Photobucket

Sunday, August 3, 2008

တပ်မတော်သည် အမိလည်း မဟုတ်သလို အဖလဲမဟုတ်

ကျမ ဟိုတစ်လောက ဂျီတောခ်မှာ လာအက်လို့ အဆက်ပေးလိုက်တယ်။
ကျမ ကို နှုတ်ဆက်တော့ ကျမ လဲ နှုတ်ဆက်အပြီးမှာ စတင် စပ်စု လိုက်ပါတယ်၊
“အစ်ကိုလား အစ်မလား တော့မသိဘူး မင်္ဂလာပါနော်” လို့ပြောတော့
“အစ်ကိုပါ” တဲ့
“အစ်ကိုက ဘယ်ကလဲ လို့ မေးတော့ ကျနော်က စစ်သားပါလို့ ပြောရင် မမေသူပိုင်ကျနော်ကို ဘလောခ် လုပ်မှာလားတဲ့”
ကျမ ရင်ထဲမှာ တစ်နင့် တစ်ပိုး ခံစားလိုက်ရတယ်။

တီးလဲ ဒီကိစ္စ နဲ့ ပတ်သတ်ပြီး ပို့စ်တစ်ခု ရေးသားခဲ့ဖူး သလို ကျမအနေနဲ့ လဲ ကျမေ၇းသားသော ပို့စ်မှာ ဖော်ပြခဲ့ဖူး ပါတယ်။
ကျမ အတွေးတွေ ယောက်ယက်ခတ် သွားပါတယ်။
ကျမတို့ တတွေမှာ ဝေဖန်ပိုင်းခြား သုံးသပ်နိုင်တဲ့ အသက်အရွယ်နဲ့ ညီမျှတဲ့ အတွေးအခေါ် တွေရှိ ကြပါတယ်။
ကျမတို့ တစ်ယူသန် မဆန်ပါဘူး။ တစ်ဖတ်စွန်းလဲ မေ၇ာက်ပါဘူး၊ အစွန်းေ၇ာက်လွန်းရင် ပြုတ်ကျတတ်ပါတယ်။ Myhome16 က လူငယ်တွေ အားလုံးက တစ်ယောက်မှ အစွန်း မေ၇ာက်ဘူး ဆိုတာ ကျမ ရဲရဲကြီး ပြောရဲပါတယ်။ ကျမ တို့ စစ်အစိုးရကိုလဲ မကြိုက်လို့ ဝေဖန်တာမျိုး ရှိသလို၊ ဒီဘက်က လူတွေကိုလဲ ကျမတို့ကြုံသလို ပြောလေ့ရှိပါတယ်။
တီးပြောခဲ့သလိုဘဲ ကျမတို့စစ်သားတွေကိုမမုန်းပါဘူး၊ မုန်းတဲ့စစ်သားဆိုတာလဲ ဆယ်ယောက်တောင် မပြည့်ချင်ပါဘူး။
နောက် အဲဒီအစ်ကိုနဲ့ ဆက်ပြီးဆွေးနွေးဖြစ်ပါတယ်။ သူလည်းကျမတို့ သဘောထားကို သဘောပေါက်သွားပြီး
“sorry ပါ ညီမလေးရာ အစ်ကိုက ဘာရယ်မဟုတ်ဘူး စလိုက်တာပါ အစ်ကိုတို့ကို ဒီမိုကေ၇စီသမားတွေက ပစ်မှတ်လို သဘောထားပြီး တိုက်ခိုက်နေတော့ အစ်ကိုတို့လည်း တစ်ခါတစ်လောအချဉ်ပေါက်လာလို့ ပြောလိုက်မိတာပါ ၊ အစ်ကိုတို့က ကိုယ့်ဖာသာ အေးဆေးနေတာပါ”
ကျမတို့ နားလည်ပေးလို့ရပါတယ်၊

နောက်ထပ် သူဆက်ပြောတဲ့ စကားတစ်ခွန်းကို ကျမ ဘလောခ်ပေါ် ကနေဘဲ ကျမ အမြင်ကို ပြောပြပါရစေ။
အဲဒီ အစ်ကို ပြောပြတာက တိုင်းပြည်အုပ်ချုပ် မင်းလုပ်နေတဲ့ လူကြီးတွေကို အစ်ကိုတို့အနေနဲ့ ဘာမှ ပြန် မပြောရဲပါဘူး (ဒါကတော့လက်ခံနိုင်စွမ်းရှိပါတယ်)၊ ပြည်ပကနေ အော်လဲအော်တာဘဲ ရှိမယ်တဲ့ မိသားစုအနေနဲ့ ပြောမယ်ဆိုရင် သူတို့က အစ်ကိုတို့ရဲ့ မိဘဘဲလေတဲ့” (လုံးဝလက်မခံနိုင်)
“အစ်ကိုဆိုလိုတာက အစိုးရကို ကျမတို့က မိဘလို သဘောထားရမှာလား”
“အင်းပေါ့”
“အစ်ကို . အစ်ကို့ဘေးနားမှာ နံရံရှိလားဟင် ရှိရင် အစ်ကိုခေါင်းနဲ့ ပြေးစောင့်ပြီး သေလိုက်ပါလား” လို့ ပြောလိုက်ပါတယ်။

အဲဒီအချက် အတွက် ကျမ ပြောချင်ပါသေးတယ်။

ကျမတို့ ယခုလက်ရှိ အုပ်ချုပ်နေတဲ့ အစိုးရကို မိဘသဖွယ် လုံးဝသဘော မထားနိုင်ပါဘူး၊ သူတို့က လည်း ပြည်သူတွေကို ဘယ်တုန်းကမှ သားသမီးသဖွယ် မဆက်ဆံခဲ့ပါဘူး။ လူမဆန်တဲ့လုပ်ရပ်နဲ့ ကိုယ်ကြိုးအတွက် လုပ်ခဲ့တဲ့ လုပ်ရပ်တွေကို နားနဲ့ မဆန့်အောင် ကြားနေရပါတယ်၊ မြင်တွေ့နေရပါတယ်။ ကျမတို့တွေရဲ့ ဆွေမျိုးတွေ ကိုယ်တိုင် ဒုက္ခတွေကို ခါးစီး ခံနေရတဲ့ထဲမှာ ပါ ပါတယ်။ အကြောင်းနဲ့ အကျိုးအရ ကျမတို့ လက်ရှိ အစိုးရကို မိဘသဖွယ် သဘော မထားနိုင်ပါဘူး။
တပ်မတော်သည် ကျမ တို့အတွက် အမိလဲ မဟုတ်သလို အဖ လဲ မဟုတ်ပါဘူး (လက်ရှိတော့ သန်းရွှေကဦးဆောင်ပြီး တိုင်းပြည် ဖာနိုင်ငံကြီး ဖြစ်အောင်တော့ လုပ်နေပါသည်) တပ်မတော်သည် ကျမတို့ တိုင်းပြည်ကို ကာကွယ်ရန်အတွက် သာလို့ကျမ နားလည်ထားပါတယ်။
အစိုးရဆိုတာ ပြည်သူ့ရဲ့ကျေးကျွန်ဘဲဖြစ်ပါတယ်။ (ကျမအမြင်ပါ)
အစိုးရ၀န်ထမ်းလစာ အားလုံးက ပြည်သူ့ဘဏ္ဍထဲက ပေးတာဘဲဖြစ်ပါတယ်။
(ခိုးတာဝှက်တာ လာဘ်စားတာတွေကလည်း ပြည်သူတွေဆီက ပင်းညှစ်ပြီး တောင်းထားတဲ့ပိုက်ဆံမို့ ပြည်သူတွေဆီက ပဲရတာဖြစ်ပါတယ်)

ကျမ အနေနဲ့တော့ အစိုးရက ပြည်သူ့ရဲ့ကျေးကျွန်သာဖြစ်ပါတယ်လို့ကျမ နားလည်ထားပါတယ်။
အဲဒါကြောင့် နောက်တစ်ခါကျမ ကိုလာပြီး တပ်မတော်သည် အမိတပ်မတော်သည်သာအဖ ဆိုတာကိုလာပြီး မပြောကြပါနဲ့ လုံးဝလက်မခံပါ၊။
တပ်မတော်သည် ပြည်သူတွေရဲ့အိုးအိမ်စည်းစိမ်အသက်ဘေး အတွက် ကာကွယ်ရန်ဟုသာ အကြမ်းဖျင်းအားဖြင့် နားလည် ထားပါတယ်။ (စစ်သားကိုမုန်းလို့ပြောနေချင်းမဟုတ်)
တိုင်းပြည်ကို အသက်ပေး၊ ကိုယ်ကြိုးစွန့်ပြီး စစ်တန်လျားမှာ နေနေသော စစ်သားများကို မုန်းစရာ အကြောင်း လုံးဝမရှိပါ။
အခု လောလောဆယ်တော့ တပ်မတော်သည် ပြည်သူများ ဆန္ဒကို ထုတ်ဖော်ပေးနေသော သူများကို အမိအရသာ ဖမ်းဆီးနေပါသည်။ ပြည်သူများ ထံမှာ ရသမျှကို အမိအရ ကယ့်ယူ နေသည်ကို နာဂစ်က ဖော်ထုတ်ခဲ့ ပါသည်။ နာဂစ် သူငှေးများလဲ အလျှိုလျှို ပေါ်ပေါက် နေကြပါသည်။

