Photobucket

Saturday, August 30, 2008

မေသူပိုင်နှင့် Google Talk အရှုပ်တော်ပုံ များ

တစ်ခါတစ်လေ အလုပ်ရှုပ် နေပေမယ့်လည်း gtalk ကို ၀င်ထားပြီး busy sign လေး ပြထားပါတယ်၊ အလုပ်ရှုပ် နေတဲ့ ကြားက တစ်ချို့တွေ နှုတ်ဆက် လာရင်လဲ ပြန်ပြီး နှုတ်ဆက်တတ်ပါတယ်။ စကားကြော မရှည်အောင်လဲ အမြန် ဖြတ်ပြီး လုပ်စရာလေးတွေ ရှိသေးလို့ နောက်မှ ချက်တာပေါ့ ဆိုပြီး ပွင့်ပွင့်လင်းလင်း ပြောလေ့ ရှိပါတယ်။ အဲလို ပြောလိုက် ရင်လဲ တစ်ချို့ မိတ်ဆွေများက အလိုက်တသိနဲ့ နားလည်မှု ရှိပြီး ဘာမှ ဆက်မပြော တော့ပါဘူး။ တစ်ချို့ မိတ်ဆွေများ ကလည်း busy sign ကိုမြင်ရင် ဘာမှ မနှောက်ယှက်ဘဲ နေတတ် ကြပါတယ်။ တစ်ချို့ကလဲ အဲလို busy sign မြင်ရက်နဲ့ ဟေ့ busy နေလား ဘဲဘဲနဲ့ ချက်နေတာလား ဘယ်သူနဲ့ ကျူနေတာလဲ? စတဲ့ မရိုးနိုင်တဲ့ မေးခွန်းတွေနဲ့ မေးပြီး စကြနောက်ကြ ပါတယ်၊ ကျမ က တတ်နိုင်သမျှ စိတ်ရှည်ရှည် ထားပြီးအလေးထားပြီး ပြန်နှုတ်ဆက်ပါတယ်၊ gtalk ကနေ အက် လာရင်လဲ Yes or No လေး နဲ့ပေါ်နေရင် ကျမ yes ဆိုတာ လေးကိုဘဲ ကလစ် ပေးပြီး accept ပေးလိုက်ပါတယ်။ ခင်လို့ မင်လို့ လာပြီး အက်တဲ့ သူကို ကျမ ငြင်းမလွှတ်ပါဘူး သူငယ်ချင်း ဆိုတဲ့ ဆက်ဆံေ၇းကို ကျမ အမှန် တကယ် တန်ဖိုးထားပါတယ်။ တစ်ချို့ ဆိုရင် ကျမ နဲ့ ငယ်သူငယ်ချင်း တွေ ကြနေတာဘဲ စကားပြောတာက မောင်နှစ်မ တွေလို စကြ နောက်ကြနဲ့ ခင်သွားတဲ့ သူတွေ လဲ အများကြီးပါ လူတိုင်းလဲ ရှိကြမှာပါ။ ကျမလဲ အားနေရင် သူငယ်ချင်း တွေ လိုက်စ ကလေးငယ်လေး ဆိုရင်ကျမ အမြဲတမ်း ဂျီတော့ခ်ကနေ အားတိုင်း လှမ်းလှမ်း စတတ်ပါတယ်၊ တစ်ခါ တစ်လေ ဂျီတော့မှာ စိတ်ထဲက ခံစားချက်တွေကိုေ၇းထားတာတွေကို လိုက်ဖတ်ပြီး စလိုက် နောက်လိုက် ခံစားချက်တွေကို စာနာပေးလိုက်နဲ့ အလွန်ပျော်ဘို့ ကောင်းပါတယ်။

