Photobucket

Wednesday, September 10, 2008

ကျွန်တော့်အိမ်မှ စကားဝိုင်း - ၅


ကျွန်တော့်အိမ်မှ စကားဝိုင်း - ၁ (တိုင်းပြည်ခေါင်းဆောင်များ၏ပညာရေး)
ကျွန်တော့်အိမ်မှ စကားဝိုင်း - ၂ (A Conservation with Oppositeye)
ကျွန်တော့်အိမ်မှ စကားဝိုင်း - ၃ (Special Event for ဒေါ်စု မွေးနေ့)
ကျွန်တော့်အိမ်မှ စကားဝိုင်း - ၄ (ဒီမိုကရေစီ နှင့် တခြား အကြောင်းများ)

ဆူဝက်အကြောင်း ဟိုဟိုဒီဒီ
Tea: ဒေါက်ဒေါက်
May: ဘယ်သူလဲ
Tea:: ခဏလောက်
May: ဘာလုပ်မလို့လဲ
May: ထောက်လှမ်းရေးက မသင်္ကာလို့လာစစ်တဲ့လူလား
Tea: သန်းရွှေ တံခါးလာခေါက်နေလို့ :D
May: အော်ဟုတ်လား? ဒါဆို ဂျီတော့ခ်ကိုတတ်ခဲ့လို့ပြောလိုက်!
Tea: သူလည်းပဲ ယိုးဒယားကို အားကျလို့ ဆင်းတော့မယ်တဲ့
May: ဟုတ်လား? ဆူဝက်ကတော့ အသနားခံတယ်
အစည်းဝေးလေးတော့တတ်သွားပါရစေအုံးတဲ့
Tea: ဟုတ်လား
May: ဒါနဲ့နေပါအုံးဆူဝက်က ဘာလို့ပြုတ်ရတာတုန်း? လင်းစမ်းပါအုံး
Tea: အဖြုတ်ခံရလို့ပေါ့
May: သိပါဘူး ဟင်းချက်ကောင်းလို့များလားလို့
Tea: ဟင်းချက်လည်းကောင်းတယ်..သူချက်တဲ့ တုံရမ်းဟင်းချိုဆို သိပ်ကောင်း
Tea: တုံတုံပြီး ရမ်းတာ :P
May: မျောက်သားစားရင်မျောက်မျက်နှာမကြည့်နဲ့ဆိုတဲ့စကားပုံကြားဖူးလား
Tea: ကြားဖူးသလို..
May: အေး
အဲလိုဘဲ ၀က်သားစားရင် ဆူဝက်မျက်နှာမကြည့်မိစေနဲ့
Tea: ဟီး ကြည့်တော့ ဘာဖြစ်တုံး
May: ထိုင်းက ၀က်တွေတောင် ဆူဝက် က ၀က်နဲ့တူတယ်ပြောလို့စိတ်နာပြီး ဆန္ဒပြတဲ့ထဲမှာတောင်ပါသေးတယ် :)
Tea: သူများတိုင်းပြည်တွေတော့ ပြီးသင့်တာတွေ ပြီးသွားတယ်
May: ဘာတွေပြီးတာတုန်း
Tea: ဆင်းသင့်တဲ့လူက ဆင်းသွားတယ်လေ
May: ဘယ်လမ်းက ဆင်းသွားတာတုန်း
Tea: အောက်လမ်း
May: အော် အထက် လမ်းက ဘာပုလို့တုန်း
မင်းသိင်္ခမရှိလို့ ယတြာချေပေးမယ့်သူမရှိလို့လား
Tea: ဟားဟား
:D
May: နေအုံး ခုမှသိတယ်
ဆူဝက်က ရုပ်မြင်သံကြားနှစ်ခုမှာ စားကြမယ်ဟေ့ကောင်းကောင်းကိုအားကျပြီးလုပ်တာလေ
Tea: ဘာလို့တုန်း
May: အဲဒီ ကဏ္ဍမှာ သူက ပိုက်ဆံယူပြီးလာဘ်စားလို့
ပြစ်မှုထင်ရှားလို့တဲ့ ဖြုတ်လိုက်ပြီးတဲ့ကွာ
သနားပါတယ်
Tea: ဟားဟား
မေသူတို့က သတင်းစုံတယ်နော်
May: ဒီမယ် ဖတ်ကြည့်
မစ္စတာ စမတ်ခ်အား ထိုင်းပုဂ္ဂလိက ရုပ်မြင်သံကြားဌာန ၂ ခု တွင် အခကြေးငွေယူ၍ အချက်အပြုတ် အစီအစဉ် တင်ဆက် သောကြောင့် ထိုင်းနိုင်ငံ အခြေခံဥပဒေပါ ပုဒ်မခွဲ ၂၆၇ ကို ချိုးဖောက်ခြင်းဖြစ်သည့်အတွက် ၎င်းကို ယနေ့တွင် တရားရုံး က ၀န်ကြီးချုပ်တာဝန်မှ ရပ်ဆိုင်းသည့် စီရင်ချက်ချလိုက် ကြောင်း တရားသူကြီး ချတ် ချွန်လ၀မ်၏ ပြောကြားချက်ကို ကိုးကား၍ အေပီ သတင်းက ဖော်ပြသည်။
သူများတိုင်းပြည်တွေများနော်
May: အဲလောက်လေးလာဘ်စားတာကို ဖြုတ်ချလို့ရတယ်
May: ဒိုနိုင်ငံများအဲလို လုပ်လို့ရလို့ကတော့ တစ်ကောင်မှတောင်ကျန်မှာမဟုတ်ဘူး
Tea: ဟုတ်ပါ့
May: တိုင်းပြည်အုပ်ချုပ်မယ့်သူမရှိရင်ဒုက္ခ


