Photobucket

Friday, August 8, 2008

အမျိုးချစ်သူအတွက်

တပ်မတော်သည် အမိလည်း မဟုတ်သလို အဖလဲ မဟုတ်ဟူသော ပို့စ်နှင့် ပတ်သတ်ပြီး ဝေဖန်သွားသော အမျိုးချစ်သူ အတွက်
“အမျိုးချစ်သူ၏ ကွန်မန့် myhome16 တွင်ေ၇ာက်မလာခဲ့”
ကျမ မေသူပိုင်သည် စစ်သား တစ်ယောက် မဟုတ် သာမန် အရပ်သူ တစ်ယောက်သာ ဖြစ်သည်။ ထို့အတွက် ကျမ အမြင်ကိုေ၇းသားသွား၏။ ကျမ နှင့် စကားပြောသော ပုဂ္ဂိုလ်အား မေသူပိုင်တို့ comfirm လုပ်ကာ ထပ်မေးထားပုံကေ၇းသားထားသော ပို့စ်တွင်ရှိ၏။ ထို့အတွက် စစ်သားဟု ပြောကြားသွားသော ပုဂ္ဂိုလ် က ကျမ ကို အဲဒါက စစ်သားများ အတွက်လို့ ရှင်းမပြခဲ့ (သို့) နားလည်အောင် ပြောမပြနိုင်ခဲ့။

အစိုးရ ဆိုတာ ပြည်သူ့ရဲ့ ကျေးကျွန်ဘဲဖြစ်ပါတယ်(ကျမအမြင်ပါ) လို့ ဖော်ပြခဲ့ပါတယ်။

အဲဒီအတွက် တစ်ခြားသူ အမြင်များ အယူအဆမျာသည် ကျမ အယူအဆများနှင့် ကွဲပြားနိုင်၏။
အစိုးရဆိုတာ တိုင်းပြည်နဲ့ ပြည်သူတွေ တိုးတတ် ကောင်မွန်ဖို့ အတွက် ရှေ့ဆောင် လမ်းပြ လုပ်သွားရမယ့် အဖွဲ့အစည်းဆိုတဲ့ စကားကို မှန်မမှန် ယခုလက်ရှိ အစိုးရက ရာခိုင်နှုန်း မည်မျှသက်သေပြပြီးပြီလဲ ??
တပ်မတော်သည်သာ အမိ တပ်မတော်သည်သာ အဖ ဆိုတဲ့ စကားလုံးက တပ်မတော်သားတွေ အတွက်သာ ဆိုတဲ့ စကားကို ကျမ နှင့်စကားပြောသော ပုဂ္ဂိုလ်က လေသံသဲ့သဲ့မျှပင် ရှင်းမပြနိုင်ခဲ့ပါ။သို့မဟုတ် သူမြင်ဖူးသော ဆိုင်းဘုတ်တစ်ခု ကိုသာ ရွက်ပြနေချင်းလားတော့မသိ?
ကိုယ့်နိုင်ငံကို ဖာနိုင်ငံဟုသုံးစွဲ မြန်မာ အမျိုးသမီး တစ်ယောက် အနေ သုံးစွဲသွားခြင်းနှင့် ပတ်သတ်ပြီ်း ကောင်းစွာ နားလည်သောကြောင့် ပို့စ်၏ အောက်ဆုံးတွင်

တိုင်းပြည်ချစ် သောစစ်သားများကို လေးစားလျက်
မေသူ
မှတ်ချက်။ ၊စကားလုံးသုံးတာ ကြမ်းသွားပါက အနှူးအညွတ်တောင်းပန်ပါသည်။


