Photobucket

Friday, October 17, 2008

ASK ME စားပွဲဝိုင်း အမှတ် (၃)


အခု ASK ME စားပွဲဝိုင်း ရဲ့ အမှတ် (၃) မှာ မေးခွန်း ၅ခုရဲ့ အဖြေကို ဖော်ပြသွားပါမယ်။ မေးခွန်း အသစ်တွေ ဆက်မေးချင်တယ် ဆိုရင်တော့ ဒီနေရာ ကို သွားပြီး မေးမြန်းနိုင်ပါတယ်။


အချစ်ရေးရာ မေးခွန်း

သိလိုသူ ၏ မေးခွန်း
မေးချင်တာကတော့ လူတွေကလေ၊ အသဲကွဲပြီးရင်ပေါ့ အသဲအသန်ခံစားနေကြရတယ်။ သေတော့မလို၊ အသက်ပဲထွက်တော့မလို၊ ဖြစ်နေတာမှ စုံနေတာပဲ ဒါပေမယ့်လေ နည်းနည်းလည်းကြာရော နောက်တစ်ယောက်နဲ့တွေ့သွားရော အဆင်တွေပြေသွားရော အရင်ကပြောတော့ တစ်ယောက်မှတစ်ယောက်ပါတဲ့ ဒီတစ်ယောက်မရရင်သေရပါမယ်တဲ့ စုံနေတာပါပဲ ဒါပေမယ့် နောက်ဆုံးကျတော့ ဒုံရင်းပါပဲလေ။ လူတွေအားလုံးဒီလိုပဲလား?
ကျွန်တော် ပြောချင်တာက အဓိက ပြဿနာက “အချိန်” ပါပဲ။ လူတွေ တစ်ဦးတစ်ယောက်သော ချစ်သူကြောင့် အသဲကွဲလို့ ပြင်းပြင်း ထန်ထန် ခံစားနေရရင် လိုအပ်နေတာ တစ်ခုပဲ ရှိတယ်။ အချိန်ပါ။ အချိန် အတိုင်းအတာ တစ်ခု ပြီးဆုံးသွားရင် လူအများစုဟာ သက်သာ လာကြပါတယ်။ ဘယ်လောက်ပဲ ကြီးပြင်းတဲ့ ခံစားချက်တွေ ဖြစ်နေပါစေ၊ အချိန်တစ်ခု ရှိမယ်ဆိုပါက သက်သာလာမှာပါ။ ဒါဟာ လူတော်တော်များများ အတွက် မှန်ပါတယ်။ ဒါပေမယ့် တစ်ချို့လူတွေ ကျတော့ အချိန်အလွန်ကြာသွားသော်လည်း ကွဲနေတဲ့ အသဲက ဆက်မရတော့ပဲ ကွဲပြီးရင်း ကွဲနေတာ သေရာပါ ပါပဲ။ ဒီလိုမျိုးက ရှားပါတယ်။ တော်တော်များများဟာ အချိန်တစ်ခုပြီးဆုံးသွားရင် ဘ၀သစ်မှာ ပြန်လည် ရှင်သန်လာပါတယ်။ ကျွန်တော်လည်း လူအများကြီးနဲ့ ကြုံတွေ့ဖူးပါတယ်။ အချစ်ပြဿနာတွေ တက်တဲ့လူတွေပါ။ သူတို့တွေ အားလုံးဟာ အချိန်တစ်ခုအပြီးမှာ သက်သာသွားပြီး အဆင်ပြေသွားကြပါတယ်။ အင်း… နောက်တစ်ယေက် ဆိုတဲ့ အကြောင်းကို ရှင်းရမယ် ဆိုရင်တော့ အချစ်ဦးဟာ လူတော်တော် များများ အဖို့ အဖြစ်အသဲဆုံးပါ။ အချစ်ဦးလို့ ဆိုရရင် ကိုယ့်ဘက်က နှစ်နှစ်ကာကာ ချစ်နေတဲ့ အချစ်ဦးကို သာ ဆိုလိုခြင်း ဖြစ်တယ်။ လူတွေက သူတို့ အရမ်းကို ချစ်ရတဲ့ အချစ်တစ်ခုကြောင့် ကြီးကျယ်တဲ့ အသဲကွဲ ဝေဒနာကို ခံစားပြီးသွားရင် … အချိန်၏ ကုစားမှုကြောင့် ပြန်လည် ကောင်းမွန်သွားပါက နောင်အချိန်ကျရင် နောက်အချစ်သစ်တစ်ခုနှင့် ထပ်တွေ့ပါက လူအများစုဟာ ထို အချစ်ကို လက်ခံကြပါတယ်။ လူတွေက အသဲကွဲပြီးတော့ ပိုပြီး ရင့်ကျက်သွားပါတယ်။ အသဲက အရင်တစ်ကြိမ်က ကွဲဖူးပြီးပြီ ဆိုတော့ လူတွေ ကျင့်သားရသွားတယ် ပြောပြော၊ ရင့်ကျက်တယ်ပဲ ပြောပြော လူတွေက နောက်တစ်ယောက်ကိုတော့ အရင်တစ်ယောက်လောက် ခံစားရမှာ မပူတော့ဖူးပေါ့။ ဒါဟာလဲ အများစုကို ပြောတာပါ။ ကိစ္စတိုင်းမှာ exception ဆိုတာ ရှိလို့ ကျွန်တော် သေချာတော့ မပြောရဲပါ။ ဒါပေမယ့် ကျွန်တော့် အမြင် နှင့် လေ့လာမှုတွေ အရတော့ လူ ၁၀၀ ယောက်မှာ ၉၉ ယောက် က အတိတ်က အသဲကွဲခဲ့ပြီးသော်လည်း အချိန်က ကုစားပြီးသွားရင် အချစ်သစ်တစ်ခုနဲ့ တွေ့လာရင် ထိုအချစ်ကို လက်ခံကြပါတယ်။
Tea



