Photobucket

Sunday, September 21, 2008

MSG နှင့် Chinese Restaurant Syndrome

အားလုံးပဲ မင်္ဂလာပါခင်ဗျာ။ ကျန်းမာတော်မူကြပါစ? ၊ အားလုံးနဲ.မတွေ.ရတာတောင်ကြာပြီ။ လင်းစစ်သူ ပြောသလို ကျွန်တော့်ကိုရောမှတ်မိကြပါသေးရဲ.လား၊ စာမေးပွဲက နှိပ်စက်နေလို. Post မတင်နိုင်တာ တော်တော်ကြာသွားတယ်။ တောင်းပန်ပါရစေ။


အခုအပတ် ကျွန်တော် ဆွေးနွေးမယ့် အကြောင်းကတော့ Chinese Restaurant Syndrome ဆိုတဲ့ ရောဂါ အကြောင်းပါ။ ဒီရောဂါတော့ ဟင်းခတ်အချိုမှုန်. (သို.) MSG (Monosodium Glutamate) အရမ်း စားရင် ရတတ်တဲ့ ရောဂါပါ။ ဘာလို.နာမည် ဆန်းဆန်း Chinese Restaurant Syndrome လို.ခေါ်လည်း ဆိုတော့ တရုတ် စားသောက်ဆိုင် တွေက MSG သုံးတာ များတော့ ဒီတရုတ်ဆိုင်တွေမှာ စားသောက်ပြီးရင် ၊ ဒါမှမဟုတ် တစ်ချို. တရုတ် အစားအစာတွေ စားပြီးရင် ဒီရောဂါရဲ. လက္ခဏာလေးတွေ ပေါ်လာတတ်လို.ပဲ ဖြစ်ပါတယ်။ တစ်ချို. ဖြစ်ဖူးတဲ့ သူတွေ ရှိရင် ရှိမှာပါ။ တရုတ် အစားအစာတွေ ချည်းမှာပဲ MSG ပါတာတော့ မဟုတ်ပါဘူး။ MSG ပါတဲ့ အစားအသောက် တွေက အများကြီးပါ။ ပြီးရင် အောက်မှာ MSG ပါတဲ့ အစား အသောက်တွေ အကြောင်း ဆက် ဆွေးနွေး တာပေါ့။ အခုတော့ ရောဂါ လက္ခဏာတွေ အကြောင်း အရင် ပြောပါမယ်။ ရောဂါ လက္ခဏာတွေက ခဏပဲ ဖြစ်တတ်ပြီး ပြီးရင် ဘာဆေး၊ ဘာကုသမှုမှမယူဘဲ ပြန်ပျောက် သွားတတ်ပါတယ် ၊ အသေးစား symptoms လေး တွေပေါ့။


ဖြစ်တတ်တဲ့ရောဂါရဲ. လက္ခဏာတွေကတော့

· ခေါင်းမူး၊ ခေါင်းကိုက်မယ်

· ရင်ဘတ်နည်းနည်းအောင့်မယ်

· ရင်ထဲမှာတစ်လှပ်လှပ်ဖြစ်လာမယ်

· ချွေးစေးတွေပြန်လာမယ်

· ပူထူပြီး မျက်နှာတွေရဲလာမယ်

· ရင်ပူမယ်

· သိသိသာသာရေငတ်လာမယ်

· နှုံးပြီး နွမ်းနယ်လာမယ်။

ဒီရောဂါ လက္ခဏာတွေ ဖြစ်တဲ့အခါ ကြာတဲ့ အချိန်နဲ. ရောဂါ လက္ခဏာရဲ. အတိမ်အနက် ကတော့ စားလိုက်တဲ့ MSG အနည်းအများ ပေါ်မှာပဲ မူတည်ပါတယ်။ ရောဂါ လက္ခဏာ တွေဟာ MSG စားသုံးပြီး ၃၀-၆၀ မိနစ် အတွင်းမှာ ပြနိုင်ပြီး ဘာဆေးမှ မသောက်ဘဲ ၂ နာရီနဲ. ၃နာရီ အတွင်းမှာ ပြန်ပျောက် သွားနိုင်ပါတယ်။ ဗိုက်ထဲမှာ အစာမရှိတဲ့ အချိန်မှာ MSG များတဲ့ အစာစား လိုက်ရင် ပိုပြီး စုပ်ယူမှု လွယ်ကူစေပြီး သွေးထဲကို များများ ရောက်စေပါတယ် ၊ Chinese restaurant syndrome ရဲ. Symptoms တွေ အလွယ်တကူ ပြနိုင်ပါတယ်။ ဒါကြောင့်၊ တခြား အစာတစ်ခုခု စားပြီးမှ MSG ပါတဲ့ အစာစားရင် MSG ကို ခန္ဓာကိုယ်က စုပ်ယူမှု နည်းစေတယ်လို. ဆိုပါတယ်။