ေ၇းသားဖော်ပြတာ ၀န်ချတောင်းပန် ထားသည်ကို အမျိုးချစ်သူ တစ်ယောက် မဖတ်မိ လေသလား ? စာေ၇းပျင်းသူ (သူ့ဘလောခ်၏ about me)တွင် သူကိုယ်တိုင် ဖော်ပြထားသော အမျိုးချစ်သူတစ်ယောက် ထိုစာကြောင်းကိုဖတ်ရန် ပျင်းသွားပြီး မဖတ်မိလေသလား? အမျိုးချစ်သူကို သိစေချင်တာက ယခုလက်ရှိ အုပ်ချုပ်နေသော စစ်အစိုးရကို မည်သည့် အကြောင်းကြောင်း နှင့်မျှ မိဘသဖွယ် သဘောမထားနိုင်ပါ။
မေသူပိုင်သည် အမိမြေကို ချစ်၏။ ယခုလက်ရှိ အုပ်ချုပ်နေသော စစ်အစိုးရကို မိဘသဖွယ် သဘောထား ဖို့ နေနေသာသာ လူမဆန်သော လုပ်ရပ်များအတွက် ၇ွံ့ရှာမိ၏။

မေသူပိုင်သည် စစ်သားတစ်ဦး မဟုတ်သည့်အတွက်သာမန်အရပ်သူကျမ အတွက်တော့ တပ်မတော်သည် အမိလဲ မဟုတ်သလို အဖလဲမဟုတ် ၊ယခုလက်ရှိ အစိုးရကိုလည်း မိဘသဖွယ် သဘောမထား နိုင်သည့်အတွက် ၀မ်းနည်းမိ၏။

တိုင်းပြည်အတွက် အသက်ပေးသွားသော ဗိုလ်ချုပ်အောင်ဆန်း နှင့်တစ်ကွ တစ်ခြားသော ခေါင်းဆောင်များကို ယနေ့ထက်တိုင် မိဘသဖွယ် စိတ်ဝယ်ရှိ၏။

ပြည်သူကို ဂ၇ုဏာဒေါသဖြင့် အော်ငေါက်ဆုံးမတတ်သော ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းများကို မိဘတစ်ပါး၏ ဆုံးမစကားသဖွယ် မကြာမကြာနားဆင်လေ့ရှိ၏။

ကျမ ကြောင့် မြန်မာ အမျိုးသမီးများ ဂုဏ်မကြစေလိုပါ။ ကျအောင်လဲမလုပ်ခဲ့ပါ။ ကျမ သုံးစွဲသွားသော အသုံးအနှုံးအပေါ်လဲ ရိုးသားစွာ ၀န်ချတောင်းပန်ထားပါသည်။

ကျမ တို့ လူမျိုးကျမတို့ နိုင်ငံကို ကျမ ကြောင့် ဘယ်တုန်းကမှလဲ ဂုဏ်သိက္ခာ ညှိုးနွမ်းအောင် ယနေ့အချိန်ထိ မလုပ်ခဲ့ဘူးပါ။ မိမိရှေ့မှာ လုပ်သောသူကိုတွေ့ပါကလဲ ပက်ပက်စက်စက် ပြောတတ်ပါသည်။
ယခုလက်ရှိ အစိုး၇အပေါ် မိဘကဲ့သို့ သဘောမထား နိုင်ခြင်းအတွက် စိတ်မကောင်းဖြစ်မိ၏။
ကျမတို့ နိုင်ငံတွင် တိုင်းပြည်နှုင့် ပြည်သူတွေ တိုးတတ်ကောင်းမွန်ဖို့ ရှေ့ဆောင် လမ်းပြပြုလုပ်သွားရမယ့် အဖွဲ့အစည်းများ မပေါ်ပေါက်သေသည့် အတွက်လည်း ၀မ်းနည်းမိ၏။ တိုင်းပြည်ကောင်းအောင်လုပ်မည့် မည်သည့် အစိုးရကို မဆို ကြိုဆို၏။ မိဘသဖွယ် ဦးထိပ်ထားရန်ဝန်မလေးမိ။

