Photobucket

Wednesday, September 10, 2008

2008 MTV Video Music Awards (Best Dancing in the Video)


MTV တီဗွီ ချယ်နယ်လို့ ပြောလိုက်တာနဲ့ မသိတဲ့လူတော်တော် ရှားပါတယ်။ နာမည်ကြီး single သီချင်းတွေနဲ့ ရှိုးတွေကို ထုတ်လွှင့်ပေးလို့ လူငယ်တွေ တော်တော်များကြိုက်ကြတဲ့ လိုင်းတစ်ခုပေါ့။ အဲဒီ ရုပ်မြင်သံကြားချယ်နယ်ကနေ နှစ်စဉ်နှစ်တိုင်း ဆုတွေချီးမြင့်ပါတယ်။ အဆိုတော်တွေကလဲ ပွဲကို တခမ်းတနားတက်ရောက်ကြတယ်ပေါ့။

ပေးတဲ့ဆိုတွေကတော့ တော်တော်များပါတယ်။ ဆုစာရင်း အပြည့်အစုံကိုတော့ ဒီမှာ သွားကြည့်နိုင်ပါတယ်။ ပေဖူးကတော့ ကိုယ့်အပိုင်းနဲ့ကိုယ်ဆိုတော့ Best Dancing in the Video အကြောင်းပဲ စုပြီးတော့ တင်ပေးလိုက်ပါတယ်။

Best Dancing in the Video မှာ ဆန်ခါတင် သီချင်းငါးပုဒ်ပါပါတယ်။ အဓိက ကတော့ သီချင်းနဲ့ အညီ ကထားတဲ့ ကကွက်လေးတွေအတွက် ဆုပေးတာပဲပေါ့။ အောက်မှာ သီချင်းတစ်ပုဒ်စီရဲ့ ရှင်းလင်းချက် အပြင် အဆိုတော် သမိုင်းလေးတွေပါ နည်းနည်းစီ ထည့်ပေးထားပါတယ်။ ဆုကတော့ မပေးရသေးဘူး။ စာဖတ်သူတွေကော ဘယ်သူရမယ်ထင်လဲ။ ရှင်းရှင်းပြောရရင် ပေဖူးတော့ ဒီနှစ်ဆန်ကာတင် စာရင်းထဲမှာ နှစ်နှစ်ခြိုက်ခြိုက်ကြိုက်တာဆိုလို့ တစ်ပုဒ်မှ မပါဘူး။ ရချင်တဲ့သူ ရစေသတည်း။ အဟိ။
ဒါကတော့ အရင်တည်းက ရေးထားတာပါနော်။ ဆုတွေကတော့ တနင်္ဂနွေနေ့က ပေးပြီးသွားပါပြီ။ အကောင်းဆုံးဆုကို Pussy Cat Doll က ရရှိသွားပါတယ်တဲ့။ ပြောပြီးသားပဲ ရချင်တဲ့သူ ရစေသတည်း။ ဒါပေမဲ့ ကြည့်သွားကြဦး။ ဆုရတဲ့ video က အောက်ဆုံးမှာ။

Danity Kane – Damaged
ဒီ Damaged သီချင်းလေးက တော်တော်စွဲလမ်းဖို့ ကောင်းပါတယ်။ သီချင်း video ကတော့ နည်းနည်း စိတ်ရှုပ်စရာကောင်းနေတယ်။ ပန်းရောင်တွေကို အများဆုံးသုံးထားပါတယ်။ ဒီကောင်မလေးငါးယောက်က ကောင်လေးတစ်ယောက်ရဲ့ အသည်းနှလုံးထဲမှာ ကနေတဲ့ idea ပါ။ အကကတော့ ကောင်းပါတယ်။ ဒါပေမဲ့ ကတာကြီးပဲ မဟုတ်ဘူး။ ကိုယ်လုံးကိုယ်ထည်တွေကို အသားပေးထားတယ်။ pop culture တွေရဲ့ သဘာဝကိုး။ dainty kane ၂၀၀၃ လောက်မှ US မှာ နာမည်ကြီးလာတဲ့ အဖွဲ့တစ်ဖွဲ့ပေါ့