အလုပ်မအားတဲ့ အခါကြရင်တော့ အလုပ် မအားသေးလို့ နောက်မှ ပြောမယ် နော်လို့ ပြောရင် တစ်ချို့ တစ်ချို့သော သူတွေက ပြောပါတယ်၊ မအားရင် ဘာလို့ ချက်တတ် နေတဲ့ အောက်ထား ပါလားတဲ့။ ကျမတို့မှာ တစ်ချို့ အလုပ်တွေကို အွန်လိုင်း ပေါ်ကနေ ဆက်သွယ်ပြီး လုပ်ရတာတွေ အများကြီး ရှိပါတယ်၊ အဲဒါကြောင့် ကျမ ဂျီတော့ခ်မှာ အလုပ်အကြောင်း ပြောတဲ့အခါမှာ busy sign ပြပြီး အွန်လိုင်းပေါ်ေ၇ာက်နေတာပါ ။ဒါကို “ဂျီတော့ခ် တတ်ပြီးမာန် မတတ်နဲ့ “ ဆိုပြီး စွပ်စွဲသူက စွပ်စွဲ လို့ ထားလိုက်ပါ ။ ကျမ မှာ မိန်းကလေး တစ်ယောက် အနေနဲ့ ရှိသင့် ရှိထိုက်တဲ့ မာနက လွဲပြီး ခင်မင်သော မိတ်ဆွေ သူငယ်ချင်းတွေ အပေါ်မှာ မာန လုံးဝကို မထားပါဘူး ရှိလဲမရှိပါဘူး။ ဒါကို ကျမ နဲ့ခင်မင်သော မိတ်ဆွေများ သိသလို မသိသေးတဲ့ မိတ်ဆွေများလဲ ရှိပါလိမ့်မယ်။ အဲဒီ အတွက်လဲ ၀မ်းမနည်းပါဘူး ။ နောက်တစ်ခုက ကျမ တို့ အိမ်အမှတ်၁၆ကို လာလည်ရင်းနဲ့ အီးမေလ်း လိပ်စာတွေ့လို့ အက်လိုက်တယ် ပြီးတော့ ကျမကို ဘယ်သူမှန်း မသိလို့ မေးခဲ့ သူများလဲ ရှိပါတယ်။ အဲလိုအခါမျိုးမှာ စိတ်ရှည်ရှည်နဲ့ ပြန်ဖြေပေးပါတယ်။