မေသူပိုင်ကို ခလေး တစ်ယောက်နှင့် နှိုင်းယှဉ်ခြင်းအတွက် ကျေနပ်မိ၏(ကလေးတစ်ယောက်၏ ဖြူစင်မှုကို လူတိုင်းအသိအမှတ်ပြုလေ့ရှိကြ၏)
မေသူပိုင်ကို အမျိုးချစ်သူ၏ ဘလောခ်တွင် နေရာပေးကာ ဝေဖန်ခြင်း ထောက်ပြခြင်းအတွက် ၀မ်းသာမိ၏။
အချိန်ပေး ဝေဖန်ခြင်းကိုလည်း ဂုဏ်ယူမိ၏။
မေသူပိုင်သည် အမျိုးချစ်သူ အောက်ပါ ဘလောခ်ပိုင်ရှင်အား မေသူ့ပိုင်အပေါ် ဂရုစိုက်တစိုက်ဝေဖန်ခြင်းကို အသိအမှတ်ပြုသည့် အနေဖြင့်ယခုလိုပြန်လည်ေ၇းသားအသိအမှတ်ပြု၏။
http://amyochitthu.blogspot.com/

ယခုလက်ရှိ စစ်အစိုးရကို မိဘ သဖွယ်သဖွယ် သဘောမထားနိုင်တဲ့ တပ်မတော်သည် မေသူပိုင်အတွက် အမိလဲမဟုတ် သလို အဖလဲမဟုတ် မေသူပိုင်သည် အမျိုးကို ချစ်တတ်ပေမယ် ယခုလက်ရှိ အစိုးရကိုတော့မချစ် ခွေးနှင့်လည်း မနှိုင်ယှဉ်လို၊ မြန်မာနိုင်ငံကို အထင်မသေး ယခုလက်ရှိအစိုးရကိုတော့ အထင်မကြီးသည်မှာ ထွေးထွေးထူးထူးပြောစရာမလို ယခုလက်ရှိနိုင်ငံေ၇းအဖွဲ့အစည်း(လွတ်မြောက်နယ်မြေမှ) သူများကိုလဲ အထင်မကြီးမိ၊ နိုင်ငံေ၇းကိုဗန်းပြပြီး လုပ်စားသော သူများကိုလဲ ရွံရှာမိ၏။

တိုင်းပြည်တိုးတတ်အောင်လုပ်မည့်မည်သည့်အစိုးရကိုမဆို ကြိုဆိုနေမည့်။
မေသူပိုင်

သူပြောသွားတာ ဒီပို့စ်ကိုပါ http://www.myhome16.com/2008/08/blog-post_03.html
PS> ဗိုလ်ချုပ်ပြောသောဖာသယ်လွတ်လပ်ေ၇းဟုသာသုံးနှုံးထားပါသည်၊
(လက်ရှိတော့ သန်းရွှေကဦးဆောင်ပြီး တိုင်းပြည် ဖာနိုင်ငံကြီး ဖြစ်အောင်တော့ လုပ်နေပါသည်
သန်းေ၇ွှအပေါ်သန်းနှုန်းသောစကားလုံးသုံးတာကြမ်းသွားလို့တော့ ဝေဖန်လို့ကတော့အခါတစ်ရာဝေဖန်လဲမေသူတို့ဂရုစိုက်လိမ့်မယ်မဟုတ်။)

7 comments:

Anonymous said...

Ma Maythu, thats the reason why

Myo Win Zaw said...

ကောင်းလိုက်တဲ့ ပြည်သူ့သဘောထား ထောက်ခံတယ်ဗျို့

PP said...

အမ မေသူရေ သူ့ဘလော့ကို လေ့လာကြည့်မယ်ဆိုရင် အမျိုးချစ်သူဟာ လက်ရှိနအဖကို favor ပေးတဲ့ ဘလော့ပါ။ ဒီလို ဘလော့ဂါတစ်ယောက်က နအဖကို ဝေဖန်လေ့လာစမ်းစစ်တဲ့ ပို့စ်မျိုးကို လက်ခံနိုင်ဖို့ ဘယ်နည်းနဲ့မှ အခွင့်အလမ်းမရှိပါဘူး။ ဘုရားဟောသလို ကယ်တင်မရတဲ့အခါ ဥပေက္ခာပြုဖို့သာ ၀န်မလေးပါနဲ့တော့လေ။

Tea said...

