Photobucket

Sunday, September 14, 2008

Her Diary


နေ့၁။ ပထမဆုံးနေ့ဖြစ်သဖြင့် သင်္ဘောကပ္ပတိန်က ခရီးသည်များနှင့် သူ့ကိုယ်သူမိတ်ဆက်၍ သင်္ဘောအကြောင်း ခရီးစဉ်အကြောင်း ရှင်းပြသည်။ ကပ္ပတိန်မှာ လူငယ်တစ်ယောက်သာ ဖြစ်၍ ယောက်ျား ပီသပြီး ကြည့်ပျော်ရှုပျော် ကောင်းသော ရုပ်ရည်ရှိသူ ဖြစ်သည်။

နေ့၂။ ကုန်းပတ်ပေါ်တွင် လေညှင်းခံပြီး လမ်းလျှောက်နေခိုက် မနေ့က ကပ္ပတိန်နှင့် တွေ့သည်။ စကား တပြောပြောနှင့် လမ်းလျှောက်လာကြရာမှ ကပ္ပတိန်မှာ လူငယ်သော်လည်း အလွန် ဗဟုသုတ ကြွယ်သူ ဖြစ်ကြောင်း သိရသည်။ ညစာအတူ စားဖို့ဖိတ်သည်။ သူ့မျက်လုံးတွင် မရိုးသားသော အရိပ်အရောင် တွေ့ရသည်။

နေ့၃။ ထင်ထားသည့် အတိုင်း ကပ္ပတိန် ရည်းစား စကားစတင် ပြောလေသည်။ လွယ်သည် ဟု ထင်မည် စိုးသောကြောင့် ဘာမှပြန်မဖြေပဲ နေလိုက်သည်။

နေ့၎။ သည်နေ့တော့ သူပိုဆိုးလာသည်။ သူ့အချစ်ကို လက်မခံပါက သင်္ဘောတစ်စီးလုံးကို မှောက်ပစ်မည်ဟု ခြိမ်းခြောက်သည်။

နေ့၅။ သင်္ဘောတစ်စီးလုံးပေါ်ရှိ ခရီးသည်များ၏ အသက်ကို ကျွန်မ ကယ်တင်လိုက်သည်။

Source : mmcp

No comments: