Photobucket

Monday, September 8, 2008

အင်ဂျင်နီးယားရင်းအံ့ဖွယ်- A380 (အပိုင်း- ၁)





ကျွှန်တော်လည်းပိုစ့်မတင်ဖြစ်တာတော်တော်လေးကြာသွားတယ်။ ဆောရီးဘဲပါဗျ။ နွေရာသီကျောင်းပိတ်ရက်ကုန်သွားလို့ဝမ်းနည်းနေလို့ကတစ်ကြောင်း၊ ကျောင်းသားသစ်ရောက်လို့ ပြင်ဆင်ပေးရတာကတစ်ချက်၊ အိပ်ငိုက်လို့ ရေးပြီးပိုစ့်ကို မှားဖျက်မိတာကတစ်ချက် နဲ့ မရေးဖြစ်တာပါ။ဆင်ခြေပေးတာ :P။ ကျောင်းလည်းဖွင့်ပြီဆိုတော့ အတန်းတစ်ခုပြီးတစ်ခုတက်လိုက်၊ ထွက်လိုက်လုပ်နေရတယ်။ ကောင်းတာတစ်ခုကတော့ကျောင်း canteen ပြန်ဖွင့်တာပါ။ နွေရာသီတုန်းကအစာပြတ်လို့ ဆယ်ပေါင်လောက်ကျသွားတာ(ပေဖူုးအားကျနေလောက်ပြီ) အခုမှဘဲ အတိုးချပြီးပြန်စားရတော့မယ်။

ကျွှန်တော်ဒီတစ်ပတ်ပြောမယ့်အကြောင်းကတော့ A380 ကမ္ဘာ့အကြီးဆုံး ခရီးသည်လေယဉ်အကြောင်းဖြစ်ပါတယ်။ အင်ဂျင်နီးယားရင်းလောက၏ ကြီးကျယ်သောအောင်မြင်မှုတစ်ခုလို့ ဆိုရပါမည်။ A380 အကြောင်းမပြောခင် ၄င်း၏ထူးခြားချက်များကိုပြောရရင်တော့ A380 သည် -

၁။ ခရီးသည်ပေါင်း ၈၄၀ ကျော်ဆန့်ခြင်း

၂။ အရှည် ၇၃ မီတာ၊ အလျား ၇၉.၈ မီတာ၊ အမြင့် ၂၄.၁ မီတာရှိခြင်း။ (Boeing-747 သည် အရှည် ၇၆ မီတာ၊ အလျား ၆၈.၅ မီတာ၊ အမြင့် ၁၉.၄ မီတာရှိသည်။)

၃။ အလေးချိန်တန် ၅၉၀ လေးခြင်း။ (ကမ္ဘာ့ဒုတိယအကြီးဆုံး ခရီးသည်လေယဉ် Boeing-747 သည် တန်ချန် ၄၁၀ သာရှိသည်။)

၎။ အစမှအဆုံး ယင်းစီမံကိန်းအတွက် ဒေါ်လာ ၁၇.၄၉၆ ဘီလီလျှံနီးပါးကုန်ကျခဲ့ခြင်း။

၅။ စက်ပစ္စည်းအစိတ်အပိုင်းများကို နိုင်ငံပေါင်းစုံမှရယူခြင်း။

၆။ ကမ္ဘာ့အကြီးဆုံး ခရီးသည်လေယဉ်ဖြစ်ခြင်း။

၇။ အရွယ်ကြီးခြင်းတို့ ဖြစ်ပါတယ်။




Boeing ၇၄၇ နဲ့ယှဉ်ရင်တော့ Airbus 380 ကအရွယ်အများကြီးပိုကြီးတာကိုတွေ့ရပါတယ်။ ခရီးသည်လည်း Boeing ထက် ၅၀ ရာခိုင်နှုံးကျော်ပို၍ဆန့်ပါတယ်။ Airbus ဘာ ဖြစ်လို့ဒီလောက်ကြီးတဲ့လေယဉ်ဆောက်ရတာလည်းဆိုတာစဉ်းစားစရာပါဘဲ။

