Photobucket

Thursday, October 2, 2008

မြန်မာယောက်ျားတွေ ဒီလိုပဲလား ?


ASK ME စားပွဲဝိုင်း မှာ ju က မေးခွန်းထုတ်ထားတာပါ။ တစ်ချို့ယောင်္ကျားတွေက သူတို့တွေရဲ့ ရည်းစားတွေ၊ မိန်းမတွေက သူတို့ထက် လစာပိုရတာတို့ ပညာပိုတတ်တဲ့ မိန်းမတွေနဲ့ တွေ့ရင် သူတို့ စိတ်ထဲ တစ်မျိုးဖြစ်တယ် ဆိုတာ ဟုတ်လား.. ju သူငယ်ချင်းရဲ့ ရည်းစားက သူငယ်ချင်းကိုပြောတယ်.. နင်က ထက်မြတ်လွန်းတယ်.. မိန်းမအရိပ်အောက်မှာနေရမှာ မလိုလားဘူး ဘာဘာညာညာပြောတယ်..
မြန်မာယောက်ျားတွေက တကယ်ဒီလိုပဲ စဉ်းစားကြပါသလား?

မြန်မာ ယောက်ျားတွေက သူတို့ထက် လစာပိုရတဲ့မိန်းမတွေ၊ ပညာပိုတတ်တဲ့ မိန်းမတွေ နဲ့ တွေ့ရင် သူတို့ စိတ်ထဲ တစ်မျိုးဖြစ်တယ် ဆိုတဲ့ ခံစားချက်မျိုးက ကျမ အထင်တော့ ယောကျာင်္ မိန်းမ နဲ့ တော့သိပ်ဆိုင်မယ် မထင်ပါဘူး။ သူတို့ရဲ့ ပင်ကိုယ် စိတ်နေ စိတ်ထားကိုက ကိုယ်ထက်သာရင် မနာလိုတတ်တဲ့ စိတ်ထားရှိတဲ့သူမို့ဘဲနေမှာပါ။

အထူးသဖြင့် အဲဒါတွေက ဆယ်ကျော်သက် အရွယ် တွေမှာ အဖြစ်များတတ်သလို မွေးကတည်းက သန္ဓေသေမှာ ပျောက်ဆိုသလို တစ်ချို့ကလည်း သေတဲ့အထိ အဲဒီစိတ်ဓါတ်မျိုး ကြီးရှိနေတတ်ပါတယ်။ အဲဒီတော့ အဲဒီစိတ်ဓါတ် ရှိတဲ့လူတွေက မိန်းမဘဲဖြစ်စေ ယောကျာင်္းဘဲဖြစ်စေ သူတို့ ပတ်ဝန်းကျင် ကြီးထွားခဲ့ရာနေရာ ပတ်ဝန်ကျင် ရဲ့လွှမ်းမိုးမှု အထူးသဖြင့် အဲလို စိတ်ဓါတ်မျိုးကိုတော့ ရပ်ကွက်ထဲမှာ တင်းလှည့်ပြောတတ်တဲ့ အကျင့်ရှိသူတွေနဲ့ အနေနီးရင်လဲ ရတတ်ပါတယ်။ :P အဲဒီလို လူမျိုးများက တကယ် မထက်မြတ် သေးလို့ပါ .... တကယ်ထက်မြတ်တဲ့သူမှန်ရင် သူ့ရဲ့ အတွေးအခေါ်က အဲဒီလောက် မကျဉ်းမြောင်းပါဘူး။ အဲဒီလိုတွေးပြီ ဆိုမှတော့ အဲလူက တကယ် မထက်မြတ်သေးလို့ပါ။ နောက်ပြီး လုပ်မစားချင်တဲ့ ယောကျာင်္းက မိဘလက်ထက်ကတည်းက ယောင်ခြောက်ဆယ် ယောင်ခုနှစ်ဆယ်နဲ့ နေတတ်တဲ့ ယောကျာင်္းက အမြဲတမ်း အဲလိုဘဲ နေတတ်ပါတယ် အဲလိုနေတတ်ရုံတင်မဟုတ်ဘဲ အဲလို လူမျိုးတွေက မိမိ မိသားစု မိမိ ပတ်ဝန်းကျင်ကလူတွေကို ဆရာအလွန်လုပ်ပြီး အပြစ်ရှာဝေဖန်တတ်ကြသူများ ဖြစ်တတ်ပါတယ် ....အဲတော့ အဲလို ယောကျာင်္းမျိုးကိုတော့ အစကတည်းက စိတ်သဘော ထားချင်း မတိုက်ဆိုရင် ရှောင်လိုက်တာ အကောင်းဆုံးပါ။ ချစ်လှချေရဲ့ ဆိုရင်တော့ လည်းတစ်မျိုးပေါ့ ကိုယ့်ဖာသာ သာဆုံးဖြတ်ပေတော့....

