Photobucket

Sunday, August 17, 2008

Green Tea နှင့် သင်၏ကျန်းမာရေး


ကျွန်တော်က တီးရဲ. website အသစ်မှာ Tea (လက်ဖက်ရည်ကြမ်း) ရဲ. အကြောင်းကို ပထမဦးဆုံး ရေးမှာ ဖြစ်ပါတယ်။ Tea ရဲ. လူသားတွေကို ဘယ်လို အကျိုပြုသလဲဆိုတာကိုပေါ့။ Tea ကိုတော့ လူတိုင်း ကြိုက်ချင်မှ ကြိုက်လိမ့်မယ်၊ ဒါပေမယ့် လူတိုင်းတော့ သောက်ဖူးမှာပါ။ တီးအပါအ၀င် myhome16 က သူငယ်ချင်း တွေရောTea ကို ကြိုက်ကြရဲ.လား? တစ်ချို.က Tea ရဲ. ဖန်ခါးခါး အရသာကို မကြိုက်ကြဘူးဗျ။ အရသာကို အဓိကမထားဘဲ ကျန်းမာရေး ရှုထောင့်က ကြည့်မယ်ဆိုရင် Tea ဟာ အရမ်းအသုံးဝင်တယ် ဆိုတာ တွေ.ရပါလိမ့်မယ်။ ဒါတွေကိုဆွေးနွေးကြစို.။

ကမ္ဘာပေါ်မှာ Tea အမျိုးအစား ပေါင်းများစွာ ရှိပါတယ်။ ဥပမာ- Green Tea, Black Tea, Oolong Tea…စသည်ဖြင့်ပေါ့။ ဒီ Tea တွေထဲကမှ အခု တစ်ကမ္ဘာလုံးမှာ ခေတ်စားနေတဲ့ Green Tea အကြောင်းကို အလေးပေးပြီး ပြောသွားပါမယ်။ Tea တွေ အကုန်လုံးမှာ Carbohydrate, Protein, Fat တစ်စေ့မှ မပါဘူး။ ဒီတော့ weight လျော့ချင်တဲ့သူတွေ အတွက် အရမ်း ကောင်းတာပေါ့။ ဒီစာဖတ်သူ တွေထဲမှာ fatty ပုတ်တွေ မရှိဘူးလို.မပြောနိုင်ဘူးလေ။ ကိုတီး ကိုကြည့်ပါလား၊ အခုမှ ပိန်သလိုလို၊ လိန်သလိုလိုဖြစ်လာတာ။
အရင်ကဆို ……….(ဓာတ်ပုံ ကြည့်ချင်ရင်ပြော၊ send ပေးမယ်…..ဟီးဟီး…စတာ) ဆက်ရအောင်။ Tea ကကိုယ်ခန္ဓာရဲ.ဇီဝဖြစ်စဉ် (metabolic rate) ကို မြန်စေပြီး ပိုလျှံတဲ့ calorie တွေကို လောင်ကျွမ်းစေတဲ့ အတွက် အဆီတွေ စုပြီး ၀မလာတော့ဘူး ပေါ့ဗျာ။ ကျွန်တော် ဖတ်ဖူးတဲ့ ဆောင်းပါး တစ်ခုမှာဆိုရင် weight လျှော့ချင်ရင် မနက်မိုးလင်း အိပ်ယာထရင် Green Tea ၁ ခွက် ပုံမှန်သောက်ပါ ဆိုပဲ။ သောက်ကြည်ကြပေါ့။

နောက်ပြီးTea (အထူးသဖြင့်Green Tea) ကဒီနေ.ခေတ်အခါမှာ ကင်ဆာရောဂါ ကုတဲ့နေရာမှာတောင် အသုံးဝင်နေပြီဆိုပဲ။ တချို.ဆေးသိပ္ပံပညာရှင်တွေရဲ.အဆိုအရ Tea ဟာ cancer cell တွေပွားတားကို လျော့ကျစေတဲ့ အပြင် ရှိပြီးသား cancer အကျိတ် (tumour) တွေရဲ. size ကိုလည်း သေးသွားစေပါတယ်တဲ့။ ဒါဟာ တစ်ကယ်ပဲဖြစ်ပါတယ်။ ဂျပန်နိုင်ငံမှာ ဆေးလိပ်သောက်တဲ့ သူတွေရဲ. အဆုတ်cancer ဖြစ်တဲ့နှုန်းက U.S. က ဆေးလိပ် သောက်သူတွေ အဆုတ်ကင်ဆာဖြစ်တာရဲ. တစ်ဝက်ပဲ ရှိတယ် ဆိုတာပါပဲ။ အဖြေကတော့ ဂျပန်က လူတွေက နေ.တိုင်း လက်ဖက်ရည်ကြမ်း ပုံမှန် သောက်ကြလို.ပဲ။ သူငယ်ချင်း တို.လည်း Tea ပုံမှန် သောက်ကြပေတော့။ အစာအိမ် cancer ကိုလည်း Green Tea က အမှန်တကယ် လျော့ချ ပေးနိုင်ပါတယ်။ ရှိသေးတယ်။ Green Tea ရဲ.အနှစ်(extract) ကိုလိမ်းရင်နေရောင်ခြည်ရဲ. UV ray ကြောင့် ဖြစ်တဲ့ အရေပြား ရောဂါတွေကို ကာကွယ်နိုင်တယ်။ ဒါကြောင့်အလှကုန်ပစ္စည်းတွေမှာ Green Tea ကိုထည့်ကြတာလေ။ Tea (Green Tea) ရဲ.မူလ origin က အရှေ.တိုင်း က တရုတ် ၊ ဂျပန်ကစတာ။ အခု Western မှာ Green Tea က တော်တော် နာမည်ကြီးနေပြီ။


