်မှာမြင်တွေ့
နေရတာတွေကိုကြည့်ပီးဖြေတာ။


ကိုယ်ပိုင်အမြင်ပြောရရင်တော့...အချစ်ဆိုတာစာရေးဆရာတွေ
ကဗျာဆရာတွေ၊ရုပ်ရှင်ဇာတ်ကားတွေအတွက်..ရှေးဟောင်းကျောက်မျက်တွင်း
ကြီးပါပဲ..သုံးတတ်ရင် သုံးတတ်သလောက်ကိုအဆင်ပြေတယ်

(အခုလောလောဆယ်ဒီလိုမြင်ပါတယ်..နောက်ပြောင်းသွားရင်
တစ်ခါလာဖြေပေးပါဦးမယ်) :)

သိင်္ဂါကျော် said...

အချစ်ဆိုတာ ပြောင်းလဲတတ်တဲ့အရာပဲ၊
ချစ်တုန်းကတော့ အရမ်းချစ်ကြ
တစ်ယောက်နဲ့တစ်ယောက် အဆင်မပြေလို့ ဝေးသွားကြပြီးရင်လည်း
အေးဆေးပဲ… ဘ၀အသစ် အချစ်အသစ်နဲ့ ပျော်နေကြတာပဲ…
အဲဒီလိုတွေ ပတ်ဝန်းကျင်မှာ အများကြီးတွေ့နေတော့
အချစ်ကို မယုံကြည်တော့ဘူး…