Photobucket

Thursday, September 4, 2008

ပေဖူးလွှာဆိုပါလား


ကိုယ့်နာမည် ————- နာမည်ကတော့ ပေဖူးလွှာ တဲ့ (PP = Pay Phoo ပေါ့)
ကိုယ့်ဘာသာကိုယ် ထင်တာကတော့ PP = Pretty Princess ပေါ့နော်။
အိမ်က မောင်ကတော့ PP = Porky Pig တဲ့။
အထက်တန်းကျောင်းတုန်းကတော့ PP = Pal Pyote ပဲပြုတ်တဲ့။
US မှာ ကောလိပ်တက်တော့ သူငယ်ချင်းတွေက PP = Pumpkin Pie လို့ခေါ်တယ်ရ်။ :D

Relationship Status - စက္ကန့်နှင့် အမျှ ပြောင်းလဲနေပါသဖြင့် လူကိုယ်တိုင်လာမေးပါရန်။ အမေကတော့ Las Vegas မှာ မူးပြီး လက်မထပ်မခြင်း ok တယ်လို့ ဆိုပါတယ်။ အဟိ

ဒီမှာနေတယ် ———— မြန်မာနိုင်ငံကနေ ကမ္ဘာထုတ်ချင်းပေါက်တွက်မယ်ဆိုရင် ကမ္ဘာ့အချင်းကို ပေ၃၅၀၀ ထပ်ပေါင်းပါ။

ကိုယ့်ဆီဖုန်းဆက်ချင်ရင် ——— ဘယ်ဖုန်းခေါ်ခေါ် ကိုင်ဝူး။ text message ဆို စက္ကန့်မခြား reply တယ်။ :D

အရောင်ဆိုရင် ——— တို့ကတော့ ခပ်စိမ်းစိမ်းပဲ

အ၀တ်အစားဆိုရင် ——— ကြိုက်တာပြောရင် ၀ယ်ပေးမှာလားလို့။

အစားအစာဆိုရင်———- မုန့်ဟင်းခါး၊ ကြေးအိုး၊ ကြာဇံချက်၊ ရှမ်းခေါက်ဆွဲ၊ အုန်းနို့ခေါက်ဆွဲ၊ ရခိုင်မုန့်တီ၊ ၀က်သားတုတ်ထိုး၊ ဆီချက်၊ ဆမူဆာသုတ်၊ မြီးရှည်၊ ခေါက်ဆွဲသုတ်၊ ၀က်သား မုန့်ဖက်ထုတ်၊ အကင်စုံ။

ပစ္စည်းဆိုရင် ——— တိုလီမိုလီ ကွိစိကွစ အစုံပလုံ ရှိရှိသမျှ မဟုတ်ကဟုတ်က

အကြိုက်ဆုံးကား ------ Legendary Most Expensive ကိုးခြောက်ကိုးသုံး :P

သီချင်းဆိုရင် ———- အကုန်နားထောင်တယ်။ ကြိုက်တဲ့သီချင်းလာထား။ မေးတဲ့သူ ငိုအောင်ဆိုပြမယ်။ :P

အကြိုက်ဆုံးစာရေးဆရာ ———- စာရေးတဲ့လူတိုင်း စာရေးဆရာ။ ဒါဆိုရင် ပေဖူးလွှာကို အကြိုက်ဆုံးပဲ၊ အဲဒီစာရေးဆရာမလေးက တော်တော်ချောဆိုပဲ အဟိ

စာအုပ် ———– Books??? Nah. ကျောင်းဖတ်စာအုပ်တောင် ကုန်အောင်ဖတ်ဘူး။ အပြင်စာဆို ဝေးစွ။ :P

Life style ———- ဒါကတော့ နည်းနည်း Serious တယ်။ ဘ၀က နှစ်ခုဖြစ်နေတယ်။ အိမ်မှာဆို လိမ္မာရေးခြား အေးဆေးတဲ့ သမီးလေး။ ကျောင်းမှာတော့ မျောက်လွှဲကျော်၊ :P

ကိုယ့်ရဲ့ဝါသနာ ———- badminton, swimming, running, camping, hiking, Science, Random naps. :P