နောက်ဆုံးအချက် ကို တော့ မြန်မာယောကျာင်္းမှ မဟုတ်ပါဘူး တစ်ခြားယောကျာင်္းတွေလဲ အဲလို ဘဲ ထဘီနားခိုစားဘို့ တွေးနေတဲ့ အမေရိကန် အဖြူကောင် တစ်ချို့တွေလဲ အများကြီးပါ...ဥပမာ တစ်ချို့ နိုင်ငံသားတွေဆိုရင် လင်မယားချင်း ထမင်းအတူတူ သွားစားတာတောင်မှ ကိုယ့်ပိုက်ဆံ ကိုယ်ရှင်း ကြတာမျိုးတွေ အများကြီးပါ .... မြန်မာ အမျိုးသားတော်တော်များများကတော့ အဲလို မဟုတ်ရှာပါဘူး သူ့တို့ထဲမှာ ပါရင် သူ့တို့ဘဲရှင်းပါတယ်။ ခင်မင်သူ မိန်းကလေး သူငယ်ချင်းတွေနဲ့ စားလည်း အဲလိုပါဘဲ သူတို့က လက်ထဲမှာပါရင် ရှင်းပါတယ် (လင်းစစ်သူတို့ ၊ တီးတို့ ဆို အဲလို ဘဲသူတို့ကဘဲ ရှင်းရှင်းသွားတယ် စားပွဲပေါ်က ၇ှိတဲ့ မုန့်တွေ ရှင်းတာကို ပြောတာနော်) သူ့တို့ဆီမှာ ပိုက်ဆံမရှိရင်လဲ မိန်းကလေး သူငယ်ချင်းတွေဆီက ချီးတတ်သလို ချီးပြီးရင်လဲ မသိချင် ယောင်ဆောင် နေတတ်ကြပါတယ် :P ပြန်တောင်းရင်လဲ ရူးချင် ယောင်ဆောင်သေး အားနာလို့ ပြန်မတောင်းရင် သူတို့က နောက်တစ်ခါ အမေ့ခံ ပြီးတော့တောင် ထပ်ချေး တတ်ကြပါသေးတယ် (ဒါက ကြုံလို့ပြောပြတာပါ)

နောက်ပြီး ကျမ တို့ မြန်မာ အမျိုးသာ ယောကျာင်္းတွေမှာ အဲဒီလို အကျင့်မျိုးက ၆၀ရာခိုင်နှုန်းလောက်မှာ မရှိတတ်ကြပါဘူး။ မြန်မာ အမျိုးသာ အများစုက အမျိုးသမီးများကို မိန်းမပီသသော အမျိုးသမီးများကို အလိုရှိသလို သူတို့က ဘဲ အိမ်ထောင်ရဲ့စီးပွားရေးကို ဦးဆောင်ချင် တတ်ကြပါတယ်။ ကျမ ဖေဖေ ဆို ရသမျှလစာ မေမေကို အကုန်အပ်ပါတယ် :P လိုမှ ဘဲ မေမေ့ဆီက တောင်းသုံးတတ်ပါတယ်။ ကျမ မေမေ ကျမရဲ့ အစ်ကိုအကြီးတွေကို အမြဲ ပြောလေ့ရှိတဲ့ စကားတစ်ခွန်ရှိပါတယ်။ ဆင်းရဲတဲ့မိန်းမ ကိုဘဲ ယူယူ ချမ်းသာတဲ့မိန်းမကိုဘဲ ယူယူ အချိန်တန် ရင် မင်းတို့ဘဲ လုပ်ကျွေးရမှာအဲတော့ ကိုယ့်အပေါ်ကြင်နာတဲ့မိန်းမ ကိုယ်ချစ်တဲ့ မိန်းမကိုဘဲရှာယူကြဆိုတဲ့စကားပါ" အစ်မ အမျိုးသားလောင်းဆိုရင် အစ်မ တို့ မင်္ဂလာ ဆောင်စရိတ်အတွက် လစဉ် သူ့လစာရဲ့ တစ်ဝက်ကို အစ်မဘဏ်မှာ လာထည့်ထားပါတယ် ... အဲဒီလိုချစ်စရာ အကျင့်လေးတွေက မြန်မာ ယောကျားင်္ အများစုဆီမှာဘဲ ရှိတတ်ကြပါတယ် ....ကောင်းတယ် ဆိုးတယ် ဆိုတာကတော့ မြန်မာ ယောကျာင်္းမှ မဟုတ်ပါဘူး။ တစ်ခြား ယောကျာင်္းတွေဆီမှာလဲ ရှိတတ်ပါတယ်
ကျမလည်း အဲဒီ ကျားမ ၀ါဒီ အစွဲမရှိတဲ့သူမို့လို့လားတော့မသိဘူး အဲလိုမျိုးတော့ ကောင်းကောင်းမသိပါဘူး ....

