Photobucket

Thursday, September 25, 2008

အင်ဂျင်နီးယားရင်းအံ့ဖွယ်- A380 (အပိုင်း- ၂)

ဒီနေ့.တော့အရင်တစ်ခေါက်က မပြီးဆုံးသေးတဲ့ဇတ်လမ်းကိုဆက်လက်တင်ပြပါမယ်။ အင်ဂျင်နဲ့ ထုတ်လုပ်ပုံ အကြောင်းပြောပြီးပြီဆိုတော့ ဒီတစ်ခေါက် တော့ A380 ၏အတွင်းပိုင်းတည်ဆောက်ထားပုံ အကြောင်းအဓိက ရှင်းလင်းသွားပါမယ်။ အင်ဂျင်နီးယားရင်းအံ့ဖွယ်- A380 (အပိုင်း- ၁) အကြောင်း မသိသေးရင်လည်း အရင် သွားဖတ်လိုက်ပါဦးနော်။ ပြီးမှ ဒီအပိုင်း - ၂ လေယာဉ် အတွင်းပိုင်း အကြောင်းကို လာဖတ်ပေါ့။ အပိုင်း - ၁ ဖတ်ပြီးတဲ့ လူတွေကလည်း အပိုင်း - ၂ ကို တစ်ခါထဲ ဖတ်နိုင်ပါတယ်။


အတွင်းပိုင်းဖွဲ့စည်းထားပုံ


A380 ကို အဓိက အမျိုးအစား နှစ်မျိုး -
၁။ 3-class configuration and
၂။ single-class economy configuration ဟူ၍ ခွဲခြားလို့ရပါတယ်။

ဒီမှာတော့ 3- class configuration အကြောင်းပြောပြလိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ single-class economy configuration မှာ ရိုးရိုးတန်းဘဲရှိလို့ ဘာမှထူးထူးခြားခြားမရှိပါဘူး။ 3-class configuration မှာတော့ သင်ငွေဘယ်လောက်ဖြုန်းနိုင်လဲပေါ်မူတည်ပြီး အဆင့် ၃ ဆင့်ခွဲခြားထားပါတယ်။ (ကျွှန်တော်ကတော့ ရိုးရိုးတန်းတောင် မနည်း ကြိုးစားစီးနေရတယ်) ယင်း အဆင့်သုံးဆင့်ကတော့ ပထမတန်း၊ အထက်တန်း နှင့် ရိုးရိုးတန်းတို့ ဖြစ်ကြပါတယ်။ Airbus ၃၈၀ ကတော့ ၂၁ ရာစုထွက် လေယာဉ်နဲ့ အညီ ရှေး လေယာဉ်တွေထက် လေယာဉ် အတွင်း ဧရိရာ ၅၀ ရာခိုင်နှန်း ပိုပြီး ကျယ်ဝန်း ပါတယ်။ A380 က နေရာကျယ်ကျယ် နှင့် သက်တောင့် သက်သာ နေရမှု၊ လေယာဉ် အတွင်း အပန်းဖြေသော နေရာ၊ Bar ၊ duty-free shops နဲ့ Beauty Salon တို့ကို ခရီးသည်တွေ အတွက် ထားရှိ ထားပါတယ်။ Virginia Atlantic ရဲ့ အထက်တန်း မှာဆို Bar ရှိယုံတင်မက၊ နောက်ကျလျှင် Casino ကို လေယာဉ်ပေါ် တောင် တင်မယ်လို့ ပြောပါတယ်။

Airbus ၏အဓိကပြိုင်ဘက်တွေတက် သုံးပုံပုံတစ်ပုံ နေရာပို၍ ပေးနိုင်ခြင်းနဲ့ အညီ ခရီးသည်များအတွက် အကြောဆန့်နိုင်သော ခုံများကိုထားရှိသည်။


ပထမအထပ်တွင် ဆိုင်ခန်းများ၊ ဘား၊ စားသောက်ဆိုင် နှင့် Casino ထားရှိထားသည်။



ပထမတန်းနဲ့ အထက်တန်း A380 လက်မှတ်ဝယ်သူများသည် အခြားလေယဉ်မှာထက် ပိုမိုဇိမ်ခံနိုင်မည်ဖြစ်သည်။


