Photobucket

Saturday, September 27, 2008

DOTS ဆိုတာ…….


ဒီအပတ် ဖော်ပြမယ့် အကြောင်း အရာကတော့ DOTS ဆိုတဲ့ ကမ္ဘာအရပ်ရပ်က တီဘီရောဂါ ဖြစ်ပွားမှု နှုန်းမြင့်တဲ့ နိုင်ငံတွေမှာ လက်ရှိ ကျင့်သုံးနေတဲ့ နည်းလမ်း အကြောင်းနဲ. တီဘီရောဂါရဲ. အကြောင်း အကျဉ်းချုပ် ပဲဖြစ်ပါတယ်။ ဘာလို. ဒီအကြောင်း ပြောရမှာလဲဆိုတော့ TB (Tuberculosis) ရောဂါဟာ WHO ရဲ. တိုက်ဖျက် ရန် ကျန်ရှိတဲ့ အရေးကြီး ရောဂါကြီး စာရင်းထဲမှာ ပါဝင်ပြီး၊ ကမ္ဘာပေါ်မှာလည်း ပပျောက် မသွားပဲ ဆက်လက် ဖြစ်ပွား လာနေလို.ပဲ ဖြစ်ပါတယ်။

ဆက်ပြီး ဖြစ်နေရတဲ့ အဓိက အကြောင်း အရင်း တွေကတော့ ခုခံအား ကျဆင်းတဲ့ AIDS ရောဂါဖြစ်တဲ့ လူနာတွေဟာ ခုခံအား ကျနေတဲ့အတွက် TB ရောဂါပိုး အလွယ်တကူ ၀င်ရောက် ဖြစ်ပွားပြီး တခြား ပတ်ဝန်းကျင် က လူတွေဆီကို ကူးစက် စေတာက တစ်ချက်၊ နောက်ပြီး TB ရောဂါကုတဲ့ အခါ အသုံးများပြီး အရေးကြီး တဲ့ဆေး တစ်ခုဖြစ်တဲ့ Isoniazid (INH) ကို TB ရောဂါပိုးတွေ ခံနိုင်ရည်ရှိလာတာ (Drug Resistance) (တစ်နည်းအား ဖြင့် ဆေးမတိုးတာ၊ ဆေးယဉ်တာကို ပြောချင်တာပါ) က တစ်ချက် ကြောင့် ပဲဖြစ်ပါတယ်။ ပိုးအကြောင်းနဲ. ဆေးအကြောင်းကို အောက်မှာဆက်ပြောပါ့မယ်။ အခု DOTS အကြောင်းအရင်ပြောပါမယ်။

DOTS (Directly Observed Treatment , Short Course) ဆိုတာ TB အဆုတ်ရောဂါကုသတဲ့ အခါမှာသုံးတဲ့ WHO ကအသိအမှတ် ပြုထားတဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ မြန်မာ လို ဆိုရင်တော့ “တိုက်ရိုက်ကြည့်ရှု၊ အချိန်တိုနှင့်ကု” ပါ။ မြန်မာပြည်မှာလည်းဒီနည်းကို စီမံချက်နဲ. သုံးနေပါပြီ။ ဒီနည်းကဘာလို.ပေါ်လာရတာလဲ? ဘာလုပ်တာလဲ? လို.မေးရင် ဖြေရမှာ လွယ်ပါတယ်။ အခုနက ပြောတဲ့ ဆေးမတိုးတဲ့ ကိစ္စက လူနာတွေ ဆေးမှန်မှန်သာ သောက်မယ်ဆိုရင် ဖြစ်လာစရာ အကြောင်း သိပ်မရှိပါဘူး။ အခု ဘယ်လိုဖြစ်သလဲဆိုရင် လူနာတွေက ဆေးသောက်ပြီး ရောဂါနည်းနည်း သက်သာလာပြီ ဆိုရင် ဆေးကို ရပ်ပစ်လိုက်တယ်။ ကောင်းသွားပြီပေါ့၊ တကယ်တော့ ပိုးကျန်နေသေးတာ သူတို. မသိဘူးလေ။ ကျန်တဲ့ပိုးက ဆေးဒဏ်ကို ခံနိုင်ရည် ရှိသွားပြီး ဆက်ပွားတဲ့ အခါ ရောဂါဆိုးဆိုး ရွားရွား ပြန်ဖြစ်ပါလေရော။ ဒီအခါ ခုနကဆေးနဲ. ကုဖို. ခက်ပြီး ရှုပ်ကုန်တာပေါ့။ ဒီလို ဆေးပတ်လည်အောင်မသောက်ဘဲ ပြန်ဖြစ်တဲ့ လူတွေကို Defaulter လို.ခေါ်ပါတယ်။ TB ဆေးက သိတဲ့အတိုင်း ၆လသောက်ရတော့ မသောက်ချင်ကြဘူးလေ ၊ side effect ကလည်းရှိတော့ ဆေးဒဏ် သိပ်မခံချင် ကြဘူးပေါ့။