Green Tea က ကိုယ်ခံအား (immunity) ကို တက်စေတယ်ဆိုရင် ယုံဖို.ခက်သလို၊ ပြန်ပြောဖို. တော်တော် ခက်လိမ့်မယ်။ ဒါက လောလောဆယ် စမ်းသပ်ဆဲပါ။ ဒါပေမယ့် HIV ပိုးရှိတဲ့ လူနာတွေကို Green Tea တိုက်ပြီး စမ်းကြည့်တော့ HIV ပိုးတွေ ပွားတာကို လျော့နည်းစေလို. အခုဆိုတစ်ချို.ဆေးကုဌာနတွေမှာ Green Tea ကို HIV အကူး စက်ခံ လူနာတွေမှာ combination therapy တစ်ခုအနေနဲ. ထည့်သုံးနေကြပြီ။ လက်ဖက်ရွက်မှာ Fluoride ဓာတ်တော် တော်ပါပါတယ်။ ဒါကြောင့် သွားပိုးစားတာကိုကာကွယ်တယ်။ ပါးစပ်ထဲက bacteria တွေကို သေစေတော့ အနံ.ဆိုးတွေကိုမဖြစ်စေပါဘူး။ Listerine တောင် မလိုတော့ဘူး။ အဟီး။ အကြမ်း အားဖြင့် ပြောမယ်ဆိုရင် Green Tea က နှလုံးသွေးကြောကျဉ်း ရောဂါ၊ ဆီးချိုရောဂါ၊ အသည်းရောဂါ၊ အာရုံကြော ပျက်စီးတဲ့ ရောဂါတွေကို အတတ်နိုင်ဆုံး ကာကွယ်ပေးပါလိမ့်မယ်။ မတတ်နိုင်ရင်တော့ ရောဂါဖြစ်မှာပေါ့ဗျာ။ Tea မှာ ထူးခြားတာက အခုခေတ်စားနေတဲ့ Antioxidant ဆိုတဲ့ ဓာတ်တိုးဆန်.ကျင်ပစ္စည်းပါလို.ပဲ။ ဒီပစ္စည်းက ကိုယ်ခန္ဓာက cell တွေ ပုံမှန်ပျက်စီးတာကိုဟန်.တားပေးတဲ.ပစည်း။ ဒီ cell တွေ မပျက်စီးတော့၊ အရွယ်မတိုင်ခင် အိုမင်းတာတွေမဖြစ်တော့ ၊ မကောင်းပေဘူးလားဗျာ။ ဒါကြောင့် နုပျိုချင်ရင် Green Tea သောက်ကြပါဗျို.

