Photobucket

Sunday, September 21, 2008

ဆေးစွမ်းကောင်း


"ဒီမှာ အင်မတန် အစွမ်းထက်တဲ့ ဆေးတွေပါတယ်" လမ်းဘေးတွင် ဆေးရောင်းနေသူ တစ်ဦးက ၀ိုင်းအုံကြည့်နေသူများအား အော်ဟစ် ပြောလိုက်သည်။

"ခဏလောက် ကျုပ်ကို ကြည့်လိုက်စမ်းပါ၊ ဒီဆေးကို မှန်မှန်မှီဝဲ နေတဲ့အတွက် ဘာရောဂါမှ မရှိဘဲ ကျန်းမာ နုပျိုနေတယ်၊ တကယ်တော့ ကျုပ် အသက်ဟာ အနှစ် ၃၀၀ရှိပြီ"

"ဟာာ - ဖြစ်နိုင်ပါ့မလား" ပရိသတ်ထဲမှ တစ်ဦးက ဆေးဆရ၏ လက်ထောက်လူငယ်ကို မေးလိုက်သည်။

ထိုလူငယ်က ဖြေလိုက်သည်မှာ "သူ့အသက် ဘယ်လောက်ရှိတယ် ဆိုတာတော့ သေသေချာချာ မပြောနိုင်ဘူး ကျွန်တော်က သူ့ဆီမှာ အလုပ်လုပ်တာ အနှစ် ၁၀၀ပဲ ရှိသေးတယ်"

Source : mmcp

No comments: