Photobucket

Monday, August 11, 2008

သတင်း Center - August 11th မြန်မာ့ ကမ္ဘာ့ သတင်းများ



မြန်မာ့သတင်းများ

Danish ၀န်ကြီး သည် မြန်မာပြည်အပေါ် စီးပွားရေးအရ ပိတ်ဆို့မှုများနှင့် ခရီးသွားလုပ်ငန်းများအား ပိတ်ဆို့မှုတွေသည် နိုင်ငံရေးအပေါ် ထိရောက်မှု မရှိပဲ တိုင်းပြည်ကို ထိခိုက်စေသည်ဟု ပြောကြားသွားသည်။ [More]


တနင်္သာရီတိုင်း မြိတ်ခရိုင် ပဲချောင်းကျေးရွာတွင် ယခုလ ၉ ရက်နေ့ ညက မီးလောင်မှုတခု ဖြစ်ပွားရာ ကျေးရွာသား ၇ဝဝ ခန့် အိုးမဲ့အိမ်မဲ့ ဖြစ်သွားသည်။ [More]


ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်မှ ရှစ်လေးလုံး ၂ဝ နှစ်မြောက်နေ့တွင် ချီတက်ဆန္ဒပြသူ လူငယ် ၅ ဦးကို အာဏာပိုင်များက ဆက်လက် ဖမ်းဆီးထားသည်။ ၄၃ဦးကို လွှတ်ပေးလိုက်သည်။ [More]


ပြီးခဲ့သော အပတ်က ဘန်ကောက်ရှိ မြန်မာနိုင်ငံရေးခိုလှုံသူများ အမေရိကန် သမ္မတ ဘတ်ရှ့်နှင့် ထမင်း lunch အတူတူစားရန် ဖိတ်ခေါ်ခြင်း ခံရသည်။ [More]


နာဂစ်မုန်တိုင်းကို ဆိုးဝါးစွာ ခံခဲ့ရသော ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသရှိ ဘိုကလေးနှင့် လပ္ပတာတို့တွင် မိုးသက်လေပြင်းများ ကျရောက်နေဆဲဖြစ်ပြီး လေတိုက်နှုန်းမှာ တစ်နာရီ မိုင် ၇၀နှုန်းရှိမည်ဟု သိရသည်။ [More]


နာဂစ် မုန်တိုင်းဒဏ်ကို ပြင်းစွာ ခံခဲ့ရသော မြန်မာနိုင်ငံတွင် ခရီးသွားရာသီသို့ ရောက်လာတော့မည် ဖြစ်သော်လည်း ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းများ ပုံမှန်အနေအထားကို ပြန်လည် မရောက်နိုင်ဖြစ်နေသည်။ [More]


ရန်ကုန် အခြေစိုက် လူ့အခွင့်အရေး ကာကွယ် မြှင့်တင်သူများ အဖွဲ့ HRDP မှ ဦးမြင့်အေး အပါအ၀င် ၃ ဦးကို မကြာသေး ခင်က စစ်အာဏာပိုင်များကဖမ်းဆီးခဲ့ကြောင်း HRDP အဖွဲ့ဝင် တဦးက ပြောသည်။ [More]


နေအိမ်အကျယ်ချုပ် ကျခံနေရသည့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြီးခဲ့သည့် သောကြာနေ့က တရားရုံးချုပ် ရှေ့နေနှင့် ပထမဆုံးအကြိမ် တွေ့ဆုံခွင့်ပြုခဲ့သည်။ [More]


မြန်မာ့အရေး တက်ကြွ လှုပ်ရှားသူများနှင့် ယင်းတို့၏ နိုင်ငံတကာမှ ထောက်ခံသူများက ၈၈၈၈ လူထု အရေးတော်ပုံကြီး၏ နှစ် ၂ဝ ပြည့် အထိမ်းအမှတ် အခမ်းအနားများကို သောကြာနေ့က ကမ္ဘာတဝှမ်းတွင် ကျင်းပခဲ့ကြသည်။ [More]





ကမ္ဘာ့သတင်းများ

Georgia Asks China for Help with Russia
ရုရှားစစ်တပ်များ ဂျော်ဂျီယာကို ၀င်ရောက်တိုက်ခိုက်ပြီးနောက် တပါတ်အကြာတွင် ဂျော်ဂျီယာအစိုးရက ကုလသမဂလုံခြုံရေးအဖွဲ့ဝင် အင်အားကြီးတရုတ်အား ကူညီရန် တောင်းခံလိုက်သည်။ တရုတ်မှ တိကျသော အဖြေမပေးသေးသော်လည်း သံရုံးဝန်ထမ်းများက Stop Russia လက်ပတ်များကို ၀တ်ဆင်ကြ။ တချိန်တည်းမှာပင် ဂျော်ဂျီယာနှင့် မဟာမိတ်ဖြစ်သော အမေရိကန်နိုင်ငံသမ္မတ Bush သည် တရုတ်နိုင်ငံသို့ အိုလံပစ်အတွက်ရောက်ရှိနေသော ရုရှားဝန်ကြီးချုပ်ပူတင်အား အပစ်တင်နေ။ [More]


Olympic Results
၁၁ရက် ၈လပိုင်းအပြီးတွင် တရုတ်မှ ရွှေ၉၊ ငွေ၃၊ ကြေး ၄ ဖြင့် ဦးဆောင်နေ၊ ထို့နောက်မှ အမေရိကန်မှ ရွှေ၃၊ ငွေ၎၊ ကြေး၅ဖြင့် ဒုတိယလိုက်နေ။ (အချိန်နှင့် အမျှ ပြောင်းလဲနေသော ဆုစာရင်း အပြည့်အစုံနှင့် ဆောင်းပါးများ၊ ဓါတ်ပုံများသို့) [More]


