Photobucket

Wednesday, August 13, 2008

ကျွန်တော့်အိမ်မှ စကားဝိုင်း - ၎


ကျွန်တော့်အိမ်မှ စကားဝိုင်း - ၁ (တိုင်းပြည်ခေါင်းဆောင်များ၏ပညာရေး)
ကျွန်တော့်အိမ်မှ စကားဝိုင်း - ၂ (A Conservation with Oppositeye)
ကျွန်တော့်အိမ်မှ စကားဝိုင်း - ၃ (Special Event for ဒေါ်စု မွေးနေ့)

ဒီတစ်ခါ ကျွန်တော့်အိမ်မှ စကားဝိုင်း - ၄ မှာတော့ ကျွန်တော်နဲ့ မေသူပဲ စကားတွေ ပြောလာပါတယ်။ ဆွေးနွေးစရာလေးတွေ နည်းနည်း ပါးပါးပေါ့ဗျာ။

Democracy and Burma
May: တီး ဘာလုပ်နေလဲ၊ စကားဝိုင်းစမယ်လေ
Tea: စလိုက်တာပေါ့
May: တီး ဧရာဝတီမြစ်ကိုမြင်ဖူးလား
Tea: မြင်ဖူးတယ်လေ၊ ဘာလို့လဲ
May: ဘယ်လောက်ရှည်လဲသိလား
Tea: ဘယ်လောက်တုန်း
May: အစ်မလဲအတိအကျတော့သိဘူး
အရှည်ဆုံးမြစ်ဆိုတာလောက်ဘဲသိတာ (ပထ၀ီ)က ရှစ်တန်းထိဘဲသင်တယ် ၄၀နဲ့ကပ်အောင်လာတာ
:P
Tea: သူတောင် မသိပဲ သူများကို လာမေးနေတယ်
ဟီး..
May: အဲဒီဧ၇ာဝတီမြစ်ထဲကိုသစ်တုံးတစ်တုံးမျှောပြီး
ဧရာဝတီရဲ့အစကနေမျှောရမယ်
ပြီးရင်အဆုံးကနေ သစ်တုံးလေးေ၇ာက်လာမယ့်နေ့ကိုသွားစောင့်နေ
Tea: ဘာအတွက်တုန်း
အလကားနေရင်းနဲ့
May: ဟီးးးဒီမိုကေ၇စီလဲအဲဒီသစ်တုန်းရတဲ့နေ့ရလိမ့်မယ် အဲနေ့ကျရင်ရလိမ့်မယ်မင်
Tea: ဟား..
May: မယုံရင်လုပ်ကြည့် ဒီမိုကေ၇စီက ဒို့နိုင်ငံအတွက်တော့ ဧရာဝတီမြစ်ထဲမျှောနေတဲံသစ်တုံးလိုဘဲ
Tea: ဒါဆိုရင်တော့... ဒီမိုကရေစီ မရတော့ဘူးပေါ့

Tea: ခုနကလည်း ဒီမိုကရေစီဆိုတာ ကြီးကို စဉ်းစားနေတာ
May: ဘာစဉ်းစားတာတုန်း
Tea: လူတွေက ဒီမိုကရေစီ ဒီမိုကရေစီ ဆိုပြီး အော်လိုက်ကြတာ.... what do we want? DEMOCRACY... when do we want? NOW! what do we want? DEMOCRACY!! when do we want? NOW!!
အော်လိုက်ကြတာ..
May: အစ်မကြားတာအဲတိုင်းမဟုတ်ဘူး
Tea: သွားပုတ်ပြီး လိုက်မေးကြည့်လိုက်.. ၁၀ယောက်မှာ အော်နေတဲ့ မြန်မာ ၆ယောက်က ဒီမိုကရေစီဆိုတာ ဘာမှန်း မသိဘူး
May: စာလုံးပေါင်းမသိတာလား
Tea: အဓိပ္ပာယ်
:)
May: တိဘူးလေ
ဟိုတစ်လောကက သံရုံးရှေ့ဆန္ဒပြတာ စာလုံးပေါင်းမှားလို့တဲ့
No pain NO game ဆိုလို့ အစ်မက စကားပုံအသစ်မှတ်နေတာ
:P
Tea: ဟီးး
တော်တော်များများကလေ.. ဒီမိုကရေစီ ဆိုတာ ကြီးကို လိုတော့ လိုချင်ကြပါရဲ့
ခက်တာက ဘာမှန်း မသိပဲ လိုချင်နေတော့ .. တစ်မျိုး ဖြစ်မနေဘူးလားလို့
May: ဒါဆို တီတီမေဖားမားကြီးပြောတာ မှန်တာပေါ့နော်
Tea: ဘာတွေ ပြောလို့တုန်း
May: မြန်မာပြည်ဒီမိုကေ၇စီမရတာ မြန်မာ တွေက နားမလည်ကြသေးလို့တဲ့
သူကတော့နားလည်လို့အမေရိကားမှာ ဒီမိုကေ၇စီရနေတာလေ
:P
Tea: ဟီးး