ဆောက်ပြီးသွားလျှင်လည်းမိုးပေါ်ပျံနိုင်မလားဆိုတာလည်း စိတ်ပူစရာပါဘဲ။ ဒါပေမဲ့ Airbus အခုလိုအရဲတင့်ပြီး အရူးထကာ စိတ်ကူးယဉ်ပြီး အပျော်ဆောက်နေတာတော့မဟော့ဘူး။ Boeing ရဲ့ ၁၉၇၀ ခုနှစ်ဝန်းကျင် လောက်ကတည်းက နှစ်ပေါင်းများစွာကြီးစိုးမှူကို ချိုးနှိမ်နိုင်ရေးအတွက် စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပါတယ်။ Boeing ၇၄၇၊ ၇၈၇(တည်ဆောက်ဆဲ) စသည့် Model တွေဟာခရီးသည် နည်းနည်း(ပျမ်းမျှအားဖြင့် ခရီးသည်အယောက် ၃၀၀ မှ ၄၀၀ ) ကိုမဝေးလံလှသည့် နေရာနှစ်ခုကို ထိရောက်စွာပျံသန်းနိုင်ဖို့ရည်ရွယ်ကာတည်ဆောက်ထားခြင်းဖြစ်ပါတယ်။ Airbus 380 ကတော့ Boeing နဲ့မတူတဲ့နည်းဗျုဟာကိုအသုံးချထားပါတယ်။ နှစ်စဉ် ခရီးသည်ဦးရေ တိုးတက်လာသည်နဲ့အမျှ ကောင်းကင်ကြီးလည်းပိုပြီး ကြပ်တိတ်လာပြီဖြစ်သည်။ နောင်အနှစ် ၃၀၊ ၄၀ လောက်ဆို လေယဉ်ကွင်းတော်တော် များများနေရာလူတွေနဲ့ပြည့်မည့်အနေအထားမှာရှိသည်။ ထို့ကြောင့် Airbus သည် ကောင်းကင်တွင်နေရာရှားပါးမှုပျက်သာနာနဲ့ နှစ်စဉ်တိုးပွားနေသော ခရီးသည်အရေအတွက်ကို သည်ဆောင်နိုင်ရေးအတွက် ယခုလို ကမ္ဘာ့အကြီးဆုံး လေယဉ် A380 ကိုတည်ဆောက်ခဲ့ခြင်းဖြစ်ပါတယ်။ Airbus 380 သည် ခရီးသည်ပေါင်း ၈၀၀ ကျော်ကို တစ်နာရီ ၉၀၀ ကီလိုမီတာကျော်ဖြင့် ကီလိုမီတာပေါင်း ၁၅,၀၀၀ ကျော် မနားတမ်းပျံသန်းနိုင်စွမ်းရှိပါတယ်။ ထို့ကြောင့် Boeing ကမြို့တစ် မြို့နဲ့တစ်မြို့ပျံသန်းနေချိန်တွင် Airbus 380 ကတော့ သမုဒ္ဒရာကိုဖြတ်ကာ တိုက်ကြီးများကိုချိတ်ဆက်ပျံသန်းနေမည်ဖြစ်သည်။ ထို့ပြင် Airbus 380 ၏ကြီးမားသော ဒီဇိုင်းကြောင့် ခရီးဝေးပျံသန်းရာတွင် ပျံသန်းရာတွင် ဆီစားပို၍သက်သာသည်။
စတင်တည်ဆောက်ခြင်း
Airbus ၃၈၀ ကို ၂၀၀၈ ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် တည်ဆောက်ဖို့ Airbus အရာရှိများက ဆုံးဖြတ်ခဲ့ကြသည်။
Airbus ၃၈၀ ကိုတခြား မိုဒယ်လ်ဟောင်းများဖြစ်သော Airbus ၃၃၀၊ ၃၄၀ ကိုကျော်ကာအမည်ပေးထားခြင်းဖြစ်သည်။ ၈ ကိုသုံးရခြင်းမှာ ၄င်းနံပါတ်သည် လေယဉ်ကိုယ်ထည်၏ ထောင့်ဖြတ်ဧရိယာကို ကိုယ်စားပြုတလို အရှတိုက်နိုင်ငံများအတွက် လပ်ကောင်းစေသော ဂဏန်းလည်းဟုတ်တယ်။ တရုတ်နိုင်ငံတွင် ၈ ၏အသံထွက်သည် ကြွယ်ဝမှုနဲ့အသံထွက်တူုသည်။ ယင်းစီမံကိန်းအတွက် ဒေါ်လာ ၈.၈ ဘီလ်ီလျှံခန့်ကုန်ကျမည်ဟု ရည်ရွယ်ထားသော်လည်း အစအဆုံး ၁၁ ဘီလ်ီလျှံနီးပါးကုန်ကျခဲ့တယ်။ ဒီလိုမျိုး စရိတ်ပိုကုန်ကျခြင်းကတော့ ကြီးမားသောစီမံကိန်းတိုင်းမှာတွေ့ရသောပြသာနာတစ်ခုပါ။ ဥပမာ ၁၉၄၁ တွင်The Pentagon ဆောက်တုံကလည်း ၆၀ မီလီလျှံခန့်သာ ခန့် မှန်းထားသော်လည်း နောက်ဆုံးတော့ စုစုပေါင်း ဒေါ်လာ ၈၀ မီလီလျှံထိရောက်သွားခဲ့တယ်။

အောက်ပါဗီဒီရိုတွင် A380 ၏အစိတ်အပိုင်းများကို စက်ရုံရောက်အောင် နေရာစုံမှတင်တွင်းခဲ့ပုံကိုပြထားသည်။



Airbus တည်ဆောက်ရာတွင် စိတ်ဝင်စားစရာကောင်းတဲ့တစ်ချက်ကတော့ နိုင်ငံအစုံ၊ ဒေသအစုံမှပစ္စည်းများရယူခြင်းပဲဖြစ်ပါတယ်။ ယခု A380 လိုကြီးမားသောလေယဉ်ကိုဆောက်ရာတွင် စက်ပစ္စည်းအားလုံးကို တစ်နေရာတည်းမှထုတ်လုပ်နိုင်ဖို့ မဖြစ်နိုင်ပါဘူး။ A380 ၏အစိတ်အပိုင်းများကို အောက်ပါ ဥရောပနိုင်ငံပေါင်းစုံမှရယူခဲသည်။
-ဘရော့ထိန်၊ ဝေလ်နိုင်ငံ။ (လေယဉ်အတောင်)
-ဟန်းဘတ်၊ ဂျာမနီ။ (လေယဉ်ကိုယ်ထည်)
- စတိတ်၊ ဂျာမနီ။ (မှီးတောင်၊ Tail fin)
- ပျူအာတို ရီးရယ်လ်၊ စပိန်။ (Rudder)
- စိန့်နာဇယ်လ်၊ ပြင်သစ်။ (လေယဉ်ဦပိုင်း)
- မီးယော့၊ ပြင်သစ်။ (လေယဉ်ကိုယ်ထည်နှင့် အတွင်းပိုင်းတပ်ဆင်ဖွယ်ရာများ)
- ထောလော့စ်၊ ပြင်သစ်။ (နောက်ဆုံးလေယဉ်ဆင်မှု)
- ဟန်းဘတ်၊ ဂျာမနီ။ (လေယဉ်အတွင်းပိုင်းဆင်ယင်မှုနဲ့ ဆေးခြယ်လ်ခြင်း)
Airbus ၏တခြား အစိတ်အပိုင်းများကိုတော့ US အပါအဝင် တခြားနိုင်ငံပေါင်းစုံမှတင်သွင်းခဲ့ကြသည်။

