Photobucket

Monday, October 13, 2008

မေသူရဲ့ အချစ်ဆိုသည်မှာ


ရင်ခုန်တတ်စ အရွယ် သို့ အချစ်ကို စူစမ်းဘို့ စတင်တဲ့ အချိန်မှာ ရင်မှာ တိတ်တခိုးမွေးဖွားခဲ့ဖူး တယ်….. အရွယ် ရောက်လို့ အချစ်ကို ရှာ ဖွေနေချိန်မှာ ဘဲ ကိုယ့်ကို ရှာဖွေနေတဲ့သူနဲ့ တွေ့ချိန်မှာ အချစ်ဆို တာ ဘာလဲ
ဆိုပြီး ပုံဖော်ကြည့်ခဲ့ပြန်တယ်.... ပေါ့ပေါ့ပါးပါးနဲ့ အချစ် ကို တန်ဖိုးမထားခဲ့ဘဲ နဲနဲလေး လာကျောတယ် ထင်လို့ အချစ် ဆို တာကို ပက် ပက် စက်စက် ကျောခိုင်းခဲ့ဖူးတယ်…. တည်ငြိမ် တဲ့ အချိန်မှာ ချစ်သူ တစ်ယောက် ကို မထင်မှတ်ဘဲ တွေ့ ရှိခဲ့ ပေမယ့် ကွယ်ရာ မှာ အပျော် သဘော ပျင်းလို့ ပါဆို ပြီး တရုတ်မ တစ်ယောက်နဲ့ ခြေရှုပ်လို့ အချစ်ကို ရွံ့ရှာခဲ့ဖူးတယ်။

တကယ် ဆို အချစ်ဆို တဲ့ အရာ ကြီးက Right time မှာ Right person ကို ဖန်းတီး ပေးပေမယ့် အချစ်ဆိုတာကြီး ကို မထီ မဲ့မြင် ပြုံးပြရင် ရှောင် ပုန်းရင်း က နှစ်နှစ်ကျော် အကြာ မှာ "ဘွား "ကတည်း ပေါ်လာပြန်ပေမယ့် အချစ် ဆို တာ ကို တိတ် တခိုးမွေးဖွားခဲ့ ဘူးတယ်……

အချစ် ဆို တာကို စူးစမ်းခဲ့ဘူးတယ်…
အချစ်ဆိုတာကို စမ်းသပ်ခဲ့ဘူးတယ်….
မာန အတွက်နဲ့ ပက် ပက် စက်စက် ကျောခိုင်းခဲ့ ဘူးတယ်….
သစ္စာ တရားကို ထိခိုက်လို့ ရွံ့ရှာခဲ့ဘူးတယ်....
ဆို တဲ့ ခံစားချက်တွေကြောင့် တကယ့် စစ်မှန်တဲ့ ချစ်ခြင်းနဲ့ ချစ်တတ်သူကို တွေ့တဲ့ အခါမှာ တွေဝေ ခဲ့ဘူးတယ်။

တွေဝေ နေခြင်းကို ချစ်သော ချစ်သူက စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းနေရင်
ကျမ ရဲ့ ချစ်ခြင်း တွေကို တိတ် တဆိတ် လှိုက်စားသွားခဲ့ရင်း က ဘ၀ လက် တွဲ ဖော် အဖြစ် ချစ်ခြင်းကို ဗဟိုပြုပြီး နှလုံးသားနဲ့ ခံစားပြီး ဦးနှောက်နဲ့ဆုံးဖြတ်ခဲ့တယ်…

