Photobucket

Tuesday, September 16, 2008

Emotion ဆိုသော အရာ


ကျွန်တော်တို့ လူတွေဟာ အမြဲတမ်း မစဉ်းစားနေပေမယ့်၊ ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ ကျွန်တော်တို့ရဲ့ EMOTION ကို လှုံ့ဆော်လာမည့် အရာတွေကို တုံ့ပြန်ဖို့ အမြဲတမ်း အဆင်သင့် ရှိနေကြပါတယ်။ နေ့စဉ်နေ့တိုင်း ကျွန်တော်တို့ အားလုံး ကိုယ်စီကိုယ်စီ များပြားစုံလင်လှသော EMOTIONS တွေကို ခံစားကြရပါတယ်။ သတင်းတစ်ခုခုကို ဖတ်ပြီး ဒေါသထွက်ကြတယ်။ သီချင်းလေး တစ်ပုဒ်ကို နားထောင်ပြီး ရွှင်မြူးတတ်တယ်။ ကိုယ့်နဲ့ ခင်မင်ရင်းနှီးတဲ့သူနဲ့ သဘောမတူတဲ့ အရာတစ်ခုခု ရှိပြီဆိုရင် စိတ်ရှုပ်တတ်တယ်။ EMOTION ဆိုတာကြီးတာ မရှိဘူးဆိုရင် ကျွန်တော်တို့ရဲ့ ဒီကမ္ဘာကြီးဟာ ထုံအ၊ ပျင်းစရာကောင်းပြီး အဓိပ္ပာယ်ကင်းမဲ့ လှသော ကမ္ဘာကြီး ဖြစ်နေမယ်ဆိုတာ အမှန်ပါ။ ကျွန်တော်တို့ လူတွေရဲ့ EMOTION ဆိုတာကို ခံစားနိုင်ခြင်းပင်သည် လူဟူသည့် သက်ရှိသတ္တ၀ါ၏ Function တစ်ခုဖြစ်သလို တခြားသော သက်ရှိတွေနှင့် ကွာခြားတဲ့ အရာတစ်ခုလည်း ဖြစ်ပါသည်။


What is Emotion?
Emotion ဆိုတာ ရှုပ်ထွေးလှသော ခံစားချက်တစ်ခုပင်ဖြစ်သည်။ Emotion မှာ ဦးနှောက်ရော၊ ကိုယ်ခန္ဓာရော နှစ်ခုလုံး စုပေါင်း ပါဝင်ပြီး ဖြစ်ပေါ်လေသည်။ ကျွန်တော်တို့ကို တစ်စုံတစ်ခုသော အရာက personally သက်ရောက်နေပြီ ဆိုလျှင် Emotion ဆိုတာ ဖြစ်လာတတ်ပါသည်။ Emotion ကို ဖော်ပြဖို့ နည်းလမ်းတွေ အများကြီးရှိပါတယ်။ ပြုံးမယ်၊ ရှုံ့မယ်၊ ငိုမယ် အစရှိ တာတွေဖြစ်ပါသည်။ ကျွန်တော်တို့ရဲ့ ပြင်းထန်တဲ့ Emotion တွေ ဘယ်အချိန်မှာ ဖြစ်လာနိုင်သလဲဆိုရင် ၁။ ကိုယ်လက်နှိုးဆွမှုဟု ခေါ်သော Physical Arousal ၂။ သိစိတ် ဟုခေါ်သော Conscious awareness ၃။ ထူးဆန်းတဲ့ ဖော်ပြမှု ဟုခေါ်သော Outward expression အစရှိတဲ့ ၃ခုတို့ပဲဖြစ်ပါတယ်။ Emotion တစ်ခုဟာ လံှု့ဆော်မှုတစ်ခုခု ရှိနေသမျှ ကာလပတ်လုံး ကြာရှည်တတ်သော်လည်း အများအားဖြင့် ခဏတာပဲ ဖြစ်ပါတယ်။ Moods လို့ခေါ်တယ် စိတ်အခြေအနေတွေက Emotion တွေထက် အများကြီး ပိုကြာကြာဖြစ်လေ့ရှိပါတယ်။ Moods တွေက နာရီ၊ ရက် တင်မက ပိုပြီး ကြာကောင်း ကြာပါလိမ့်မယ်။ Joy & Distress က Emotion ပါ။ Happiness & Sadness က Modes တွေပါ။