သေချာတာတော့ မြန်မာ ယောကျာင်္း အများစု မှာ သူမှာ ပိုက်ဆံရှိလာရင် (ဘောလုံးပွဲနိုင်လာရင်ဘဲ ဖြစ်ဖြစ် ချဲပေါက်လာရင်ဘဲ ဖြစ်ဖြစ်) အနည်းဆုံးအိမ်က မိသားစု အတွက်တော့ ခေါက်ဆွဲ ကြော်ထုပ်လေးတော့ အလိုက်သိစွာပါလာတတ်ပါတယ် ...

အဲဒီ မေးခွန်းအတွက် ညီမ ငယ် ဂျူး ကျေနပ်မယ်လို့ မျှော်လင့်ပါတယ်
မြန်မာ အမျိုးသမီးတစ်ဦးဖြစ်တဲ့ ကျမ အနေနဲ့ကတော့ တစ်ခြားနိုင်ငံခြားသားကို အထင်ကြီးတာ ဆိုတာဆိုလို့ အလုပ်လုပ်ကိုင်တာ သေသပ်တာနဲ့ အချိန်တိကျတာ ကလွှဲလို့ ကျန်တဲ့ အချက် တွေကို အထင်မကြီးသလို အထင်မသေးမိတာတော့ အမှန်ပါ။

မေသူပိုင်


13 comments:

Anonymous said...

thank you so much. I'm sorry if I sounded so blunt in the question. I didn't mean to generalize all Burmese men cuz afterall, I am burmese myself and I respect good and decent burmese men greatly. I agree that most of them have great traits. Just too bad that it is a few that needs to work on themselves. :/

Tea said...

သြော် ကျား ကျား :P
သြော် မ မ :P

shin said...

Innn....from my personal experiences, I notice that guys from other country give more respect to lady than mm guys....The word- 'Lady First' is already in most of their mind....

ကိုရင်နော်ခင်လေးငယ် said...

မေသူရေ..
ဖြစ်လေ့ဖြစ်ထ ဖြစ်တတ်တာတွေကို
ထောက်ပြတာ.. လေးတွေ အရမ်းကောင်းပါတယ်..

ဒါနဲ့ စကားမစပ်..
ကိုတီးတို့များ အမြင်မှန်ရပြီး
မေသူ့ အကြွေးလာဆပ်ရင် ခင်လေးကို
မုန့်ဝယ်ကျွေးရမယ်နော်..
ဒါဘဲ.... ဟက်..ဟက်..

Tea said...

ဘာအကြွေးမှလဲ မရှိပဲနဲ့ ညာပြောတယ်..
တစ်သက်နဲ့တစ်ကိုယ် ဘယ်သူ့ဆီကမှ မချေးဖူးဘူး :P

အိတာ said...

တီးက တစ်သက်နဲ့ တစ်ကိုယ်မချေးဘူးဘူးဆိုတော့ ...........အရင်ဘ၀ကတော့ချေးဘူးတယ်ပေါ့....
စတာနော် အဟီ....
မမေသူ i got it !!!!:D

Dream said...

ဟားဟား..တီတီမေသူတို့ကတော့
အရေးအသားအတွေးအမြင်
တော်တော်ထက်တယ်။

မှန်ပါတယ်..လူတယောက်ကယောက်ျား၊မိန်းမ
ဖြစ်တာနဲ့မဆိုင်ပါဘူး။ အဓိကကတော့လူ့ရဲ့
စိတ်ဓာတ်နဲ့လုပ်ရပ်ကသာအဓိကလို့မြင်တာပဲ။

တချို့ယောက်ျားတွေယုတ်ညံတာရှိသလို၊တချို့မှာ
ချစ်စရာကောင်းပြီးလေးစားရတဲ့စိတ်ဓာတ်ရှိကြတယ်။
တချို့မိန်းမတွေယုတ်ညံတာရှိတာသလို၊
မြင့်မြတ်တဲ့မိန်းမလည်း၇ှိပြန်ရော။