တစ်ချို့ကြတော့ သူငယ်ချင်း အချင်းချင်း ကနေ ပေးလို့ရတဲ့ သူကြတော့ ကျမ ကို မေးလာတဲ့ မေးခွန်းက Asl pls? ဆိုပြီး မေးတယ် ကျမ အရင် က အဲဒီ Asl ဆိုတာကို တစ်ကယ်ကို မသိပါဘူး (အခုတော့ ပေဖူးပြောလို့ သိပါပြီ) အဲတော့ သူ့ မေးခွန်းကို ကျမက နား မလည်တော့ ဟဲ့ ငါက Asl မသုံးဘူး ထင်တယ် Dsl ထင်တာဘဲ အင်တာနက် ကပေါ့ အဲလို ပြန်ဖြေတော့ “ဟာ မဟုတ်ဘူးလေ အစ်မရာ ဆိုတော့ ကျမလဲ" အော် ကျမ ဖုန်းက GSl” ပါလို့ ဖြေတတ်တယ် အဲလို ဖြေတိုင်း ကိုယ်တော်တွေက ဟက်ဟက်ပတ်နဲ့၇ယ်ပြီး ကောပြီး ကျမ ကို ဘလောခ် ခေါက်သွားတဲ့ သူတွေ မနည်း မနောပါ။ တစ်ချို့ကတော့ လည်း ရှင်းပြပါတယ် Age sex Location ကိုမေးတာပါတဲ့ ကျမ စိတ်တိုမိတယ် အဲဒီ မေးခွန်းက ဘယ်လဒက များစတင်ပြီး စတန့်ထွင် မေးလဲပေါ့။ တစ်ချို့ နိုင်ငံသားတွေဆိုရင် သူ့တို့အသက်ကို မေးမှာကို သေမလောက် ကြောက်ကြပါတယ်။ အဲဒါဟာ ယဉ်းကျေးတဲ့ မေးခွန်းမျိုး မဟုတ်ပါဘူး။ ဒါပေမယ့် မြန်မာတို့ ထုံတမ်း စဉ်လာအရ မေးတယ် ဆိုတော့ လည်း နားလည် ပေးရတာပေါ့ ။ အဲတော့ကျမ ရဲ စိတ်ကို ဆွဲဆန့်ပြီး ကျမ က မေသူပိုင်ပါ အသက်က ဘလာဘလာပေါ့ အဲလိုမျိုးဖြေပါတယ် ထက်မေးတယ် Asl pls တဲ့ နောက်တစ်ယောက် ထပ်မေးတယ်။ ကျမလဲ စိတ်ပေါက်ပေါက်နဲ့ ပြောလိုက်တယ် မေသူပိုင် ပါဆိုမှ အထီး ဖြစ်မလားဟဲ့ ဆိုပြီး ဘုတော့ လိုက်တယ်။ ငါ့ဟာငါ ဘယ်နေနေ နင့်အပူလား လို့ ပြောလွှတ်လိုက်တယ် R u single or married၊ တဲ့ single လို့ဖြေရင်လဲ ကြေငြာ တာလားတဲ့ ကျူနေတာလား တဲ့ မေးပြန်ေ၇ာ ကျမ အတော်လေးကို စိတ်တိုတယ် အလုပ်ကလဲ ရှုပ်နေချိန် ဆို ပိုဆိုးတယ်၊ အဲတော့ ဂျီတော့မှာေ၇းထားလိုက်တယ် မေသူပိုင် အသက်၂၈ ကလေး ၈ယောက် ဒါဘဲ ထပ်မမေးနဲ့လို့ေ၇းထားလိုက်တော့ ၊ ပေဖူးတို့ဆို ကလေးထိန်း အလုပ်လာလျှောက်လို့လျှောက်၊ တီးကလဲ မေသူဘယ်အချိန်က နင် ကလေး ရှစ်ယောက် မွေးလိုက်လဲ ပေါ့၊ တစ်ချို့ လူတွေကလဲ အမျိုးမျိုးနဲ့ကို ထင်ကြေး ပေးပြီး စကြတယ်၊ ကျမ ဘာမှပြန်မပြောဘူး၊ ပစ်ထားလိုက်တယ်၊

နောက်ပြသနာက ဘဲဘဲနဲ့ ပြောနေတာလား ဘယ်က ဘဲဘဲနဲ့ ကျုနေလဲ ကျမ မေသူက ဘယ်ဘဲနဲ့မှ အွန်လိုင်းမှာ မကျုပါဘူး ၊ကျူစရာ ဘဲလဲမရှိပါဘူး။ လက်ရှိ ရထားတဲ့ ၇ည်းစား လင်လောင်း တောင် အလိုက်ပေးပြီးတော့ ကို ကန်ထုတ် ချင်နေပါတယ် ။ အားရှိ ကွိကျိ ကွကျိနဲ့ weekend အား နေတာတောင် ဖုန်းလေး ဆက်ဖော် မရဘူး ကိုယ်မခေါ်ရင် ဘယ်တော့မှ ခေါ်မှာ မဟုတ်ဘူးတို့ဘာတို့ နဲ့ အကြောင်းမရှိ အကြောင်းရှာပြီး စိတ်ကောက်ဘို့ ချောင်းနေတဲ့ အဲဒီ လင်လောင်းကိုလဲ စိတ်ကုန်မိတယ်။ ကျမ ရည်းစားကိုလဲ ကျမ မကျူဘူး။ ချစ်လားမေးရင်ချစ်တယ် ။ ထပ်ပြီး ဘာညာ ကွိကွနဲ့ အတွန့်မတတ်နဲ့ စိတ်တိုလာရင် ဖုန်းကို ပိတ်ပြီး အိပ်လိုက်တယ်၊ အဲတော့ရှိတဲ့ ရည်းစားကလဲ အတော်လေးကို သည်းခံလို့ အခုချိန်ထိ ရည်းစားသက်တမ်း ၃နှစ်ကျော်ထိ သက်တမ်း ရှည်နေတာ ဖြစ်ပါတယ်။ မင်္ဂလာ ဆောင်တာတော့ ညှိနှိုင်းမရတဲ့ အကြောင်း တစ်ခုကြောင့်ကျမ လဲ ဟိုရွှေ့ဒီရွှေ့နဲ့ မဆောင် ဖြစ်သေးပါဘူး။ (ဒါမှ ကြုံတုန်းကြေငြာဝင်တာ)