Two Circuits of Emotion

ကြောက်ရွံ့ခြင်းကို လေ့လာခြင်းဖြင့် EMOTION မှာ ဦးနှောက်ရဲ့ အရေးပါပုံတွေကို သိရှိခဲ့ပါတယ်။ ကျွန်တော်တို့ တစ်စုံတစ်ခုကို ကြောက်လာပြီဆိုရင် ဦးနှောက်ရဲ့ center မှာရှိတဲ့ Thalamus ထဲမှာ လှုံ့ဆော်မှု စတင်ဖြစ်ပါတယ်။ Thalamus ဆိုတာ sensory input တွေကို လက်ဆင့်ကူးပေးတဲ့ structure တစ်ခုပါ။ Thalamus ကနေ ဦးနှောက်ရဲ့ amygdala ကို signal ပို့ပါတယ်။ amygdala ဆိုတာ kidenys ရဲ့ မျက်နှာပြင်တွေပေါ် မှာရှိတဲ့ adrenal glands တွေဆီ message တွေကို လက်ဆင့်ကူးပေးတာပါ။ အဲ့ဒီ glands တွေဟာ ဟော်မုန်ေးတွေ ကို လွှတ်ပေးပြီး ကိုယ်ခန္ဓာကို လုပ်ဆောင်ချက်တွေ ချက်ချင်း ဖြစ်ပေါ် လာစေဖို့ ပြင်ဆင်ပေးပါတယ်။ တစ်ချိန်ထဲမှာပဲ signal က amygdala ဆီကို သယ်ဆောင်ခြင်း ခံရပါတယ်။ Thalamus က နောက်ထပ် signal တွေကို sensory cortex နဲ့ prefontal cortex ဆီကို ပို့ပေးပါတယ်။ ဘာအတွက်လဲ ဆိုတော့ ပိုပြီး considered response တွေကို ရရှိစေဖို့ပါ။ ကျွန်တော်တို့ရဲ့ ကိုယ်ခန္ဓာက ကြောက်ရွံ့ခြင်း တစ်ခုအတွက် တုန့်ပြန်မှုကို amygdala ကနေထဲက လုပ်ပြီးနေလောက်ပါပြီ။ ဒါပေမယ့် prefontal cortex ကနေ ထွက်လာတဲ့ တုန့်ပြန်မှုတွေက ယခင် ဖြစ်ပေါ်ပြီးတဲ့ တုန့်ပြန်မှုတွေကို override လုပ်နိုင်ပါတယ်။ ဥပမာ - သရဲကားကြည့်နေတုန်း မီးဖိုချောင်ထဲက ဂလုံးဂလွမ်းဆိုတဲ့ အသံကို ကြားတော့ ကြောက်ရွံ့ခြင်းဆိုတဲ့ တုံ့ပြန်မှုတွေကို amygdala ကြောင့် ဖြစ်ပေါ်ခံစား ပြီးသွားပါပြီ။ ဒါပေမယ့် အိမ်က ကြောင်မရဲ့ ညှောင်ဆိုတာ ကြား လိုက်တော့ သြော် ကြောင်မ ပဲနေမှာပါ ဆိုပြီး prefontal cortex က ထပ်ဆင့် ဖြစ်လာစေတဲ့ တုန့်ပြန်မှုကြောင့် Relax ဖြစ်သွားပါတယ်။