ကျမ ရဲ့ အချစ် ဖန်ဆင်းရှင် သခင် ကြီးက ကျမ နဲ့ မတူညီတဲ့ စရိုက်တွေ ကြားမှာ အချစ်ဆိုတာကို ခံစား နားလည်တတ်အောင် သွန်သင်ခဲ့တယ်….. ကျမ ထက် အသက် အနည်းငယ် ကြီးပေမယ့် သူ့ရဲ့ စိတ်ရှည်တဲ့ ပင်ကို စရိုက်ကြောင့် ကျမ ရဲ့ စိတ်လိုက် မာန်ပါ လုပ်ခဲ့တဲ့ အမှားတွေကို စိတ်အေးအေး ထားပြီး စိတ်ရှည်ရှည်နဲ့ ရှင်းပြရင်း ခွင့်လွှတ်နားလည်ပေးခဲ့တဲ့ သူ… ကျမ မိသားစု အပေါ်မှာ ကျမ ထက် ပိုပြီး နားလည်မှု ပေးနိုင်တဲ့သူ..

သူ့ကို လေးစားပြီး အားထားသလို ကျမ ကို လည်း လေးစားပြီး အားပေးခဲ့တဲ့သူ… ကျမ က စိတ် ဆိုးပြီ ဘီယာပုလင်းခွံ့နဲ့ ကောက်ရိုက် လို့ သုံးချက် ချုပ် လိုက်ရချိန်မှာ တောင်ကျမ က ရိုက်ပြီး စိတ်မကောင်း ဖြစ်နေမှာဆိုးလို့ "အရိုးကွဲ မှ အသည်းစွဲတာ" လေကွာဆိုပြီး ကျမ မျက်နှာ ညှိုးငယ်မှာ ကို မလိုလားဘဲ ဝေဒနာကို ကြိတ်မှိတ်ခံစားခဲ့တဲ့သူ…

ဘာသာမတူတဲ့ချစ်သူ ကို ချစ်မိတာကြောင့် တနင်္ဂနွေနေ့ တိုင်း ဘုရားကျောင်းသွားမယ် ဆို အကြို အပို့ လုပ်ပေးတဲ့သူ…. ဘာသာမတူပေမယ့် ရင်ခုန်သံတွေထပ်တူကြနေတယ် အကြင်နာတွေ လှိုင်းဂရက်ထနေအောင် ချစ်ကြတဲ့ ချစ်သူနှစ်ဦးကြားမှာ ချစ်ခြင်း ကြောင့် နားလည်ခြင်းဆို တာတွေ ပေါက်ဖွားလာခဲ့တယ် နားလည်မှုကြောင့် တစ်ဦး အမှားကို တစ်ဦးဖေးမ ရင်က ခွင့်လွှတ် နိုင်ခဲ့ကြတယ်…

To love =è To Understand===è To Forgive ဆိုပြီး မွေးဖွားခဲ့ကြတယ်… စစ်မှန်တဲ့မေတ္တာတရား စစ်မှန်တဲ့ အကြင်နာ မြတ်နိုးမှု ယုယ မှုတွေကို စစ်မှန်တဲ့ ချစ်သူတစ်ယောက်ကို ဘ၀ လက်တွဲ ဖော် အဖြစ် ရွေးချယ်းပြီး ချစ် ခြင်းတွေကို အုတ်မြစ်ချ ခွင့်ပေးခဲ့တဲ့မိဘနှစ်ပါးကို ကျေးဇူး တင်မိတယ်။

ကျမ ချစ်သော ကျမ ကို ချစ်သော ချစ်သူကို ပိုင်ဆိုင်နေရချိန်မှာ တစ်ချိန်က အချစ်ဆိုတဲ့ အရာတွေကို ပြန်တွေးကြည့်တိုင်း အရင် က ကျမ ရူးသွပ်မှုတွေအတွက် ပြုံးမိတယ်……

မာနတွေနဲ့ဖုံးလွှမ်းခြင်း ၊စိတ်မရှည်ခြင်း ၊ကမ်းခြေမှာ တစ်ယောက်ထဲ ကားပတ်မောင်းရင်း အော်ဟစ်ခဲ့ခြင်း၊ အလွမ်းလိုလို အဆွေး လိုလို နဲ့ မှိုင်တွေတွေဖြစ်ခြင်း စတဲ့ အချက်တွေနဲ့ ရူးသွပ်ခဲ့ဖူးပေမယ့် …

