Photobucket

Sunday, October 12, 2008

ကျွန်တော်တို. အရွယ်ဘယ်လိုကျသွားသလဲ


ဒီအကြောင်းက အမှန်တော့ ကျွန်တော်တို.အသက်အရွယ်နဲ. သိပ်မဆိုင်ပါဘူး။ ဒါပေမယ့် သင်္ခါရတရားအတိုင်း ကျွန်တော်တို.ဟာ အသက်တွေတစ်ဖြည်းဖြည်းကြီးလာကြပါပြီ။ နောက်ပိုင်းမှာ တရားသဘောအတိုင်း အိုလာမယ်၊ နာလာမယ်၊ နောက်ဆုံးမှာ လူတိုင်းသွားရမယ့် မပြန်လမ်းကို သွားရမှာပါပဲ။ ဒီတော့ ဒီအတိုင်းသွားရတော့မှာပဲ ဆိုပြီးစိတ်ညစ်မနေဘဲ ကိုယ့်ခန္ဓာကိုယ်မှာ ယို.ယွင်း ပျက်စီးလာတာတွေ ကိုဘယ်လို ပြုပြင်ဟန်.တားမလဲ ဆိုတာကိုသိထားတော့ ပိုကောင်းတာပေါ့။ နောက်ပြီး ကျွန်တော် ကိုယ်တိုင်လည်း အခုတလော စိတ်တွေညစ်ပြီး တရားတွေ ပေါက်နေလို.ဒီ အကြောင်းကို ရေးဖို.စိတ်ကူးရလာတာ……

ကဲ…စပြောရမယ်ဆိုရင် လူ.ခန္ဓာကိုယ်မှာ ရှိတဲ့ ဆဲလ်လေးတွေဟာ အချိန်နဲ.အမျှဖြစ်လိုက် ပျက်လိုက် နဲ. သေသွားကြလိုက်၊ အသစ်ပြန်ဖြစ်လာကြလိုက်နဲ. မွေးကတည်းကနေစဖြစ်လာတာ သေတဲ့အထိပါပဲ။ အသက်ငယ်တဲ့ အချိန်မှာ ဆဲလ်အသစ်ဖြစ်ပေါ်မှုနှုန်းအားကောင်းပေမယ့် အိုမင်းရင့်ရော်လာတဲ့အခါ ဆဲလ်ဖြစ်ပေါ်နှုန်းကျဆင်းလာပါတယ်။ ပျက်နေတာကိုမပြင်နိုင်တော့ တဖြည်းဖြည်းဆက်ပြီး ပျက်စီး ယို.ယွင်း လာပါတော့တယ်။ ဒီအခါ လူကအိုသထက်အိုလာတာပေါ့။ ဒီကြားထဲ ကျွန်တော်တို.ရဲ.စိတ်ဖိစီးမှု (Stress) ဆိုတဲ့ မိတ်ဆွေနဲ. ပူးပေါင်းလိုက်တဲ့အခါ ချုံးချုံးကျအောင်လူကအိုမင်းသွားပါတော့တယ်။

ဘယ်အသက်အရွယ်မှာ ဘာတွေစပျက်စီးမယ်ဆိုတာကတော့ လူတစ်ယောက်နဲ. တစ်ယောက်မတူကြပါဘူး။ လူ.လောကရဲ. ဒဏ်တွေကို ပိုခံစားရတဲ့သူတွေကတော့ စောစောအိုမင်းကြမှာပဲ။ ဘာမဆို အဆင်သင့် တစ်သက်လုံး ဘာအလုပ်မှလုပ်စရာမလို၊ စိတ်ညစ်စရာတွေဘာမှမရှိတဲ့သူတွေကျတော့ တစ်မျိုးပေါ့။ မတူကြပါဘူး။ ဒါပေမယ့် ပျမ်းမျှ တော့ခန်.မှန်းလို.ရပါတယ်။