ဗိုလ်ချုပ်အောင်ဆန်း ကတော့ သူမိန်းမကို ပဲပြုတ်နဲ့ နံပြားရ၇င် စားချင်တယ်ဆိုတဲ့ စာတိုလေးအကြောင်း ကျမတို့ မြန်မာပြည်သူများ ပါစပ်ဖျားမှာ စွဲထင်ပါတယ်။
သန်းရွှေကတော့ ၁၁ဘီလီယန်ရရင် စိန်ဝယ်ချင်ကြောင်း………………
အာဏာကို ထိပါးပြီး ကုန်ဈေးနှုန်းကျဆင်းရန် တောင်းဆိုသူများကို အမိအရ သတ်ချင်ကြောင်း၊ မြန်မာပြည်မှ ထွက်သမျှ အငွေ့ အီးငွေ့မှလွှဲပြီး ကျန်သောအငွေ့များကို တရုတ်နဲ့ကုလား အားေ၇ာင်းစားရန်ကြံစည်နေသည်မှာ ထင်ရှားလှပါသည်။
(အီးငွေ့တောင်တရုတ်ကလက်မခံသေးလို့ မေ၇ာင်းသေးတာပါ လက်ခံလာရင် နောင်ဆိုမြန်မာပြည်သူများ အီးတောင်တရားဝင် လိုင်စင်တင်ပြီးမှ ပေါက်ရပေါက်ပေါက်နေရမှာ ကဲနောင်မှာအီးကျယ်ကျယ်မပေါက်ဘဲတရားမ၀င်ပေါက် နေရအုံးမယ်)
မြန်မာနိုင်ငံမှာ လွတ်လပ်ရေးကို ရရှိခဲ့ပေမယ့်။ ယခုလက်ရှိ မြန်မာနိုင်ငံ၏ လွတ်လပ်ေ၇းသည် ဗိုလ်ချုပ်ပြောသော
ဖာသယ် လွတ်လပ်ေ၇းသာ ဖြစ်ပါသည် (တရုတ်နဲ့ကုလားလက်ဝယ်)။
ဗိုလ်ချုပ် ကြိုးပမ်းခဲ့သော လွတ်လပ်ေ၇းကို ဖာသယ်လွတ်လပ်ေ၇း ဖြစ်အောင် ပုံသွင်းခဲ့သော လက်ရှိစစ်အစိုးရအား မည်သည့်နည်းနှင့်မျှ မိဘအနေနဲ့ မသက်မှတ် မယူဆနိုင်ခြင်း အတွက် စိတ်မကောင်းဖြစ်မိပါသည်။

တိုင်းပြည်ချစ်သောစစ်သားများကိုလေးစားလျက်
မေသူ

မှတ်ချက်။ ၊စကားလုံးသုံးတာကြမ်းသွားပါက အနှူးအညွတ်တောင်းပန်ပါသည်။

13 comments:

Anonymous said...

လုံးဝမရိုင်းဘူး.........
ကောင်းတယ်.........
ဒီဟာဟေ့
ငါတို့ ကမြန်မာလူမျိုးစစ်စစ်တွေပါကွ
ငါတို့ လူမျိုးတွေနဲ့ တစ်ခြားနိုင်ငံစစ်ဖြစ်ရင်
ငါကိုယ်တိုင်တောင်စစ်ထဲဝင်နိုင်ပါတယ်
စစ်သားတွေရဲ့ ။
မင်းတို့ လိုအမျိုးသားချင်းသတ်နေတဲ့ကောင်တွေကို
လေးစားဖို့ မပြောနဲ့ ချီးစားပြရင်တောင်မသနားဘူး။