အခုလိုအစိတ်အပိုင်းများကိုနေရာပေါင်းစုံမှတင်သွင်းခြင်း၏ အဓိကပြသာနာကတော့ စက်ရုံကိုရောက်အောင်ယင်း အစိတ်အပိုင်းများကို ဘယ်လိုသယ်ဆောင်ရမလဲဆိုတာပါဘဲ။ ဥပမာ အောက်ဓါတ်ပုံတွင်ပြထားသည့်အတိုင်း ဤမျှကြီးမားသောလေယဉ်ကိုယ်ထည်ကို ရိုးရိုးလမ်းမကြီးပေါ်တွင်သယ်ဆောင်ဖို့မှာ အလွန်ပင်ခဲယဉ်းလှသည်။ နေ့တွင် Traffic ရှောင်ဖို့ အဓိကညတွင်သာ တစ်နာရီမိုင် ၂၀၊ ၃၀ နှန်းဖြင့်သယ်ဆောင်ရခဲသည်။ ထိခိုက်မှုအနည်းအကျင်း ဖြစ်သွားရုံနဲ့ အစိတ်အပိုင်းတစခုလုံးကို သုံးလို့မရတော့လို့ အထူးဂရုစိုက်ပို့ဆောင်ကြရသည်။



လေယဉ်၏တောင်ပံအစိတ်အပိုင်းကိုသယ်နေပုံ။



လေယဉ်ကိုယ်ထည်ပိုင်းကို ပြင်သစ်နိုင်ငံ ဂါးရောင်းမြစ်တလျှောက်သယ်ယူစဉ်။



A380 ကိုယ်ထည်ပိုင်းကို Floating Transfer Station မှသယ်ယူနေပုံ


Airbus 380 ဒီဇိုင်းနှင့် ဖွဲ့စည်းထားပုံ
Airbus ကို Model နှစ်မျိုးဖြင့် တည်ဆောက်ထားသည်။ ပထမ Model မှာ Airbus A380-300 ဖြစ်ပြီးခရီးသည်ပေါင်း ၅၅၅ ယောက်ဆံ့အောင်ဖွဲ့စည်းထားသည်။ နောက်ပြီးတော့ ခရီးသည် ၈၅၃ ယောက်ဆံ့သော class တစ်တည်းထားရှိသော Model မျိုးကိုထားရှိသည်။ မေလ ၂၀၀၇ ခုနှစ်တွင် Airbus က ကီလိုမီတာ ၃၇၀ ကျော်ပို၍ ပျံသန်းနိုင်ရန်အတွက် ခရီးသည်ခုံ ၃၀ လျှော့ကာ နောက်ပုံစံတစ်မျိုးဖြင့် တည်ဆောက်ခဲ့သည်။ ဒုဓိယ Model ဖြစ်သော A380-800F မူကုန်ပစ္စည်းသယ်ဆောင်ရန်အဓိကဖြစ်ပြီး တန်ချိန်ပေါင်း ၁၅၀ တန်သယ်ဆောင်နိုင်ပြီး မိုင်ပေါင်း ၁၀၀၀၀ ကျော်ပျံသန်းနိုင်သည်။ (မူကုန်ပစ္စည်းသယ်လေယဉ်မှာတော့ A380 ကအကြီးဆုံးမဟုတ်ပါဘူ။ Russia ၏ Space Program အတွက် စတင်တည်ဆောက်ခဲ့သော Antonov An-225 သည်ဤကဏ္ဌတွင် အကြီးဆုံးဖြစ်သည်။
A380 ၏ကြီးမားသောကိုယ်ထည်ကို ပျံသန်းနိုင်ရန် အရေးကြီးဆုံးအရာသည် ၄င်း၏ ကြီးမားသော Trent 900 အင်ဂျင်လေးလုံးပင်ဖြစ်သည်။ ယင်းအင်ဂျင်သည် Thrust rating ၈၄,၀၀၀ အထိရောက်ရှိနိုင်ပြီး contra-rotating high pressure shaft (ဝင်ရိုးတစ်ခုတည်းပေါ်တွင်ရှိသော Propeller များသည် ဆန့်ကျင်ဖက် ဦးတည်ဖက်ကိုလည်အောင်ပြုလုပ်ထားသည်) ဖြင့် လောင်စာဆီကုန်ကျမှုသက်သာစေရုံမျှမက အခြားပုံမှန်အရွယ်တူလောယဉ်အင်ဂျင်တွေထက်လည်း အလေးချိန်ပိုနည်းပါတယ်။

