Photobucket

Tuesday, September 30, 2008

Basic Sport for Ladies


ASK ME စားပွဲဝိုင်း မှာ star ဆိုတဲ့သူက အောက်က မေးခွန်းလေးကို မေးသွားပါတယ်။ မေးသွားတာက မေးခွန်းက နှစ်ပိုင်းရှိပါတယ်။ ပထမအပိုင်းက ပြန်ဖြေရမှာ တိုတောင်းသော အဖြေနဲ့ မပြည့်စုံတာမို့ POST တစ်ခုအနေနဲ့ ပြန်ပြီး တင်ဆက်ပေးလိုက်ပါတယ်။ ကျန်တဲ့ အပိုင်းကိုတော့ တီးရဲ့ လာမယ့် ASK ME စားပွဲဝိုင်း A&Q post မှာ ထည့်သွင်းဖို့ ပို့ထားပါတယ်။ (ASK ME စားပွဲဝိုင်းအကြောင်း မသိသေးဘူး ဆိုရင်တော့ အရှေ့ဆုံးမှာ ရှိတဲ့ ASK ME စားပွဲဝိုင်းလေးကို နှိပ်ပြီး သွားလေ့လာ နိုင်ပါတယ်။)

star မေးသွားတဲ့ မေးခွန်းကတော့
မိန်းကလေးတစ်ယောက်ရှိသင့်တဲ့ခန္ဒာကိုယ် အချိုး အစားနဲ့ရှိအောင် ဘယ်လို အားကစားတွေ လုပ်သင့်ပါသလဲ ?

သေချာဖြေရမယ် ဆိုရင်တော့
မိန်းကလေးတစ်ယောက် အတွက်ရှိသင့်တဲ့ ကိုယ်ခန္ဓာအချိုးအစားရှိအောင် လုပ်ရမယ့် အားကစားကတော့ တိတိကျကျပြောလို.မရပါဘူး။ကာယကံရှင်ရဲ. လက်ရှိ အနေအထား (အရပ်အမောင်း၊ ခန္ဓာကိုယ် အချိုးအစား) အပေါ်မှာမူတည်ပါတယ်။ ၀တဲ့သူဆို ပိန်အောင် လုပ်တဲ့လေ့ကျင့်ခန်းကိုလုပ်နိုင်ပြီး၊ ပိန်တယ်ဆိုရင်တော့ ရှိသင့်တဲ့ အနေတော် ကိုယ်ခန္ဓာအချိုးအစားရအောင် လုပ်ယူတဲ့ အားကစားတွေကိုလုပ်နိုင်ပါတယ်။

အခုဖော်ပြမယ့်ကာယလေ့ကျင့်ခန်းတွေကတော့ အမေရိကန်နိုင်ငံ၊ ရူပဗေဒ ကာယကုထုံးအဖွဲ.က အကြံပေး သင်ကြားပေးတဲ့ ရိုးရှင်းတဲ့ လေ့ကျင့်ခန်း ၄ခုပဲဖြစ်ပါတယ်။ ဒါတွေကိုမှန်မှန်လုပ်ရင် ခန္ဓာကိုယ်အချိုးအစား ပြေပြစ်ကျနစေမှာဖြစ်ပါတယ်။



က။ မတ်တပ်ရပ်လေ့ကျင့်ခန်း
နံရံကိုကျောမှီပြီး မတ်တပ်ရပ်ပါ။ ခြေနှစ်ဘက်ကို ပခုံးနှစ်ဘက်အကွာအဝေးနဲ. အညီခွဲပြီး နံရံကနေ ၃လက်မ၊ ၆လက်မအထိခွာရပ်ပါ။ လက်နှစ်ဘက်ကိုဘေးချထားပြီး ခေါင်း၊ ပခုံး နှင့် ခါးကို နံရံနှင့် ထိထားပါ။ ပြီးရင် ၀မ်းဗိုက် belly ကြွက်သားကို ခါးအနောက်ဘက် direction အတိုင်း ဆွဲငင်ကွေးဝင် သွားအောင် ညှစ်သွင်းပါ။ အဲဒီအချိန်မှာ ခါးကိုမတ်နိုင်သမျှမတ်အောင် တံတောင်နှစ်ဘက်ကိုနံရံနဲ. ထောက်ပြီးထိန်းထားပါ။