ဒေါ်စုသတင်းများ
Tea: နေဦး.. ဟိုသတင်းတွေ ကြားလား
ဒေါ်စုအကြောင်းတွေလေ
May: ဘာကြောင်းလဲ
Tea: တော်ကြာ သေပြီပြောလိုက်.. အစားလက်မခံဘူးပြောလိုက်နဲ့
May: ဒေါ်စုထဘီကိုသန်းရွှေက ခိုးသွားလို့တဲ့လား
Tea: ဟီး
May: ဟုတ်လား
ဟင်းမကောင်းလို့လား
:)
Tea: သန်းရွှေက ၀တ်မလို့လား
May: ဆက်ပြောအုံး
အန်တီစုကိုဟင်းကောင်းကောင်းပို့မပေးလို့ လက်မခံတော့တာလား
Tea: သိပါဘူး..
ဟုတ်လား မဟုတ်လား တောင် မသိဘူး
ပြောနေကြတာတော့ စုံနေတာပဲ
ဈေးခြင်း လက်မခံတော့ဘူးတဲ့
May: သန်းရွှေလည်း အစာငတ်ခံနေတယ်ကြားတယ်
Tea: ဟုတ်လား
:D
May: ဂန်ဘာရီယူလာပြီး လက်ဆောင်ပေးတဲ့ေ၇မွှေးပုလင်းက အတုကြီးမို့တဲ့
အစစ်နဲ့ပြန်လည်လဲပေးဘို့
Tea: ဟားဟား
May: ထမင်းမစားဘဲ အစာငတ်ခံဆန္ဒပြနေတယ်တဲ့(ပီဇာတွေဘဲစားနေတယ်)
ဒါနဲ့နေပါအုံး
Tea: အင်း
May : အန်တီစုရဲ့သတင်းတွေက စုံနေတာပဲ
Tea: မသိဘူး.. ဘယ်သတင်းကို ယုံရမှန်းကို မသိဘုး
May: နေကောင်းရင် အန်တီ ခဏလောက် ဂျီတော့ခ်ပေါ်တတ်ခဲ့ပါလို့
မေသူက ဗျူးချင်လို့ပါလို့
sms ပို့ပေး
Tea: တော်ကြာနေကျ ပို့လိုက်မယ်
အက်စ်အမ်အကစ်မှလား
အီးးး မေးလ် ဆိုရင်ရော
May: ဟာ
အီးမေလ်းက စိတ်မချရဘူး
Tea: အက်စ်အမ်အက်စ်က ချရတယ်လား
May: သူ့ပတ်စ၀ါလ် သူများက ဟတ်ပြီးသုံးရင်ဘယ်လိုလုပ်မလဲ
Tea: ဟုတ်ပါ့
ဟတ် ခေတ်ကြီးဆိုတော့
May: အမယ်ဒို့နိုင်ငံများအထင်သေးလို့ အခု 15000 ကျပ်ပေးရင် sms နိုင်ငံတစ်ကာပို့လို့ရပြီတဲ့
Tea: ဟုတ်လား
May: ဟုတ်ပ
Tea: အမ်လီမစ်တက်လား
May: ဟုတ်ဘူး လီမင်တတ် ထင်တာဘဲ
Tea: ဘယ်လို လီမင်တက်တာလဲ တစ်ဆောင်ကို ၁သောင်းခွဲလား
May: တစ်လ ကို
တစ်သောင်းခွဲ
Tea: အ၀ပို့လား
May: အ၀င်ကတော့မပေးရဘူးပြောတယ်
အထွက်တော့ပေးရမယ်တဲ့
Tea: ဟားဟား
May: ဒို့နိုင်ငံက ထွက်ရင် အကုန်ပေးရတာဘဲ
သိဘူးလား
Tea: ဟုတ်ပါ့
May: အသက်ထွက်တာတောင် ပေးရသေးတယ်


