ရုံးမှာ အချိန်ပို လုပ်ရသောကြောင့် နောက်ကျမှ ပြန်ရောက်လာသည့် အဖေဖြစ်သူကို သားငယ်လေးက မေးလေသည်။
သားငယ် - လမင်းက ဘာဖြစ်လို့ အကြီးကြီး ဖြစ်နေတာလဲဟင်
အဖေ - လမင်း ... အကြီးကြီး... ဟုတ်လား.. မသိပါဘူး သားရယ်
သားငယ် - ကြယ်တွေကျတော့ သေးသေးလေးနော်.. ဘာဖြစ်လို့လဲ ဖေဖေ..
အဖေ - ကြယ်တွေ.. ဟုတ်လား.. အင်း.. မပြောတတ်ပါဘူးကွာ..
သားငယ် - ဖေဖေ.. ဘာဖြစ်လို့ ..
အမေက ၀င်ပြောလေသည်။
ဟဲ့သား၊ ဖေဖေ ပင်ပန်းလာတယ်လေကွယ်။ နားပါစေ။ မေးခွန်းတွေ ထုတ်မနေစမ်းနဲ့
ထိုအခါ အဖေဖြစ်သူ ပြောလိုက်ပုံက
မေးစမ်းပါစေကွာ။ ကလေးကို အဖေကမှ မရှင်းပြရင် ဘယ်သူရှင်းပြမလဲ။ မဟုတ်ဘူးလား?
Source : mmcp
Wednesday, September 17, 2008
ဥာဏ်ကြီးရှင်ဖေဖေ
Subscribe to:
Post Comments (Atom)
3 comments:
ဟီးးး.. ဟုတ်ပ ဟုတ်ပ.. အဲ့လိုလေးတွေ တကယ်ရှိတယ်.. :)
ဟားဟား
အဖေကလဲ ရှင်းပြနေပေလို့ပဲ။
အဖေကို လေးစားသွားပြီ
တီးရေ
မေမိုးမခ
Post a Comment