ပထမတန်းတွင် ကိုယ်ပိုင် နှစ်ယောက်အိပ်ကုတင်မက gym ပါရှိသည်။



A380 ၏အထပ်နှစ်ထပ်ကိုဆက်ထားသော လှေကား ကိုတွေရပုံ။



A380 ပေါ်ရှိ သီးသန့်အိပ်ခန်း။


တချို့လေယဉ် Airline များသည် ပိုနေသောနေရာများတွင် Casino နှင့် အိပ်ခန်းများထားရှိကြသည်။


တာရှည်ခရီးသွားသူများအတွက် A380 သည် အကောင်းဆုံး ပေစွမ်းနိုင်သည်။


ခရီးသည်အတွက် Bar နှင့် socializing area ကိုတွေ့ရပုံ။


Boeing 747 နဲ့ယှဉ်ရင် A380 ဟာ ခရီးသည် အရေအတွက် သယ်ဆောင်နိုင်နှုန်းနှင့် ခရီသွား စရိတ် သက်သာမှုမှာ သိသိသာသာ တိုးတက်လာတာကို တွေ့ရပါတယ်။ ထို့ပြင် ထိုင်ခုံနေရာ လည်း ပိုကျယ်ကာ အသုံးအဆောင် ပစ္စည်းများလည်း Boeing 747 ထက် ပိုမို သာလွန်ပါတယ်။ A380 ၏ ခရီးသည် ၅၅၅ ယောက် သယ်ဆောင် နိုင်နှုန်းဟာ Boeing 747 ၏ ခရီးသည် သယ်ဆောင်နိုင်နှုန်းထက် ၃၅% ပိုပြီး လေယာဉ် အတွင်း ကိုယ်ထည် ကလည်း ၅၀% ပိုကျယ်ပါတယ်။ အကယ်၍ ခရီးသည် ၈၅၃ ယောက် ဆံ့သော single-class configuration ကို ကြည့်လျှင်တော့ ခရီးသည် အရေအတွက် နှစ်ဆ နီးပါး ပို၍ သာလွန်တာကို တွေ့ရှိ ရပါတယ်။



တိတိကျကျပြောရလျှင်တော့ ရိုးရိုးတန်း ထိုင်ခုံတွေဟာ ၁ လက်မနီးပါးပို၍ ကျယ်ပါတယ်။ ပထမတန်း ထိုင်ခုံတွေကို ကုတင် အတွက် ပြောင်းလို့ရပါတယ်။ လေယာဉ် ကုမ္ပဏီ အများစုဟာ ဇိမ်ခံလေယဉ်ထက် efficiency ကောင်းသော လေယဉ်ကိုပိုကြိုက် ခြင်းနဲ့အညီ A380 က နည်းပညာသစ်မြောက်များစွာကို အသုံးပြုပြီး ယင်း အချက်နှစ်ချက်လုံးကို ဆန်ချိန်မှီအောင် အကောင်းဆုံး ဖြစ်အောင် တည်ဆောက် ထားပါတယ်။

သိပံ္ပမောင်ပိန်

4 comments:

PP said...

နေရာပိုကျယ်တယ်ဆိုလို့ ကြိုက်သွားပြီ။
Airbus နဲ့ ဗမာပြည်ပြန်မယ်ကွ။ :P
ခက်တာက A380 ဆင်းနိုင်တဲ့ လေယာဉ်ကွင်းမရှိတော့လဲ ရန်ကုန်နားရောက်ရင် လေထီးနဲ့ ခုန်ချရမှာပေါ့လေ။ :P :P

Tea said...

ပေဖူးရယ် Transit အရင်လုပ်ပေါ့ .. ပိန်းလိုက်တာ..

ဒီ Airbus မပြောနဲ့ 747 ဆင်းလို့ တစ်မြို့လုံးတုန်ခါသွားရင် ဒုက္ခ.. Airbus လည်းဆင်းရော မြုပ်ဝင်သွားဦးမယ်.. :D

လေထီးနဲ့ ခုန်တာကတော့ မဆိုးဘူး.. လေထီးမသုံးလည်း ရပါတယ်.. အောက်နားရောက်မှ သစ်ပင်တွေပေါ်ခုန်ချလိုက်ပေါ့.

ဒေါက်တာရမ်းကု said...

ရန်ကုန်လေဆိပ်က A-380 ဆင်းလို.ရဘူးလား? ဒါဆို စုတ်ကြီးပေါ့၊ ဟုတ်လား?

Tea said...

ဟားဟား.. A380 မပြောနဲ့
747 တောင် ဆင်းလို့ရတယ်လို့ပဲ ပြောထားတာ။ ဘယ်သူမှ မဆင်းဖူးသေးဘူး ထင်တယ်။