အခုလက်ရှိမှာ Isoniazid ဆေးကို ပိုးတွေက တော်တော် ခံနိုင်ရည်ရှိကုန်ပြီ။ ဒါကြောင့် ဆေးပညာရှင်တွေက ဆေးပေါင်း ကျွေးတဲ့နည်းကို စသုံးခဲ့ကြတယ်၊ Combination Therapy လို.ခေါ်မှာပေါ့။ ဘာဆေးတွေ ကိုဘယ်လို ပေါင်းတယ်ဆိုတာလည်း အောက်မှာ ဆက်ပြောရအောင်၊ အခုထိ DOTS အကြောင်း မရောက်နိုင် သေးလို.ပါ။ အခုရောက်ပြီ။ DOTS က ပြောရမယ်ဆိုရင် ဆေးကို ထိထိရောက်ရောက် လူနာသောက် အောင် လုပ်တာပါ။ “တိုက်ရိုက်ကြည့်ရှု” ဆိုတဲ့အတိုင်း လူနာကဆေးကို supervisor တစ်ယောက်ယောက် ရှေ.မှာ သောက်ရမယ်။ supervisor ကထိုင်ကြည့်နေမယ်ပေါ့။

supervisor က ဆရာဝန် (သို.) လေ့ကျင့်ထားတဲ့ကျန်းမာရေးဝန်ထမ်း (သို.) NGO- ဥပမာ TB Elimination Campaign တွေက၀န်ထမ်းတွေ (သို.) မိသားစုဝင်တစ်ယောက်ယောက် ဖြစ်နိုင်ပါတယ်။ ဒီလိုနေ.တိုင်းသောက်မယ်ဆိုရင် ရောဂါဟာ အချိန်တန်ရင် ပျောက်မှာပဲ။ အမှန်တော့ TB ရောဂါက ကုလို.မရတာမဟုတ်ပါဘူး။ မှန်မှန်သောက်မယ်ဆိုရင် ဆေးကပိုးကိုနိုင်ပါတယ်။ ဒါပေမယ့် ပိုးတွေက resistant ရသွားတဲ့အတွက် ရိုးရိုးဆေးနဲ.တော့မရဘူး၊ combination therapy နဲ.မှရလိမ့်မယ်။ DOTS ရဲ. အဓိက ရည်ရွယ်ချက်ကတော့ ဆေးသောက်တာ မပျက်ဖို.နဲ. ပိုးတွေ ဆေးယဉ်တာ လျော့နည်းစေဖို.ပဲ ဖြစ်ပါတယ်။


