Photobucket

Friday, October 3, 2008

ASK ME စားပွဲဝိုင်း (အမှတ် - ၁)


အခု ASK ME စားပွဲဝိုင်း ရဲ့ အမှတ် (၁) မှာ မေးခွန်း ၄ခုရဲ့ အဖြေကို အရင်ဆုံး ဖော်ပြသွားပါမယ်။ မနက်ဖြန်ကျရင် နောက် ၄ခုရဲ့ အဖြေကို အမှတ် (၂) အနေနဲ့ ဖော်ပြပါမယ်။ ကျေးဇူးတင်ပါတယ်။ မေးခွန်း အသစ်တွေ ဆက်မေးချင်တယ် ဆိုရင်တော့ ဒီနေရာ ကို သွားပြီး မေးမြန်းနိုင်ပါတယ်။

ကျန်းမာရေးဆိုင်ရာ မေးခွန်းများ

Star ရဲ့ မေးခွန်း
မေးမယ်နော် ကျန်းမာေ၇းနဲ့ ဆိုင်မလားတော့မသိဘူး။
မိန်းကလေးတစ်ယောက်ရှိသင့်တဲ့ခန္ဒာကိုယ် အချိုး အစားနဲ့ရှိအောင်ဘယ်လိုအားကစားတွေလုပ်သင့်ပါသလဲ။ နောက်ပြီး ဆံပင်ကျွတ်တာကို ဘယ်လို သန်အောင်လုပ်နိုင်ပါသလဲ။ ကျေးဇူးတင်ပါတယ်။ နောက် လဲမေးပါအုံးမယ်။ တီးဝိုင်းတော်သားများအားလုံး ကျန်းမာကြပါစေ။ :D
လုပ်သင့်တဲ့ အားကစား ၄မျိုးကို ဒီမှာ သွားပြီး ဖတ်လိုက်ပါ။ ပိုစ့်တစ်ခုအနေနဲ့ သေချာ ပြန်ဖြေထား ပေးပါတယ်။ ဆံပင်ကျွတ်တာကို ကာကွယ်ဖို.က ကျန်းမာအောင်နေပါ။ စိတ်ဖိစီးမှု ကင်းနိုင်သမျှကင်းအောင်နေပါ။ ရေကိုလုံလောက်စွာသောက်ပါ။ အိပ်ရေးဝအောင်အိပ်ပါ။ ကိုယ်နဲ.တည့်မည့် ခေါင်းလျှော်ရည်ကိုပဲသုံးပါ။ တစ်နေ.ကို ဆံပင်အချောင်း ၅၀ ကနေ ၁၀၀ အထိ ပုံမှန် ကျွတ်နိုင်ပါတယ်။ ဒါပုံမှန်ပါ။ ဆံပင်သန်စေဖို. ဦးရေပြားအေးအောင် အုန်းဆီ၊ Vitamin E ၊ သံလွင်ဆီ စတာတွေလိမ်းပေးနိုင်ပြီး သံဓာတ်၊ ဇင့်ဓာတ်၊ Biotin ကြွယ်ဝစွာပါတဲ့ ဒန်.သလွန်ရွက်၊ ဟင်းနုနွယ်၊ အမဲသား၊ ကြက်သား၊ protein ဓာတ်များများပါတဲ ဥအမျိုးမျိုး၊ ပဲအမျိုးမျိုးလုံလောက်အောင်စားပေးသင့်ပါတယ်။ ငါးကြီးဆီသောက်ရင်လည်း ဆံပင်အတွက် ကောင်းပါတယ်။
ဒေါက်တာ၇မ်းကု

အချစ်ရေးရာ မေးခွန်းများ

Phyu ရဲ့ မေးခွန်း
ကျမရည်းစားက ခရစ်ယာန်ဘာသာပါ။ ကျမကို ဘာသာရေး ဗုဒ္ခဘာသာကနေ သူ့ဘာသာကို အတင်းပြောင်းခိုင်းနေပါတယ်။ ဘယ်လိုထင်ပါသလဲ?
ကျွန်တော်ထင်တာကတော့ အချစ်နဲ့ ဘာသာရေးက ဘာမှ မဆိုင်ပါဘူး။ လူနှစ်ယောက်က တကယ်တမ်းတာ ချစ်ပါပြီဆိုမှတော့ ဘာလို့ ဒီဘာသာရေး ကြီးကို သွားပြီး care နေမလဲနော်။ ဖြူရဲ့တစ်ဖက်က ချစ်သူကလည်း ဖြူ့ကိုချစ်ပါတယ်ဆိုမှတော့ သူက ဘာလို့ ဖြူမလုပ်ချင်တာကို အတင်းကြီး လုပ်ခိုင်းနေတာပါလဲ? ဒါက မေးစရာမေးခွန်းပါ။ ဒီလို ခရစ်ယာန်တွေက အတင်းဘာသာရေး လိုက်ပြောင်းခိုင်းတာ လက်တွေ့ဘ၀မှာ အများကြီးရှိပါတယ်။ ဒါပေမယ့် ဖြူရယ်.. ကျွန်တော်ပြောချင်တာက ဖြူသာ ထိုရည်းစားကို ဘ၀လက်တွဲဖော် အဖြစ် ရွေးချယ်မယ်ဆိုရင် မှန်ကန်စွာ ဆုံးဖြတ်တတ်ဖို့လိုပါတယ်။ ဒီလို နေရာမျိုးမှာတောင် ဖြူ့ကို နားမလည်ပေးပဲ ဖြူဖြစ်ချင်တာထက် အတင်းအဓမ္မ ဘာသာရေးကြီးကို ပြောင်းခိုင်းနေတာတော့ ကျွန်တော့်စိတ်ထဲမှာ အမြင်မကြည်ပါဘူး။ နောက်နောင် အနာဂတ်မှာ ဒီထက် ပိုအရေးကြီးတဲ့ ကိစ္စတိုင်းကို ဖြူနဲ့ ငြင်းဆန်နေရင် သဘောထားတွေ အမြဲကွဲလွဲနေရင် စိတ်ဆင်းရဲစရာတွေ ဖြစ်လာပါမယ်။ အကယ်၍ ဖြူ့ရဲ့ရည်းစားက ဖြူ့စိတ်ထဲမှာ ဘ၀လက်တွဲဖော် မဟုတ်ပဲ ခဏတာချစ်သူ တစ်ဦးဆိုပါကလည်း ဖြူရယ်.. “ ဖြူမပြောင်းချင်တဲ့အတွက် မပြောင်းနိုင်ပါဘူး။” လို့ရှင်းရှင်းပြောလိုက်ပါ။ Relationship တစ်ခုမှာ နှစ်ဦးနှစ်ဖက် နားလည်ပေးဖို့က အရမ်းကို အရေးကြီးပါတယ်။
Tea