လူ.ခန္ဓာကိုယ်တစ်ခုလုံးကို ခြုံကြည့်မယ်ဆိုရင်--

၁။ ဆံပင်

အသက် ၃၀ ကျော်နောက်ပိုင်းမှာ ဆံပင်တွေဖြူလာပါတယ်။ တစ်ချို.ဆို ၁၀နှစ်ကျော် တစ်ချို.က ၂၀ကျော်နဲ.ဖြူတယ်။ အမျိုးသားတွေဟာ အသက် ၃၅ နှစ်ကနေစပြီး ဆံပင်သားပါးပြီး ကျဲသွားပါတယ်။ မိန်းမတွေကျတော့ အသက် ၄၀လောက်မှာ ဆံပင်တွေကျဲလာတတ်ပါတယ်။

၂။ဦးနှောက်၊ အာရုံကြော နှင့် မျက်လုံး

အသက် ၅၀ အရွယ်ကစပြီး ဦးနှောက်စတင်ကျုံ.သွားပြီး မှတ်ဥာဏ်နဲ. တုန်.ပြန်မှုလျော့နည်းသွားပါတယ်။ မျက်လုံးက မှန်ဘီလူးလေးတွေက အသက် ၄၀ ကျော်တာနဲ. ကျုံ.နိုင်ဆန်.နိုင်မှု နည်းသွားပြီး စာဖတ်ရတာပိုပြီး ခက်ခဲလာပါမယ်။ အသက် ၅၀ လောက်ကစပြီး မျက်လုံးပတ်လည်က အဆီတွေလျော့သွားပြီး မျက်တွင်းချိုင့် ၀င်သွားပါတယ်။ အရောင်ခွဲနိုင်မှုနဲ. အမှောင်ထဲမှာ မြင်နိုင်စွမ်းလျော့ကျလာပါတယ်။ အာရုံကြောတွေမှာလည်း တစ်နေရာကနေ တစ်နေရာ သတင်းသယ်ပို.တဲ့ နှုန်းကျလာပါတယ်။

၃။နား

အသက် ၃၅ နှစ် ကစပြီး အတွင်းနားဟာ ကျုံ.နိုင်ဆန်.နိုင်တာ လျော့နည်းသွားပြီး ကျယ်လောင်သံကို ကြားရခက်ခဲသွားပါတယ်။ အသက် ၅၀ ကစပြီး နားဖာချေးတွေ ပိုမို မာကျောလာပြီး အပြင်နားမှာစုပုံ ကာ နားစည်အတွင်း အသံလှိုင်းဖြတ်သန်းမှုကို ပိတ်ပင်တဲ့အတွက် အသံကြားရတာပိုခက်ခဲလာပါတယ်။

၎။အရသာ နှင့် အနံ.

လျှာမှာရှိတဲ့ အရသာခံ အဖုလေးတွေဟာ အချိုနဲ. အငံကို ခံစားမှုနည်းလာတဲ့ အတွက် အစာနဲ. အရသာ တွေဟာ ပိုပြီး ခါးတာနဲ.ချဉ်တာ ဖြစ်သွားပါတယ်။ အသက် ၄၀ ကျော်ကစပြီး ပူရှိန်းအနံ.နဲ. ကျောက်မီးသွေးလို အနံ.မျိုးတွေကို ခွဲခြားရခက်လာပါတယ်။

၅။အရေပြား
အသက် ၂၅ နှစ်ကစပြီး မျက်လုံးနဲ. ပါးစပ်ပတ်လည်က နူးညံ့တဲ့ရေပြားမှာ အရေးကြောင်းသေးသေးလေးတွေ (Fine Lines) ပေါ်လာပါတယ်။ အသက် ၃၀ လောက်ကစပြီး နဖူးမှာ ရေးအကြောင်းကြီးတွေ စပေါ်လာပါပြီ။ အသက် ၃၅ နှစ်လောက်မှာ အရေပြား ကျုံ.နိုင်၊ ဆန်.နိုင်အားနည်းသွားပြီး Collagen လို.ခေါ်တဲ့ tissue အမျှင်တွေ ပါးသွားကာ အရေပြားစတင်တွဲကျလာပါတယ်။ အသက် ၄၀ကျော်ရင် လည်ပင်းမှာ အရေးအကြောင်းတွေ ပေါ်လာပါတယ်။ အသက် ၄၅ နှစ်ကစပြီး အရေပြားတွေပိုမို ခြောက်သွေ.လာပြီး ထိခိုက်လွယ်တဲ့ ခြေနေဖြစ်လာပါတယ်။ ဆဲလ်အသစ်တွေ ထွက်ပေါ်မှုနှေးလာပြီး အရေပြားအရောင် မှိန် သွားပါတယ်။ အသက် ၅၀ နောက်ပိုင်းမှာ မျက်နှာနဲ.လက်တွေမှာ အသက်ကြီးမှတ်တွေ ပေါ်လာပါတယ်။