အောက်ပါဗီဒီရိုသည် ဂျက်အင်ဂျင်၏အလုပ်လုပ်ပုံကို ရှင်းပြထားသည်။


ယင်းအင်ဂျင်သည် ကြီးမားသော်လည်း သေချာစွာ ဒီဇိုင်းလုပ်ထားခြင်းဖြင့် ဆူငြံမှု အနည်းဆုံဖြစ်အောင်၊ ပတ်ဝန်းကျင်ညစ်ညမ်းစေမှုကန့်တပ်ချက်နဲ လိုက်လျောညီထွေမှုရှိအောင်ဖန်တီးထားပါတယ်။ မဟုတ်ရင်တော့ A380 သွားရာနေရာတိုင်း နားပိတ်ထားရပါလိမ့်မယ်။ ယင်းအင်ဂျင်သည် သဘာဝဓါတ်ငွေ့မှဆင်းသက်သော လောင်စာနှောကိုအသုံးပြူထားပါတယ်။ ယင်းလောင်စာနှောကို မလေးရှားနိုင်ငံတွင် GTL (Gas to liquid) နည်းပညာဖြင့် ထုတ်လုပ်ထားပြီး A380 တွင်သုံးသော လောင်စာဆီတွင် ၆၀ ရာခိုင်နှန်း ဂျက်လောင်စာနှင့် ၄၀ ရာခိုင်နှုန်းလောင်စာနှောပါရှိပါတယ်။ ယခုလိုလောင်စာနှောသုံးရခြင်း၏ရည်ရွယ်ချက်မှာ တစ်နေ့တခြားရှားပါးလာသော ရေနံဆီပေါ်မူတည်ရေးမှ ကင်းလွတ်ရန်ဖြစ်သည်။ (အရှေ့အလယ်ပိုင်း အခြေအနေကလည်းမဟန်) ယင်းလောင်စာနှောကို ဇီဝဗေဒနည်းပညာဖြင့်ထုတ်လုတ် နိုင်သည်။

အခုဒီတစ်ပတ်တော့ဒီလောက်ပါဘဲ။ နောက်တစ်ပတ်မှဇတ်လမ်းတွဲနဲ့ ဆက်လက်တင်ပြပါမယ်။ ကျွှန်တော်ကတော့ကိုယ်ကြိုက်တာဘဲအဓိကတင်ပြနေတယ်။ ဘယ်လိုမျိုး technology လက်ဖက်ရည် မျိုးသောက်ချင်လဲဆိုတာပြောလို့ရပါတယ်။ ကျွှန်တော် ရသလောက်တော့မသေခင် ရေးသားသွားပါမယ်။ :P

13 comments:

PP said...

ကိုပိန်ရေ ကျောင်းသားသစ်က တော်တော်ဒုက္ခပေးနေတယ် ထင်ပ။ အဟိ။ :D :D

တို့ဗမာနိုင်ငံကကော ဘာအစိတ်အပိုင်းမှ မပါဘူးလားဗျို့။ ဗမာနိုင်ငံက ၉၅ ရာခိုင်နှုန်းသန့်စင်တဲ့ ကြေးနီတွေ ထွက်တယ်လေ။ တစ်နေရာရာမြုပ်နေတာ နေမှာပါနော်။

airbus 380 အတွက် ကျေးဇူးပါ။ ခရီးသည်ထိုင်ခုံတွေ ပိုကျယ်ကျယ်ထားရင် ပိုကောင်းမှာပဲ။ :D

အိတာ said...