MSG ၀င်လာတဲ့ အခါ ကိုက်ခန္ဓာကိုယ်ရဲ. ဇီဝဖြစ်စဉ် တွေနဲ. အရေးအကြီးဆုံး ကိုယ်ခန္ဓာရဲ. အဖွဲ.အစည်း System ကြီးတွေ ဘယ်လို အပြောင်းအလဲ ဖြစ်လာတယ်ဆိုတာ ကြည့်ကြရအောင်။

မှတ်ချက်။ ။ ဒီရောဂါလက္ခဏာတွေအားလုံးဖြစ်မယ်လို.မဆိုလိုပါ။ MSG ကိုအများကြီးနှစ်ရှည်လများစားမှသာ ဒီရောဂါ လက္ခဏာတွေထဲက တစ်ချို. ပဲဖြစ်မှာပါ။ လူတစ်ဦးချင်းစီရဲ.အခြေနေပေါ်မှာလည်းမူတည်ပါသေးတယ်။


Brain and Nervous System (ဦးနှောက် နှင့်အာရုံကြောအဖွဲ.အစည်း)
MSG ဟာ ကြာကြာသာမှီဝဲစားသုံးမယ်ဆိုရင် ဦးနှောက်ကအာရုံကြောတွေကို ဆိုးဆိုးဝါးဝါး ထိခိုက်စေပါတယ်။ MSG မှာပါဝင်တဲ့ Glutamate ကများများစားမိရင် ဦးနှောက်က (oligodendrocyte) လို.ခေါ်တဲ့ nerve cell ငယ် လေးတွေကို အရမ်းလှုံ.ဆော်ပေးပြီး ကြာရင် အဲဒီ nerve cell တွေကို သေတဲ့အထိ ဖြစ်စေပါတယ်။ အာရုံကြောတွေဟာ Myelin ဆိုတဲ့အလွှာအုပ်ထားမှ ရရှိလာတဲ့ ပြင်ပက လှုံ.ဆော်မှုတွေကို ဦးနှောက်ကို အမြန်သတင်းပေးပို. ပြီး တုံ.ပြန်မှုတစ်ခုခုလုပ်နိုင်မှာပါ။ ခုဏကသေသွားတဲ့ oligodendrocyte တွေက Myelin ကိုထုတ်လုပ်ပေးတာလေ။ အခု Myelin တွေမထုတ်နိုင်တော့ဘူးဆိုတော့ nerve ရဲ. Conductance ကျတယ်လို.ပြောရမှာပေါ့။ ဒီအခါမှာလူတွေက ထုံထုံထိုင်းထိုင်းလေးလေးလံလံတွေဖြစ်ကုန်တာပဲ။ နားမှာရှိတဲ့ အကြားအာရုံ cell တွေလည်း Glutamate ရဲ. လှုံ.ဆော်မှုကို တော်တော်လေးခံရတဲ့အတွက် နားအူတာဖြစ်တတ်ပါတယ်။ နောက်တစ်ခုက ဓာတ်ခွဲခန်းမှာ တိရစ္ဆာန်တွေကို MSG နဲ.စမ်းသပ်တဲ့အခါ တိရစ္ဆာန်တွေရဲ.မျက်လုံးက မြင်လွှာ (retina) ဟာ MSG ကြောင့်ပျက်စီးတာတွေ.ရပါတယ်။ လူတွေမှာလည်းအလားတူပဲဖြစ်နိုင်ပါတယ်။