တော်ပြီး gtalk အကြောင်းဆက်ပြောမယ် တစ်ချို့ကျမ မကြိုက်တဲ့ လူတွေက invisiable ပြပြီး သောက်စကားတွေ လာများ နေကြတဲ့သူများ သူတို့ အွန်လိုင်း ပေါ်မှာရှိတာကို သိမှာ ဆိုးလို့မှ invisiable ပြထားပြီးမှ လာပြီး စကားတွေ များနေတယ် ၊ ကိုယ်ဘက်က ပြန်ရိုက်မယ် လုပ်ရင် သူ့ဘက်က အော့လိုင်း ဆိုတော့ လိုင်းပေါ်မှာ ရှိတာလား မရှိတာလားမသိ၊ အော် အောက်သွားပြီး ထင်တယ်ဆိုပြီး ပြန်မရိုက်ဘဲ ပစ်ထားလိုက်တော့ မေသူပိုင်က gtalkတတ်ပြီး မာနကြီးတယ်တဲ့၊ ကြီးကြီးကျယ်ကျယ်နဲ့ ပြန်မပြောဘူးတဲ့၊ အားနေချိန်ဆိုရင် မေသူတို့ ဘလောခ် လည်ပါတယ် ၊ သူများ ဘလောခ် ကိုလဲ မေသူတို့က သေသေချာချာ ပို့စ်လေးတွေကို ဖတ်ပါတယ် အဲလို ဖတ်ပြီးမှဘဲ စီဘောက်မှာ အော်ခဲ့တာမျိုး ကွန်မန့်ပေးတာမျိုး လုပ်ပါတယ်၊ မဖတ်ဘဲနဲ့ ဘလောခ် ဖွင့်ပြီး စီဘောက်မှာ အော်တာမျိုး ဘယ်တော့မှ မလုပ်ပါဘူး၊ သူတို့ အချိန်ပေးေ၇းထားတဲ့ စာလေးကို အသိအမှတ်ပြုပြီး တစ်လေးတစားဘဲ ဆက်ဆံတဲ့ သဘောပါ၊ သဘောကျတဲ့ ပိုစ်တွေကို တော့ ကွန်မန့်ေ၇းတတ်ပြီး သဘောထား ချင် မတိုက်ဆိုင်တဲ့ ဘလောခ်လေးတွေ ပို့စ်လေးတွေ တွေ့ခဲ့ရင်တော့ တိတ်တဆိတ်ဘဲ ထွက်ခွာခဲ့ပါတယ်၊ တစ်ချို့ဘလောခ် ကျတော့လည်း စီဘောက်က ကျမ သွားတိုင်း error တတ်နေတာ များလို့ မအော်ခဲ့ဖြစ်ဘူး အထူးသဖြင့် ကို၇င်နော် ခင်လေးနွယ်တို့ ဘလောခ်နဲ့ မေမိုးတို့ ဘလောခ် ကျမ သွားချိန် အများစုမှာ စီဘောက်က error တတ်နေလို့ မအော်ဖြစ်တာ များပါတယ်၊ Dream blogဆို ကွန်မန့်ေ၇းမယ် လုပ်တိုင်း ကျမဘက်က ကော်နက်ရှင် အစုတ်ကြောင့်ေ၇းမ၇ပြန်ဘူး၊။ ကျမ ဘလောခ် တော်တော် များများကိုေ၇ာက်ဖြစ်ပါတယ် ၊သူတို့အချိန်ပေးပြီး အလေးထားေ၇းခဲ့တဲ့ ပို့စ်တွေကို အသိအမှတ်ပြုပေးချင်လို့ပါ၊ သူတို့ေ၇းထားတဲ့ စာကို အစ အဆုံးမဖတ်ဘဲနဲ့ ဘယ်တော့မှ ကွန်မန့်မေ၇းပါဘူး။ မရှင်းတာရှိရင်လဲ ကွန်မန့်ကနေ တစ်ဆင့် မေးတာရှိပါတယ်၊။ ကျမတို့အိမ်ကေ၇းထားတဲ့ ပို့စ်ကိုလဲ အစအဆုံး မဖတ်ဘဲနဲ့ ဝေဖန်သူ တစ်ယောက်တစ်လေ ကို ကျမသတိထားမိပါတယ် အဲဒီလူကို ကျမ ဂျီတော့ကနေ ပြောပြဘူးပါတယ် ကျမ အဲလိုလူမျိုး ကိုတော့ အသေမုန်းပါတယ်။ေ၇းထားတဲ့ပို့စ်ကို မဖတ်ချင်ရင် လှည့်ပြန်သွားလို့ရတယ် လက်ဘက်ရည် သောက်ပြီး အပြုံးလေးပြပြီး ပြန်သွားလို့ရတယ် ၊ မဖတ်ဘဲနဲ့ ဘရုတ်သုတ်ခ ဝေဖန်တာမျိုးက အချိန်ပေးပြီး ပို့စ်ေ၇းတဲ့လူကို စော်ကားရာ ကြတယ်လို့ ကျမ ယူဆပါတယ်။