၆။ နှလုံး

အသက် ၃၀ မှစပြီး အပေါ်သွေးပေါင်ချိန် (systolic blood pressure) ဟာ ၂၀ ကနေ ၃၀ ရာခိုင်နှုန်း တက်လာပါတယ်။ အသက် ၅၀ ကစပြီး နှလုံးရဲ.ညှစ်အားကျသွားပြီး နှလုံးကျုံ.သွားပါတယ်။ အမောလည်းမခံနိုင်တော့ပါဘူး။

၇။ ကြွက်သား
အဆီတွေများလာပြီး ကြွက်သားတွေ တဖြည်းဖြည်းကျုံ.လာပါတယ်။ ပုံမှာပြထားတဲ့အတိုင်းပေါ့။

၈။အဆုတ်

အသက် ၅၀ ကစပြီး အဆုတ်လေအိတ်ငယ်( Alveoli) တွေမှာ ကျုံ.နိုင်၊ ဆန်.နိုင်အားနည်းသွားတဲ့ အတွက် လေ၀င်အားနဲ.အလုပ်လုပ်မှုအား မကောင်းတော့ပါဘူး။ အောက်ဆီဂျင် နဲ. ကာဗွန်ဒိုင်အောက်ဆိုက် အ၀င်အထွက်လည်း မမျှတော့ပါဘူး။

၉။ အစာအိမ်

အသက် ၅၀ ကျော်ဆိုရင် အစာအိမ်က acid ထွက်တာ လျော့ကျသွားပါတယ်။ acid က vitamin B12 စုပ်ယူဖို. လိုပါတယ်။ acid သိပ်မရှိတော့ B12 စုပ်ယူမှုနည်းသွားတတ်ပါတယ်။

၁၀။အရိုး၊ အဆစ်
အသက် ၃၅ နှစ်ကစပြီး အရိုးသိပ်သည်းမှုနည်းသွားပါတယ်။ အသက် ၄၀ကျော် အမျိုးသမီးတွေမှာ သွေးဆုံးပိုင်း ရောက်ရင် ဟော်မုန်းအပြောင်းအလဲကြောင့် အရိုးပွတာတွေ ဖြစ်လာပါတယ်။ အဆစ်တွေကလည်း လှုပ်ရှားရာမှာအပြည့်အ၀ မလှုပ်ရှားနိုင်တော့ပဲဖြစ်လာပါတယ်။ အရိုးတစ်ခုနဲ. တစ်ခုကြားက အရိုးနု (cartilage) တွေဟာလည်း ပွတ်တိုက်မှုများတဲ့ အတွက် တိုက်စားပြီး ပါးလွှာပျက်စီး သွားကြပါတယ်။ဒါကြောင့် အရိုးအဆစ်တွေ ရောင်လာပြီး အဆစ်ရောင်ရောဂါ (Gout) ဖြစ်လာကြပါတယ်။


ကာကွယ်ဖို. ဘာတွေလုပ်ကြမလဲ

၁။ ဦးနှောက်နဲ.အာရုံကြောအတွက်

Vitamin B complex တွေဟာ ဦးနှောက်နဲ.အာရုံကြောအတွက် ကောင်းကျိုးဖြစ်စေပါတယ်။ Alzheimer's ရောဂါဖြစ်တာကို ကာကွယ်ပါတယ်။

၂။ အမြင်အာရုံအတွက်

UV ကိုကာကွယ်တဲ့ နေကာမျက်မှန် တွေကိုတနေပူထဲထွက်ရင် တပ်ပေးခြင်းဖြင့် အတွင်တိမ် (cataract) ဖြစ်တာကို ကာကွယ်ပါလိမ့်မယ်။ vitamin C, E , betacarotene (အ၀ါရောင်ရှိတဲ့ အသီးအနှံ.တွေထဲမှာ အပြည့်အ၀ပါတယ်) နဲ. Zinc ပါတဲ့ အစားအစာတွေ များများစားပေးရပါမယ်။
၃။ အရိုးအတွက်