အလိုချင်ဆုံးလက်ဆောင် ———- Mercedes McLaren Mini SLR စေတနာရှိရင် စွန့်ကျဲကြပါ။ :P

ကိုယ့်ရဲ့ အချစ်ဆုံးသူက ———- အဖေ။ မယုံမရှိနဲ့ တဂယ်။
မမေသူလို လင်လောင်းမရှိတော့လဲ ဖေဖေ့ကိုပဲ ချစ်တော့မယ်။

ကိုယ့်ရဲ့ အလေးစားဆုံးသူက ———- အဖေ။

ကိုယ့်ရဲ့ အခင်ဆုံးသူငယ်ချင်းက ———- ရော် ခက်ပြီ။ တီးလို့ ပြောရင် လင်းစစ်သူက ထရိုက်မယ်။ လင်းစစ်သူလို့ ပြောရင် တီးအော်တာ ခံရမယ်။ ဘယ်လိုလုပ်ကြမလဲ။

ကိုယ့်ကို အများဆုံးနားလည်မှုပေးနိုင်သူက ———- သူငယ်ချင်းတစ်ယောက်။ သူက ပေဖူးအကြောင်းကို ပေဖူးထက်တောင် ပိုသိသေးတယ်။ သူ့ရှေ့မှာဆို လုံးဝညာမရဘူး။ သူ tag game ကို ဖတ်ပြီး ပြုံးနေမှာပါ။

ကိုယ့်ရဲ့ အမုန်းဆုံးသူက ———- မဆိုင်တာတွေ ၀င်ပါတတ်သူ

ရင်အခုန်ဆုံးအချိန် ———- အလိုလေး၊ ရင်ခုန်တာဆုံးသွားရင် သေသွားမှာပေါ့။

အကြောက်ဆုံးအချိန် ———- ထမင်းစားဝိုင်းမှာ ငါးဟင်းအကောင်လိုက် လာချတဲ့ အချိန်တွေ

အပျော်ဆုံးအချိန် ———- နေ့တိုင်းလိုလိုပဲ ပျော်အောင်နေရတာပေါ့

အမှတ်တရနေ့ ———- အမှတ်တရတော့ မသိဘူး။ ချော်လဲတာတို့ ပြုတ်ကျတာတို့ကနေ အမာရွတ်ရတဲ့နေ့တွေတော့ မှတ်မိတယ်။ :P

ဆုတောင်းတိုင်းသာပြည့်မယ်ဆိုရင်တောင်းမဲ့ဆု———- အားလုံးငြိမ်းချမ်းပြီး လောဘ၊ မောဟ၊ ဒေါသ၊ ဆင်းရဲဒုက္ခကင်းဝေးပါစေ။ (nirvana ထင်တယ်။ အဟိ)

အချစ်ဆိုတာ ———- ကောင်းကောင်းမကိုင်တွယ်တတ်ရင် ကိုယ့်ဘက်က နာဖို့ချည်းပဲ

အမုန်းဆိုတာ ——— သိပါဝူး။ တို့က အဲလို မစိမ်းကားတတ်ဘူး။ အဟိ :P

အလွမ်းဆိုတာ ——— ဒါကြီးကိုတော့ သေမတတ်ကြောက်တယ်

သံယောဇဉ်ဆိုတာ———- ၅၂၈ မေတ္တာ

ဘ၀ဆိုတာ ———- အဘပိန်ရဲ့ အကို

သူငယ်ချင်းဆိုတာ ———- a closest relative in everyday live

ရည်းစားဆိုတာ ———- ရစ်မယ် ကောက်မယ် ပြသနာရှာမယ် password တောင်းမယ် ထမင်းလိုက်ကျွှေးခိုင်းမယ် စာမေးပွဲနီးရင် ရုပ်ရှင်လိုက်ပြခိုင်းမယ် basketball ပွဲသွားကြည့်ဖို့ ချိန်းထားရင် အိပ်ပျော်သွားမယ် ဟိုးအရင် သုံးနှစ်ထဲကစပြီး history ကို လိုက်စစ်မယ် အိမ်လိုက်ပို့ခိုင်းပြီး ညကြီးသန်းခေါင် ခြေကျင်ပြန်ခိုင်းမယ် LAST but not LEAST ကိုယ့်အိမ်စာတွေလုပ်ခိုင်းမယ်။ :D :D :D

