Photobucket

Thursday, August 7, 2008

ရှစ်ရက်၊ရှစ်လ၊ရှစ်ဆယ့်ရှစ်


“Their lies are on the radio and paper”
“Is it so called ‘Law’ that leaves the people dying?”




သွေးနီရဲတစ်စက်မှ
ရဲရဲတောက်သွေးနီမြစ်တစ်စင်းသို့ 
လှုံ့ ဆော်သံတစ်သံမှ
ကမ္ဘာမကြေမယ့် တိုက်ပွဲတစ်ခုဆီ
ဒီရာဇာဝင်သစ်
ရှစ်ရက်၊ရှစ်လ၊ရှစ်ဆယ့်ရှစ်
ပြည့်သူ့ သွေးနဲ့ 
သမိုင်းတင်ရေးခြစ်ခဲ့ကြတယ်၊၊

ခွပ်ဒေါင်းအလံ ၊ အမျိုးသားရေးအောင်လံများ
လေထဲတစ်လူလူလွင့်
အမျိုးသားရေးအားမန်အပြည့်
အောင်ပွဲခံနေလိုက်ပုံများ
ကမ္ဘာမကြေ မဲ့ ၊ ရှစ်ဆယ့်ရှစ်က
အာဏာရူး အခွင့်ထူးခံလူတန်းစားတွေကို
တဒဏရူးသွပ်သွားစေခဲ့တယ်၊၊

ပြည့်သူရင်ထက်
နူးညံ့မှုအစား အမုန်းတရားတွေကြီးစိုး
မြို့ုပြင်တွေစစ်တလင်းအသွင်ဆောင်လို့ 
လမ်းမတွေသွေးချောင်းစီး
ဒီမိုကရေစီဆိုတဲ့ ရင်နင့် ယုံကြည်မှုတွေနဲ့ အတူ
သမိုင်းတွင်ရစ် ၊ ရှစ်ဆယ့်ရှစ်က
ဇာနည်ခွပ်ဒေါင်း ၊ သူရဲကောင်းတို့ 
အရှင်လတ်လတ်သဂြိုလ်ခံခဲ့ရတယ်၊၊

ကမ္ဘာမကြေ မဲ့
နာကျည်းကြေကွဲ ၊ ဆုံးရှူံးမှု
အပြစ်မဲ့ ဇာနည်များ အကြွေစောမှု
လူ့ အခွင့်အရေးဆုံးရှူံးမှုတွေဟာ
တိုက်ပွဲခေါ်ခဲ့တဲ့ ၊ ရှစ်ဆယ့်ရှစ်က
သက်သေခံအထောက်အထားအဖြစ်
သံမှိုစွဲ ရိုက်နှက်ခဲ့လေတယ်၊၊


အိမွန်တာ

မှတ်ချက် ၊၊ ၊၊ ရှစ်ရက်၊ရှစ်လ၊ရှစ်ဆယ့်ရှစ် အမှတ်တရ

8 comments:

Anonymous said...

အခုလို ရှစ်လေးလုံး အမှတ်တရ ကဗျာကို တင်ပေးတာ ကျေးဇူး အထူးတင်ပါတယ် TEA ဆက်လက်ပြီး စာကောင်း ပေမွန်များကို ရေးသားနိုင်ပါစေ ...........

Anonymous said...

ကဗျာလေး ကောင်းပါသည် :)

ကေကေ said...

ကဗျာကို လာရောက်ခံစားသွားပါတယ်..

ခိုင်

Tea said...

Thank you so much for the poem! It's very nice.

Anonymous said...

ကဗျာလေးအတွက်ကျေးဇူးပါ

Suburban Area said...

"သက်သေခံအထောက်အထားအဖြစ်
သံမှိုစွဲ ရိုက်နှက်ခဲ့လေတယ်" အရမ်းကောင်းတယ်စာသား...အိမွန်တာရေ..အရမ်းကြိုက်သွားပြီး။ ကဗျာလေးအားထက်တူခံစားဖတ်ရှုသွားပါတယ်...
ခံယူချက်များဖြင့်
..

Anonymous said...

ကဗျာလေးက အရမ်းအဓိပ္ပာယ် ရှိတယ်.. ဖတ်ရင်းနဲ့ ရင်နင့်အောင် ခံစားရပါတယ်။

အောင်ကောင်း said...

very good mike. ! :)