ဂန်ဘာရီကြီးဘာတွေလုပ်
May: ဂန်ဘာရီက မြန်မာပြည်ကိုဝင်လိုက်ထွက်လိုက်နဲ့ဘာသွားလုပ်တာလဲသိလား?
Tea: Carry ဆွဲတာ
Tea: အမေရိကားရောက် မြန်မာတွေ မှာတဲ့ ပစ္စည်းတွေကို သယ်သယ်လာပေးတာ
May: လက်ဘက်ခြောက်ကယ်ရီလား
အော်အေးအေး လေယာဉ်လက်မှတ်ဘိုးကျေတာပေါ့
Tea: ဖြစ်နိုင်တာတွေ ရှိသေးတယ်
ဘာတွေတုန်း
Tea: ဒေါ်ကြိုင်ကြိုင်နဲ့ မရှင်းမရှင်းဆိုပဲ တဲ့ :P
May: ငြိနေတာပေါ့
Tea: ဟိုဒင်း ဒီဒင်း ပေါ့
ဟိုဟိုဒီဒီ သတင်းတွေ ထွက်နေတာ
May: ငြိနေတယ်ဆိုလဲ ဘာငြိနေတာလဲရှင်းရှင်းပြော တော်ကြာ အမွေးချင်းငြိနေအုံးမယ်
Tea: သိဘူး
ငြိတာပဲ ကြားတယ်.. ကျန်တာ သိဘူး ဆို သိဘူး ဆိုပဲ :P
May: ကြိုင်ကြိုင် နဲ့သန်ရွှေလက်မှာ ဂန်ဘာရီ အနံ့ စွဲနေတယ်ဆိုတဲ့သတင်းကြားလား
ဥာဏ်ဝင်းရောဘဲ
Tea: အဲ့ဒါတော့ သတင်း အသစ် :D
May: ဟုတ်တယ်အတည်ပြောတာ
၈န်ဘာရီက လေယာဉ်ပေါ်က အဆင်းတစ်ခါ လက်ဆွဲနှုတ်ဆက်
လေယာဉ်တတ်ခါနီးတစ်ခါ လက်ဆွဲနှုတ်ဆက်
တွေ့ဆုံဆွေးနွေးတော့တစ်ခါလက်ဆွဲနှုတ်ဆက်
Tea: ဟီးးးး :D
May: နောက်တစ်ခါ ဒေါ်စုအိမ်ရှေ့ လော်စပီကာကြီးနဲ့အော်တာ မအောင်မြင်လို့ လက်ဆွဲနှုတ်ဆက်နဲ့
Tea: တစ်ချိန်လုံးကို ဆွဲနေပါရောလား
ခြေဆွဲပါ မနှုတ်ဆက်ဘူးလား
May: အမလေးဒါကျုပ်တို့ကြားတာလက်ဘဲရှိသေးတယ်နော်
သတင်းသမားတွေမရှိရင်ဘာတွေဆွဲနေလဲတော့မသိဘူး :)

