Photobucket

Thursday, August 21, 2008

တရုတ်စာ စားကြမယ်


ဟိုတစ်ခေါက်က တီးက ကြေးအိုးတွေ ဘာတွေ ချက်ပြတော့လဲ ပေဖူးလွှာတို့ အားကျမခံ တရုတ်ညဈေးတန်းလေးကို တင်လိုက်ပါတယ်။ ဘေဂျင်းအိုလံပစ်ကျင်းပနေတော့လဲ တရုတ်ညဈေးတန်းဈေးသည်တို့အတွက် အခွင့်ကောင်းပဲပေါ့။ စားသောက်ဆိုင်တွေမှာတော့ ခွေးသားကို တားမြစ်ထားပါတယ်။ လမ်းဘေးဈေးသည်တို့ကတော့ ရောင်းချင်ရာရောင်းမှာပေါ့နော်။ သူငယ်ချင်းတစ်ယောက်ပို့ပေးလို့ ရထားတဲ့ ဓါတ်ပုံတွေပါ။ အောက်က caption လေးတွေတော့ ဖြည့်ထားတယ်။ စားရတာ ပိုအရသာရှိအောင်လို့။ အဟိ။ စာဖတ်သူတို့ စားရဲရင်တော့ ပေဖူးနဲ့ လိုက်ခဲ့။ အဆိပ်တောက်ရင်တော့ တာဝန်မယူပါနော်။ :D
ကြည့်လိုက်ကြစို့။

ဒါကတော့ သိပ်မဆိုးသေးဘူး။ ရန်ကုန်မှာလဲ ရှိပါတယ်။ ပြည်ကြီးငါး၊ ခရုတွေ၊ စားချင်ရင် ကြော်ပေးမယ်၊ ကင်ပေးမယ်။ အဟိ



ကဲ.....ကင်းမြီးကောက်မျိုးစုံ တုတ်ထိုး။


အကောင်တွေ စုံသားပဲ။ ဂျလွတ် ဂျလွတ်



ဟိုက်ရှားပါး ရေနဂါးတောင် အလွတ်မပေးပါလားကွယ်။




အမဲသားနဲ့ မြင်းသား စွတ်ပြုတ်။



ကင်းမြီးကောက်။ တီးကောင်အမျိုးတစ်ချို့။ ပိုးဟပ်လိုလို အကောင်တွေ။ ဒါတွေကို ကိုယ့်ပါးစပ်ထဲ ထည့်ပြီး တကျွတ်ကျွှတ်နဲ့ ၀ါးမှာနော်။ အဟင့်။



ချောကလက်ကလေးတွေ တန်းစီ။ အဲ ဟုတ်ပေါင်။ ကင်းမြီးကောက်လေးတွေ တန်းစီ။ :P အဟိ



ပုတ်သင်ညို ခြေထောက်လေးတွေ။ သူတို့မှာ ခေါင်းတောင် မညိတ်လိုက်ရရှာဘူး။



ခွေးဦးနှောက် စွတ်ပြုတ်တဲ့။ တယ်ရီယာလား အယ်ဇေးရှင်းလား ခွေးဝဲစားလား။ :P



ဆိတ်အဆုတ်တဲ့နော်။ ပွစိ ပွစိ နေမှာပဲ ငရုတ်သီးပါတော့ ရှုးရှဲ ရှုးရှဲ ပွစိ ပွစိ :P


ခွေးအသည်းနဲ့ ဟင်းသီးဟင်းရွက်များ။ ပေါင်းထားတာ ထင်တယ်။
အသည်းတောင်းတဲ့ လူတွေအတွက် ပွဲကြီးပွဲကောင်းပေါ့။



မြွေကင်တဲ့နော်။ ဒီလူတွေ ခရီးရှည်တော့မှာပဲ။


ဒါတွေကို ဖဲ့စားနော်။ ကိုက်စားရင်တော့ မတွေးဝံ့စရာပဲ။ စူးကုန်မယ်။ အဟိ။


ရှေးလူကြီးအဆိုအရတော့ မဟုတ်က ဟုတ်ကတွေ လျှောက်စားရင် အူမကြီးကင်ဆာဖြစ်တတ်တယ်တဲ့။ ဟုတ်မဟုတ်တော့ ကိုရမ်းကုကို မေးကြည့်ရမယ်။
ကဲ စာဖတ်သူတွေကော ၀ါးရဲလား။

ပျော်ရွှင်ကြပါစေနော်။
ပေဖူးလွှာ


8 comments:

မေသူပိုင် said...

ငါ့နှယ်နော်
ကြည့်ပြီးအူယားလိုက်တာ
ပေါက်ပေါက်ရှာရှာတွေစားလဲစားရဲကြတယ်

ကိုရင်နော်ခင်လေးငယ် said...

အီးးးးဟီးးးးးးးးး.......
စုံစုံစိနေတာပဲ.. ပေါက်ပေါက်ရှာရှာ..
အလကား စားပါဆိုရင်တောင် စားရဲပါဘူး..
ဖြုတ်ဦးနှောက်စွပ်ပြုတ်တို့ ပုရွက်ဆိတ်အူမကြီးသုပ်တို့ မပါဘူးးလာ.. :P
စိတ်ညစ်ပါတယ်..

Anonymous said...

ကြုံဖူးပါဘူးကွား အဟင့် သားသားစိတ်အားကြီးညစ်တွားပီ :'(

အိတာ said...

ပေပေ နော် သူလူဆိုး မချစ်ပဲနေလိုက်မှာ...
အသဲယားလိုက်တာ......

Tea said...

မျက်စိမှိတ်ပြီး ဘာကြီးလဲ ဆိုတာ မပြောပဲ စားခိုင်းရင်တော့ အားလုံးစားလိုက်မယ်.. :P

Taungoo said...

စားဖို့မပြောနဲ့ အနားတောင် မသွားဘူး
စားစရာဒီလောက်ရှားသလား မသိဘူး

Suburban Area said...

မပေတူးလွှာအကြိုက်အခုမှပဲသိတော့တယ်..:P
မေမေနဲ့ချစ်သူသာချက်ကျွေးမယ်ဆိုစားမှာပဲ...:D

JulyDream said...

Sea Horse ကို စားတယ်တဲ့။ အခုမှပဲ မြင်ဖူးတယ်။ ဒီလောက် သေးသေးလေးကို ရအောင် စားတဲ့လူကလည်း ရှိသေးတယ်။ ပေါက်ပေါက်ရှာရှာ စားတဲ့လူတွေပဲဗျာ။