TBရောဂါဟာ Mycobacterium tuberculosis ဆိုတဲ.ပိုးကြောင့် အဓိကဖြစ်ပါတယ်။ ဒီပိုးကို သတ်ဖို. ဆေးတွေ ကတော့ First line TB Drugs နဲ. Second line TB Drugs ဆိုပြီး category ၂ခုရှိပါတယ်။ First line ဆေးတွေ ကတော့ Isoniazid(INH), Rifampicin, Pyrazinamide, Ethanbutol နဲ. Streptomycin တွေပဲဖြစ်ပါတယ်။ Second line ဆေးတွေက Quinolones, Kanamycin, Capreomycin, Amikacin စတာတွေပဲဖြစ်ပါတယ်။ အဓိက ကတော့ first line drug တွေကိုပဲ သုံးတာများ ပါတယ်။ ဒီ first line ဆေးတွေကို TB ရောဂါရဲ. Category ခွဲထားတဲ့အလိုက် ပေါင်းပြီးတိုက်ပါတယ်။ အခုနောက်ပိုင်း ဆေးတစ်လုံးချင်းစီမှာပါဝင်တဲ့ ဆေးပမာဏကပိုများအောင် ဖော်စပ်ထားတဲ့အတွက် တစ်ခါသောက်ရင် ဆေးလုံးနဲနဲပဲ သောက်ဖို.လိုပါတော့တယ် ၊သောက်ရတာလည်း အပမ်းမကြီးတော့ပါဘူး၊ အရင်ကဆို TB ဆေးတစ်ခါသောက်ရင် ဆေးကလက်တစ်ဆုပ်စာ လောက်ရှိတယ်လို. ပြောကြပါတယ်။ ဒီတော့ သောက်ရတဲ့လူက ရေရှည် ဘယ်သောက်ချင်တော့မလဲ။ ဆေးတွေက အနည်းဆုံး ၆လလောက် သောက်ရပါမယ်။ ၆လပြည့်ရင် သလိပ်စစ်ရပါမယ်။ အဲ့ဒီနောက် ဓာတ်မှန်ပြန်ရိုက်ကြည့်လို. Clear ဖြစ်တယ် ဆိုရင်တော့ ဆေးရပ်လို. ရပါပြီ။ ဆေးတွေက စွမ်းပါတယ်။ မှန်မှန်သာ သောက်ဖို.လိုတာပါ။


DOTS ကုထုံးက TBရောဂါဖြစ်တဲ့ နိုင်ငံတော်တော်များများမှာသုံးပြီး အောင်မြင်နေပါပြီ။ မြန်မာနိုင်ငံမှာလည်း အောင်မြင်သင့်သလောက် အောင်မြင်ပါတယ်။ ဒါပေမယ့် ဆင်းရဲမှုမပပျောက်သေးသမျှ မြန်မာနိုင်ငံမှာTB ရောဂါဆက်ဖြစ်နေမှာပါပဲ။ ဒီနေ.အထိ TB ရောဂါဆေးဖိုးမတတ်နိုင်သေးတဲ့ ဝေဒနာရှင်တွေ အများအပြား ရှိပါတယ်။ NGOတွေ အဖွဲ.အစည်းတွေကဆေးတွေကို အတတ်နိုင်ဆုံးတော့ အခမဲ့ပေးကြပါတယ်။ ဒါပေမယ့် ရောဂါသည် လူဦးရေနဲ. မမျှသေးပါဘူး။ DOTS ကို မြန်မာနိုင်ငံမှာ မသုံးခင်ကလည်း ဆေးတွေ အခမဲ့ ပေးခဲ့ပါတယ်။ ဒါပေမယ့် တိုက်ရိုက်မကြည့်ရှုနိုင်တဲ့အတွက် ဆေးပုံမှန် သောက်တဲ့လူကသောက်၊ သက်သာပြီဆိုပြီး ဆေးရပ်တဲ့လူကရပ်၊ ဆေးပြန်ရောင်းစားတဲ့ သူတွေကလည်းရှိသေး၊ အဲဒါကြောင့် TB ရောဂါဖြစ်တဲ့ နှုန်းမြန်မာနိုင်ငံမှာ တော်တော်မြင့်တက်လာခဲ့တယ်။ အခု DOTS ကုထုံးစပြီး နောက်ပိုင်းမှာတော့ သိပ်မဆိုးဘူးလို.ဆိုရမယ်၊ ရောဂါဖြစ်နှုန်းသိသိသာသာကျဆင်းသွားတယ်။ အတော်အသင့် အောင်မြင်တယ်လို. ဆိုရမှာပါ။

DOTS ကုထုံး နဲ. TB ရောဂါပပျောက်အောင် လုပ်ဆောင်ဖို.က

  • နိုင်ငံရဲ. အစိုးရကပူးပေါင်းပါဝင်ဆောင်ရွက်ဖို.
  • ရောဂါရှိသူတွေအမြဲကို ရှာဖွေပြီး တိုက်ရိုက်ကြည့်ရှု ကုသဖို.
  • ဆေးပုံမှန်သောက်ဖို. ၊ သောက်ရမယ့်ဆေးကအမြဲရှိနေဖို.
  • ကုသနေစဉ်မှာ လူနာရဲ.အခြေနေ (သက်သာသလား၊ ပိုဆိုးလာသလား) စောင့်ကြည့်ဖို. လိုအပ်ပါတယ်။