Cardiovascular System (နှလုံး နှင့်သွေးကြော အဖွဲ.အစည်း)
MSG က သွေးပေါင်ချိန် Blood Pressure ကိုတက်စေပါတယ်။ နှလုံးခုန်နှုန်းမြန်စေပြီး ခုန်နှုန်းမမှန်ဖြစ်စေနိုင်ပါတယ်။ နှလုံးအောင့်ရောဂါ (Angina) နဲ. သွေးတိုးရောဂါအတွက် သုံးတဲ့ ဆေး (Calcium Channel Blocker) ရဲ. အာနိသင်ကို MSG ကကျစေတယ်လို.ဆိုပါတယ်။ Glutamate က သွေးကြောတွေရဲ.အရွယ်အစားကို ကျဉ်းစေပါတယ်။ ဦးနှောက်က သွေးကြောတွေကိုပါ ကျဉ်းတဲ့အတွက် အပေါ်မှာဖော်ပြခဲ့တဲ့ ခေါင်းကိုက်တာကိုဖြစ်စေနိုင်တာပါ။


Respiratory System (အသက်ရှူလမ်းကြောင်းအဖွဲ.အစည်း)
တချို.သောလူတွေမှာ MSG ကြောင့်ပန်းနာရင်ကြပ် Asthma ရောဂါကို ယာယီပိုဆိုးစေတယ်လို. Johns Hopkins တက္ကသိုလ်ရဲ. သုတေသနပြုလုပ်ချက်အရသိရပါတယ်။


Digestive System (အစာခြေအဖွဲ.အစည်း)
MSG ဟာ သည်းခြေရည် (bile) ဖြစ်ပေါ်တာကို ကျဆင်းစေပါတယ်။ Bile ကစားလိုက်တဲ့အဆီ Fat တွေကို ချေဖျက်ပြီးအူတွေကနေ စုပ်ယူဖို.လုပ်ပေးပါတယ်။ သူမရှိတဲ့အခါကျတော့ အဆီတွေကိုမစုပ်ယူတော့ဘဲ ဒီအတိုင်း အူတွေကနေ အပြင်ကိုဝမ်းထဲကနေစွန်.ပစ်တဲ့အတွက် Fatty Diarrhoea (သို.) Steatorrhoea (၀မ်းထဲမှာအဆီတွေပါလာတဲ့ condition) ဖြစ်နိုင်ပါတယ်။ Glutamate တွေရှိနေတဲ့အတွက်ကြောင့် ဆီးချိုရောဂါကိုပိုဆိုးစေမှာဖြစ်ပါတယ်။



ဒီရောဂါ လက္ခဏာတွေ မဖြစ်အောင် ဘယ်လိုဆင်ခြင်မယ် ဘယ်လိုအစားအစာတွေကို ရွေးချယ်စားသုံးမယ် ဆိုတာကို ဆက်ဆွေးနွေးကြည့်ရအောင်။ MSG ပါတဲ့အစားအသောက်တွေကတော့ပြောရမယ်ဆိုရင် တစ်နေ.လုံးထိုင်ပြောတောင်ကုန်မှာမဟုတ်ဘူး။ MSG ကအရသာထူးတော့ စားသောက်ဆိုင်တွေက များသောအားဖြင့် အကုန်သုံးကြတာချည်းပါပဲ။ Snack food တွေမှာလည်းပါတာချည်းပါပဲ။ ဒါပေမယ့် U.S. မှာ အမေရိကန် အစားအသောက်ကြီးကြပ်ရေးအဖွဲ. FDA ရဲ.ညွှန်ကြားချက်အရ အစားအစာရဲ. Ingredient list မှာ MSG ပါဝင်ကြောင်းရေးရပါတယ်။ နည်းနည်းလေးပါတယ် ဆိုရင်တောင်ရေးရပါတယ်။ ဒါမှ အစားအစာ ၀ယ်ယူသူတွေက MSG ပါဝင်ကြောင်း သိပြီး ရှောင်သင့်ရင် ရှောင်လို.ရအောင်ပါ။ ဒါပေမယ့် Glutamate ရဲ. သဘာဝSource တွေဖြစ်တဲ့ Soy ၊ Soy Sauce(ပဲငံပြာရည်) ၊ နွားနို. ၊ ဂျုံ ၊ cheese တွေကိုတော့ MSG ပါဝင်ကြောင်း မရေးတော့ပါဘူး၊ ဥပမာ-MSG ကို တစ်ကယ်မထည့်ပဲ ကြော်ထားတဲ့ ထမင်းကြော်မှာ source ဖြစ်တဲ့ ပဲငံပြာရည် ထည့်ထားတယ်ဆိုရင် No MSG လို. Label တပ်နိုင်ပါတယ် ဆိုတာပါပဲ။ ဒါကြောင့် အခုနောက်ပိုင်း တရုတ်စားသောက်ဆိုင် တွေမှာ No MSG ဆိုပြီးရေးထားကြပြီလေ။ ဒါပေမယ့်လည်း သူတို.က MSGရဲ. source တွေကိုသုံးနေတာပါပဲ။ အောက်ကပုံမှာ Glutamate ရဲ. Source တွေ နဲ. Glutamate များများပါတဲ့ အစားအစာတွေကို ပြထားပါတယ်။