May: တီးကေ၇ာဒီမိုကေ၇စီကို ဘယ်လိုနားလည်ထားတုန်း
Tea: ဟိုတစ်နေ့က ပြောပြီးပြီလေ



May: လင်းစမ်းပါအုံး၇ွာသားေ၇
Tea: ပိုစ့်တင်မယ်ဆို
May: အော်တင်မလို့ဘဲ
မြန်မာပြည်က ဒီမိုကေ၇စီအေ၇းတော်ပုံတောင်အနှဏ်၂၀ကြာသေးတာဘဲ
အစ်မက တစ်ယောက်ထဲဆိုတော့နှစ်လလောက်တော့ကြာသင့်တာပေါ့
Tea: ဟားဟား
May: တီး
ဟိုတစ်နေ့က တော်လှန်ေ၇းရဲဘော်တစ်ယောက်ကို အစ်မမေးကြည့်တယ်
ဒီမိုကေ၇စီဆိုတာ ဘာလဲ ဦးလေးဆိုတော့
Tea: ဘာတဲ့တုန်း
May: သူက ဘာဖြေလဲသိလား
နားလည်မှုတဲ့
Tea: အဲ့..
မိုက်လှချည့်လား
ဘာကြီးတုန်း
ဒီမိုကရေစီ = နားလည်မှု ?
တော်လိုက်တာ
May: သူက ၀ါးရင့်နိုင်ငံသမားကြီးတစ်ဦးက သူ့ကိုပြောတဲ့စကားထဲမှာမှတ်မိတာဆိုလို့ "နာလည်မှု"ဆိုတာဘဲရှိတယ်တဲ့
ကျန်တာကတော့ဝါးရင်နိုင်ငံေ၇းသမားကြီးလဲမူးသူလဲမူးမို့မမှတ်မိဘူးတဲ့
Tea: ဟီးးး
May: ဒီတစ်ခါမိတင်မှာဆုံလို့ရင်မေးပေးမယ်တဲ့
သူတို့လည်းတိုင်းပြည်အတွက် သူ့သူငယ်ချင်းတွေနဲ့ဝိုင်းချနေတယ်တဲ့(ဖဲ)
Tea: ဟားး
အဲ့ဒါကြောင့်ပြောတာ.. မြန်မာတော်တော်များများတွေက ဒီမိုကရေစီဆိုတာ ဘာမှန်းမသိဘူးဖြစ်နေတယ်
May: ဟုတ်တယ်
အစ်မလဲတိဝူး
Tea: တိန်
May: ဖေဖေက အစ်မ အသက်၁၂နှစ်လောက်တုန်းက ပြောပြတာဘဲသိတယ်
Tea: ဘာတဲ့တုန်း
May: ပြည်သူလူထုဆန္ဒအလျောက်အုပ်ချုပ်သောစနစ် ပြည်သူလူထုက တင်မြှောက်သောအစိုးရ အုပ်ချုပ်ေ၇း လူတိုင်းအခွင်းေ၇းတန်းတူရှိတယ် လွတ်လပ်စွာပြောဆိုခွင့်ရှိတယ်သို့သော် စော်ကားခွင့်မရှိ ဘဲ စည်းစနစ်ကျသောအုပ်ချုပ်ေ၇းစနစ်ဟုသ
အဲဒါအစ်မ ဖေဖေက အစ်မ ၁၂နှစ်သမီးတုန်းက ပြောပြတဲ့ဒီမိုကေ၇စီ
အစ်မ ခုချိန်ထိလဲဒီတိုင်းဘဲနားလည်ထားတယ်
Tea: နားလည်မှုလောက်တော့ ဘယ်နက်နဲ မလဲ :D
May: ငါ့နှယ်ကွယ်သူက နာမည်ကြီးတော်လှန်ေ၇းဘလောခ်ဂါလေ
တတိယနိုင်ငံမှာနေတာ
ပေါ့လျှော့လျှော့မတွက်နဲ့
အီးလိုဆို မွတ်ထွတ်နေတာ
Tea: ဟုတ်လား..
May: :P
ဟုတ်တယ်
Tea: နာမည်ကြီးတာ ဒါကြောင့်ကိုးး
ဒီမိုကရေစီ = နားလည်မှု
May: ဘာဘဲဖြစ်ဖြစ်နာမည်ကြီးအောင်လုပ်နိုင်တဲ့သူ့အရည်အချင်းကနဲလား
သွားမပြောနဲ့
သူ့ဘလောခ်ကို မြန်မာပြည်အကြောင်းမသိဘဲ ပြည်ပမှာကြီးပြင်းတဲ့မြန်မာကလေးတစ်ယောက်ကသာဖွင့်ကြည့်ရင်
မြန်မာပြည်လွတ်လပ်ေ၇းသူ့ရအောင်ယူပေးသလိုလို ထင်နေမှာ
:P
Tea: :-)


