Photobucket

Friday, October 3, 2008

ဘာဆက်ဖြစ်မယ်ထင်လဲ ?


အလုပ်ရှင် က အတွင်းရေးမှူးမ ကို ပြောသည်။ ငါတို့ နိုင်ငံခြားကို တစ်ပတ်ကြာ သွားရလိမ့်မယ်။ ဒါကြောင့် စီစဉ်စရာတွေ ရှိတာ စီစဉ်ထား။
အတွင်းရေးမှူးမက သူ့ယောက်ျားထံ ဖုန်းဆက်သည်။ ကျွန်မ သူဌေးနဲ့ နိုင်ငံခြားကို တစ်ပတ်ကြာ သွားရလိမ့်မယ်။ ရှင် ကိုယ့်ဘာသာကိုယ် ကြည့်နေနော်။
ယောက်ျားက သူ့တိတ်တိတ်ပုန်း ချစ်သူထံ ဖုန်းခေါ်၏။ ကိုယ့်မိန်းမ နိုင်ငံခြားကို တစ်ပတ်ကြာ သွားရလိမ့်မယ်။ ဒါကြောင့် ကိုယ်တို့ တစ်ပတ်လုံး အတူနေကြရအောင်။
တိတ်တိတ်ပုန်း ချစ်သူက သူမ သီးသန့်ကျူရှင်ပေးနေသော ကောင်လေးထံ ဖုန်းဆက်သည်။ ငါတစ်ပတ်လောက် အလုပ်လုပ်စရာရှိတယ်။ ဒါကြောင့် မင်းစာလာသင်စရာ မလိုဘူး။
ကောင်လေးက သူ့အဘိုးထံ ဖုန်းဆက်သည်။ ဘိုးဘိုး၊ ကျွန်တော့် ဆရာမ အလုပ်များနေလို့ တစ်ပတ်လောက် စာမသင်ရဘူး။ ကျွန်တော်တို့ တစ်ပတ်လုံးနေပြီး အချိန်ဖြုန်းရအောင်။
အဘိုး (အလုပ်ရှင်သူဌေး) က သူ့ အတွင်းရေးမှူးမ ဆီကို ဖုန်းဆက်သည်။ ဒီအပတ် ငါ့မြေးနဲ့ အချိန်ဖြုန်းရမယ်။ အဲ့ဒီ ခရီးကို မသွားဖြစ်တော့ဘူး။

အတွင်းရေးမှူးမက သူ့ယောက်ျားကို ဖုန်းခေါ်သည်။ ကျွန်မ အလုပ်ရှင်က ဒီတစ်ပတ်ထဲ လုပ်စရာလေးတွေ ရှိတယ်။ ခရီးစဉ်ကို ဖျက်လိုက်တယ်။
ယောက်ျား တိတ်တိတ်ပုန်း ချစ်သူထံ ဖုန်းဆက်သည်။ ငါတို့ ဒီတစ်ပတ် အတူတူ အချိန်မဖြုန်းနိုင်တော့ဘူး။ ငါ့မိန်းမ ခရိးစဉ်ဖျက်လိုက်တယ်။
တိတ်တိတ်ပုန်း ချစ်သူက ကျူရှင်သင်ပေးနေသည့် ကောင်လေးထံ ဖုန်းခေါ်သည်။ ဒီတစ်ပတ် ငါတို့ ပုံမှန်အတိုင်း စာသင်ဖို့ရှိတယ်။
ကောင်လေးက သူ့အဘိုးထံ ဖုန်းဆက်သည်။ ဘိုးဘိုး ကျွန်တော့်ဆရမက ပြောတယ်။ ကျူရှင်တက်ရမယ်တဲ့။ အဘိုးနဲ့ အဖော်လုပ်မပေးနိုင်တာ စိတ်မကောင်းပါဘူး။
အဘိုး (အလုပ်ရှင်သူဌေး) က သူ့ အတွင်းရေးမှူးမဆီ ဖုန်းဆက်သည်။ ဘာမှ မစိုးရိမ်နဲ့တော့။ ငါတို့ ခရီးပြန်သွားဖြစ်မယ်။ ဒါကြောင့် စီစဉ်စရာတွေ စီစဉ်ထားလိုက်။

ကဲ .. ပြောကြပါဦး .. ဘယ်ဆက်ဖြစ်ကြမလဲဆိုတာကို :P

Source : mmcp

3 comments:

အိတာ said...

ဟီဟီ ပတ်လည်ရိုက်နေမှာပေါ့.......

Dream said...

အင်း....တန်တရာ..တန်တရာ...
တန်တရာ ချိုဒါအဲဒါ ဂိုပေါတာ နေမာ နော်.. :P :P
ဟဲဟဲ..အားရပါးရကိုရယ်တွားဒယ်နော်.. ဟီးဟီး
:P :P

ကိုရင်နော်ခင်လေးငယ် said...

ဟီးးးး မုန့်လုံးစက္ကူကပ်နေပြီ..
ကြံကြံရယ်တဲ့ဖန်ဖန်.. :P