MSG ကိုအသင့်စား အစားအသောက်တွေမှာ အများဆုံးထည့်သုံးကြတာတွေရပါတယ်။ အထူးသဖြင့် အသားတွေ၊ အကင်တွေ၊ ကြက်အူချောင်း၊ ၀က်အူချောင်းတွေ၊ Dorito လိုမျိုး snack food တွေ၊ Mc Donald's, Burger King, KFC, Taco Bell စတဲ့ ဟမ်ဘာဂါ၊ ကြက်ကြော်ဆိုင်တွေက အစားအစာတစ်ချို. မှာ MSG ကိုသုံးနေဆဲ ဖြစ်ပါတယ်။ နောက်ပြီး မြန်မာပြည်က ဆိုင်တွေမှာရောင်းတဲ့အစားအစာ အကုန်နီးပါး MSG ပါပါတယ်။ အာချီနိုမိုတိုအချိုမှုန်.လေ။ အဲဒါကို အရမ်းသုံးကြတာ။ လူတွေကလည်းကြိုက်ကြတယ်။ အခုနောက်ပိုင်းတော့ ရှောင်တဲ့လူတွေရှိလာပါတယ်။ ဒါပေမယ့် စားမှန်းမသိ စားနေကြတာပါပဲ။ korean တွေစားတဲ့ ကင်(မ်)ချီမှာ လည်း MSG ပါတယ်။ ဂျပန်တွေစားတဲ့ sushi က seaweed ကလည်း MSG ရဲ. Source ဖြစ်တယ်။ ပြောရရင် MSGမပါတဲ့ စားစရာဆိုတာ ရှိမှာတောင်ရှိမှာမဟုတ်တော့ဘူး။

တကယ်လို. MSG ရဲ.ဆိုးကျိုးတွေကိုကြောက်လို. ရှောင်ချင်ပါတယ်ဆိုရင်ဘာတွေစားကြမလဲ။ ရှင်းပါတယ်။ အရည်ရွှမ်းတဲ့ သစ်သီး၊ ဟင်းသီးဟင်းရွက်တွေများများစားပေါ့၊ အသားဆိုရင်လည်း ကိုယ့်ဟာကိုယ် အိမ်မှာလှီးဖြတ်ပြီးချက်ပြုတ်စား၊ လုပ်ပြီးသား အသင့်ချက်ပြုတ်စား အစားအစာတွေကိုရှောင်နိုင်သမျှရှောင်။ နောက်ပြီးဒီစာဖတ်သူထဲမှာ Dorito ကြိုက်တဲ့သူရှိလား၊ ကြိုက်ပေမယ့် လျှော့စားသင့်တယ်။ တခြား fast food တွေရောပဲ လျှော့စားပါ၊ စေ့အဆံတွေ ဥပမာ- almond ဆိုရင်လည်း ဘာမှ အချို အငံ ထည့်မထားတဲ့ ဟာမျိုးကိုပဲစားပါ။ ဟင်းချိုတွေမှာ MSG ပါတတ်တာကို တွေ.ရတတ်ပါတယ်။ ဥပမာ- အပြင်က၀ယ်စားတဲ့ မုန်.ဟင်းခါးဟင်းရည်ဆို MSG ကိုရှယ်ထည့်ထားတာ။ ဒါကြောင့် ဟင်းချိုဆိုရင် ကိုယ့်ဟာကိုယ် ချက်သောက်တာ အကောင်းဆုံးပါပဲ။ဒါကြောင့် ဘယ်အစားအစာမဆို သိပ်မ၀ယ်စား ပဲကိုယ့်ဟာကိုယ် အချိုမှုန်.မထည့်ပဲ ချက်စားကြပါလို.ပြောချင်ပါတယ်။ ဒါဆိုရင် Chinese Restaurant Syndrome ဆိုတာလည်းမဖြစ်တော့ပဲ ကျန်းကျန်းမာမာနေနိုင်မှာဖြစ်ပါတယ်။……….