Tea: ဟားဟား
May: နေပါအုံး
Tea: အင်း
May: မြန်မာပြည်ကို ၀င်ရင်လေယာဉ်ဆိပ်မှာရေးထားတဲ့ဆိုင်းဘုတ်တစ်ခုအကြောင်းပြောအုံးမယ်
Tea: ပြောပါဦး
May: မူးယစ်ဆေးဝါးများသယ်ဆောင်ခွင့်မပြုလို့ရေးထားတယ် အဲဒါဘာလို့ရေးထားတာလဲသိလား
Tea: စဉ်းစားလိုက်ဦးမယ်
သိပြီ
May: ငါတို့နိုင်ငံမှာရှိပြီးသားတွေမို့အလေးခံသယ်လာမှာဆိုးလို့
Tea: ဟီး
May: နောက်ပြီး လက်နက်တွေမသယ်ရဘူးဆိုဘဲ
Tea: အဆင်သင့်ရှိပါတယ်တဲ့
May: ဒါပေမယ့်ဂန်ဘာရီကျတော့ လက်နက်ကြီးနဲ့ သိလား
Tea: သိဘူးလား :D
ဆွဲဆွဲ ထားတယ်ဆိုတော့ ဒီလောက်တော့ ရှိမှာပေါ့
May: သူက လက်တင်နက်တာမဟုတ်ဘူး တစ်ကိုယ်လုံးနက်နေတာ
Tea: ဟီး
May: :)
သန္တာရွှေတောင်ဗိုက်ကြီးကြီးနဲ့ဂန်ဘာရီကြည့်လွန်းလို့
ကလေးတောင် အမဲလေးထွက်လာတယ်ဆိုဘဲ
Tea: ဟုတ်လို့လား
ဒုက္ခပါပဲ
May: ပြောတာဘဲ
ဘာလို့လဲ
Tea: ဘယ်က ပြောတာတုန်း
Tea: ဒီမှာ ကြားထားတာ တစ်မျိုး မေသူပြောမှ ရှုပ်ကုန်ပြီ
May: တော်က ဘာကြားတာတုန်း
Tea: ဒီမှာ ကြားထားတာက
ဂမ်ဘာရီတစ်ခြမ်း တေဇတစ်ခြမ်း = အညိုတစ်ခြမ်း အမဲတစ်ခြမ်း
မေသူပြောမှ အကုန်မဲတယ်ဆိုတော့
May: ဟားးး
Tea: ဘယ်သတင်းက အတုတုန်း
May: ဒါဆို ခလယ်က နှာခေါင်းကတော့ ဆူဝက် နှာခေါင်းနေမှာ
Tea: ဟား
ဟုတ်လောက်တယ် :D


မြန်မာသံရုံးနှင့် အံ့ဖွယ် မျက်လှည့်ပညာ
May: မြန်မာသံရုံးက အကြောင်းပြောရအောင်လို့
Tea: ပြောတာပေါ့
မြန်မာသံရုံး??? ထူးထူးခါးခါး တွေ ရှိလား
May: ဒို့မြန်မာသံရုံးကို အခုတစ်လော ဘလောခ်ဂါတွေက လိမ်တယ်ညာတယ်ဆိုပြီး ဟုတ်မှန်တဲ့သတင်းတွေထုတ်နေတယ်
အမှန်တော့သူတို့က လိမ်ရုံတင်မဟုတ်ဘူး
မျက်လှည့်တွေပါပြတတ်တာ
Tea: တယ်ဟုတ်ပါလား
May: ဟုတ်ပ
Tea: Washington DC ရောက်ရင် သွားကြည့်ဦးမယ်
May: ဟိုနေ့က သူငယ်ချင်းက အခွန်ဆောင်လို့လိုက်သွားတာ နောက်တစ်ပတ်မှလာခဲ့တဲ့
Tea: ဘာလို့တုန်း အခွန်ဆောင်တာတောင် .. ရာရာစစ
May: နောက်တစ်ပတ်သွားတော့လဲ လက်ခံပြီးလက်မှတ်ထိုးပေးမယ့်သူက မရှိသေးဘူးတဲ့
Tea: တိန်
May: အဲဒါနဲ့ဒေါ်လာ၂၀၀ လက်သိပ်ထိုးပေးလိုက်တော့
Tea: ဘာဖြစ်သွားတုန်
May: လေဆိပ်သွားနေတဲ့လူကြီးလက်မှတ်ကြီးက နာရီဝက်နေကြရောက်လာရောတော့
Tea: ဟုတ်လား .... တယ် ဆန်းပါလား မျက်လှည့်ပြတာ
May: အဲဒါနဲ့အခွန်ဆောင်ပြီးသတ် တမ်း(တ ပူနဲ့သတ်တာ)တိုးတဲ့စားပွဲသွားတော့လဲ
ညည်းတို့က စောစောစီးစီးမလာဘူးတဲ့ (နေ့လည်သုံးနာရီလောက်ရှိသေးတယ်)
Tea: ဟုတ်လား
May: အဲဒါနဲ့နောက်နေ့မနက်သွားတော့ကျ
May: ညည်းတို့က စောစောစီးစီးဇယားကိုရှုပ်တယ်တဲ့
Tea: ဟီး
May: အဲဒါနဲ့
May: စူစူပုတ်ပုတ်နဲ့သူငယ်ချင်းမက တောင်းပန်တော့
လက်တော့လက်ခံတယ် လူကြီးက မရှိပြန်ဘူးတဲ့
May: နေပြည်တော်အစည်းဝေးသွားတယ်တဲ့
May: လက်ထောက်ကလဲ မအားဘူးတဲ့ (ချက်တင်တတ်နေတာ အဲဒီနားမှာဘဲ)
Tea: ဟားဟား ဂျီတော့်ခ်လား
May: အစ်မကလဲ ပါးစပ်က မနေနိုင်ဘူး အဲဒီထိုင်နေတဲ့လူက လက်ထောက်မဟုတ်ဘူးလား
လို့မေးတော့
Tea: ဘာပြောတုန်း
May: ညည်းငါ့ကို ဆွဲမထည့်နဲ့တဲ့ ငါ့စော်လေးနဲ့ပွားနေတယ်တဲ့
Tea: ဟားဟား
May: အဲဒါနဲ့ လက်မှတ်ကိုထိုးမပေးဘူး
ခဏနေကြတော့
Tea: ရာရာစစ..
May: ကျုပ်တို့လဲ ဖောရတာပေါ့
မနက်ဖြန်ကိုရီးယားသွားပြီ ဘန်ကီးမွန်းနဲ့သွားတွေ့မှမို့ သက်တမ်းလေးတိုးပေးပါဆိုတော့
လက်မှတ်ထိုးပေးမယ်သူ နေပြည်တော်သွားနေတယ်လို့ ဘယ်နှစ်ခါပြောရမလဲတဲ့
Tea: ကိုရီးယား မင်းသား ဘန်ကီမွန်းလား
အဲ့တော့
May: ဟုတ်တယ် သန်းရွှေအကြိုက်
အဲဒါနဲ့ ဒေါ်လာ သုံးရာကိုလဲ လက်သိပ်ထိုးပီး ညနေကြထမင်းသွားစားတာပေါ့အစ်ကိုရာလို့လဲ ပြောလိုက်ရော
Tea: ဘာဖြစ်သွားတုန်း
May: လက်မှတ်ထိုးပေးတဲ့လူကြီးက နေပြည်တော် အစည်းဝေးကနေချက်ချင်းပြန်လာပြီးလက်မှတ်ထိုးပေးတယ်တော်
အံ့ရော အံ့ရော
Tea: ချက်ချင်းကြီးလား
May: အမလေး နာရီဝက်ဘဲကြာတယ်
Tea: ဒေးဗစ်ကော်ပါဖီးတောင် မျက်လှည့်သွားသင်ရမယ်ထင်တယ်
သူတို့ဆီကနေ
May: ဒို့မြန်မာသံရုံးက မျက်လှည့်လည်ပြတတ်တယ်
Tea: တော်တော် ဆန်းတာနော်
Tea: ဟီး