မေသူပိုင် က စိတ်ရှည်သော သူတစ်ယောက် မဟုတ်ပေမယ့် ဘုဂလန့်နဲ့ ရန်လိုနေသော သူတစ်ယောက် မဟုတ်ပါ။ အားလုံးကို မိမိစိတ်ထဲက ရှိတဲ့အတိုင်း ပြောတတ်ပြီး ရင်ထဲက ရှိတဲ့ အတိုင်းပြောဆိုတတ်တဲ့ အကျင့်ကြောင့် ခင်မင်သူ မိတ်ဆွေများကြား အဖုအထစ်လေးတွေ အဖြစ်တည်ရှိခဲ့ရင် အမြန်ဆုံး ကင်းဝေးကြပါစေလို့….

ခင်မင်လျက်
မေသူ

12 comments:

PP said...

gtalk အကြောင်းပြောရင်တော့ မိုးလင်းသွားနိုင်တယ်။ အဟိ။
အခု asl ဆို နည်းနည်းလွှဲပြောတယ်။ ၁၆နှစ်ဆိုပြီး :P

အမ မေသူရင် gtalk က function အသစ်ကတော့ ပက်ပက်စက်စက်ကောင်းတယ်နော့။
Invisible လေ။ ကိုယ်ပြောချင်တဲ့ လူနဲ့ပဲ ပြော၊ အွန်လိုင်းတက်နေတာလဲ အိမ်က မမိတော့ဘူး။ :P :P
ဟိုနေ့ကတောင် ကိုစိုင်းနဲ့ Invisible စကားပြောဖြစ်သေးတယ်။ သူလဲ Invisible ကိုယ်လဲ Invisible။ သရဲနှစ်ကောင်တွေ့နေတဲ့ အတိုင်းပဲ။ အဟိ။ :P :P :P

အိတာ said...

အမရေ...ဒါတွေကစိတ်တိုနေလည်းမထူးဘူး...
တစ်ချို့ ဆိုရှိသေးတယ်..."ကျောင်းတက်နေတာနဲ့ မတူဘူးတဲ့...အွန်လိုင်းကြီးပဲတဲ့"အမရေ...
အွန်လိုင်းဝင်တိုင်းကျူနေတယ်လို့ ထင်နေတယ်...
ရည်းစားရှိလားမေးရင် ...၅ယောက်ရှိတယ်သာပြောလိုက်...
ဟီဟီ

May Moe said...