အေး...
အာဏာရူးကို အမိအဖခေါ်ချင်ရင်တော့မင်းတို့ သာ
တစ်နေ့ ဦးသုံးကြိမ်ချပြီးမှအိပ်ကျကွ။ မင်းတို့ မိသားစုတွေကိုရော ချမ်းသာအောင်လုပ်ပေးနေလို့ လား။ သူတို့ ပဲချမ်းသာနေတာမဟုတ်ဘူးလား။

မေသူပြောတာမှန်တယ်။
း(

(စကားအသုံးအနှုံးများကြမ်းသွားရင် ကျွန်တော်လည်းတောင်းပန်ပါတယ်ခင်ဗျာ)

PS - ဘယ်ဘက်တော်သားမှမဟုတ်ပါ.. နိုင်ငံကောင်းစားရန်သာလိုချင်ပါသည်။

Tea said...

စစ်သားတွေ များသော အားဖြင့် အခုလို အမြင်လွဲနေတာ Brainwash လုပ်ခံထားရလို့ပါ။ သူတို့မှာလည်း အပြစ် မရှိပါဘူး..

ဒီမိုသမားတွေ အစွမ်းကုန် အစွန်းရောက်နေပြီး ဒီမိုကရေစီ၏ မူဝါဒတွေနဲ့ လွဲချော်ကုန်တာလား Brainwash လုပ်ခံထားရလို့ပါ။
သူတို့မှာလည်း အပြစ် မရှိပါဘူး..

ကျွန်တော်ကတော့ သူတစ်ပါးကို အပြစ် အရင်မတင်ခင် အကျိုးနဲ့ အကြောင်း .. ဖြစ်ပုံပျက်ပုံတွေကို အရင် လေ့လာ စေချင်တယ်။ အောင်မြင်ထွန်းကားသော ဒီမို ကရေစီ စနစ်ကို ပိုင်ဆိုင်ဖို့ အတွက် တိုင်းပြည်တစ်ခုလုံး အလွှာအသီးသီးက လူတွေ သိနားလည် တတ်ဖို့ လိုတယ်။ ချွေးနဲ့ သွေး မရှိပဲနဲ့လို့တော့ စစ်မှန်သော လွတ်လပ်ရေးကို ရမှာ မဟုတ်ဘူး..

အခုလို ကြားမှာ အင်မတန် ဆိုးရွား ယုတ်မာသော ဦးသန်းရွှေ ဦးဆောင်နေသည့် တပ်မတော်ကို အဖနှင့် ဖြစ်စေ။ အမ နှင့် ဖြစ်စေ.. နှိုင်းယှဉ်စရာ မလိုဘူး။ တန်လည်း မတန်ဘူး...

လေးစားလျှက်
Tea

Suburban Area said...

မမေသူ ရေးထားတာနဲ့ခံယူချက်လဲကောင်းတယ်ဗျာ..အမှန်တွေလျှောက်လျှောက်မပြောနဲ့၊:D
ကျွန်တော်တို့ဆီမှာ(HR)ကအသုံးမ၀င်သေးတာဆိုးတယ်လို့ထင်တယ်။ကျွန်တော်လဲစစ်သားကိုတော့မမုန်းဘူး၊စစ်ကိုတော့မုန်းတယ်။
ကျွန်တော်တို့ ဗိုလ်ချုပ်အောင်ဆန်းအကြောင်းကို မေ့ဖျောက်ချင်နေတဲ့သူတွေက အဆိုးဆုံးပေါ့ဗျာ..။ကိုတီးပြောပြသွားတာလဲ ကြိုက်
တယ်ဗျာ...
အမှန်တရားကိုအမြဲဖုံးထားလို့မရပါဘူး...
သိသလောက်ပြောကြည့်တာပါ...စာတွေစောင့်ဖတ်နေပါမယ်
လေးစားလျက်
..

Anonymous said...

မမေသူရဲ့စာတွေကိုအစထဲကကြိုက်တာပါ
ဒီပိုစ့်လေးဖတ်ပြီးသွားမှလေးစားမိပါတယ်
ကျွန်တော်လည်းကြားထဲညှပ်ပြီးဘာလုပ်ရမှန်းတောင်မသိပါဘူး
သန်းရွှေကိုလည်းမနှစ်သက်သလိုတော်လှန်ဖို့လည်းသတ္တိမရှိပါဘူး
ဒီအချိန်မှာကျွန်တော်တို့ကိုမုန်းတီးနေတဲ့ပြည်သူတွေကိုလည်းစာနာပါတယ်
တကယ်တော့စစ်တပ်ထဲမှာလည်းလူကောင်းတွေ၇ှပါတယ်
တော်တော်များများကမသိလို့ပြစ်မှားတာတွေလည်းပါတယ်

PP said...