The Big Six (အဓိက Emotion ၆ခု)
စိတ်ပညာသမားတွေ က အချိန်ကာက ကြာရှည်စွာ Emotion တွေကို ဘယ်လို ကန့်သတ် ခွဲခြား မလဲ ဆိုတာ အငြင်းအခုန် ဖြစ်နေဆဲ့ပါ။ လူများစုကတော့ အဓိက အခြေခံ Emotion ၆ခု ရှိပါတယ်လို့ သဘောတူထားပါတယ်။ သူတို့ကို Universal Emotions တွေလို သိကြပါတယ်။
၁။ ကြောက်လန့်ခြင်း Fear
၂။ ဒေါသထွက်ခြင်း Anger
၃။ ကြည်နူးပျော်မြူးခြင်း Joy
၎။ စိတ်ပျက် ၀မ်းနည်းခြင်း Distress
၅။ ရွံ့ရှာခြင်း Disgust နှင့်
၆။ အံ့သြခြင်း Surprise တို့ပဲဖြစ်ပါတယ်။

အဲ့ဒီ အခြေခံ Emotion တွေက သူတို့နဲ့ သင့်တော်တဲ့ ဦးနှောက်မှာရှိတဲ့ နေရာတွေ activate ဖြစ်လာပြီး သက်ဆိုင်တဲ့ လှုံ့ဆော်မှုတွေ ဖြစ်လာပါတယ်။ သူတို့တွေက များသောအားဖြင့် ရုတ်တရက် ဖြစ်ပေါ်လေ့ရှိပါတယ်။ ဥပမာ - ရုတ်တရက် ခွေးတစ်ကောင်က ကမန်းကတမ်း ပြေးလာကိုက်ရင် မကြောက်အောင် နေဖို့ တော်တော် ခဲယဉ်းပါတယ်။ မျက်နှာတွေကနေ ဖြစ်ပေါ်လာတဲ့ Facial expressions တွေက မြင်ရုံကြည့်ရုံနဲ့ ထိုလူက ဘယ် Emotion ဖြစ်နေလဲဆိုတာ သိနိုင်ပါတယ်။ ရွံ့ရှာလို့ မွှန်ထူ ရှူံ့မယ့်နေတဲ့ မျက်နှာက ကြည်နူးပါတယ်လို့ ပြောလို့ မရနိုင်ပါဘူး။ အရမ်း သိသာ ထင်ရှားပါတယ်။ အခြေခံ Emotion တွေက ဦးနှောက်ထဲမှာ ပုံသွင်းထားပေမယ့် လူတစ်ဦးချင်းစီရဲ့ အတွေ့အကြုံတွေ၊ ယဉ်ကျေးမှု လမ်းစဉ်တွေကြောင့် လူတွေမှာရှိတဲ့ emotion ဖွံ့ဖြိုးမှု ကွဲပြားတတ်ပါတယ်။ ပြောရမယ်ဆိုရင် ဗိုလ်မ တစ်ယောက် အံ့သြတာနဲ့ ဗမာမ တစ်ယောက် အံ့သြပုံ (မျက်နှာအနေအထား) က အနည်းငယ် ကွဲလွဲနေတာကို တွေ့ရပါမယ်။ ဒါပေမယ့် အံ့သြတာခြင်း အတူတူပါပဲ။


Complex Emotions

ဒီအောက်က ပုံတွေကတော့ များလှစွာသော Emotion တွေရဲ့ မျက်နှာအနေအထားတွေကို ဖော်ပြထားတာပါ။