ခ။ လည်ပင်း၊ ခေါင်းဆွဲဆန်.လေ့ကျင့်ခန်း
ဒီလေ့ကျင့်ခန်းက လည်ပင်းကလည်တိုင်ကြွက်သားတွေ တောင့်တင်းသန်မာစေပါတယ်။ ပုံမှန်အတိုင်း မတ်တပ်ရပ်ပါ။ တစ်ကိုယ်လုံးရှိ ကြွက်သားတွေကို ဖြေလျော့ထားပါ။ ပခုံးနှစ်ဘက်ကိုလည်းလျော့ထားပါ။ ပြီးရင် ပခုံးနှစ်ဘက်ကို ထိန်းထားပြီး ခေါင်းကိုအပေါ်ကကြိုးနဲ.ဆွဲသလို ခေါင်းကိုအပေါ်တည့်တည့် ၅စက္ကန်. ကနေ ၁၀ စက္ကန်. အထိဆွဲဆန်.ပါ။ ပြီးရင်ပြန်ဖြေလျော့လိုက်ပါ။ တစ်နေ.ကို တစ်ကြိမ်လျှင် ၁၀ခါနှုန်းနဲ. ၃၊ ၄ ကြိမ်နေ.စဉ်လုပ်ပေးသင့်ပါတယ်။


ဂ။ ပခုံးကြွက်သားသန်စွမ်းလာရေးလေ့ကျင့်ခန်း
တည့်မတ်စွာရပ်ပါ။ လက်နှစ်ဘက်ကို ပုံမှာပြတဲ့အတိုင်း အင်္ဂလိပ်အက္ခရာ W ပုံစံဖြစ်အောင် လက်မြှောက်ပါ။ ပခုံးလက်ပြင်ကြွက်သား အားလုံးကို ဖြေလျော့ထားပါ။ တံတောင်ဆစ်နှစ်ခုကို ကျောဘက်ကပ်လို.ရသည်အထိ W ပုံစံ မြှောက်ထားတဲ့လက်နှစ်ဘက်ကို နောက်ဘက်သို.ကွေးပါ။ (၁-၂-၃) လို.စိတ်ထဲမှာ ရေတွက်ပြီး အမှတ်စဉ် (၃) ရောက်သည်အထိ လက်နှစ်ဘက်ကို နောက်ဘက်သို.ကွေးဆန်.ပါ။ ပြီးရင်ဖြေလျှော့ပါ။


ဃ။ တင်ပါးဆုံကြွက်သားလေ့ကျင့်ခန်း
ဝမ်းဗိုက်ကြွက်သားတွေကိုပါ သန်စွမ်း ကျစ်လျစ်စေမဲ. လေ့ကျင့်ခန်းပါ။ ခါတွေကိုလည်းမနာမကျင် ကျန်းမာသန်စွမ်း စေပါတယ်။ ကြမ်းပြင်ပေါ် ပက်လက်လှန်လှဲအိပ်ပါ။ ခြေနှစ်ဘက်ကို ဒူးဆစ်မှကွေးပြီး ခြေဖ၀ါးနှစ်ဘက်ကို ကြမ်းပြင်ပေါ်အပြားလိုက်ချပြီးအိပ်ပါ။ လက်နှစ်ဖက်ကို ခေါင်းအောက်မှာယှက်ထားပါ။ ပြီးရင် ကြွတက်နေတဲ့ခါးကို ကြမ်းပြင်နဲ. ထိတဲ့အထိ ဖြည်းညှင်းစွာဆွဲချထိကပ်လိုက်ပါ။ ၃ စက္ကန်. မှ ၅ စက္ကန်.အထိ ခါးကိုကြမ်းပြင် နဲ. တစ်ဖြောင့်တည်းထိကပ်ထားပါ။ ပြီးရင်နဂိုမူလအတိုင်း ခါးကိုပြန်ကြွ ဖြေလျှော့လိုက်ပါ။

ဒီလေ့ကျင့်ခန်းတွေလုပ်မယ်ဆိုရင် ခါးတုတ်ပြီးဝနေသူတွေ၊ ပခုံးသားကြီးတွေ အစ်ပြီးကြီးနေသူတွေ၊ လက်ပြင်ကြောကုန်းပြီး ခါးကိုင်းနေတဲ့သူတွေ ပူစရာမလိုတော့ပါ။

ဒီလေ့ကျင့်ခန်းတွေ အပြင် GYM ဆော့မယ်၊ တခြားလေ့ကျင့်ခန်း ( Yoga ၊ အိပ်ထမတင်၊ ရင်သား လေ့ကျင့်ခန်း) တွေကိုတွဲလုပ်မယ်၊ အာဟာရပြည့်တဲ့ အစားအစာတွေကို တွဲဖက်စားမယ်ဆိုရင် ပြီးပြည့်စုံတဲ့ ခန္ဓာကိုယ်အလှကို ပိုင်ဆိုင်မှာပါ။

ဒေါက်တာရမ်းကု


4 comments:

Anonymous said...

အခုလိုဂရုတစိုက်ဖြေပေးတဲ့ ဒေါက်တာ ကိုကျေးဇူးတင်ပါတယ်။ သိချင်တာလေးရှိသေးလို့မေး အုံးမယ်နော်။ လေ့ကျင့်ခန်းကို ဘယ်လိုအချိန်တွေမှာလုပ်ရတာလဲ။ ဥပမာ ထမင်းမစားခင်။ ရေမချိုးခင် အဲလိုမျိုးပေါ့။ နောက်ပြီး နောက်ကြုံရင် ယောဂ ဘယ်လိုလုပ်ရတယ်ဆိုတာလေးလဲတင်ပေးပါနော်။ နောက်ပြီး တော့ အမျိုးသမီးလေ့ကျင့်ခန်းတွေကို ဘယ်ဝက်ဘ်ဆိုဒ်တွေမှာလေ့လာနိုင်ပါ သလဲ။ တီးဝိုင်းတော်သားများ အားလုံး ကျန်းမာသုခပြည့်စုံကြပါစေရှင်။ :D

Anonymous said...

ဘာမှ မေးမနေနဲ့ ကယ်လီဖိုးနီးယားဖစ်ဖစ် ဖစ်နက်ဖတ်ဖစ်ဖစ် ဒိုးလိုက်

ဒေါက်တာရမ်းကု said...

ဟုတ်ကဲ့ …. Star ရဲ. အမေးကို ဖြေရမယ်ဆိုရင် လေ့ကျင့်ခန်းကို မနက်စောစော အချိန်မှာလုပ်တာ အကောင်းဆုံးပါ။ ထမင်းမစား ခင်လုပ်လို.တော့ရပါတယ်။ စားပြီးမှလုပ်ရင်တော့ မကောင်းဘူးပေါ့ဗျာ။ ရေမချိုးခင်လုပ်တာ ကလည်း ချိုးပြီးမှလုပ်တာ ထက်ပိုအဆင်ပြေပါတယ်။ ယောဂကျင့် တာကိုတော့ ကျွန်တော်ကိုယ်တိုင်က လေ့လာရဦးမှာဖြစ်လို. ပြီးတဲ့အခါမှတင်လိုက်ပါ့မယ်။ website တွေကတော့ www.bodybuildingforyou.com/WomenBodybuilding.htm , www.femalemuscle.com/fitness/index.html စတဲ့နေရာတွေမှာ ကြည့်နိုင်ပါတယ်။ Google ကနေရှာဖွေကြည့်ပါလို. အကြံပေးချင်ပါတယ်။

Anonymous said...

ကျေးဇူးပါရှင် ဒေါက်တာ။ လေ့လာလိုက်ပါ့မယ်။