နိုင်ငံရေးဆိုင်ရာ မေးခွန်း

အေကေ ၏ မေးခွန်း
အခုလက်ရှိ ကျွန်တော်တို့ တိုင်းပြည်ကို U.K ရဲ့ ကိုလိုနီအောက်မှာ ရှိနေတာထက် လက်ရှိ စစ်အစိုးရက အုပ်ချုပ်နေတာက ဘယ်တစ်ခုက ပိုပြီး ကောင်းမွန်မည်ဟု ထင်ပါသနည်း။ ဘာကြောင့်နည်း။
ဘယ်တစ်ခုကမှ မကောင်းပါဘူးဗျာ။ ကိုလိုနီအောက်မှာရှိတော့ မလွတ်လပ်ဘူးဆိုတဲ့ သဘောပေါ့။ လက်ရှိစစ်အစိုးရက အားလုံး သိထားတဲ့ အတိုင်း ပြည်သူပြည်သားတွေကို ဘာမှ ဂရုစိုက်တာမှ မဟုတ်တာ။ တိုင်းပြည်တစ်ခုရဲ့ အချုပ်အခြာ အာဏာဆိုတာက ကိုလိုနီရော စစ်အစိုးရတင်မက ဘယ်သူ့လက်ထဲမှာမှ မရှိသင့်ပဲ တိုင်းသူပြည်သားတွေရဲ့ လက်ထဲမှာ ရှိသင့်တာပါ။ ဒီတစ်ချက်ထဲကြောင့် ဘယ်တစ်ခုရဲ့အောက်မှာမှ မကောင်းပါဘူးလို့ အဖြေပေးချင်ပါတယ်။ ဒါပေမယ့် အေကေက အဆိုးနှစ်ခုထဲက တစ်ခုကို ရွေးစေချင်တယ်ဆို၇င် ကျွန်တော်က U.K ကို ရွေးမိပါလိမ့်မယ်။ လက်ရှိစစ်အစိုးရရဲ့ ပြည်သူပြည်သားတွေကို နည်းနည်းမှ ဂရုမစိုက်ပဲ တိုင်းပြည်ကို ချွတ်ခြုံကျအောင် လုပ်နေတဲ့ ဖြစ်ရပ်တွေကို ကြည့်မယ်ဆိုရင် ဗြိတိသျှကိုလိုနီကမှ ပြည်သူပြည်သား တွေရဲ့ အခြေခံ လိုအပ်ချက်တွေ ဖြစ်တဲ့ စားဝတ်နေရေး၊ သွားလာဆက်သွယ်ရေး။ ရေ၊ မီး စတာတွေကို စုံလင် ပြည့်စုံအောင် ပေးပါလိမ့်မည်။ ဥပမာ ဟောင်ကောင်ကိုပဲ ကြည့်ကြပါဆို့။ ဗြိတိသျှ ကိုလိုနီအောက်မှ ၉၉နှစ် တိုင်တိုင် ရှိလာခဲ့တာပါ။ ဒါဟာ ကျွန်ခံချင်တာ မခံချင်တာနဲ့တော့ ဘာမှ မဆိုင်ပါဘူး။ ဗြိတိသျှကလည်း သူအုပ်စိုးသွားတဲ့ အချိန်မှာ ကောင်းအောင် လုပ်ပေးသွားခဲ့ပါတယ်။ တကယ်တော့ အခြေအနေတစ်ခုမှာ ပြည်သူပြည်သားတွေ အကျိုးအမြတ်ရဖို့ က အဓိကပါ။ အချုပ်အခြာ အာဏာက ပြည်သူပြည်သားတွေရဲ့ လက်ထဲမှာသာ ရှိသင့်ပါတယ်။ အခုလို ဦးသန်းရွှေကြီး အုပ်စိုးနေပြီး တိုင်းပြည် ဒုက္ခရောက်နေတာကတော့ ဗြိတိသျှ ကိုလိုနီထက်ကိုပင် ပိုမို ဆိုးရွားနေပါကြောင်း …
Tea