Quick Quizzes
May: မင်းေ၇ာသိလား
Tea: သိဘူး
May: လွတ်လပ်ေ၇းဖခင်ဘယ်သူတုန်းဆိုတာ
Tea: ဗိုလ်ချုပ်အောင်ဆန်း လေ
ဟုတ်ဘူးလား
May: ဒါဆိုရင်
လူသတ်မတော်ဖခင်က ဘယ်ဒူတုန်း
Tea: ဦးနေ၀င်း
May: ဒါဆိုရင် စစ်အစိုးရရဲ့ဖခင်ကေ၇ာ
Tea: ဦးသန်းရွှေ :)
May: ဖခင်သို့မဟုတ်ပထွေး
စစ်အစိုးရပထွေးပါဆို
သဲလွန်စပေးမယ်
ငွေ့တွေဝယ်တယ်လေ
Tea: ဦးတေဇ
တရုတ်
သိပြီ
ဟီးး
May: ဟုတ်ပီ
နောက်တစ်ခု
အမေရိကန်ရဲ့သမ္မတက ဘယ်သူုတုန်း
အခုလောလောဆယ်ပေါ့
Tea: ဘွတ်
မစ်စစ်တာ ဘွတ်တ်
ဆော်တီး စကားမပြီဘူး မြန်မာမှု ပြုပြီး ထွက်ထားတာ
May: အမေရိကန်ကိုအုပ်ချု့ပ်နေတာ မစ်ဘွတ်ပေါ့
အင်း.. ဟုတ်တယ်
May: ဒါဆိုဒို့မြန်မာနိုင်ငံကိုအုပ်ချုပ်တဲ့အစိုးရက ဘယ်ဒူတုန်း
Tea: ဦးသန်းရွှေ
May: ဟုတ်ဘူး
ပြန်စဉ်းစား
Tea: ဟုတ်ဘူးလား
ဟုတ်ပါတယ်
May: ဟုတ်ဝူး
Tea: ဟုတ်ပါတယ်ဆိုနေ
May: ဘွတ်ကိုအုပ်ချုပ်တာ မစ်စစ်ဘွတ်လေ
အမေရိကန်ကိုအုပ်ချုပ်တာ မစ်စစ်ဘွတ်လေ
Tea: ဟီး..
May: ဒို့နိုင်ငံအုပ်ချုပ်တာကရော?
Tea: ဦးတေဇ :D
May: ငါ့လောက်နီးနီးတော်လာပီ
ကန်ဇွန်းရွက်ဈေးချပေးမယ်
တော်လို့
Tea: :P