သင့်လျော်တဲ့ အားကစား တွေဖြစ်တဲ့ လမ်းလျှောက်ခြင်း၊ jogging လုပ်ခြင်း၊ weight ကိုထိန်းညှိခြင်းတွေနဲ. အရိုးပျက်စီးမှုကို လျော့နည်းအောင်လုပ်နိုင်ပါတယ်။ Calcium နဲ. Vitamin D ကို လည်းမှန်မှန်သောက်ဖို. လိုပါတယ်။

၎။ ကြွက်သားအတွက်

ပုံမှန် ကိုယ်ကာယလေ့ကျင့်ခန်း တွေလုပ်ခြင်ဖြင့် ကြွက်သားဆုံးရှုံးမှု လျော့နည်းစေပါတယ်။

၅။ အစာအိမ်၊ အူလမ်းကြောင်း အတွက်

အမျှင်ဓာတ် (fibre) ပါတဲ့ အစားအစာများများစားပြီး ၀မ်းချုပ်တာ နဲ. အူမကြီးကင်ဆာရောဂါတွေ ကို ကာကွယ်နိုင်ပါတယ်။

၆။ သွေးအားကောင်းစေဖို. အတွက်

Vitamin B12 ပါတဲ့ အစားအစာ၊ အားဆေးတွေသောက်ပြီး သွေးအားနည်းရောဂါ၊ နှလုံးနဲ. အာရုံကြောရောဂါတွေကို ကာကွယ်နိုင်ပါတယ်။

၇။ နှလုံး နဲ. သွေးကြောအတွက်

တစ်နေ.ကို အနည်းဆုံး နာရီဝက်လောက် ကိုယ်လက်လှုပ်ရှားမှုလုပ်သင့်ပါတယ်။

အမျှင်ဓာတ်များများပါတဲ့ အစားအစာ (ဥပမာ- oatmeal) ကို စားပေးခြင်းဖြင့် သွေးတွင်း cholesterol ကို ကျစေပါတယ်။

အငန်ဓာတ်ကို လျှော့စားပြီး သွေးပေါင်ချိန်ကို ထိန်းပါ။

ငါးကို တစ်ပတ်မှာ အနည်းဆုံး နှစ်ကြိမ်စားပေးပါ။

ပြည့်ဝဆီ (saturated fat) တွေဖြစ်တဲ့ ၀က်ဆီ၊ စားအုန်းဆီ၊ တွေကို လျှော့စားပါ။

၈။ အရေပြားအတွက်

ဆေးလိပ်သောက်ရင် အရေပြားကို အရွယ်မတိုင်မီ အိုမင်းပျက်စီးစေတဲ့အတွက် ဆေးလိပ်ကို ရှောင်ပါ။ နေရောင်ခြည် နဲ. တိုက်ရိုက်ထိတွေ.တာကို ရှောင်ပါ၊ ဒါမှမဟုတ်ရင် sunscreen သုံးပါ။ အသားအရေအတွက် anti-oxidant action ရှိတဲ့ vitamin Eကို သောက်ပေးပါ။

ဒီအချက်တွေဟာ အသက်ကြီးမှလုပ်ရမယ် လို.မဆိုလိုပါဘူး။ ငယ်ရွယ်တုန်း၊ အပျက်အစီးနည်းတုန်း ကတည်းကကြိုတင် ပြင်ဆင်ထားမယ် ဆိုရင် တစ်ချိန်အသက်အရွယ် ကြီးလာတဲ့ အခါမှာ၊ သူများထက်ပိုပြီး နုပျို လှပနေမှာပဲဖြစ်ပါတယ်။

ဒေါက်တာရမ်းကု

Source- JAMA (Journal of American Medical Association)

3 comments:

khin oo may said...

အိပ်ရေးဝအောင်အိပ်ရန်. .လိုပါသည်.။ :D

အိတာ said...

ခုတောင်တော်တော်အရွယ်ကျနေပြီထင်တယ် အဟီ...:)

PP said...

25 နှစ်အထိတော့ လူစဉ်မီသေးတယ်ဆိုပဲ
ခြောက်နှစ်လိုသေးတယ်။
သောင်းကျန်းလိုက်ဦးမယ်။ အဟိ