နည်းပညာဆိုင်ရာ မေးခွန်း

အောင်သာငယ် ၏ မေးခွန်း
လွန်ခဲ့တဲ့ တလက iPodTouch 32 GB တလုံး ၀ယ်ခဲ့ပါတယ်။ နောက်တော့ FreeWare တွေ download ပါတယ်။ အားလုံး ၆၀ လောက်ရှိမယ်။ အဲထဲက တခု install လုပ်ပြီး run ကြည့်တာ hang သွားပါတယ်။ reset ပြန်လုပ်လို့လည်း မရတော့ပါ။ ပြန်လုပ်တိုင်း Apple icon လေးပေါ်နေတာကနေ မတက်တော့ပါ။ Any help will be highly appreciated.
I am sorry but I think you just need to go to Apple Store together with your warranty. Staffs are very helpful. They will help you for sure.
သိပ္ပံမောင်ပိန်


အထွေထွေ မေးခွန်း

Law Shay ၏ မေးခွန်း
What does that "16" means in "MyHome16" ?
ဟုတ်ကဲ့ပါ။ MyHome16 က ဟိုးအရင်တုန်းက ကျွန်တော် တစ်ယောက်ထဲ စရေးဖြစ်တဲ့ ဘလောခ့်လေး တစ်ခုပါ။ နောက်ပိုင်းကြာတော့ မေသူရောက်လာတယ်။ လင်းစစ်သူရောက်လာတယ်။ တဖြေးဖြေးနဲ့ အခုဆို ၇ယောက် ရှိသွားပါပြီ။ ကျွန်တော် တစ်ယောက်ထဲ စခဲ့တုန်းက ကျွန်တော်ရဲ့ စိတ်ခံစားချက်တွေ၊ အထင်အမြင် အယူအဆတွေ သိုလှောင် သိမ်းဆည်းထားဖို့ အိမ်လေးတစ်လုံးလို အမည်ပြုမယ်လို့ ရည်ရွယ်ပြီး Myhome ကျွန်တော့်အိမ် ဆိုတဲ့ နာမည်ကို ကျွန်တော် ရွေးဖြစ်ခဲ့တယ်။ အိမ်ဆိုတော့ အိမ်နံပါတ်လေး ရှိသင့်တယ်လို့ ခံစားချက်နဲ့ ကျွန်တော် နံပါတ် တစ်မျိုး ထည့်မယ်ဆိုပြီး ရည်ရွယ်ကာ ကျွန်တော် ၁၆ ကို ရွေးဖြစ်ခဲ့တယ်။ နံပါတ် ၁၆က ကျွန်တော့်အတွက် အလွန် အရေးပါတဲ့ နံပါတ် တစ်ခုပါ။ Lucky နံပါတ်ပဲပြောပြော အကြိုက်ဆုံး နံပါတ်ပဲပြောပြော ကျွန်တော် ငယ်စဉ်တောင်ကျေး ကလေးဘ၀ထဲက ဤနံပါတ်လေးကို ကြိုက်နှစ်သက်စွာ အသုံးပြုလာတာ ယနေ့ထိတိုင်ပါပဲဗျာ။
Tea