Olympic and Burma's Situation in Sports
May: အိုကီ
နာရီအကောင်းဆုံးထွက်တဲ့နိုင်ငံဘာနိုင်ငံလဲသိလား
Tea: ဘယ်နိုင်ငံတုန်း
ဆွစ်ဇလန်လား
May: ဟုတ်တယ်
ဒါဆိုရင်
လူဦးေ၇အများဆုံးနိုင်ငံကေ၇ာ
Tea: တရုတ်လေ
May: ဟုတ်ဘူး
အိန္ဒိယဖြစ်သွားဘီလေ
Tea: တရုတ်ပါ
May: ကုလားပါ
လောင်းမယ်
Tea: ရေလား
May: မလုပ်နဲ့ေ၇ကမရှိတော့ဘူး
နိုက်ဂစ်က လူတွေအတွက်လှူလိုက်လို့
အပိုမရှိဘူး
:P
Tea: :)
အခု တရုတ်ပါ..
လျှောက်မပြောနဲ့
လူဦးရေ အများဆုံးက
May: ကုလားပါဆို
ဟုတ်တယ်
ကုလားတွေလက်သွပ်နေတယ်မသိဘူးလား
Tea: နိုင်ငံလေ
May: အင်းလေ
Tea: http://www.aneki.com/populated.html
နိုင်ပြီ
ဟီး
May: နာ၇ှုံပီ
Tea: ဟဲဟဲ.. သိနေတယ်လေ.. :D
May: မြန်မာမှန်ရင်ရှုံးရတယ်လေ
ဘောလုံးကန်ရင်ဘယ်တော့မှ မြန်မာနိုင်ဘူး
:P
Tea: နေဦး
အခု မနေ့က စိတ်မကောင်းတာ တွေ့လိုက်ရတယ်
May: သန်းေ၇ွှနာေ၇းလား
Tea: ဟုတ်ဘူး
May: ဘာဒုန်း
Tea: အိုလံပစ်တွေ ပျင်းလို့ ကြည့်နေရင်းနဲ့.. ကိုယ့်တိုင်းပြည်များ ပါမလားလို့ လိုက်ရှာတာ
http://www.nbcolympics.com/countries/country=mya/index.html
May: ပါတယ်လေ
Tea: တွေ့သွားတယ်
ဘာရေးထားလဲ သိလား
May: ဘာတဲ့တုန်း
Tea: Myanmar has never won an Olympic medal.
:(
May: :(
Tea: ပြီးတော့
ဒီနှစ် တရုတ်ပွဲမှာလည်း
Myanmar is not expected to contend for a medal at the Beijing Games.
:
May: :(
Tea: စိတ်ပျက်တယ်..
May: 2 bad
Tea: ထိုင်းတောာင်
ရွှေ ငါးခု .. ငွေ နှစ်ခု ..ကြေး ၁၀ခု ရှိတယ်
:(
ကျုပ်တို့ တိုင်းပြည် အရှက်ကွဲပုံများ .. ဘာတုန်း သိလား..
May: ဘာတုန်း
Tea: ၂၀၀၄ တုန်းက မ အလေးမရာမှာ ကြေးဆု နိုင်တော့မလို့
ဆေးစစ်လိုက်တာ ကျသွားရော
:(
အရှက်ကွဲတာ
May: ငါ့နှယ်နော်
ဘုန်းကြီးသတ်ပြိုင်ပွဲလေးဘာလေး အိုလံပစ်မှာမပါဘူးလား
ဒါဆိုရင်တော့ဒို့နိုင်ငံနိုင်မှာ
Tea: ဘုရားရေ..
လုပ်တော့မယ်
ဖြစ်တော့ ဖြစ်နိုင်တယ်
ရွှေတွေချည်းပဲ နှစ်တိုင်း ဆွဲမှာ
May: ရွှေမှာပေါ့
သန်းေ၇ွှတဲ့တစ်ေ၇ွှထဲရှိတယ်
နှစ်ေ၇ွှရှိရင်ေ၇ာင်းစာပစ်မယ်