Ne Yo – Closer
R&B အဆိုတော် နီရိုရဲ့ အသံကို စွဲလမ်းမိတာတော့ ကြာပြီ၊ ရုပ်ကလဲ ချောတယ်ဗျ။ အကကလည်း ကောင်း၊ စတိုင်ကလဲ မိ။ video တစ်ခုလုံး သူတစ်ယောက်ထဲ ထင်တိုင်းကျဲသွားတာဗျ။ အဖြူနဲ့ အမည်းကို အဓိက သုံးထားတော့ ကတဲ့ လူရဲ့ တိကျတဲ့ ခြေထောက်ကကွက်တွေကို ပိုမြင်စေတာပေါ့နော်။



Madonna Ft. Justin Timberlake – 4 minutes
Pop Legend နှစ်ယောက်ဖြစ်တဲ့ မက်ဒေါနားနဲ့ InSync အဖွဲ့သားဟောင်း Justin Timerberlake ရဲ့ နှစ်ယောက်ပေါင်းသီချင်းလေးပဲ ဖြစ်ပါတယ်။ ကမ္ဘာကြီးကို ကယ်တင်ဖို့ ၄ မိနစ်ပဲ ကျန်တော့တယ်လို့ ပြောတာပဲ။ အမှန်ပြောရရင် Madonna ဆီက ဒီထက် ကောင်းတဲ့ ကကွက်တွေကို မျှော်လင့်ထားတာ။ အခုတော့ သူက ဟိုလျှောက် ဒီလျှောက် ဟိုလှုပ်ဒီလှုပ်နဲ့ ပြီးသွားတယ်။ ဒါပေမဲ့ အသက် ၅၀ကျော်တာတောင် Body နဲ့ မျက်နှာ ထိန်းထားတာ မှတ်သားလောက်ပါတယ်။ Justin လား??? သူကတော့ ဘာလုပ်လုပ်၊ ဘာသီချင်းဆိုဆို ကြည့်လို့ ကောင်းနေတာပဲ။ အဟိ၊ :P



Chirs Brown – Forever
ဒီဘက်ခေတ်မှာ နာမည်ကြီးလာတဲ့ အသက်၁၉နှစ်ပဲ ရှိသေးတဲ့ R&B အဆိုတော် Chris Brown ကလဲ သူ့ရဲ့ နာမည်ကြီး Forever သီချင်းနဲ့ တစ်နေရာ ၀င်ချိတ်ပါတယ်။ သူလဲ NeYo လိုပဲ အကကောင်းတဲ့ အဆိုတော် တစ်ယောက်ပါ။ အချိန်နဲ့ အပြိုင် ခရီးသွားတဲ့ Time Machine Idea ကို ယူထားတဲ့ Music Video ပေါ့။ ပေဖူးကတော့ သီချင်းကို ပိုကြိုက်တယ်။



Pussy Cat Dolls – When I Grow Up
သူတို့လဲ Danity Kane လိုပဲ pop band တစ်ခုပါ။ ဒါက ဆုရတဲ့ video နော်။ အဟင်း အဟင်း hot တာကတော့ ပက်ပက်စက်စက်ဟော့တယ်။ ကားခေါင်မိုးပေါ် တက်ကသွားတာလေ။ Please don’t try this at home. ပြုတ်ကျမှ ဟုတ်ပေ့ဖြစ်နေမယ်။ သီချင်းစာသားနဲ့ video နဲ့ကတော့ မကိုက်ညီပါဘူး။ အဟိ။ သူတို့ခေတ်နဲ့ သူတို့အခါဆိုတော့လဲ ဆုရသွားတာပေါ့နော်၊ အဟဲ ဘာလို့ဆုရသွားလဲ သိချင်ရင် ၂:၅၀ ကိုသာ ပြေးကြည့်လိုက်။ ကိုယ်တို့လဲ သူတို့လို ကနိုင်ရင် ဆုနဲ့မဝေးဘူး။ အဟိ



ပို့စ်မတင်တာ အရမ်းကြာနေတာ ဆောရီးနော် ဘွာတေး
ပေဖူးလွှာ

4 comments:

Tea said...

i don't like all these dances =[

RePublic said...

ကြည့်လို့မရတော့ဘူး ပေဖူးရေ ၊၊ no longer တဲ့ဗျာ ၊၊ :D

PP said...

အား အဲလို နောက်နဲ့လေ။
ရပါတယ်နော်။ :(

သိပံ္ပမောင်ပိန် said...

အကတွေ မိုက်တယ်။