ကိုယ့်နာမည် ————- Tea
ကိုယ့်ကို သူငယ်ချင်းတွေကဒီလိုခေါ်တယ် ————– ကိုတီး၊ ညီတီး၊ မောင်တီး၊ ဦးတီး
ဒီမှာနေတယ် ————- လက်ဆောင်တွေ ပို့နေမှာဆိုးလို့
ကိုယ့်ဆီဖုန်းဆက်ချင်ရင် ———- ဖုန်းဖိုး စိုက် ပေးနိုင်မယ်ဆိုရင် အချိန်မရွေး လာတို့လိုက်လေ
(ကိုယ့်ရဲ့အကြိုက်ဆုံးတွေက)
အရောင်ဆိုရင် ———- ဖြူနက်နီ ပြာဝါရွှေ (ကောင်မလေးနာမည်တော့ ဟုတ်ဘူး)
အ၀တ်အစားဆိုရင် ———- ရိုးရိုး ဆန်းဆန်း အကုန်ရမ်း
အစားအစာဆိုရင်———- ၀ါးလို့ မျိုလို့ ရပြီး အရသာရှိမယ် ထင်တာ အကုန်လုံး OK!
ပစ္စည်းဆိုရင် ———- အလကား ပေးတာ အကုန်ယူတယ်၊ အားလည်း မနာတတ် ရှက်လည်း မရှက်တတ်
သီချင်းဆိုရင် ———- အသံထွက်ပြီး စိတ်မရှုပ်ပဲ ခံစားလို့ရသမျှ (၀ူးဝူးဝါးဝါး Punk တော့ မပါ)
စာရေးဆရာ ———- လူပေါ် သယူသန်စိတ်မရှိ၊ စာတွေပေါ်မှာသာ ဆုံးဖြတ်လေ့ရှိသည်
စာအုပ် ———– Wikipedia :P
Life style ———- ပျော်ပျော်နေသေခဲ
ကိုယ့်ရဲ့ဝါသနာ ———- စားသောက်ခြင်း၊ အိပ်စက်ခြင်း၊ ဂိမ်းဆော့ခြင်း၊ လျှောက်လည်ခြင်း၊ စူးစမ်းခြင်း
အလိုချင်ဆုံးလက်ဆောင် ———- ပေးမယ် ဆိုမှ ပြောမယ်၊ ပေးမယ်ဆိုရင် လှမ်းတို့လိုက်လေ
ကိုယ့်ရဲ့ အချစ်ဆုံးသူက ———- သူပေါ့ (သတ်ချင်သတ်လိုက် .. ဘူးဆိုဘူး .. ပြောပြ"ဘူး")
ကိုယ့်ရဲ့ အလေးစားဆုံးသူက ———- လေးစားခံထိုက်သူမှန်သမျှ
ကိုယ့်ရဲ့ အခင်ဆုံးသူငယ်ချင်းက ———- Rank ခွဲလိုက်လို့ ထကိုက်ကုန်ရင် ဒုက္ခ
ကိုယ့်ကို အများဆုံးနားလည်မှုပေးနိုင်သူက ———- သူပဲလေ
ကိုယ့်ရဲ့ အမုန်းဆုံးသူက ———- အားယားတိုင်း ရန်ရှာနေသူ
ရင်အခုန်ဆုံးအချိန် ———- သူများကို ညာပြောတဲ့အချိန်
အကြောက်ဆုံးအချိန် ———- ကျုပ်လည်းလေ ကိလေသာမို့ ခွဲခွာရမည့်အချိန်
အပျော်ဆုံးအချိန် ———- လွန်ခဲ့သော ၃နှစ်၊ ၅လ က အချိန်တစ်ချိန်
အမှတ်တရနေ့ ———- ဟိုနေ့ ... အဲ့လေ.. ဒီနေ့.. ဟုတ်ပါဘူး.. ပြောပြဘူး :P
ဆုတောင်းတိုင်းသာပြည့်မယ်ဆိုရင်တောင်းမဲ့ဆု———- ကျောက်စိမ်းလက်ကောက် (တရုတ်ကား) ထဲကလို လက်ကောက်တစ်ကွင်း ရပါစေ
အချစ်ဆိုတာ ———- အချစ်=အချစ် (Theory Tested and Confirmed by Tea)
အမုန်းဆိုတာ ———- အချစ်ရဲ့အကိုင်းငယ်လေးတစ်ခု
အလွမ်းဆိုတာ ———- သူလဲပဲ အချစ်ရဲ့ အခက်ငယ်လေးတစ်ခု
သံယောဇဉ်ဆိုတာ———- နှောင်ကြိုးလေးတစ်မျှင်ထဲ.. ထပ်တိုးရစ်ချည်ဆဲ.. (ဘေးအိမ်က တံခါးလာခေါက်နေပြီ နောက်မှဆက်မယ်)
ဘ၀ဆိုတာ ———- တိုတောင်းသော အချိန်တိုလေး တစ်ခု
သူငယ်ချင်းဆိုတာ ———- ဒုက္ခရောက်တဲ့အချိန်ကျရင် ရှာဖို့
ချစ်သူဆိုတာ ———- ပြဿနာလိုချင်ရင် ရှာရမည့်သူ
ကိုယ့်ကိုယ်ကိုဒီလိုထင်တယ် ———- အေးအေးငြိမ်ငြိမ် နေတတ်တဲ့ ကန်ရေပြင်ကို မီးခဲတုံး လာပစ်ရင် အရာရာကို အမှုန့်ကျိတ်ဖို့ ၀န်မလေးသူ
ကိုယ့်ရဲ့လက်ဆွဲဆောင်ပုဒ်က ———- လောကရှိမှာ မဖြစ်နိုင်ဘူးဆိုတာ တကယ်တော့ မရှိဘူး [Impossible is Nothing.]