…..။ ဒုက္ခပဲ၊ ဒီ topic ကိုဖတ်ပြီး Green Tea ကြော်ငြာ ထင်သွားဦးမယ်။ ကောင်းတာတွေချည်းပဲ ရေးနေရတော့၊ တန်ဆေး လွန်ဘေးဆိုသလို-- မကောင်းတာလေး နည်းနည်းလောက်ရေးလိုက်ဦးမယ်။ Tea ကို အများကြီး (ဥပမာ- Mug ခွက် နဲ. တစ်နေ.ကိုအကြိမ်အများကြီးနှစ်နဲ.ချီ) သောက်ရင် ဆီး လမ်းကြောင်းမှာ ကျောက်တည်တတ်ပါတယ်၊ ကျောက်ကပ်ပျက်စီးတတ်ပါတယ်။ အမျာကြီးပါဝင်နေတဲ့ fluoride ကြောင့် ကျောက်ကပ်နဲ. အရိုးပွရောဂါတွေ ဖြစ်နိုင်တယ်။ Tea မှာ caffine ဓာတ်ပါတဲ့ အတွက် ညအိပ်မပျော်တတ်တဲ့ သူတွေရှောင်ပါ။ ကျောင်းသားတွေကတော့စာမေးပွဲနီးလို.ညလုံးပေါက်စာကျက်ချင်ရင် Tea သောက်ပေါ့။ (ဒါပေမယ့်၊ တချို.လည်း Tea သောက်ပေမယ့် အိပ်တာပါပဲ။) ဟုတ်တယ် မဟုတ်လား?။ Tea ရဲ. စိမ်းဝါ၀ါ stain တွေက ရေရှည် သောက်ရင် သွားမှာ စွဲသွားတတ်ပြီး သွားအလှပျက်တတ်ပါတယ်။ အများကြီးသောက်ရင် လေထိုး၊ လေနာဖြစ်တတ်ပါတယ်။ မြန်မာနိုင်ငံသားတွေ အတွက်ကတော့ Tea နဲ.ရင်းနှီးပြီးသားပါ။ မသောက်ဖူးတဲ့ သူလည်း ရှိမယ်မထင်ပါဘူး။ ဓလေ့ထုံးတမ်း အစဉ်အလာအရ လက်ဖက်သုတ်စားရင် ရေနွေးကြမ်း သောက်နေကြပဲ မဟုတ်လား။ U.S. မှာဆိုရင်လည်း Green Tea က အရမ်းခေတ်စားလာပြီ။ အသင့်သောက်နိုင်တဲ့ ပလပ်စတစ်ဗူးနဲ. ထည့်ထားတဲ့ Green Tea တွေ၊ can နဲ.ထည့်ထားတဲ့ Green Tea
တွေကို ဆိုင်တွေတိုင်းမှာ တွေ.နေရပြီ။ Starbucks coffee တောင်မှ Green Tea Latte, Green Tea Frappachino… ဆိုပြီး Green Tea ပေါင်ဒါ နည်းနည်း ထည့်ပြီးထုတ်ထားသေးတယ်။ အဲဒါသာကြည့်ပေတော့ Green Tea ရဲ. Popular ဖြစ်ပုံကို။ စံပယ် ပန်းခြောက်လေးတွေ ထည့်ထားတဲ့ jasmine tea ကတော့ မွှေးတဲ့နေရာမှာ နာမည်ကြီးပါတယ်။ Green Tea ကတော့ jasmine tea လောက်မမွှေးပါဘူး။ ဒါပေမယ့် ရရှိမယ့်အကျိုးကျေးဇူးက jasmine tea ထက်တော့မလျော့ပါဘူး။ ရှမ်းပြည်နယ်မှာအဓိကစိုက်တဲ့ ရှမ်းလက်ဖက်ခြောက်ကလည်း ဖန်ခါးခါးလေး နဲ.သောက်လို.ကောင်းလှပါတယ်။ ဒါကြောင့် Tea ရဲ. ကောင်းကျိုး၊ ဆိုးကျိုးတွေ ကိုချင့်ချိန်ပြီး သောက်ကြမယ်ဆိုရင်Tesဟာ လူသားတွေကို အလွန်အကျိုးပြုနိုင်တဲ့ ဆေးဘက်ဝင် စားသောက်ကုန် တစ်ခုဖြစ်ပါကြောင်း………။

ဒေါက်တာရမ်းကု

5 comments:

မေသူပိုင် said...

welcome ဒေါက်တာရမ်းကု....
လက်ဘက်ရည်နဲ့ကော်ဖီဆိုဖန်ဖန်ခါးခါးမှကြိုက်သောက်တတ်တဲ့
မေသူတို့အတွက်တော့ ရမ်းကုပြောတဲ့ဆိုးကြိုးတွေခံစားနေရတယ်။ဥပမာလေနာတာတို့ပေါ့
အခုလို ကောင်းကျိုးနဲ့ဆိုးကြိုးကို ရှင်းပြပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်
စကားမစပ် လက်ဘက်သုပ်လေးစားပါအုံးငရုပ်သီးစပ်စပ်နဲ့
:P
ွှ့အားပေးလျက်
မေသူ

Anonymous said...

စောစောကတော့ ကြော်ညာဝင်တယ်ထင်နေတာ မကောင်းကြောင်းလေးပြောတော့မှ မဟုတ်ပါလားလို့ အခန်းတွေတော့ စုံလာပီဗျို့ စီးပွားရေး အခန်းလေးလည်းဖွင့်ပါဦး ကျွန်တော် က အီကိုကျောင်းသားမို့လို့ ဟီးးး

ဒေါက်တာရမ်းကု said...

လက်ဖက်သုတ်ကကျွန်တော့အကြိုက် …ကျေးဇူးပါပဲ……. ရှလွတ် ၊ ရှလွတ်၊ ဂျွတ်။

PP said...

လက်ဖက်ရည်လဲ မကယ်နိုင်ဘူး စာမေးပွဲနီးရင် အိပ်ကို အိပ်ချင်တာ။ ဘာမှကို တားမရဘူး။ အိပ်မှာပဲ။ အဟိ။
ဒေါက်တာရမ်းကုရဲ့ Cause and Effect အပိုဒ်ကို အကြိုက်ဆုံးပဲ။
rock on!!!! :D

Tea said...

ဒေါက်တာရမ်းကုတို့ကို တော့... သဘောကျသွားပြီ.. စထွက်ထဲက Tea အကြောင်းရေးတာ.. အရွေးတော်တယ်.. ဟီးး