Photobucket

Wednesday, September 17, 2008

ကျွန်တော်နှင့် ပင်လယ်

ပင်လယ်ကြီး ဆိုတာ ကျွန်တော့် အတွက် အရမ်း တန်ဖိုးရှိတဲ့ အရာ တစ်ခုပါ။ ကျွန်တော် ပင်လယ်ကြီးကို အရမ်း ချစ် မြတ်နိုး ပါတယ်။ အမြဲတမ်းလည်း ရောက်ဖြစ်ပါတယ်။ ပင်လယ်ကြီးဆီကို ရောက်ရင် ခက်ထန် သန်မာနေတဲ့ အဖြူရောင် လှိုင်းလုံးကြီး တွေကို ရပ်ကြည့် လိုက်ရုံနဲ့ ပင်ပန်း နွမ်းနယ် မှုတွေ၊ စိတ်ကျဉ်းကျပ်မှု တွေ၊ စိတ်ဖိစီးမှုတွေ အားလုံး လှိုင်းလုံး တွေနဲ့ အတူ ပင်လယ်ထဲကို မျောပါ ဖယ်ရှားခြင်း ခံလိုက် ရပါတယ်။ ပင်လယ်က ပြန်လာလေ့ရှိတဲ့ ကျွန်တော်ဟာ ပင်လယ်ကို မသွားခင် ကထက် အများကြီး ပိုပြီး ခွန်အားသစ် တွေနဲ့ ပြည့်ဝနေပါတယ်။

ဒီနေ့ လည်း ပင်လယ်ကို ရောက်တုန်း . . .
အချစ် အကြောင်းကို စဉ်းစားရင်း . . .







လေးစားလျှက်
Tea

10 comments:

Tea said...

မှတ်ချက်။ ။ အချစ်အကြောင်းကို စဉ်းစားရင်းနဲ့ ရုတ်တရက် အားလုံးကို မုန်းသွားတာပါ။ တကယ်တော့ မမုန်းပါဘူး။ :D

Anonymous said...

တော်ပါသေးရဲ့  Comment မှာ ပြန်ဖြည်ထားလို့ ကြည့်ကောင်းကောင်းနဲ့ ကြည့်နေတုန်း စကားမစပ် အားလုံးကို မုန်းတယ်ဆိုတော့ ငါ့ဆရာ ဘာများဖြစ်လို့ပါလိမ့်လို့ ဟားဟားဟား

Unknown said...

ဟားဟား.....
တီးရေ..
အကျင့်ချင်းတော့ တူတယ်...
ကိုယ်လည်း ပင်လယ်ကို ချစ်တယ်...
ဒါပေမယ့်
အချစ်အကြောင်းတော့ မစဉ်းစားမိပေါင်....
ကိုယ်က ပင်လယ်ကို မြင်နေရရင်ကို စိတ်ချမ်းသာတာဟ။ ။
တခါတခါလည်း ကြောက်တတ်တယ်။ ။

Anonymous said...

မုန်းပါနဲ့တီးရယ်
ဟဲဟဲ

Tea said...

ဒါနဲ့.. ကျွန်တော်သဲပေါ်မှာ တုတ်နဲ့ ရေးခြစ်ခဲ့တဲ့ နံပါတ် ၂ က ဓာတ်ပုံက တော်တော် ကြီးပါတယ်။ အကြီးကြီးမှ အကြီးကြီးပါ။ သူများတွေတောင် လာဝိုင်းကြည့်သွားတယ်

Anonymous said...

ကိုတီးရဲ့ အသည်းပုံတွေက လေယာဉ်ပေါ်က ကြည့်နေရသလိုပဲနော်.. ဟီးးး.. လှတယ်.. :P

Unknown said...

တီးရေ ပုံကိုကြည့်သွားတယ်နော်။ တစ်ခုခုကို ဖော်ပြနေသလိုဘဲလို့ခံစားရတယ်။
ကွန်မတ်ထဲ ရောက်မှတွေ့တော့တယ်။
မေမိုးမခ

PP said...

ဓါတ်ပုံ lighting တွေက မိုက်တယ်။ photoshop ထားတာလား

Tea said...

ဖိုတို မရှော့ထားပါဘူး သမီးပေဖူးရယ် :D

Anonymous said...

ဓာတ်ပုံကြည့်ရင်း အားလုံးကိုမုန်းတယ်ဆိုတော့ လန့်သွားတာပဲ.. အဟီးး.. တော်သေးတယ် ကွန်မန့်မှာရေးထားလို့... ပုံလေးတွေမိုက်တယ် :P