Court blocks MIT students from showing subway hack
Massachusetts Institute of Technology မှ ကျောင်းသားအဖွဲ့တစ်ခုသည် ကွန်ပြူတာဟက်ကာများ အစည်းအဝေးတွင် မက်ဆာချူးဆက်ပြည်နယ်ရှိ မြေအောက်ရထားစနစ် ကွန်ပြူတာDatabaseဧ။် အမှားများ၊ လုံခြုံရေးအပစ်အနာအဆာများကို ထောက်ပြပြီး ရထားလက်မှတ်မည်သို့ အလကားရယူနိုင်မည့် စာတမ်းကို တရားရုံးမှ အော်ဒါဖြင့် တားမြစ်ထား။ [More]


Married Folks are Still the Healthiest
ဆယ်စုနှစ်များစွာ ပြောင်းလဲလာပြီးနောက် တစ်ကိုယ်တည်းဘ၀သည် ပိုမိုကျန်းမာလာသော်လည်း အိမ်ထောင်ရှိ လူများသည် လူပျို၊ အိမ်ထောင်ကွဲ၊ မုဆိုးဖိုများထက် ပိုမိုကျန်းမာကြောင်း သိလာရ။ [More]


Man United trainee Ben Collett awarded record £4.5 million over injury
မန်ချက်စတာယူနိုက်တက်အသင်းကို အသက်၈နှစ်အရွယ်တွင် ၀င်ရောက်ခဲ့ပြီး အရည်အချင်းရှိသော ထွန်းတောက်လာနိုင်သည့် Ben Collett သည် အသက်၁၈နှစ်အရွယ် ပထမဆုံးပွဲတွင် မစ်ဒယ်ဘရော့ကစားသမား Gary Smith ခြေထိုးခံမှုကြောင့် ညာဘယ်ခြေထောက်အရိုးနှစ်နေရာတွင် ကျိုးခဲ့ပြီး ဘောလုံးသမားဘ၀ကို စွန့်လွှတ်ခဲ့ရမှုကြောင့် နစ်နာကြေးတရားစွဲဆိုခဲ့ရာ စံချိန်တင်ပေါင်၎.၅သန်းအနိုင်ရခဲ့။ [More]


Metamaterials Hold Promise For Invisibility Cloaks
ကိုယ်ပျောက်ဝတ်ရုံတီထွင်နိုင်ရန် အတွက် ပထမခြေလှမ်းဖြစ်သော ပစ္စည်းကို ငွေနှင့် လျှပ်စစ်ဓါတ်မလိုက်နိုင်သော Magnesium Fluoride အလွှာများဖြင့် Nanoscale အထိ တစ်မီတာဧ။် အသန်းတစ်ရာပုံတစ်ပုံအထိ အသေးစိတ်စမ်းသပ်နေ။ အသေးစိတ်အား ဆက်ဖတ်ရန်။ [More]


Obama, McCain reveal pop culture favorites
Democratic အမတ် Barack Obama နှင့် Republican ပါတီအမတ် John McCain တို့ မည်သည့်ရုပ်ရှင်များ အဆိုတော်များ ကာတွန်းများကို ကြိုက်သည်ကို ဖွင့်ချလိုက်။ ထူးထူးခြားခြား အိုဘားမားက အဆိုတော် Usher ကို နှစ်သက်သလို သမ္မတလောင်းနှစ်ယောက်စလုံးက နောက်ဆုံးထွက် အအောင်မြင်ဆုံး Batman ရုပ်ရှင် Dark Knight ကို စူပါဟီးရိုးအဖြစ် အသုံးချ။ [More]


97-year-old travels 2,400km by bike to see badminton
ဘေဂျင်းအိုလံပစ် အမျိုးသမီးတစ်ဦးချင်းကြက်တောင်ဖိုင်နယ်ပွဲကို ကြည့်ရန် အသက် ၉၇နှစ်အရွယ် အဖွားတစ်ဦး ဆိုက်ကားဖြင့် ကီလိုမီတာ ၂၄၀၀ ခန့်ကို ငါးပတ်ကြာ ဖြတ်သန်းပြီး ရောက်ရှိလာ။ [More]


Spending time outdoors good for kids' eyes
ကလေးငယ်များ အပြင်ထွက်ပြီး လေကောင်းလေသန့်နှင့်အတူ ကစားနည်းများ အားကစားလုပ်စေခြင်းသည် အနီးမှုန်ခြင်းကို ကာကွယ်ပေးနိုင်ဟု သြစတျေးလျပညာရှင်များတွေ့ရှိ။ [More]


Hubble Space Telescope Hits Orbit 100,000
အာကာသထဲတွင် ထားရှိသော ဟတ်ဘယ်မှန်ပြောင်းသည် ကမ္ဘာကို ပတ်ရာ အနှစ်နှစ်ဆယ်ကျော်အကြာတွင် အကြိမ်တစ်သိန်းပြည့်ရှိသွား။ ယင်းမှန်ပြောင်းသည် တစ်စက္ကန့်လျှင် ငါးမိုင်နှုန်းဖြင့် ကမ္ဘာကို လှည့်ပတ်နေပြီး ယခုအခါတွင် မိုင်ပေါင်း ၂.၇၂ ဘီလီယံသွားခဲ့ပြီးဖြစ် ကြီးမားသော အပျက်အစီးမရှိပဲ ကောင်းမွန်စွာ အလုပ်ဆက်လုပ်နေ။ [More]

လေးစားလျှက်
သတင်းထောက်

1 comment:

မေသူပိုင် said...

ကမ္ဘာ့သတင်းနဲ့ မြန်မာ့သတင်းအတွက် ကျေးဇူးတင်၏