စစ်မှန်တဲ့ချစ်ခြင်းရဲ့နောက်ကွယ်မှာ ခိုင်မှာတဲ့ ချစ်ခြင်းတွေကို အုတ်မြစ်ချလို့ တည်ဆောက်ခဲ့တဲ့ အချစ်အိမ်လေးဟာ စူနာမီဆိုတဲ့ လှိုင်လုံးကြီးလာလို့လဲ ပျက်စီးသွားမှာ မဟုတ်သလို နာဂစ်ဆိုတဲ့ မုန်းတိုင်းကြီးလာလို့လဲ လွင့်စင်သွားမှာ မဟုတ်ပါဘူး….....

တစ်ချိန်က ကျမရဲ့ အချစ်ဆိုတဲ့ အိမ်ကလေးမှာ သော့မခတ်ထားပေမယ့် အခုချိန်မှာ အချစ်ဆိုတဲ့ အရာကို ကျမရဲ့ အနက်ရှိုင်းဆုံး နှလုံးသားရဲ့ တစ်နေရာက တံခါးပေါက်မှာ သော့ခတ်ထားပါတယ် သူ့ကို ပေးထားတဲ့ချစ်ခြင်းမျိုး ခံစားချက်မျိုးကို ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ ပေးမှာမဟုတ်သလို ကျမရဲ့ချစ်ခြင်းတံခါးရဲ့ သော့ကို ကိုင်ဆောင်ထားသူဟာ ကျမရဲ့ လက်တွဲဖော် အချစ်ဖန်တီးရှင်သခင်ကြီး တစ်ဦးတည်းသာ ပိုင်ဆိုင်ပြီး သူ့အတွက် ထာဝရ ၇ှင်သန်နေမယ့် အချစ်သစ်ပင်ကြီးကို ဂ၇ုတစိုက်နဲ့ ပြုစုပျိုးထောင်သွားမှာပါ…….

ဂန္တ၀င်အနမ်းနဲ့ ထာစဉ်လွမ်းနေမယ့်
မေသူ

Ps…Dream မက်မက် ကနေTag တဲ့အတွက် အမှတ်တရအနေနဲ့ရေးလိုက်တာပါ…

12 comments:

Dream said...

ဂန္တ၀င်အနမ်းနဲ့ ထာစဉ်လွမ်းနေမယ့်တီတီမေသူ
အရေးအသားကတော့လန်ထွက်နေတာပဲ
အချစ်အကြောင်းလေး ကိုသေသေချာချာလေး
ဖတ်သွားပါတယ်။

ဦးဦးကသော့ခတ်ပစ်လိုက်တယ်ပေါ့.. ဟိဟိ.. :P :P

ကိုရင်နော်ခင်လေးငယ် said...

မေသူရေ... သခင်ကြီးနဲ့ လင်လောင်းနဲ့က တူတူပဲလား? ဟီးးး... (စတာ)
ဦးနော်လည်း အချစ်ဆိုသည်မှာ လုပ်ထားတယ်ကွ.. :P

Anonymous said...

photo နဲ့ တကွ ရှင်းပြ ပါ :D

Anonymous said...

ကောင်းတယ်ကွာ

မဆုမွန် said...

ဂန္တ၀င်အနမ်းနဲ့ ထာစဉ်လွမ်းနေမယ့် မေသူတဲ့ လန်းတယ်ကွာ ...
အလို..
ရှင်က တယ်လက်မြန်ပါလား..လျော့ပါဟယ်
အရိုးကွဲအောင် တော့ မလုပ်ပါနဲ့ 

ညီမတို့ ချစ်ခြင်းကို ဆူနာမီလဲ မခွဲပါစေနဲ့ နာဂစ်လဲ မတိုက်ပါစေနဲ့နော်..
ကံကောင်းပါစေ..

အိတာ said...