ဒါကြောင့်မနာလိုဝန်တိုတဲ့မစ္စရိယစိတ်က၊လူ
နဲ့သာဆိုင်တယ်၊လို့ထင်မိတယ်နော်။

(ဟဲဟဲ..ဦးတီးနော်....ဟွန်း..အထုမှတိဒေါ့ဒယ်။
တီတီမေတူယဲ့ပိုက်ချံဂိုချီးယူတွားဒါ၊ပန်ယဲ
ရာမဆက်တေးဝူးနော်...ဟွန်း..
အဲဒါအတိုးဏဲ့ပန်ရာချပ်..ဟဲ..ဟဲ.
ဟီးဟီး :P :P :P )

Anonymous said...

nout ta ku sin sar meet tar ka, eain htaung ta ku yeit "Bread earner" ka yout kyar lay pae pyint ya mae lote tachote youtkyar lay tway khan yu htar thay dae lote dote yu sa meet par dae. thu dote pae lote kyae sayar lel ma lo par bue so yin mhar ma lar.. Akukit kyi mhar, mainma a lote lote naing yin lel lote, youtkyar lote naing yin lel lote pot naw. Koe. ar ko koe tar pot. Bae thu ka bread earner pyint ya mae ma shi dote tha lo, bae thu ka ein mhar nay, ya mae lel ma shi dote bue so pyi tway kaw yin, mhar ma lar dote ma thi bue...

sorry about my burglish..
A ku lo lut lut lat lat pyaw so, tway kaw kwint pay deit myhome16 blog ko a yan kyay zu tin par dae. Awesome place & people!

PP said...

လခ တစ်ဝက်ကို မမေသူ account ထဲမှာ လာထည့်ထားတယ်ဆိုပဲ။ အားကျတယ်နော်။ ဟင်း ဟင်း
မမေသူရေ ရှော့ပင်သွားရအောင်။ အဟိ

Tea said...

မေသူ့ရဲ့အနာဂတ်ခင်ပွန်းလို လူတွေ တဖြေးဖြေးနဲ့ လျော့ပါးလာမယ်လို့ ကျွန်တော်ယုံကြည်တယ်။
ဘာကြောင့်ရယ်တော့ သေချာမပြောတတ်ဘူး။ ဒါပေမယ့် စိတ်ထဲခံစားရတာတော့ အဲ့ဒီလိုမျိုးပဲ။

(ကျွန်တော့်အလှည့်ကျရင်တော့ ကိုယ့် account ထဲ လာထည့်ပေးမယ့် လူမှ အဆင်ပြေမယ်။ ၁၀ ယောက်လောက် ထားရင် မဆိုးဘူး) ဟတ်ဟတ် :P

Anonymous said...

:D
Question yat Answer ka KO TEa pyit nay tar koo :P haha
sa tar naw ko tea ,
sate soo ya buu

10 yout taung ma lar :? Myar buu lar hinn :P

မေသူပိုင် said...

အားလုံးကျေးဇူးနော်
ပေဖူးရေ အစ်မ အမျိုးသားလောင်းက မင်္ဂလာဆောင်ကို အကျယ်ချဲ့ချင်တဲ့သူက သူကိုယ်တိုင်လေ အဲဒါကြောင့် သူ့ လခ တစ်ဝက်ကို အစ်မကို အပ်တယ် ၈လ ဘဲရှိပါသေးတယ်
အစ်မတို့က ဘာသာမတူတော့ အစ်မတို့ ဘုရားကျောင်းမှာလဲ မင်္ဂလာဆောင်မယ် မြန်မာလိုလဲ ဆောင်မယ် လေ အဲဒါကြောင့်ပါ
စန်ဘူနိုမှာက အစ်မတို့ အိမ်ကိုကြုံမှ အလည်ခေါ်မယ်
ခုတော့ ကြုံ ကုလားပြည်မှာ ဆုတောင်းမှာပြီးေ၇ာက်နေတယ်
ပျော်ရာမှာ မနေရ တော်ရာမှာနေရတဲ့
မေသူ

Anonymous said...

မမေသူခင်ဗျာ၊ကျနော်ကြာဘူးတာတခုရှိပါတယ်။မိန်းမတွေဟာ
ယောက်ျားတွေထက်ဝင်ငွေးပိုကောင်းလာပြီးဆိုအဲဒီယောင်္ကျာ
ဘယ်တော့မှအောစာမညောင်တော့ဘူး၊ပြောလိုက်ရင်မိန်းမ
တွေကပြန်ပြောတာကရှင်လုပ်စာဘယ်လောက်ရလို့လည်
ကျမရှာလို့တစ်အိမ်လုံးစားနေရတာမဟုပ်လာလို့ပြောတတ်ကျတယ်။
အဲတာဘယ်နှစ်ရာခိုင်နုန်သောမိန်းမတွေပါလည်ခင်ဗျာ။
ကျေးဇူးပြုပြီးမမေသူဖြေကြာပေးပါ။