အပြောချင်ဆုံးစကားတစ်ခွန်း ———- ဒီ POST ကိုဖတ်ပြီးတဲ့ လူတိုင်းကို ပြန် TAG တယ်။ အနည်းဆုံး ကိုယ့်အကြောင်း ငါးချက်ကို ပြောသွားရင် ပြောသွား.. မပြောသွားလို့ကတော့ ဘ၀တိုင်းမှာ ချစ်တဲ့သူနဲ့ ကွေကွင်းရပါစေလို့ (လာမစနဲ့ ပိုဆိုးအောင် ပြောတတ်တယ်။)
လေးစားလျှက်
Tea
Thursday, September 4, 2008
Tea အကြောင်း သိကောင်းစရာ
Subscribe to:
Post Comments (Atom)
12 comments:
ကိုယ့်နာမည် ————- နေခြည်
ကိုယ့်ကို သူငယ်ချင်းတွေကဒီလိုခေါ်တယ် ————– နေခြည်
ဒီမှာနေတယ် ————- အိမ်
ကိုယ့်ဆီဖုန်းဆက်ချင်ရင် ———- 199 or 911
အရောင်ဆိုရင် ———- Black & White
ဖတ်လို့ကောင်းပါရဲ့ အောက်ဆုံးရောက်မှ နင်သွားတရ်
တေနာရေး တီး
အောက်ဆုံးကျမှ ထေ့သွားတယ်။
ရေးဆိုတော့လဲ ရေးတာပေါ့ကွာ။
နောက်တစ်ပတ်မှ စာမူယူနော်။ အဟိ
ကိုတီး...
မီးခဲတုံးကို အမှုန့်ကြီတ်ပြီး
ဘာလုပ်မှာလည်း....ပြောပြနော်
ဟီးးးးးးးး
တီးရေ အချင်းချင်းတွေပဲ..အိတာအကြောင်းလည်းသိလောက်ပေါ့... မရေးတော့ဘူးနော် ..ဟီဟီ...
အပီအပြင်စားမယ့်ပုံကြီးပါလား
ကိုယ့်ရဲ့ အမုန်းဆုံးသူက ———- အားယားတိုင်း ရန်ရှာနေသူ
အမုန်းဆိုတာ ———- အချစ်ရဲ့အကိုင်းငယ်လေးတစ်ခု
ချစ်သူဆိုတာ ———- ပြဿနာလိုချင်ရင် ရှာရမည့်သူ
ကိုယ့်ရဲ့ အချစ်ဆုံးသူက ———- သူပေါ့
လေးစားလျှက်
(^_^)
ကိုယ့်နာမည် ————- ပြောလဲသိ မှာမဟုတ်ပါဘူး
ကိုယ့်ကို သူငယ်ချင်းတွေကဒီလိုခေါ်တယ် ————– သေချာ နားထောင် သူတို့ ခေါ် တဲ့ အချိန်
ဒီမှာနေတယ် ————- boss ပေး ထား တဲ့ apartment မှာ
ကိုယ့်ဆီဖုန်းဆက်ချင်ရင် ———- လုံးဝ မဆက် ဘူးဆို ရင်ပေးမယ်
ပြောချင်တာက ———- နောက်ကို မောင်တီးရေး ရင် မဖတ်တော့ဘူး (စာရေးရမှာ ပျင်းပါတယ်ဆို မှ)
ကိုယ့်နာမည် - primrose
ကိုယ့်ရဲ့အခင်ဆုံးသူငယ်ချင်းက - ရန်မဖြစ်ကြဘူးဆိုမှပြောပြမယ်။ :D
ဒီမှာနေတယ် - မိဘများပေးသနားသောအခန်းတွင် :D
အရောင်ဆိုရင် - အပြာ၊ ဗေဒါ၊ ခရမ်း၊ အနက်၊
အ၀တ်အစားဆိုရင် - ရိုးရိုးရှင်းရှင်းလှရင်ကြိုက်၏။
နောက်ဆိုကိုတီးရေးရင်အဆုံးထိဖတ်တော့ဝူးး(
love=> him
Hatred=> developped from selfishness
A lwan so tar=> for while he's not near me;p
THanyawzin=> can't break it
bawa so tar=> something that is created by our mindsets
နေတဲ့နေရာလေးပြောပါ ဒုက္ခတွေအလကားလာပေးချင်လို့။လူရွှင်တော် ချားလီကတော့သရေလဲပြုပ်ပြီးဝါးနေတာပဲ။ ကျောက်စိမ်းလက်ကောက်လိုချင်ရင်တော့ ဒုတိယပိုင်းဆက်ရိုက်လိုက်..။
မှတ်ချက်။ ။အပြောချင်ဆုံးစကား မကြားချင်ယောင်ဆောင်ပြီးးးနောက်ဆုံးတစ်ကြောင်းပဲ
ပြောင်းပြန်ဖတ်သွားတယ်..ဟဟငါကွ!!!
ဟင် နောက်ဆုံးစာသားကမမိုက်ပါဘူး
ကိုယ့်နာမည်က - anonymous
နေတာကတော့ - ကမ္ဘာမြေရဲ့ တစ်နေရာ
အချစ်ဆုံးကတော့ - လူလည်ကြီး
ဖတ်ဖူးသမျှစာအုပ်ကတော့ - သူငယ်တန်းဖတ်စာ
ဖုန်းနံပါတ်က - Rain ရဲ့ ဖုန်း မဟုတ်ဘူးလို့ :P
Post a Comment