ကျန်းမာရေး ဆိုင်ရာ မေးခွန်း

Anonymous ၏ မေးခွန်း
This is Joshua. I want to ask you one question. Normally, I'm smoker. I use to smoke 3days/pack. I knew that this is not a good habit. SO, my question is, " How to pervent for bad health" for smoker. I means like myanmar medicine. or English medicine. Please don not tell "Don't Be Smoke" . I'm smoking but on the other hand , I want to take some medicine for good health. Especially for Lungs and liver . Please kindly be reply to me. I'm representitive for all my friends. Thanks you.
ကို Joshua ရဲ.အမေးကို ဖြေရမယ်ဆိုရင် ဆေးလိပ်သောက်နေရင်း တစ်ဖက်ကလည်း ရောဂါမရအောင် သောက်တဲ့ဆေးဆိုတာ မရှိပါဘူး။ မြန်မာတိုင်းရင်းဆေးမှာရှိမရှိတော့ ကျွန်တော်လည်းမသိပါဘူး။ ဆေးလိပ်မှာပါဝင်တဲ့ ပစ္စည်းတွေဟာ (carcinogen) ကင်ဆာရောဂါကိုဖြစ်စေတဲ့ ပစ္စည်းတွေဖြစ်လို. လူ.ကိုယ်ခန္ဓာအတွက် ဆိုးကျိုးတွေသာဖြစ်လာမှာ ဖြစ်တယ်။ နှစ်နဲ ချီပြီးသာသောက်မယ်ဆိုရင် အဆုတ်နဲ. လေပြွန်ကင်ဆာ၊ ကျောက်ကပ်ကင်ဆာ၊ ပါးစောင်ကင်ဆာ၊ လည်ချောင်းကင်ဆာ၊ အစာအိမ်ကင်ဆာ စတဲ့ ကင်ဆာရောဂါတွေဖြစ်လာနိုင်ပါတယ်။ ဒါ့အပြင် ခြေထောက်တွေ ပုပ်ပြီး ဖြတ်ရတဲ့အထိလည်းဖြစ်တတ်ပါတယ်။ နှလုံးသွေးကြောကျဉ်းရောဂါအပါအ၀င် တစ်ခြား နှလုံးရောဂါတွေလည်း ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ဖြည်းဖြည်းစီ လျော့သောက်ပြီး ဖြတ်သင့်တယ် လို.အကြံပြုချင်တယ်။ မဖြတ်နိုင်ရင်တော့ ကျန်းမာရေးများများလိုက်စားပါ။ လမ်းများများလျှောက်ပါ။ ကိုယ်ကာယလေ့ကျင့်ခန်း၊ အပြေးလေ့ကျင့်ခန်းတွေ လုပ်ပါ။ ဒါမှ အဆုတ်အားကောင်းလာပြီး ဆေးလိပ်ကြောင့် အဆုတ် အပျက်အစီးနည်းမှာပါ။ အစားအသောက် ချင့်ချိန်စားပါ။ (အဆီလျော့စားပါ)။ ဒါမှ နှလုံးသွေးကြောမကျဉ်းမှာပါ။ အကောင်းဆုံးကတော့ အတတ်နိုင်ဆုံးနည်းနိုင်သမျှ နည်းအောင်သောက်ပါ လို.ပဲပြောချင်ပါတယ်။
ဒေါက်တာရမ်းကု

အားလုံးကို လေးစားလျှက်
www.myhome16.com


3 comments:

Kaung Kin Ko said...

အေကေရဲ့ မေးခွန်းကို တီးဖြေထားတာ သဘောတူတယ်ဗျို့ ။

Anonymous said...

For Joshua,
I read in somewhere... if you still want to smoke, you need to have a good diet, and you also need to take more Vit. and minerals ( within RDA & Upper Safe limit).

Anonymous said...

ဖြေထားတာလေး သဘောကျတယ်။