Photobucket

Monday, October 6, 2008

ဖြစ်ပုံကဒီလို


မီးရထားတစ်စင်းပေါ်တွင် လူနှစ်ယောက် ဘေးချင်းယှဉ်ပြီး ထိုင်နေကြသည်။ ဘေးမှလူက ပြတင်းပေါက် ဘက်မှ လူအား မရဲတရဲမေးလိုက်သည်။

"အစ်ကိုကြီး၊ အစ်ကိုကြီးက စစ်ဗိုလ်လားဟင်"

အမေးခံရသူက မျက်မှောင်ကျုတ်လိုက်ပြီး ပြန်ဖြေသည်။
"မဟုတ်ပါဘူး"

"ဒါဆိုရင် အစ်ကိုကြီးက စစ်သားလား" ဟု ထိုသူက ဆက်မေးလေသည်။


"အစ်ကိုကြီး အမျိုးတွေထဲမှာရော စစ်ဗိုလ်တွေ၊ စစ်သားတွေ ရှိလားခင်ဗျာ"
"မရှိပါဘူး"

"ဟို အစ်ကိုကြီး မိတ်ဆွေ၊ သူငယ်ချင်းတွေထဲမှာရော စစ်ဗိုလ်၊ စစ်သားတွေ ရှိသလားခင်ဗျာ"
"မရှိပါဘူး။ ဒါနဲ့နေပါအုံး၊ ခင်ဗျားက ဘာဖြစ်လို့ ဒီလောက်မေးနေရတာလဲ"

"ဘာမှမဟုတ်ပါဘူး။ ကျွန်တော့်ခြေထောက်ပေါ်နင်းထားတဲ့ အစ်ကိုကြီး ခြေထောက်ကို ဖယ်ခိုင်းမလို့ပါ" :D

Source : mmcp

1 comment:

Maharburma said...

တီးရေ

ဟုတ်တယ်ဟေ့ ဗမာပြည်သူလူထုခင်များမယ် စိတ်နဲ့တောင် မပြစ်မှားရဲတဲ့ ဘ၀ရောက်နေပြီ။ သူတို့က အဲဒီလို ကိုယ့်လူမျိုးအပေါ်နှိပ်စက် အနိုင်ကျင့်နေရတာကို သဘောတွေကျနေတာ။ ငါကွ ဆိုပြီးဂုဏ်ယူနေတာလေ။ ဇာတ်တူသားစားလို့ ဟသ်ာမျိုးတုန်းတယ်ဆိုတာလိုပေါ့။