ကျွန်တော်တို့ လူတွေရဲ့ Emotion တွေက အရမ်းကို ရှုပ်ထွေး လှပါတယ်။ ၆ခုတင် ဘယ်ကလိမ့်မလဲ အပေါ်က ပုံထဲမှာတောင် အခု ၂၀ပါတယ်။ လူတွေရဲ့ Emotion တွေက ၃၀နှင့် အထက်မှာ အနည်းဆုံးရှိပါတယ်။ ၆ခုကနေ ခွဲထွက်လာတဲ့ များလှစွာသော အပိုင်းအခွဲတွေကလည်း Emotion တွေပါပဲ။ ဥပမာ - Distress အောက်မှာ ၀မ်းနည်းတာတို့၊ တမ်းတတာတို့၊ ပူဆွေးတာတို့၊ အစရှိတာတွေပါ။ ထပ်ဆင့်ခွဲသွားလိုက်တိုင်း ခွဲသွားလိုက်တိုင်း ပိုပြီး ရှုပ်ထွေး တဲ့ complex ဖြစ်တဲ့ Emotion တွေကို တွေ့ရမှာပါ။ Joy ရဲ့အောက်မှာ ဂုဏ်ရှိတာတို့၊ ပီတိဖြစ်တာတို့၊ ကြိတ်ကြိတ်ပျော်တာတို့၊ အများကြီး ပိုပြီး နက်နဲတဲ့ Emotion တွေကို ခွဲထွက်နိုင်ပါတယ်။ ၆ခုကိုလည်း ရောနှောပြီး ဖြစ်တာတွေလည်း ရှိပါတယ်။ ငိုပြုံးပြုံးတာတို့ ၊ အံသြပြီး ပျော်မြူးတာတို့၊ ကြောက်ရွ့ပြီး စိတ်ရှုပ်တာတို့ အစရှိတာတွေပါ။ တစ်ချိန်ထဲမှာ - ပြုံးလိုက် ငိုလိုက် အံ့သြလိုက် ကြောက်လိုက်နဲ့ ဖြစ်တတ်တဲ့ လူတွေတောင် ရှိပါတယ်။ ပုံမှန် မျက်နှာကို ကြည့်ရုံနဲ့ မခန့်မှန်းတတ်တဲ့ ဆန်းကြယ်တဲ့ Emotion တွေကိုလည်း ဖန်တီးနိုင်ပါတယ်။ လူတွေရဲ့ complex ဖြစ်နိုင်လွန်းတဲ့ အရာတွေပါပဲ။


The Expression of Emotion


လက်ဟန်၊ ကိုယ်ဟန်၊ မျက်နှာအနေအထား၊ မျက်လုံးခြင်း ဆက်သွယ်မှု အစရှိတာတွေက ကျွန်တော်တို့ တွေ အားလုံးရဲ့ Emotion ကို ဖော်ပြလေ့ရှိပါတယ်။ စကားပြောနေရင်းနဲ့ ဘေးကလူနား သွားသွား ကပ်ပြီး ပူးပူး သွားတာက ထိုသူကို Romantically စိတ်ဝင်စားတယ်လို့ ဖော်ပြနေတာပါ။ စကားပြောနေတုန်း မျက်စိပစ်ပြလိုက် မျက်စပစ်ပြလိုက်ကလဲ emotion ကို ဖော်ပြနေတာပါ။ တစ်ချို့တွေကပြောတယ်။ စကားတောင် ပြောစရာမလိုဘူးတဲ့။ မျက်လုံးနှစ်လုံးကို သေချာကြည့်ရင်နဲ့တင် အားလုံးကို နားလည်ပါတယ်တဲ့လေ။ မျက်လုံးကလည်း ဆက်သွယ် ဖော်ပြတဲ့နေရာမှာ အဓိပ္ပာယ်တွေနဲ့ ပြည့်နှက်နေတဲ့ အရာပေါ့။ မျက်နှာပေါ်က အနေအထားတွေက ကျွန်တော်တို့ ဖုံးကွယ်ထားဖို့ ခက်ပါတယ်။ လူတွေ အချင်းချင်း ဆက်ဆံနေတဲ့ အချိန်မှာ ရုတ်တရက်ထွက်ပေါ်လာတဲ့ Emotion တွေကြောင့် လူတွေရဲ့ စိတ်တွေကို ခန့်မှန်းနိုင်ပါတယ်။ တစ်ချို့လူတွေကလည်း ဟန်ဆောင်အားပြင်းတော့ မိမိဖြစ်ပေါ်နေတဲ့ Emotion ထက် ဟန်ဆောင်ထားတဲ့ emotion က ထွက်လာတတ်ပါတယ်။


