ဟုတ်ကဲ့။ ကျွန်တော် Comments များကို Moderate လုပ်ရပါတော့မယ်။ ဘာကြောင့်လဲ ဆိုတော့ ကော်ဖီ ဆိုတဲ့ လူတစ်ယောက် သည် အိမ်မှာ တူညီသော ကောမန့်များကို ပိုစ့်တိုင်း တွင် ပိုစ့်များနှင့် မဆီ မဆိုင် လိုက်လံပြီး အကြိမ်ပေါင်း များစွာ ရေးသားခဲ့ ခြင်းကြောင့် ယခုလို စီစဉ် လိုက်ရခြင်း ဖြစ်ပါသည်။ ကျွန်တော် စုစုပေါင်း တူညီရာ ကောမန့် များစွာကို စာဖတ်သူတွေ စိတ် အနှောက် အယှက် ဖြစ်မည် ဆိုးသော ကြောင့် တစ် မနက်လုံး လိုက်ပြီး ဖျက်ပေး နေပါသည်။ သို့ပေ သော်ငြား ၄င်း ပုဂ္ဂိုလ်သည် ထပ်ခါ တလဲလဲ ကောမန့် များကို တူညီစွာ ခေါင်းစဉ်နှင့် လုံးဝ မဆိုင်ပဲ၊ ကျွန်တော့်အိမ်နှင့် မသက်ဆိုင်သည့် အရာများကို ထပ်ခါတလဲလဲ တင်ကာ စိတ် အနှောက် အယှက် ဖြစ်အောင်၊ ရောက်အောင် ဖန်တီး နေပါသည်။ သို့ဖြစ်ပါ သောကြောင့် Moderate လုပ်ရပါတော့မည်။သူငယ်ချင်း စာဖတ်သူ တွေ အားလုံး ယခင်ကလို လွတ်လပ်စွာ ဝေဖန် COMMENT လုပ်နိုင် ပါသည်။ ထိုသို့ မဆီ မဆိုင် ကောမန့်များ ကျွန်တော်တို့တောင်းဆိုတာကို လုံးဝ ဂရုမစိုက်ပဲ ထပ်ခါ သလဲလဲ တင် နေသော ကောမန့် များ ကိုသာ လျှင် REJECT လုပ်သွားပါမည်။ အခုလို ပြုလုပ်ခြင်း အတွက် စိတ် မကောင်း ပါ။ FREEDOM ကို တန်ဖိုးမထား တတ်သော လူတစ်ဦးကြောင့် လုံခြုံရေး ကို တိုးမြှင့် လိုက်ရ ခြင်းပါ။ ကျွန်တော့်အိမ်၏ တောင်းဆိုမှုများ ကို ချိုးဖောက်ကာ နားလည် မပေးခဲ့ပါ။ ချိုသာစွာ ဆက်ဆံ ခဲ့သော်လည်း ကန်းတက် ခဲ့သည်။ သူလို နားမလည် သော၊ အတ္တ ဆန်သော သူများ ရှိနေသော ကြောင့် မြန်မာ ပြည်ကြီး FREEDOM အခု ထက်ထိ မရရှိ သေးတာ မထူးဆန်း တော့ပါ။ ထိုကဲ့သို့ လူများသည် Freedom နှင့် လုံးဝ မထိုက် တန်ပေ။
အားလုံးလည်း နားလည် ပေးကြမည် ဟု ထင်ပါသည်။ ကောမန့်များ ကိုလည်း ယခင်က အတိုင်း လွတ်လပ်စွာ ရေးသား နိုင်ပါသည်။ ကျေးဇူး တင်ပါသည်။
အစဉ်လေးစားလျှက်
Tea







12 comments:
GOOD!
you don't need to approve such stupid repeated comments!
nicely done :)
Good Job! U should do last three days ago.
အိုးးးးး အခုမှလုပ်တယ်လား
heartmuseum ပြောသလိုပဲ လွန်ခဲ့တဲ့ ၃ရက်လောက်ထဲက စရမှာ။ ဟဲဟဲ။
မှန်တယ်။ သူတို့နဲ့ ဘာမှ မတန်ဘူး။
Damn coffee,what the hell r u trying to do?
ကိုလူဆိုးရေ .. သူက ဘာမှန်းကို မသိပါဘူး။ တစ်ခုထဲကို အခုတစ်ရာလောက် လိုက်လုပ်နေတယ်။ ကျွန်တော်တောင် အနည်းဆုံး အခု ၅၀လောက် ထိုင်ဖျက် ပစ်ရတာ။ :( တစ်မနက်လုံး အငြိမ်မနေရဘူး။ နောက်ဆုံး ဒီလိုပဲ လုပ်လိုက်ရတော့တယ်။
1).ထောက်ခံပါတယ်. သဘောတူပါတယ်.
2).အပေါ်က 1).အတိုင်းပါဘဲ.
ကဲ.(2)ခါ Comment ပေးခဲ့b. ;)
“နတ်” ကြီးလည်း ရှင်းနေရတယ်..ညီရေ.
ကောင်းတယ်တီးရေ..
ဟုတ်တယ်ဗျာ...
အနော့်ဆီမှာလည်း လာသောင်းကျန်းနေတယ်။ :D
It's OK ! :D
လေးစားပါတယ်...ထောက်ခံပါတယ် ဟီဟီ
အနော့်ဆီတော့ မလာသေးဘူးဗျာ။ တီးရေ ကောင်းတယ်လုပ်ဗျာ အားပေးတယ်။ တီးတို့က ကွန်နက်ရှင်ကောင်းတော့ဖျက်လို့လွယ်သေးတယ်။ ကျွန်တော်တို့ဆိုသွားပြီ ကွန်နက်ရှင်ကမကောင်းနဲ့လာရေးခံရရင် တစ်နေကုန်ထိုင်ဖျက်ရမယ်ထင်တယ်။
Post a Comment