ဖတ်သွားပါတယ်...ကြိုက်တယ်..လေယာဉ်ကိုပါ...အဟီ...
မသေခင်တော့ရေးသားသွားပါ့မယ်ဆိုတော့ တီးက
တော်တော်တွန်းထားပုံရတယ် ဟီဟီ (စတာ)..
ဝေမျှတာကျေးဇူးပါ...:D

Tea said...

Thank You for the knowledge.

Tea

Tea said...

ပေဖူးခွာရေ..
သမီးလေးပဲ အင်ဂျင်နီယာကြီးဖြစ်မှ မြန်မာပြည်အတွက် တစ်ခုလောက် ပါရအောင် ထုပ်ပေးလိုက်တော့...

Anonymous said...

Air Buses ကြီးတွေ အမြဲတမ်း ဘိုးရင်းတွေထက် ရှေ့ပြေးနေတာ ဘိုးရင်းက ဘာမှမလုပ်နိုင်တာ စိတ်ပျက်စရာပါ

PP said...

ပေဖူးလွှာတို့ rocket ဆောက်ရင် တီးကို အရင်ဆုံးတင်လွှတ်ရမယ်။
ပျက်ကျတဲ့ အထဲ ပါသွား အေးရော :P :P :P
နောက်တစ်ယောက်ကတော့ မရွေးရသေးဘူး။ rocket စီးချင်တဲ့ သူတွေ စာရင်းပေးကြနော်။
စက်မှု(၂)က ထုတ်တဲ့ ရေသာခို metal quality တွေနဲ့ ဆောက်ပေးဦးမှာ။ အဟိ

Thet Oo said...

စိတ်ဝင်စားဖို့ ကောင်းပါတယ်။ တီးရေ။

Suburban Area said...

စာရင်းလာပေးတာတော့မဟုတ်ဘူးနော်..။ကိုပိန် တင်ပြတာကောင်းတယ်..ကြိုက်တယ် လေယာဉ်ကို...။ဘာပစ္စည်းအသစ်အဆန်းထွက်ထွက် မြန်မာပြည်နဲ့ဘာမှမဆိုင်သလို့ပဲဖြစ်နေတာကြာပြီးး:(ကိုပိန်ရေ တိုက်တန်းနစ်သင်္ဘောအသစ်အကြောင်းရေးပေးလေဗျာ...အဲဒါလဲတော်တော်မိုက်တယ်၊
အရမ်းကြီးမိုက်တယ်၊လန်ထွက်နေအောင်မိုက်တယ်...

သိပံ္ပမောင်ပိန် said...

ပေဖူး rocket ကလူကိုမြေကြီးပေါ်ရောက် ရင် အသက်ထွက်ပြီးသားအာမခံ ပေးတာလား။ ပေဖူးလွာကြီး စက်မှု(၂) မှာ internship ရတာမဆန်းဘူး။

ဒေါက်တာရမ်းကု said...

ရေးထားတာအရမ်းကောင်းတယ်၊ အပိုင်း-၂ ကိုစောင့်နေပါ့မယ် ကိုပိန်ရေ....

Anonymous said...

ရန်ကုန်လေဆိပ်ကို A380 ကြီး ဆင်းသွားလိုက်ပြီး.. တစ်ချက်လောက် ဖင်လှည့်ခေါင်းလှည့်လုပ်လိုက်ရင် လေဆိပ်ကြီး အမှုန့်ဖြစ်သွားမယ်

မှတ်ချက် - ဆင်းလို့တောင်ရမယ်မထင်

Lin Sit Thu said...

A very good and detailed writing with great presentation... two thumbs up! You probably have done a lof of research on it. Good job!

dare2fight said...

Yo Yo !

Started to decide to bulid A380 in 2008 december 19.

Amazing ?

",?

Please check again