အခုနောက်ပိုင်း DOTS သုံးနေရင်းက MDR-TB (Multidrug Resistant Tuberculosis) နဲ. XDR-TB (Extensively Drug Resistant Tuberculosis) စတာတွေ ထပ်ပေါ်လာပါတယ်။ MDR-TB ဆိုရင် Isoniazid နဲ. Rifampicin ကို ခံနိုင်သွားပြီ။ XDR-TB ဆိုရင်လည်း Isoniazid နဲ.Rifampicin အပြင် second line ဆေးတွေကိုပါခံနိုင်ရည်ရှိသွားပြီ။ လောလောဆယ် MDR-TB ဝေဒနာရှင်တွေကို DOTS-Plus ဆိုတဲ့ နည်းလမ်းနဲ.ကုဖို.စမ်းသပ်ဆဲဖြစ်ပါတယ်။

ဒီလို ဆေးမတိုးတဲ့ ပြဿနာတွေပေါ်လာပေမယ့်လည်း DOTS ကိုအခြေခံပြီးဆက်လက် ကုထုံးသစ်တွေ ထွက်ပေါ်လာနေမှာပဲဖြစ်ပါတယ်။ DOTS ရဲ.အသုံးဝင်မှုအပိုင်းကလျော့မကျသွားပါဘူး။
ကဲ၊ ဒီအပတ်တော့ ဒီမျှနဲ.ပဲ ရပ်ပါရစေ။ နောက်အပတ်မှာ လူတွေအတွက် အကျိုးများစေမယ့် အစားအသောက် တစ်ခုခုအကြောင်း ကို ဖော်ပြပါ့မယ်။

ဒေါက်တာရမ်းကု

6 comments:

Suburban Area said...

အမှန်တိုင်းပြောတာပါ အခုလို ဂဃနငဖတ်ရတာ အရမ်းကျေးဇူးတင်တယ်။ကြိုက်တဲ့အချိန်ဝင်ဖတ်လို့ရတယ်..အပိုအလိုမရှိ ပြည့်စုံပါပေတယ်...:D
နောက်ပို့စ်အသစ်တွေကိုလဲ စောင့်ဖတ်နေပါမယ်...:)

Anonymous said...

Thanks for the knowledge again!

Anonymous said...

It would also be very nice to mention about very important disease such as HIV and AIDS. It is just my advice.

ဒေါက်တာရမ်းကု said...

အားလုံးလာဖတ် ကြတာကျေးဇူးပါ။ ဟုတ်ကဲ့ပါ ကို johnson, AIDS အကြောင်း ကျွန်တော်မကြာခင် post တင်မှာပ။

Tea said...

ဒေါက်တာရယ်
မြန်မာပြည်ကလူတွေက ပိုဆိုးပါတယ်။ သူတို့က TB ဆေးမှတင်မဟုတ်ဘူး။ တခြား ရှိရှိသမျှ ဆေးတွေ အားလုံးကိုတောင် နည်းနည်းလောက် သက်သာတာနဲ့ ဆက်မသောက်ပဲ ရပ်ပစ်လိုက်ကြပါတယ်။ ပြီးတော့မှ ဆေးတွေ မတိုးတော့ဘူးလေ.. အဲ့ဒါက မြန်မာပြည် အနှံ့မှာဖြစ်နေတာပါ။ ဆရာဝန်ထက် ပိုတတ်ပြီးတော့ ဆေးကို course ကုန်အောင် မသောက်ပဲ ရပ်ရပ်ပစ်တာကိုက ပြဿနာတစ်ခုပါ။ ရည်ရှေမှာ ပိုက်ဆံကို မသက်သာစေပဲ ပိုကုန်ကျမယ်ဆိုတဲ့ အချက်ကို သေချာ သိထားသင့်ပါတယ်။

Unknown said...

ကျေးဇူးနော် ဒေါက်တာ