ju ၏မေးခွန်း
mae chin tar ka dote, some man feels threatened to have a gf/wife with higher education/salary than them ..so tar hote lar lote?
Ju thungechin yeesar ka thu. ko pyaw dae deit, nin ka htet myat loon dae. Main ma a yate kho ya mhar ma lo lar bue bar nyar bar nyar neit. I can't believe that burmese man think that way or do they? I can elaborate on that later...:D
အဖြေ ကတော့ http://www.myhome16.com/2008/10/blog-post.html
မေသူပိုင်

Joey ရဲ့ မေးခွန်း
မြန်မာမိန်းကလေးတွေ ငွေရှိတဲ့ ယောကျာ်းလေးတွေ နိုင်ငံခြားမှာ နေတဲ့ ကောင်လေးတွေကိုပဲ တွဲချင်ကြသလား။
- ဗမာ မိန်းကလေးတစ်ယောက်အနေနဲ့တော့ ဒါဟာ ၈၀ ရာခိုင်နှုန်းမှန်တယ်လို့ ပြောလို့ရပါတယ်။ တို့မြန်မာ အယူအဆမှာ ယောကျာ်းတို့ဟာ အိမ်ထောင်ဦးစီးလေ။ အိမ်ထောင်ဦးစီးကစပြီး ငွေမရှိ၊ အသုံးမကျ၊ အလုပ်အကိုင် အခြေအမြစ်မရှိ ပညာမရှိ၊ တေလေဂျပိုး ဆိုရင် ဘယ်မိန်းကလေးက လက်ထပ်ချင်ပမလဲဟုတ်။
- နိုင်ငံခြားသားမှ ကျိကျိတက်ချမ်းသာနေမှရယ် မဟုတ်ပါဘူး။ ချမ်းသာတယ်ဆိုကတည်းက သူဖြစ်စေ၊ သူ့မိဘဖြစ်စေ အရည်အချင်းရှိလို့၊ နိုင်ငံခြားမှာ နေတယ်ဆိုတည်းက ကိုယ်ထူကိုယ်ထ ကြိုးစားချင်လို့ပေါ့။ အဓိကကတော့ ငွေတို့ နိုင်ငံခြားတို့ဆိုတာ မိန်းကလေးတွေရဲ့ပေတံပါပဲ။ မြန်မာမိန်းကလေးအားလုံး ကိုယ့်အားကိုယ်ကိုးချင်တာ ဟုတ်ဘူးရှင့်။ အားကိုးရှာလိုက်တော့လဲ အေးတာပေါ့။ အဲဒါတွေကြောင့် ဒီနှစ်မျိုးက ဈေးကွက်မှာ ခေတ်စားနေတာ။
- မိန်းကလေးတိုင်း သုံးချင် ဖြုံးချင်တာတော့ ဟုတ်ဘူး။ ဒါပေမဲ့ ဘယ်နိုင်ငံမှာ ဖြစ်ဖြစ်ရှော့ပင်းစင်တာတွေမှာ မိန်းမတွေနဲ့ ပြည့်နေတာလေ။ ဒီတော့လဲ ပိုက်ဆံလိုပြီပေါ့။ ကိုယ်မရှာနိုင်ရင် ရှာနိုင်တဲ့ ယောကျာ်းကို ယူလေ။
ပေဖူးလွှာ

အားလုံးကို လေးစားလျှက်
www.myhome16.com


2 comments:

Anonymous said...

Tea

yat answer ko ta ball thu par tal .
Bar Tar Char tway ka bar loz mhan ma ti buu naw...aayna swal tar pal:(
Buddhit tway ka bar ma ma swal ya woo

Tea said...

Candle ရေ
အဲ့ဒါ သူတို့ရဲ့သဘောသဘာဝပါပဲ။
သူတို့အဲ့ဒါမျိုးအမြဲတမ်း လုပ်နေကြတာပါ။ နောက်လည်း လုပ်ဦးမှာပါ :)