U Thein Sein Vs English
Tea: သိန်းချိန်ကြီးက ဖွင့်ပွဲသွားတယ်နော်
အိုလံပစ်
are u understand? တွေ သွားလုပ်တာလား မသိဘူး
May: အမှိုက်သွားကျုံးတာလား
ဟုတ်ဘူး
ဘွတ်က give a big hand ဆိုလို့ သူက ကျုပ်လက်က သေးတယ်တဲ့
မပေးနိုင်ဘူးဆိုထအော်လို့
Tea: ဟားးး
May: ပြန်ပို့လိုက်တယ်တဲ့
အဲဒါကြားလိုက်ဘူးလား
Tea: ကြားမိဘူး
တရုတ်အိုလံပစ်ကို ပြောရမယ် ဆိုရင်.. ရက်ရက်စက်စက် လုပ်တာနော်.. နိုင်ငံပေါင်း ၁၄၀ကျော်က ခေါင်းဆောင်တွေ သွားတယ်.. ဖွင့်ပွဲကို
၂၀၀၄တုန်းက ၈ယောက် :
အေသင်မှာ
May: တရုတ်က အမေရိကန်ကိုသိမ်းချင်ရင်စစ်တိုက်ပြီးသိမ်းစရာမလိုဘူး
အကြွေးနဲ့သိမ်းလို့ရတယ်
အဲဒါကြောင့်ဘွတ်က ကြောက်ပီးသွားဖွင့်တာ
Tea: ဟုတ်ပါ့
May: နေအုံးတိန်းချိန်း အကြောင်းပြောအုံးမယ်
Tea: ပြောပါဦး
May: တိန်ချိန်က ထိုင်နေတုံး
ဘွတ်က How do you do လို့နှုတ်ဆက်တော့ သူက ဘာပြန်ဖြေလဲသိလား
Tea: ဘာလဲ
May: ကျုပ်ဒူးက ဘာဖြစ်ဖြစ်ခင်ဗျားနဲ့ဘာဆိုင်လဲတဲ့
Tea: ဟားး
:)
May: တိတ်ကြည့်မရဘူးနော်တဲ့ခင်ဂျားကြီးထိုင်းမှာ ဟိုကောင်တွေကိုနေ့လယ်စာခေါ်ကျွေးလို့တဲ့
:P
Tea: haha
:D
May: ကျုပ်က ထိုင်းဝန်ကြီးချုပ်ဆူဝက်က အိမ်မှာသူချက်ထားတဲ့ စပိုက်စိ(spicy)ဟင်းတွေဘဲကျွေးတယ်တဲ့
ပြောအုံးမယ်
Tea: အင်း
May: တိန်းချိန်နဲ့ထိုင်းဝင်ကြီးချုပ်ဆူဝက်တို့ထမင်းစားပွဲမှာ
သတင်းသမားတွေ ဘာသာပြန်တော်တော်ရှာလိုက်ရတယ်
Tea: ဘာလို့တုန်း
May: ဆူဝက်ကလဲ ထိုင်းအီဂလိသံနဲ့မေးတယ် ဒူးယူလိုက်စပိုက်စိတဲ့?(do u like spicy)
တိန်းစိန်ကလဲ ပြန်ပြေတယ်
Tea: ဟီးး
May: အိုင်ဒုန့်လိုက် စပိုက်စိတဲ့ အိုင်လိုက် ဇီးစိတဲ့
:P
Tea: ဟားဟား
May: မီဒီယာသမားတွေ အဲဒီသူတို့ နှစ်ယောက်ပြောတဲ့ စကားကို နားမလည်လို့ သတင်း တောင်တော်တော်နဲ့ မတင်ဖြစ်ဘူး


Thai Loves Burma?
ထိုင်းဝန်ကြီးချုပ်က မြန်မာပြည်ကို သိပ်ချစ်တာနော်
ဘာပြောလဲသိလား
May: ဘာပြောတုန်း
Tea: ကျုပ်တို့က မြန်မာပြည်နဲ့ ဆို အရမ်းခင်တဲ့ သူငယ်ချင်းတွေလိုပဲတဲ့.. သူတို့က ရေလိုရင် ရေပေးတယ်.. မီးလိုရင် မီးပေးတယ်.. အကုန်ရတယ်တဲ့လေ
May: မီးဆိုတာ မြန်မာမလေး မီးမီးကိုပြောတာထင်တယ်
export လုပ်နေတာလား
Tea: ဟုတ်ပါ့..
အိတ်စပို့တ်
May: ဒါဆိုရင် သူတို့က သေးသောက်ညီအစ်ကိုတွေပေါ့
Tea: သေးရော သွေးရော အကုန်သောက်တယ်
May: တတ်ဆင်နဲ့ခင်ညွန်
ဆူဝက်နဲ့တိန်းချိန်
Tea: ဟုတ်ပါ့
တကယ်တော့ သေးသောက် ညီအစ်ကိုတွေ မဟုတ်ဘူး.. လင်မယားတွေ
May: ဟီၤးးး