အင်း Gtalk အကြောင်းတော့ မပြောချင်တော့ပါဘူး မေသူရေ

ကိုရင်နော်ခင်လေးငယ် said...

အီးး ဟီးးး... :( မမမေသူ..
အနော်တို့ ဘလော့ CBox က error တက်နေသလားဗျ.. အဲ့တာ သိဘူး.. ခုမှသိတယ်.. ဘာမှားနေလို့လဲနော်!!!..
ကောင်ကောင်တွေများ ကိုက်နေသလားမသိဘူး.. :P
ပြန်ပြင်ကြည့်လိုက်မယ်.. ကျေးဇူး.. ကျေးဇူး..
Gtalk ကတော့ ဟုတ်ပဟုတ်ပ စိတ်ညစ်တယ်..
တစ်ခါတစ်လေ Always Idle ကြီးနဲ့ အိပ်ချင်ယောင်ဆောင်နေတတ်ကြသေးတယ်.. :P
မေသူပြောတာမှန်တယ်.. စာလေးတွေတော့ သေချာဖတ်သင့်တာပေါ့ ပြီးမှ မန့်မန့်လေး ပေးပေါ့ ..
ဘလော့ဂါတစ်ယောက်ပြောတာကြားဘူးတယ်..
“Comment ဆိုတာ ဘလော့ရေးသူအတွက် စာမူခတဲ့”
ဝေဖန်တာ အကြံပြုတာလေးတွေတော့ သိချင်တာပေါ့နော်..
ဘာဘဲဖြစ်ဖြစ်ပါလေ.. လာလည်တာ လာဖတ်ပေးတာနဲ့တင် ကျေးဇူးတင်နေပါပြီ..

ပျော်ရွှင်ပါစေ..
အဲ့.. သူ (လင်လောင်း) နဲ့လည်း အဆင်ပြေပါစေပေါ့.. ဟီးးး... ဆုတောင်းပေးလိုက်ပါတယ်.. :P

GreenGirl said...

အိုးးး မေသူရေ...အွန်လိုင်းမှာ အဲ့ဒီလို ပြောလို့ကတော့ ဘုသာတောပစ်...အရင်က GreenGirl လည်း ၂၄နာရီ အွန်လိုင်းလို ဖြစ်နေတော့ အဲ့လိုပဲ ကျူတယ်တိုပြီး အပြောခံရတယ်။ အွန်လိုင်းဆိုတာ ကျူဖို့လောက်ပဲ အသုံးချတတ်တဲ့ သူတွေကတော့ အဲ့ဒီလိုပဲ ပြောမှာပေါ့။ တို့ကတော့ ဂရုကို မစိုက်ဖူး။

ဘလော့ခ်လည်တဲ့ စိတ်ဓါတ်နဲ့ ခံယူချက်ကတော့ တို့နဲ့ တိုက်ဆိုင်တယ်။ သူငယ်ချင်း ဖြစ်လို့ရပြီ။ အဲအဲ... တို့က အသက်ငယ်တော့ မမလို့ပဲ ခေါ်ဗတာ့မယ်နော် အဟီး :)

Tea said...

ခင်လေးပြောတဲ့ သူက ကိုတောင်ငူသားပါ။

မေသူရေ... ASL ပြဿနာကတော့ ပြောမနေပါနဲ့တော့။ ဒီ့ထက်ဆိုးတာတောင် ရှိသေးတယ်.. ကျွန်မက အိမ်ကို အမြဲရောက်တယ်တွေ ဘာတွေ.. အရမ်းကြိုက်တယ်တွေ ဘာတွေပြောပြီး.. ခဏကြောတော့ "Are you boy or girl?" တဲ့လေ.. နည်းနည်းတော့ ဘု သွားတယ်။

တစ်ခါတစ်လေ လူထူး လူဆန်းတွေလည်း အများကြီးရှိတယ်။

တစ်ခါတစ်လေ FBI တွေလို လူတွေလည်း ရှိတယ်။
နောက်မှ ကြုံမှ ... ကျုပ်လည်း

တီးနှင့် ဂျီတော့်ခ် အရှုပ်တော်ပုံများ ရေးလိုက်ဦးမယ်။ မေသူ့ကို အားကျလို့ :P

Anonymous said...