ဒီအပတ်တော့ ဒီလောက်ပါပဲ။ post တင်တာနောက်ကျတဲ့ အတွက်လည်းအားလုံးကိုထပ်ပြီးတောင်းပန်ပါတယ်။

ဒေါက်တာရမ်းကု

Source

- http://en.wikipedia.org/wiki/Chinese_restaurant_syndrome

- http://www.msgtruth.org

- http://www.fda.gov/opacom/backgrounders/msg.html

13 comments:

Anonymous said...

Chinese Restaurant Syndrome
နာမည်ကလန်းတယ်

Tea said...

ဒုက္ခပဲ လောလောဆယ် အဲ့ဒါတွေ အကုန်ဖြစ်နေတယ်

· ခေါင်းမူး၊ ခေါင်းကိုက်မယ်

· ရင်ဘတ်နည်းနည်းအောင့်မယ်

· ရင်ထဲမှာတစ်လှပ်လှပ်ဖြစ်လာမယ်

· ပူထူပြီး မျက်နှာတွေရဲလာမယ်

· ရင်ပူမယ်

· သိသိသာသာရေငတ်လာမယ်

Anonymous said...

အခုလို ရှင်းပြထားတာ ကျေးဇူးပါ
ဒါပေမယ့် ယမင်းက ဆိုးမှန်းသိပေမယ့် အချိုမှုန့်မပါရင် မစားတတ်တော့ဘူး
ခက်ပါတယ်

Anonymous said...

ဗဟုသုတ အများကြီးရပါတယ်... ဆက်လက်ပြီးတော့လည်း ကျန်းမာရေးနဲ့ ဆိုင်တဲ့ Post တွေတင်ပါအုံးဗျာ.. ကျေးဇူးပါ.

PP said...

တီးကြည့်ရတာ အချိုမှုန့်စားလို့ ဟုတ်ဘူး။ သေခါနီး အမောဖောက်နေပုံ ရတယ်
ကိုရမ်းကုရေ ဒါတွေ ဖတ်ကြည့်ပြီးမှ ကိုယ့်ဘ၀ကို သနားတယ်။ အဟင့်

Tea said...

ပေဖူးခွာရေ သတိထား
ချောလဲပြီး သွား ဆယ်ချောင်းလုံးကုန်သွားမှ တောင်းပန်ပါတယ် လာမပြောနဲ့

Myo Win Zaw said...

လမ်းမတော် ရွှေတောင်တန်းက ကြေးအိုးစားတဲ့ လူတော်တော်များများဖြစ်ကြတယ် ကြေးအိုးစားပြီး ရေအရမ်းငတ်မယ် နောက်တော့ post မှာဖော်ပြထားတဲ့ လက်ခဏာတွေထဲကဟာတွေ ခံစားကြရတယ် အဲဒါ အချိုမှုန့်တွေ အရမ်းသုံးထားလို့ဘဲ

ဂျူနို said...