တိုင်းပြည်ကို ချစ်သော စစ်သားများကို လေးစားလျှက်

Thet Oo said...

ကျနော်ကတော့ စိန်စီသောည ဗီဒီယိုအခွေကို့ ပြန်ကြည့်မိတိုင်း ရင်နာတယ်။

Anonymous said...

ွီ

layaung said...

Dear Ma May Thu,
What a brilliant post! Respect. You are not rude at all, they deserve it.

ကိုသက်နောင်(phoeniz) said...

ခံစားချက်တွေ ပေါက်ကွဲထွက်လာပါလား.......
ဆရာကြီးမင်းသိင်္ခ ကတော့
"မြန်မာပြည်ကြီး ကောင်းစားဖို့ နီးပြီလို့  ပြောသွားတယ်တဲ့"
စောင့်မျှော်နေပါတယ်ဗျာ
မြန်မာ ကို ကမ္ဘာက လေးစားတဲ့ နေ့ ကို
ကျွန်တော်တို့  မှီမယ်ထင်ပါတယ်။

မေသူပိုင် said...

အားလုံးကိုကျေးဇူးတင်ပါတယ်။
ကိုသက်နောင်ေ၇ မြန်မာ ကို ကမ္ဘာက လေးစားပြီးသားပါ၊ ကမ္ဘာ ကိုသာ လဒရွှေကြီးက မလေးစားတာပါ ။မြန်မာတစ်ယောက်အနေနဲ့
ကျုပ်က ဗမာ(မြန်မာ)ပါလို့ပြောလိုက်တာနဲ့လူတိုင်းလေးစားပြီးသားပါ။

လေးစားလျက်
မေသူ

ကေကေ said...

ဒါတော့မမှန်ပါဘူး မြန်မာကို world ကလေးစားတယ်ဆိုတာ... မြန်မာလို့ဆိုလိုက်တာနဲ့ တခြားနိုင်ငံသားတွေနဲ့အခွင့်အရေးရတာ ကွာသွားပါတယ်.. အထူးသဖြင့် Singapore မှာပါ..

မေသူပိုင် said...

Khine>>>ေ၇ ကွန်မန့်အတွက်ကျေးဇူးပါ၊
မြန်မာကိုကမ္ဘာကလေးစားတဲ့ဂုဏ်က သူတို့ပေးထားတဲ့အခွင့်အေ၇းထက်ပိုပြီးအဖိုးတန်ပါတယ်။
ကိုယ့်နိုင်ငံကိုလေးစားတဲ့ဂုဏ်ကို ဘယ်လိုအခွင့်အေ၇းမျိုးနဲ့မှ မလည်းလှယ်နိုင်ပါဘူး။
အရာတိုင်းမှာ ခြွင်းချက်ရှိပါတယ်
မမှန်ဘူးလို့တော့အတိအကျ ဘယ်သူမှမပြောနိုင်ပါဘူး
လေးစားလျက်
မေသူ

Tea said...

ကမ္ဘာက လေးစားတယ် မလေးစားတာထက် မြန်မာအကြောင်း မသိတဲ့လူတွေ ရှိပါတယ်.. မသိရင်တော့ ဘယ်နားက တိုင်းပြည်လဲတို့ ဘာတို့ ညာတို့.. ဖြစ်တတ်ပါတယ်.. တိုင်းပြည်ကလည်း မတိုးတက်ဘူးဆိုတော့ ငါတို့ တိုင်းပြည်ထဲဝင်လာတာ ဘာကြောင့်လဲ ဘာဘာညာညာ ဖြစ်တတ်ပါတယ်..
ဒါပေမယ့် မြန်မာစစ်အစိုးရအကြောင်းသိရင်တော့ သူတို့ မြန်မာနိုင်ငံသားတွေကို စာနာပါတယ်... နားလည်ပါတယ်.. စိတ်မကောင်းလည်း ဖြစ်ပါတယ်.. လေးစားပါတယ်..

လေးစားလျှက်..