Photobucket

Saturday, October 11, 2008

အငြိမ်မနေချင်သော မိတ်ဆွေတို့အတွက် အကြံကောင်း :P


ကျမ က အထက်တန်းပြီးကတည်း က ကျောင်းတစ်ဖတ်နဲ့ အားတဲ့အချိန်မှာ အလုပ်ဝင်လုပ်တယ် ဘွဲ့ရတဲ့အချိန်မှာ ကျမရဲ့ လုပ်သက် အတွေ့အကြုံကြောင့် အလုပ် က တန်းရပါတယ်…

ကျမ အလုပ်က ကျမ စရိုက် နဲ့လည်း အလွန်ကိုက်ညီပါတယ် (အထက်လူကြီးကို ကွန်ပလိန်း တတ်ရတဲ့အလုပ်မို့ ကိုက်ညီတာပါ:P) လုပ်သက်ရလာ တာနဲ့အမျှ တစ်နှစ်အတွင်းမှာ ကျမ ထင်ထားတာထက် ရာထူးတတ် သွားပါတယ် …

အဲဒီမှာ စတွေ့တာဘဲ ….လက်ညှိုးထိုးခါးထောက် ဆရာလုပ် အထက်လူကြီးကိုကွန် ပလိန်းတတ် အလုပ်ထဲမှာ တစ်ခြား ကုမ္ပဏီ တစ်ခုက လူကြီးတစ်ယောက်က ကိုယ့်ကို ဖဲ့တော့မယ် အရည်မြင်ရင် သူ့ကို ကျမ နဲနဲကြ ပ်ပေးလိုက် ပါတယ်။ တစ်ခြာတစ်လေ သူငှေးကိုတောင် အိမ်စာပေးပြီးကြပ်လေ့ရှိပါတယ်… သူငှေးကလည်း ကျမနဲ့ညီအစ်မလို ဖြစ်နေတော့ ကျမ စရင်လဲသူက ကျေကျေနပ်နပ်နဲ့ ပျော်ပျော်နေတတ်တဲ့ အပျိုကြီးပါ…

နောက်ဆုံးသူက ကျမ အနွံတာကိုလဲ အတော်သီးခံတတ်တဲ့ သူတစ်ယောက်မို့ ကျမ အလုပ်မှာပျော်ပါတယ်… ကျမ အာရှ မှာဘဲ ကျမ အလုပ်လုပ်ရတာပျော်တယ်လို့ပြောတော့ ကျမ တို့ ရုံးခွဲကို အာရှနိုင်ငံတွေမှာ ဖွင့်ဖို့လုပ်ရင် ကျမ ကို လွှတ်ပါတယ်… နောက်ဆုံးကျမ ကို အာရှနိုင်ငံတွေမှာ တာဝန်ပေးပါတယ် … ဧပြီလကုန်မှာကျမရဲ့ အာ၇ှ ခရီးစဉ်ပြီးဆုံးမှာမို့ ကျမ အိမ်ကိုပြန်ရပါတော့မယ်…

ကျမ တို့ ကုမ္ပဏီမှာ ကျမလုပ်ရတာက အစည်းဝေးေ တ်ာတော်များများကို တတ်ပြီးရင် ရီ့ပို့စ်တွေပြန်ရေးပို့ ပြီးရင် တစ်ခြား ၀န်ထမ်းတွေ ကို မှားကြားရင် ခရီးတွေထွက် ရတာဖြစ်တာများပါတယ် ..အဲတော့ ကျမ သူငယ်ချင်းတော်တော် များများက ကျမ ကို အားကျတဲ့သူ တစ်ချို့ရှိပါတယ် …အပြစ်တင်တဲ့လူတွေလဲအများကြီးပါ ..ကျမ အိမ်က လင်လောင်းက ထိပ်ဆုံးကနေစီးပြီးအပြစ်တင်ပါတယ်…ကျမ က အိမ်မှမကပ်တာကိုးအဲတော့ မင်္ဂလာဆောင်မယ့်ရက်တွေကို ခဏခဏရွှေ့ရတော့သူလဲ အတော်စိတ်ပျက်နေပုံရတယ်။