ပြောချင်တာက.. အမျိုးချစ်သူဆိုသူရဲ့ ကောမန့်ကို ယောင်လို့တောင် မမြင်ခဲ့ဖူးပါ။ ဒါကို ဆယ်ခါပြန် ထိုင်ကာ အော်နေသော ထိုသူသည် အစကတည်းက ရိုးသားမှုမရှိခဲ့၊ ကျက်သရေကင်းခဲ့၊ အတ္တဆန်သော စိတ်ဓာတ်တွေ၊ ကြောက်ရွံ့ခြင်းတွေ၊ အားငယ်စိတ်တွေ အစရှိတာတွေနဲ့ ပြည့်နေခဲ့၊ စွပ်စွဲလိုသော စိတ်တွေ.. နှင့် လွှမ်းမိုးခဲ့... တယ် .. ဆိုတာ.. သိရှိပြီးသားပါ။

အမျိုးချစ်သူရေ.. အမှန်တကယ် အမျိုးကို "ချစ်" တတ်ပါစေ။

လေးစားလျှက်
Tea

Anonymous said...

မမေသူ မှန်တဲ့စကား နားခါး၏တဲ့ အသုံးအနှုန်းက ကြမ်းတာ မဟုတ်ဘူး သုံးကို သုံးသင့်နေပြီ တစ်ကယ်လဲ -ာဖြစ်နေပါပြီ
နေပြည်တော်မှာတောင်တုံးလုံး ရှိုးတွေ လုပ်နေကြပြီ၊
တစ်ကယ့် တိုင်းပြည်ဖျက်တဲ့ ဓါးပြ အစိုးရပါ၊
မမေသူ မှန်တယ်။ ဒီထက်ကြမ်းတဲ့ စကားတောင် သုံးသင့်ပါတယ်။ ပြောရင်း ဒေါသထွက်လာပြီဗျာ....:(

Anonymous said...

အမျိုးချစ်သူဆိုတာ ကိုယ့်လူမျိုးကို ချစ်လို့ပေးထားတာမဟုတ်ဘူး ကလေးတို့ရေ သူ့ အမျိုးကောင်းစားရေးအတွက် အမှန်တရားကို မျက်စိစုံမှိတ်ပြီး အမှောင်တောထဲမှာ လျှောက်နေတဲ့ သူတစ်ယောက်ပါ သူရေးသမျှက မြန့်မာသတင်းစာလိုပဲ လူတိုင်းက ပြောင်းပြန်ကသာ အမှန်တရားဆိုတာ အားလုံးသိတယ် မေသူရှင်းပြစရာတောင်မလိုဘူး

အာဇာနည်နေ့ကို အမှတ်တရ ရေးရဲမလားလို့ သွားသတိပေးတာတောင် ဗိုလ်ချုပ်အောင်ဆန်းနာမည် မပါဘဲ စပ်ထားတဲ့ ကဗျာတိုလေးကို ကောက်ထည့်ပြတယ် ဒီလောက်ဆိုရင် ဒီလူ့စိတ်ကိုသိနိုင်ပါတယ်
ခေါ်ရင်သွား
ခိုင်းရင်လုပ်
ခံမပြောနဲ့ 
ခိုးစား ဆိုပြီး အမိန့်ပေးခံထားရတဲ့ကောင်ပါ
မြောင်းထဲမှာပဲထားလိုက်ပါ

ကိုရင်နော်ခင်လေးငယ် said...

မေသူရေ...
တစ်ခါတစ်လေတော့ မျိုသိပ်ရတာတွေများလွန်းလာလို့ စာတွေ..စကားလုံးတွေ အဖြစ် ပေါက်ကွဲထွက်လာတတ်တာ လူတိုင်းပါဘဲ..
ဒါ..ဖြစ်တတ်တဲ့ သဘာဝတရား တစ်ခုပါ..။
မေသူပြချင်တဲ့ စေတနာတွေကို မြင်ရတယ်..။