Bill Gate Vs TayZa
May: ဟိုနေ့က သတင်းတစ်ခုကြားလိုက်သေးတယ်
Tea: ဘာသတင်းတုန်း
May: ဘေလ်ဂိတ်တစ်ယောက် အနားယူတော့မယ်တဲ့
မျက်ရည်တွေရွှပြီးပြောသွားတယ်တဲ့
Tea: ဟုတ်လား
May: တေဇလဲ မပြောသေးဘူးလား
:P
Tea: ဘယ်ပြောမတုန်း :D
May: ဘေလ်ဂိတ်က ပြောဘူးတယ်
အိမ်တိုင်းမှာ ကွန်ပျုတာ ရှိရမယ်တဲ့
ကွန်ပျုတာ တိုင်းမှာမိုက်ခရိုဆော့်ဝါလ်ရှိရမယ်တဲ့
Tea: ဦးတေဇကရော
May: တေဇကတော့ သန္တာေ၇ွှဗိုက်ထဲမှာ ကျုပ်ကလေးရှိရမယ်တဲ့
:P
Tea: ဟီးး

BLD Vs ThanShwe
May: ဘင်လာဒင်ကလဲ
ဟိုတစ်လောက ပေါက်ကွဲနေတယ်သိလား
Tea: ဘာလို့တုန်း
May: သန်းရွှေကို အကြမ်းဖတ်သမားလို့ပြောလို့တဲ့
ကျုပ်တို့အကြမ်းဖတ်သမားတွေသိက္ခာကျတယ်တဲ့
ကျုပ်တို့က ပါးရိုက်လို့နားကိုက်တာ တဲ့
ကျုပ်က ကျုပ်ဘာသာကို မစော်ကားဘူးတဲ့
Tea: :D
သူပြောတာလဲ ဟုတ်သား
May: အကြမ်းဖတ်သမားလို့ပြောလို့တဲ့
ကျုပ်တို့အကြမ်းဖတ်သမားတွေသိက္ခာကျတယ်တဲ့
ကျုပ်တို့က ပါးရိုက်လို့နားကိုက်တာ တဲ့
ကျုပ်က ကျုပ်ဘာသာကို မစော်ကားဘူးတဲ့
ဟစ်တလာကလဲ သေ၇ွာကနေပြန်လာပြီးသူ့မသေခင်က ကျန်ခဲ့တဲ့ပစ္စည်းတွေကို ထုခွဲေ၇ာင်းချမလို့ပြန်လာတယ်တဲံ
ဒေါ်စုကိုလူတွေက Nobel ဆုပေးတော့
ဟစ်တလာကလဲ
သန်းေ၇ွှကို devil ဆုပေးတယ်
Tea: ဟီးးး
:D

Tea: အစ်မရေ စကားဝိုင်းလေးလည်း ရှည်သွားပြီ။ နားလိုက်တာပေါ့
May: အိုကေ။

ခင်မင် လေးစားလျှက်
Tea
မေသူပိုင်

(မှတ်ချက် - စကားဝိုင်းမို့ လွတ်လပ်စွာ ပြောဆိုမည်၊ သဘောထား မတိုက်ဆိုင်က လူတိုင်းတွင် ယုံကြည်ချက်အသီးသီးရှိသည် ဟူသော စကားကို မမေ့ပါနှင့် မိတ်ဆွေ၊၊)

8 comments:

Anonymous said...

Good job!

ကောင်းလိုက်တဲ့ စကားဝိုင်းလေး ဒီမောင်နှမ တော်တော်ကို တော်တယ်

Anonymous said...

ဒီမိုကရေစီ = နားလည်မှု
This is a good joke!

Anonymous said...

အချိန်တွေကိုနှမြောလိုက်တာဗျာ...အားတော့နာါတယ်။

Tea said...

အမည်မသိ အမည်မရှိ က ဘာပြောချင်မှန်း နားမလည်ပါ။

PP said...

Quick Quiz ကို ဖတ်လိုက်တာ ချာလပတ်လည်သွားတယ်။ :D

သိပံ္ပမောင်ပိန် said...

ဝါး...အာလူဖုတ်သော လက်ဖက်ရည်။ by the way, မြန်မာပြည်က ပိုက်ဆံမရှိလို့ Olympic မှာဆုမရသေးတာ...

ကေကေ said...

Great !! carry on

Suburban Area said...

ဒီစာကားဝိုင်းဖွဲ့လို့ကတော့ ဆုံးမှမဟုတ်လောက်ဘူးးးဟဟအတိုင်အဖောက်ညီနေတာပဲ..ပြောချင်တာတွေမကုန်လောက်ဘူးထင်တယ်...