Tea: ပြောစရာတွေ ရှိသေးလား.. စကားဝိုင်းလေးတောင် ရှည်နေပြီ
May: ရှိတော့ဘူး
Tea: ဒါဆိုလဲ တစ်ပိုင်းနားတာပေါ့နော်..

လေးစားလျှက်

6 comments:

Maharburma said...

ဟားဟားဟား
ဒေါ်အောင်ဆန်းစုကြည်အိမ်မှာ အော်တာမရလို့  လက်ဆွဲနှုတ်ဆက်တယ်တဲ့ ဟားဟားဟား
အရမ်းဆွဲတဲ့ ဖန်ဂေါ်လီပဲနော်

ဒီမောင်နှမကတော့ မြင်လဲ မြင်တတ်ပါ့ဗျာ

Anonymous said...

ရယ်ရတယ်ဗျာ
ကောင်းပါတယ်။

ဒေါက်တာရမ်းကု said...

ရယ်လိုက်ရတာသေတော့မယ်။ ဘာတဲ့၊ ရေမွှေးပုလင်းကအတုဆိုပဲ။ဟားဟား

Anonymous said...

ဖတ်လို့ကောင်းတယ်ဗျာ့

Anonymous said...

စကားဝိုင်းကိုဝင်ဖတ်သွားပါကြောင်း

Anonymous said...

May: သန်းရွှေလည်း အစာငတ်ခံနေတယ်ကြားတယ်
Tea: ဟုတ်လား
:D
May: ဂန်ဘာရီယူလာပြီး လက်ဆောင်ပေးတဲ့ေ၇မွှေးပုလင်းက အတုကြီးမို့တဲ့
အစစ်နဲ့ပြန်လည်လဲပေးဘို့
Tea: ဟားဟား
May: ထမင်းမစားဘဲ အစာငတ်ခံဆန္ဒပြနေတယ်တဲ့(ပီဇာတွေဘဲစားနေတယ်)

Nice one!