Emotion ကို ခန့်မှန်းမယ်

လူတွေက Emotion တွေကို ခန့်မှန်းနိုင်တဲ့ ပင်ကိုယ် အစွမ်းက ရှိပြီးသားပါ။ မျက်နှာတွေကို ကြည့်မယ်။ လက်အနေအထားတွေကိုကြည့်မယ်။ မျက်လုံးတွေကို ကြည့်မယ်။ (မျက်မှာ အရောင်တွေကိုလည်း ကြည့်နိုင်ပါတယ်) ဒါတွေကို အကဲခတ်၊ ကြည့်လိုက်တာနဲ့တင် တဖက်လူက ဘာဖြစ်နေလဲ ဆိုတာ လွယ်လွယ်ကူကူနဲ့ သိနိုင်ပါတယ်။ ဒါပေမယ့် အပေါ်က ပြောခဲ့သလို မှားယွင်းစွာ ဟန်ဆောင် ဖော်ပြနေတဲ့ Emotion တွေကိုလည်း ခန့်မှန်းသိနိုင်တဲ့ လူတွေ အများကြီးရှိပါတယ်။ ဥပမာ - မျက်နှာက တစ်မျိုးဖြစ်နေပြီး ရုတ်တရက် အသံအနိမ့်အကျက ကွဲလွဲသွားတာတို့၊ လက်နဲ့ မျက်နှာနဲ့ မတူတာတို့၊ ကြားထဲမှာ မျက်လုံးက အဖြေပေးနေတာတို့တွေ အများကြီးရှိပါတယ်။ တစ်ချို့စက်တွေဆိုရင် နှလုံးခုံနှုံး၊ ချွေးထွက်နှုန်း၊ အသက်ရှုသွင်းနှုန်း တွေကို စစ်ပြီးတော့ လိမ်တာလား မလိမ်ဘူးလား ဆိုတာကို ခန့်မှန်းနိုင်ပါတယ်။ ပုံသေနည်းအရ ခန့်မှန်းတာက ဟန်ဆောင်တာထက် အများကြီး လွယ်ကူပါတယ်။ ဒါပေမယ့် တစ်ချို့ ပညာရှင်တွေက ထိမ်းသိမ်း လိမ်ညာ ဟန်ဆောင်တဲ့ နေရာမှာ ထက်မြတ်လွန်းတော့ စက်တင်မပြောနဲ့ လူတွေ အများကြီး ၀ိုင်း ခန့်မှန်း အဖြေရှာတာတောင် ပင်ကိုယ် ဖြစ်နေတဲ့ Emotion တွေကို လွယ်ကူစွာ ဖုံးထားနိုင်တာကို လည်း တွေ့ရပါတယ်။


Genders နဲ့ Emotion
အားလုံးကတော့ မိန်းမတွေက ယောက်ျားတွေထက် ပိုမို လွယ်ကူစွာ သူတို့ရဲ့ Emotion တွေကို ဖော်ပြလေ့ရှိတယ်လို့ သိထားပါတယ်။ တစ်ခုခုဆိုရင် နူးညံ့တဲ့ သူတို့ရဲ့ စိတ်တွေကြောင့် Emotion တွေ ပြင်းထန်စွာ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် တစ်ချို့ မိန်းမတွေကျတော့လည်း ယောက်ျား အများစုထက်ကိုပင် ပိုမို ခက်ထန်တာကို တွေ့၇ပါတယ်။ ပုံမှန်အားဖြင့် ယောက်ျားတွေက Emotion တွေကို တတ်နိုင်သလောက် မဖော်ထုတ်ကြပါဘူး။ ယဉ်ကျေးမှု တော်တော်များများအရလည်း မိန်းမတွေဟာ ယောကျာ်းတွေထက် ပိုပြီး Emotion ထွက်ရတာကို လက်ခံထားကြပါတယ်။ သိပ္ပံရဲ့ စမ်းသပ်ချက် တစ်ခုအရတော့ မိန်းမတွေရဲ့ Emotional functions တွေက ဦးနှောက်ရဲ့ နှစ်ခြမ်းလုံးမှာ ဖြစ်လေ့ရှိပြီး ယောက်ျားတွေမှာတော့ တစ်ခြမ်းထဲမှာ ဖြစ်တာကို တွေ့ရပါတယ်။ ပြီးတော့ မိန်းမတွေက ပိုပြီးကျယ်တဲ့ corpus callosum ရှိတာကို တွေ့ရပါတယ်။ (သူက တစ်ရှူးတစ်မျိုးပါ၊ ဦးနှောက်တစ်ခြမ်းက သတင်းအချက်အလက်တွေကို နောက်တစ်ခြမ်းကို ပို့ဆောင်ပေးတဲ့ အရာပါ)

