Photobucket

Monday, August 18, 2008

အဖြည့်ခံ


နင်နဲ့ ပတ်သတ်လာရင်
နင့်ကစားချင်တဲ့ အရုပ်ကလေးဖြစ်ဖို့ 
ပုံသွင်းအသုံးတော်ခံလေ့ရှိတဲ့ 
တစ်ဝက်တစ်ပျက်
မပြီးသေးတဲ့ငါ့ပုံကို
ကြည့်လို့  ရီလှည့်ပါဦး၊၊


နင်နဲ့ ပတ်သတ်လာရင်
ကြိုးမဲ့စွန်တစ်ကောင်လို
လေ(နင်)ခေါ်ဆောင်ရာ
မျက်စိစုံမှိတ် စီးနင်းလိုက်ပါတတ်တဲ့
ငါ့ရဲ့ ဆောက်တည်ရာမရ လွင့်နေပုံကို
လှောင်ရယ်လို့ ပြုံးပါဦး၊၊


နင်နဲ့ ပတ်သတ်လာရင်
တံတားတစ်စင်းလို
ဝပ်စင်းလို့ လမ်းခင်းတတ်တဲ့
ငါ့ပုခုံးတွေကို
ခပ်ဆောင့်ဆောင့်နင်းလို့ 
အပြုံးသဲ့သဲ့ အသိအမှတ်ပြုပါဦး၊၊


နင်နဲ့ ပတ်သတ်လာရင်
ကံဆိုးသူတစ်ယောက်လို
အစစ်မရခဲ့တဲ့ငါ
နင့်အမုန်းတွေကို အတုဖြစ်ပါစေလို့ 
အကြိမ်ကြိမ် တိတ်တဆိတ်ဆုတောင်းသံတွေကို
နားယောင်လို့  ပျက်ရယ်ပြုပါဦး၊၊

ခင်မင်လျက်
အိမွန်တာ

မှတ်ချက်၊၊ ၊၊ဒီအပတ်ကဗျာလေးက အဖြည့်ခံတစ်ယောက်ရဲ့
ရင်နင့်ခံစားချက်ကို ဖွင့်ဟထားပါတယ် …အားပေးနော် ..:D

4 comments:

PP said...

ဒေါ်အိတာ နှစ်ခုတောင် တင်လိုက်ပြီ။ အခုတလော ပို့စ်မတင် ပေဖူးတစ်ယောက်ပဲ ရှိမယ်ထင်တယ်။ အဟင့်၊ အိတာရဲ့ ကဗျာလေးတွေက ပေဖူးအတွက် ပညာအရဆုံးပဲ။ ကဗျာမရေးတတ်လို့။ :(

Suburban Area said...

ကဗျာလေးကအရမ်းကောင်းတယ်...ကြိုက်တယ်
:)

Sai Nyi Phyo said...

အရမ်းမိုက်တာပဲ၊ ကိုယ်တိုင်က ကဗျာဆိုတာကို သိပ်မခံစားတတ်သလို သိပ်လဲမရေးတတ်ဝူး၊ ဒါပေမဲ့ eiter ရဲ့ . .စာသားလေးတွေက အရမ်းထိတယ်၊

Anonymous said...

အ၇မ်းကောင်းတယ်ဗျာ့...copy ယူလိုက်တယ်နော်