ဒါပေမယ့် ကျမ က ကျမ အလုပ်ကို ပျော်ပျော်ကြီးလုပ်သလို ကျေနပ်မှုရှိတယ်။အားကျတဲ့သူငယ်ချင်းတွေက နင်လို အလုပ်မျိုး ငါတို့လဲလုပ်ချင်လိုက်တာ တဲ့ "ဟင်ဘာလို့လဲ လို့ မေးတော့ အငြိမ်မနေရဘူးေ လျှာက်သွားနေရတာတဲ့ ငါတို့က အဲလို အငြိမ်မနေဘဲ လျှောက်သွားနေရတဲ့ အလုပ်မျိုးကို ပိုကြိုက်တယ်တဲ့"ပထမတော့ သူတို့ ပြောတော့ ကျမ သူတို့ကိုေ ပြလည်ရာပြေလည်ကြောင်းရှင်းပြ ပါတယ် ။သူတို့ ခုချိန်မှာကိုယ်နဲ့လိုက်ဖတ်မယ့်အလုပ်တွေရှာသင့်ကြောင်းနဲ့ အကျိုးအကြောင်းလေးတွေစီလျော်အောင်ပြောပြပါတယ်….

တစ်နေ့တစ်နေ့  အဲဒီ ပြသနာကိုရှင်းပြရတာ အတော်မောလာပါတယ် အားရှိသူတို့တွေလာပြောတာက ငါ တို့အလုပ်လိုချင်တယ် အငြိမ်နေရတဲ့အလုပ်မကြိုက်ဘူးဆိုတဲ့အသံတွေက ကျမ ကို မျက်စိနောက်သလို ဖြစ်လာ ပါတယ်သူတို့ကို လဲ စိတ်ဆိုးမသွားအောင် သူတို့လဲ ပျော်စေမယ့် အဖြေလေးကိုဝေငှပေးလိုက်ပါတယ် ။

ကျမအဘိုးပြောဖူးတာကို သူငယ်ချင်း တွေအားဝေမျှလိုက်ပါတယ် ………

နင်တို့ အငြိမ်နေတဲ့ အလုပ်မချင်ဘူး တစ်နေကုန်လှုပ်ရှားနေတဲ့အလုပ်လုပ်ချင်ရင် ဘတ်စ်ကား စပါယ်ရာသာလုပ်ကြတဲ့ တစ်နေကုန်ပုဆိုးစလွယ်သိုင် အော်ဟစ် ဖင်ပြဲအောင်ခရီသယ်တွေအော် ခေါ် ငေါက်ငမ်း ပြီးကားခတောင်း မော်တော်ပီကယ်ကို ဆရာ
ဆရာ ခေါ်ပြီးချော့ပြီးပိုက်ဆံပေးရတဲ့ ပုဆိုးစလွယ်သိုင်းပြီး ကားစပါယ်ယာ သာ လုပ်ကြတဲ့"

ကဲ အငြိမ်နေတဲ့အလုပ်မလုပ်ချင်ကြသူများ ကျမ အဘိုးပေးတဲ့အကြံဥာဏ်လေးသာ နားဆင်လိုက်ပါတော့
မှတ်သားဖွယ်ရာ အဘိုး အဖြေစကားပါ

တစ်ချက်လေးပြုံးသွားရင်ကိုကျေနပ်ပါတယ်
မေသူ

6 comments:

RePublic said...

ကဲ ၊၊ ကောင်းဗျာ ၊၊ မေသူပိုင်တို့ လုပ်ချက်က ၊၊စပါယ်ရာ လုပ်ရတာလည်း မသက်သာလှပါဝူးဗျာ ၊၊

Anonymous said...

first of all, this is not funny at all! plus, the way u express some words in burmese seems a bit rude. you dun call " Lin Loung" ( bride-to-be) instead u should hv used " tha toe thar loung" to be more polite! Learn Manners! ok?

မေသူပိုင် said...

anonymous!!!Learn How to laugh!! it is most important thing being a human being!!!If You think my writing is rude , I do apologize for that . but I used to mention in my previous post "lin laung" but Every body Understand , I don't mean to be rude or I don't mean to insult anyone!!
Thanks for ur comment .
Once , Thanks again for ur time!!!
Think before you speak coz u sound like giving me a commend , I am sorry I have a rights to do what I want to . I never do what the others ppl want . But I respect all.I never give order to anyone !! Like u said "Learn Manner" So Look at urself in the mirror and says that words
Okay
As ever
MayThu

Kaung Kin Ko said...

အမလေးလေး...ကားစပါယ်ယာ လုပ်ရမယ်တဲ့။ :D

April said...

စပယ်ယာအလုပ်တဲ့ မိုက်တယ်ကွာ။ :P

April said...

အဟီး ...... ကားစပယ်ရာလုပ်ရမယ်တဲ့။ :P