အမ အချစ်ဆိုတာ သူချစ်မှမိုက်တာလား...ကိုယ်ချစ်ကမိုက်တာလား..
ဘယ်သူပိုချစ်တာမိုက်လဲ...နည်းပြပါဦး...:)

ခင်တဲ့
အိတာ

မေသူပိုင် said...

မတူညီတဲ့စရိုက်နှစ်ခုရှိတဲ့လူနှစ်ယောက်ရဲ့ တစ်ဦးအပေါ်တစ်ဦး ဖြစ်ပေါ်လာတဲ့နားလည်ပေးမှု ဖေးမပြီးအားပေးမှု အပြန်အလှန်လေးစားမှုတွေ၇ှိလာရင်
အချစ်ဆိုတာ အဆင်ချောသွားတတ်ပေမယ့်
စိတ်ကောက်ချင်းစိတ်ဆိုးခြင်းဒေါသဖြစ်ချင်းက တော့ချစ်သူတိုင်းမကင်းကြပါဘူး
:P
မေသူ

Tea said...

လောလောဆယ်....

မုန်းတယ်.. မုန်းတယ်.. မုန်းတယ်... မုန်းတယ်.. မုန်းတယ်..
မုန်းတယ်.. မုန်းတယ်.. မုန်းတယ်... မုန်းတယ်.. မုန်းတယ်..
မုန်းတယ်.. မုန်းတယ်.. မုန်းတယ်... မုန်းတယ်.. မုန်းတယ်..
မုန်းတယ်.. မုန်းတယ်.. မုန်းတယ်... မုန်းတယ်.. မုန်းတယ်..
မုန်းတယ်.. မုန်းတယ်.. မုန်းတယ်... မုန်းတယ်.. မုန်းတယ်..
မုန်းတယ်.. မုန်းတယ်.. မုန်းတယ်... မုန်းတယ်.. မုန်းတယ်..
မုန်းတယ်.. မုန်းတယ်.. မုန်းတယ်... မုန်းတယ်.. မုန်းတယ်..
မုန်းတယ်.. မုန်းတယ်.. မုန်းတယ်... မုန်းတယ်.. မုန်းတယ်..
မုန်းတယ်.. မုန်းတယ်.. မုန်းတယ်... မုန်းတယ်.. မုန်းတယ်.. မုန်းတယ်.. မုန်းတယ်.. မုန်းတယ်... မုန်းတယ်.. မုန်းတယ်..
မုန်းတယ်.. မုန်းတယ်.. မုန်းတယ်... မုန်းတယ်.. မုန်းတယ်..
မုန်းတယ်.. မုန်းတယ်.. မုန်းတယ်... မုန်းတယ်.. မုန်းတယ်..
မုန်းတယ်.. မုန်းတယ်.. မုန်းတယ်... မုန်းတယ်.. မုန်းတယ်..

အချစ်ကိုမုန်းတယ်............

Anonymous said...

Ma May Thu

သီတင်းကျွတ် lae pe p :P
Bal dot sar ya mar lae hin
Mingarlar ta din lay kyar chin pe

PP said...

မမေသူတို့က လက်မြန်တယ်။ ကောက်ထုလိုက်တာ သုံးချက်တဲ့။ :P

Kaung Kin Ko said...

ပျောက်နေပါ့ကော။

Anonymous said...

ကိုလင်းစစ်သူရေ အပတ်တိုင်းစောင့်နေတယ်။ ဒါပေမယ့် ကိုလင်းစစ်သူက အမြဲပျောက်နေတယ် ဒီတစ်ပတ်လဲမတွေ့မိဘူး။
မှန်မှန်တင်ပေးရင် ပိုအဆင်ပြေမယ်ထင်တယ်။ အဆင်ပြေရင် မြန်မာပြည်က အံ့မခန်းဗိသုကာပညာတွေကိုလည်း အားလုံးနဲ့အတူ မျှဝေစေချင်တယ်