ဒီလောက်ဆို Emotion အကြောင်း တော်တော် သိလောက် ရောပေါ့။ :) အခုတလော Mind အကြောင်း စိတ်ဝင်စားလို့ သူနဲ့ ဆိုင်တဲ့ စာတွေ လိုက်ဖတ်နေတာနဲ့ ပိုစ့်တစ်ခု လုပ်ဖြစ်သွားတာပါ။ ဟိုတနေ့ကမှ ၀ယ်ထားတဲ့ Smithsonian Institution ကနေ ထုတ်ထားတဲ့ HUMAN ဆိုတဲ့ စာအုပ်ထဲက အကြောင်းအရာ တွေကိုလည်း ထည့်သွင်းထားပါတယ်။

လေစားလျှက်
Tea

14 comments:

Anonymous said...
This comment has been removed by a blog administrator.
Anonymous said...
This comment has been removed by a blog administrator.
Anonymous said...

Very nice Post.
Thank you

Tea said...

ဟုတ်ကဲ့ မတင်နွယ် duplicate ဖြစ်နေလို့ ၃ခုထဲက နှစ်ခုကို ဖျက်လိုက်ပါတယ်။

လေးစားလျှက်
Tea

RePublic said...

ခုလိုဝေမျှတာကျေးဇူး ညီ တီးရေ ၊၊ တော်တော်လေးသိလိုက်ရပါတယ်၊၊

Anonymous said...

Genders နဲ့ Emotion
အားလုံးကတော့ မိန်းမတွေက ယောက်ျားတွေထက် ပိုမို လွယ်ကူစွာ သူတို့ရဲ့ Emotion တွေကို ဖော်ပြလေ့ရှိတယ်လို့ သိထားပါတယ်။ တစ်ခုခုဆိုရင် နူးညံ့တဲ့ သူတို့ရဲ့ စိတ်တွေကြောင့် Emotion တွေ ပြင်းထန်စွာ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် တစ်ချို့ မိန်းမတွေကျတော့လည်း ယောက်ျား အများစုထက်ကိုပင် ပိုမို ခက်ထန်တာကို တွေ့၇ပါတယ်။ ပုံမှန်အားဖြင့် ယောက်ျားတွေက Emotion တွေကို တတ်နိုင်သလောက် မဖော်ထုတ်ကြပါဘူး။

ကိုတီးပြောတာသိပ်မှန်တယ်

Unknown said...

တီး
အရမ်းတော်နေပါလား။
တကယ်ကောင်းတဲ့ စာတပုဒ်ပါ။

Tea said...

တင်နွယ် & Republic & nn - ကျေးဇူးတင်ပါတယ်ဗျာ့။

ချယ်ရီရေ.. ကိုယ်တွေ့လား :D

Anonymous said...

တကယ် ဗဟုသုတ ရတယ်ဗျာ...။

Anonymous said...

Thanks a lot for the great knowledge! ^_^

မင်းကျန်စစ်။ said...

ဒီလိုပို့စ်မျိုးက တော်တော်ဗဟုသုတရတယ်ကွ။ ကျေးဇူးပဲ။

Anonymous said...

ဗဟုသုတအများကြီးရလို့ကျေးဇူးပါ

Anonymous said...

ဆက်ရေးပါဦး
ဒီလိုမျိုး Knowledge လေးတွေကို

မေမိုး

သိပံ္ပမောင်ပိန် said...

စိတ်ဝင်စားဖို့ကောင်းတယ်