ကိုယ့်ကိုယ်ကိုဒီလိုထင်တယ် ———- ပေါတောတော ယောင်ချာချာ စာမကျက်တဲ့ ကောင်မလေးတစ်ယောက်။ ဒါပေမဲ့ serious ဆိုရင် အရမ်း serious တတ်တဲ့သူ။

ကိုယ့်ရဲ့လက်ဆွဲဆောင်ပုဒ်က ———- May you live everyday of your life. (
သေချာစဉ်းစားကြည့်နော်။)

ဒီမှာတင် tag ပွဲပြီးပါပြီ။ နတ်ပွဲထက်ဆိုးတဲ့ တတ်ပွဲ။ နောက်တစ်ခါ tag ရဲ tag ကြည့် လက်သီးစာတွေရော လက်ဝါးစာတွေရော ခြေဖနောင့်စာရော ဒါမှ မနိုင်ရင် ကိုယ်လုံးနဲ့ ၀င်ဆောင့်မယ်။ ဟင်း ဟင်း ပေဖူးလွှာတဲ့ တစ်လွှာထဲရှိတယ်။ :P

ပျော်ရွှင်ကြပါစေ
ပေဖူးလွှာ

8 comments:

ကိုရင်နော်ခင်လေးငယ် said...

မျောက်လွှဲကျော်ပေပေနော်....
ဖုန်းဆိုရင်ကိုင်ဖူးး...ဆက်ဖူး ဟုတ်
test mesg ဆိုရင်ပြန်တယ်
ခင်လေးသိတယ်နော်...အကုန်အကျ သက်သာလို့ မှတ်လား....
ဟွန်းးးးး

အိတာ said...

ဟဲဟဲ လိမ်မာတယ် ဒို့ ပေပေက...ပေရယ်မျောက်လွှဲကျော်တွေ Myhome မှာစုကြတယ်လို့ ပဲသဘောထားပါ...ဟီဟီ

Anonymous said...

ပေဖူး ရေ
အခုမှပဲ သိတော့တယ်ပေဖူးအကြောင်း

Unknown said...

အချစ်ကို အဓိပ္ပါယ်ဖွင့်တာလေး သဘောကျတယ်။

သိပံ္ပမောင်ပိန် said...

ရည်းစားတိုင်းအဲ့တလိုလား။ လန့်စရာကြီးပါလား။ ပေဖူလွာဆိုတဲ့စာရေးဆရာမကိုဘယ်မှာတွေ့နိုင်မလဲ။ :P

Suburban Area said...

ကိုယ့်နာမည် ---PP=ပဲပြုပ်
Relationship Status---အဖေကတော့ အမူလွန်းပြီးလက်မထပ်ချင်း ok တယ်။အဟ
အ၀တ်အစားဆိုရင်--- ကြိုက်တာပြောလေ ပိုက်ဆံသာပေးအကုန်ဝယ်ပေးမယ်
သီချင်းဆိုရင်---ကျောင်းမတက်ဘဲစီးပွားရှာလို့ရပြီ :P
အကြိုက်ဆုံးစာရေးဆရာ---ပေဖူးလွှာဆိုတဲ့စာရေးဆရာမ
လက်ဆွဲနှုတ်ဆက်တာတောင်ကိုင်လို့မရဘူးး
ကိုယ့်ရဲ့ အခင်ဆုံးသူငယ်ချင်းက---တီးစစ်သူ
မှတ်ချက်။ ။ပေဖူးလွှာတဲ့ တစ်လွှာထဲရှိတဲ့ တစ်ထပ်တိုက်ကွ!!:P

သိပံ္ပမောင်ပိန် said...

ပြောတဲ့ပုံက လင်လောင်းရှိရင် အဖေကို အိမ်ပေါ်ကနေ ကန်ချမဲ့ပုံ...

Anonymous said...

ပေဖား နာ လို.ရော ခေါ်ကျတယ် မလား ဟဲဟဲ