I agree with you May Thu. It's good to just be very sharp to the person who coin you but i think you have to be careful for your friends feeling who honestly talk to you too. And understanding is need between your friends and you because different people have different situation and different difficulties why they are invisible.

Anonymous said...

Oh poor Tea... how come people don't know that whether you are boy or girl.. ha.h.a..

i think they are just kidding you because they saw you are always in serious. Then, what is so serious, if me, i will just tell them that "Yes, i m real Boy" instead of getting angry because i need to be more careful for my friends feeling and should understand on them... ha.ha.

Oh..yeah.. i also like your blog because it contain lots of information and they are really useful... then again, why you have to get angry with that...

anyhow, open mind and understanding is will help you getting better for the future friendship between you and your friends, in my opinions.

Tea said...

I didn't say that I was angry with it. I just felt "strange." It's very hard to make me angry although people try to do it sometimes. On the other hand, I have so many friends both in my real life and online. I'm pretty good at communicating with friends. However, I'm serious at some of the things (not all but just some). I agree that understanding is very important at comunication among human beings (especially friends and close ones). However, we are living on our emotions. Our emotions won't be same all the time. I'm the one who is always responding frankly according to what I feel. If I think something is serious, I will not hesitate to respond immediately. Most importantly, I'm not angry although I'm doing these things or saying these things. I understand how to seperate the idea of "anger" and "emotion".

Thank you.

Tea

Anonymous said...

ဘာဘဲပြောပြော အနော်ကတော့ ဂျီတော့ကို ချစ်တယ်.... တစ်ခါချက်လို့ ရီပလိုင်ပြန်မလာရင် နောက် မြင်ရင်လည်း ဘယ်တော့မှ စမချက်တော့ဘူး။ ဘလော့လဲမလုပ်ဘူး။ ကိုယ်ကဘဲ အစ်ကနောလုပ်လိုက်တာ။ အဲဒါဘဲအေးတယ်....ဒီက မောင်တီးတို့များ တခါနုတ်ဆက်တာ ပြန်မပြောဘူးးး နောက်တခါမှ ပြန်ပြောတယ်.... မေသူကြီးနဲ့တော့ တခါချက်ဖူးတယ် ပေဖူးနဲ့လည်းချက်ဖူးတယ်...အင်ဗိုက်တောင် လုပ်ခံရသေးးး ဝေးးးဟေးးး ခင်ပါတယ်...အားလုံးကို အပြင်ကသူငယ်ချင်းတွေလိုဘဲ... တူမောအိပ်ဇမ်းရှိတာတောင် လာလည်တယ်နော်....

Tea said...

ကျွန်တော် ကွန်ပျူတာဖွင့်တိုင်း ဂျီတော့ခ် အလိုလိုပွင့်သည်။
ဂျီတောခ့်ဖွင့်ထားလသည်..
တစ်ခါတစ်လေ.. အပြင်ရောက်နေသည်..
တစ်ခါတစ်လေ..ထမင်းစားနေသည်..
တစ်ခါတစ်လေ... တခြား program တစ်ခုဖွင့်နေသည်..
တစ်ခါတစ်လေ...အိပ်ပျော်နေသည်...
တစ်ခါတစ်လေ.. ဖုန်းပြောနေသည်..
reply မလုပ်ပါက.. AFK away from keyboard ဖြစ်နေလို့သာဖြစ်သည်။

Suburban Area said...

haha...