တိုက်တိုက်ဆိုင်ဆိုင်ဘဲ။ မနေ့ က ကမ္ဘာ့ ကလေးများနေ့ လုပ်တော့ ကလေးတွေကို ဟင်းသီးဟင်းရွက် အသားငါးတွေ ကို အချိုမှုန့် မပါဘဲ ချက်ပြုတ်ပြပြီး သူ့ ရဲ့ အရသာကို အချိုမှုန့် ခပ်ထားတဲ့ ဟင်းရဲ့ အရသာနဲ့ ယှဉ်ပြတဲ့ အစီအစဉ်တခုလည်းတွေ့ ခဲ့တယ်။
လူနာတစ်ယောက်က သူအချိုမှုန့် နဲ့ မတည့်ကြောင်းပြောထားတာ။ ဆေးရုံက ကျွေးတဲ့ အစာစားပြီး ကိုယ်တော်က အကြီးအကျယ် ရှော့ရပါလေရော။ ဆရာဝန်က သူသွင်းထားတဲ့ဆေးထင်ထာ လူနာက ဂလူတာမက် ဂလူတာမက်နဲ့  ကျမအတွက်တော့ရီစရာကြီးကိုဖြစ်လို့ ။
နောက်နေ့ တွေကြတော့ ဆေးရုံက ထမင်းချက်ကြီးက သူ့ အုပ်ထုပ်ဖြူဆောင်းပြီး သူကိုယ်တိုင်ထမင်းပို့ ပါရော။

ဇင်ယော် said...

ဒုက္ခပဲဗျ။ အဲဒီ အချိုမှုန့် နဲ့  ရင်းနှီးလာတာ တော်တော်ကြာပြီမို့  သူမပါရင် စားမကောင်းသလိုပဲ။ ခုတော့ ဆိုးကျိုးတွေဖတ်ပြီး ဘယ်တော့ ဂျောင်းရမယ်မှန်း မသိဘူး။

Anonymous said...

သားရယ်
မှန်တယ် အန်တီတို့နိုင်ငံလည်း အချိုမှုန့်သုံးတာ လျှော့ရမယ်
ထိုင်းက သွင်းတဲ့ အဆိမ့်မှုန့်တွေ နည်းတာမှမဟုတ်တာ ကြောက်စရာပါ

Lin Sit Thu said...

Dorito!!! NO way!!! Kyite par tal so nay ma... a hint...
are you sure that MSG or whatever that hin cho mont is in Dorito???

sate soe tal... (ma ya bu... sarr mar pal)

ဒေါက်တာရမ်းကု said...

Dorito မှာပါတာပေါ့ လင်းစစ်သူရဲ.။ စားပြီးရင် ပါးစပ်ထဲမှာ အရသာကိုစွဲနေတာပဲ၊ မစားနဲ.တော့နော်၊ 

Unknown said...

ဒါပထမဦးဆုံးလာရောက်လည်ပတ်တာပါ။ ကျနော် အခု စားစရာမရှိဘ၀ ရောက်နေပါတယ်။ ဘာဖြစ်လို့ လည်းဆိုတော့ စားစရာတွေအားလုံးက သူ့ ဟာနဲ့ သူ တစ်မျိုးစီ ဆိုးကျိုးပေးတာတတ်ပါတယ်။အကုန်လုံးတော့မဆိုလိုပါဘူး။ မျှစ်။ပဲပင်ပေါက်။လိုမျိုးတွေကအစပေါ့နော်။သကြားစားတာများရင်လည်း မှတ်ဥာဏ်ဖွံဖြိုးမှုကို ထိခိုက်နိုင်တယ်ဆိုတာ မကြာခင်က တွေ့ လိုက်ရတော့ အချိုမှုန့် တတ်နိုင်သမျှ ရှော့သုံး(မုန့် ဟင်းခါး။လက်ဘက်သုပ်တွေမှာသုံးတာပါ။အများအားဖြင့်တော့ သကြားပဲသုံးခဲ့တာ)ခဲ့တာ။အခုတော့ သကြားပါ လျှော့စားနေရပါတယ်။လုပ်ပါအုန်းဗျာ--အခုလို ကျန်းမာရေးဆောင်းပါးလေးတွေ ထပ်တင်ပါ။အမြဲတမ်းလာ လည်ပါ့မယ်။ရေးပါ့မယ်။ငရုပ်သီးက မှတ်ဥာဏ်တိုးတက်စေတယ်။အပြင်က ရောဂါကို အတိုင်းအတာတစ်ခုထိ ဟန့် တားပေးတယ်ဆိုလို ငြုပ်သီးကြိုက်တဲ့ ကျနော်အတွက်တော့ ဟန်ကျပါတယ်ဗျို့ .။ ဘိုင့်ဘိုင်ပါခင်ဗျာ
မျိုးထွန်း