Photobucket

Monday, October 13, 2008

သွားပေဦးတော့

အမျိုးသားတစ်ယောက်က သူ့သူငယ်ချင်းနဲ့အတူ မြို့ကလေးက ဂေါက်ကွင်းမှာ ဂေါက်ရိုက် နေသည်။ သူက ဂေါက်သီးရိုက်ဖို့ ဂေါက်တံကို လွှဲမလို့ ပြင်တုန်းမှာ ဂေါက်ကွင်းဘေးနားက အသုဘတစ်ခု ချလာတာ တွေ့လိုက်ရတယ်။

အသုဘက တော်တော်စည်ကားလှတယ်။ အသုဘပို့တဲ့ လူတန်းကြီးကလည်း ရှည်မှရှည်ပဲ။ အသုဘလာချတာ မြင်လိုက်တဲ့ ဂေါက်ရိုက်မလို့ ပြင်နေတဲ့ အမျိုးသားက ဂေါက်တံကို အသာချလိုက်တယ်။ ပြီးတော့ မျက်စိကို အစုံမှိတ်လိုက်ပြီး နှုတ်က တဖွဖွရွတ်ပြီး ဆုတောင်းပေးနေတယ်။

အဲ့ဒါကို မြင်ရတဲ့ သူ့သူငယ်ချင်းက ...
"အင်းဗျာ၊ ဒီနေ့ ကျွန်တော်တော့ ဘ၀တစ်သက်တာမှာ တစ်ခါမှ မမြင်ဘူးတဲ့ မမေ့လောက်တဲ့ မြင်ကွင်းမြင်ရပြီဗျာ။ ခင်ဗျားလုပ်လိုက်ပုံကို ပြောတာပါ။ ခင်ဗျားဟာ တစ်ကယ့်ကို ကြင်နာတဲ့ နှလုံးသား ရှိတဲ့သူပဲဗျာ"လို့ ချီးမွမ်းလိုက်တယ်။

အဲ့ဒီအခါ ဆုတောင်းပေးနေတဲ့သူက ပြန်ပြောလိုက်တာက ...
"အင်းလေဗျာ။ ခံစားရတာပေါ့။ ကျုပ်တို့ ပေါင်းသင်းလာခဲ့တာ အိမ်ထောင်သက် ၃၅နှစ်တောင် ရှိခဲ့တာကိုး "

:D

No comments: