Photobucket

Monday, June 2, 2008

အာဇာနည် သီချင်းအဆိုကောင်းလို့ .........

တီးရဲ့ပို့စ် ထဲက အာဇာနည် ရဲ့ သီချင်းစုစည်းမှု ပို့စ်က သီးချင်းကို နားထောင်ရင်း မေသူ ၇ဲ့ သူငယ်ချင်း တစ်ယောက်ရဲ့ ကိုယ်တွေ့အဖြစ်အပျက်လေး ကို သတိရမိသည်၊ မေသူ တို့အိမ် က တော့ သူ့စကားနဲ့သူ ဆယ်တန်းကို အမှတ်ကောင်းကောင်းနဲ့ အောင်မယ်ဆိုရင် မေသူ စိတ်ကြိုက် ရွေးချယ်ခွင့် လွတ်လပ်စွာ ရွေးချယ်ခွင့် ပြုမည် ဟုတ် ပါမစ်ရထားသောကြောင့် မေသူတို့ ဆယ်တန်း အောင်စာရင်း ထွက်ပြီး မေမြို့ မှာ ဆိုင်ကယ် တစ်စီးနဲ့ ဂလေရိုက်ခွင့်ရခဲ့သည်၊ဂလေရိုက်ပြီး တစ်လအကြာမှာ တော့ မေသူတို့ ပြည်နှင်ဒဏ် အပေးခံ လိုက်ရသည်၊ မေသူ သူငယ်ချင်းများကတော့ မေသူနှင့်မတူ ကြပေ၊ အထူးသဖြင့် ကျမ နှင့် အတွဲ ညီသည့် ကျမ သူငယ်ချင်း ကေသီခိုင်ကို သူ့အိမ်မှ TTC လျှောက်ခိုင်းသည်။ ကျမ သူငယ်ချင်း ကေသီခိုင် က အရပ်က ဂလန်ဂလား။ ကျမတို့ သူငယ်ချင်း နှစ်ယောက် စကားပြောသံ ပြောဟန်များသည် ယောကျာင်္းလေး နှင့်တူပါသည်။ စိတ်က လဲ လက်တစ်ဆစ်ပင် ပြည့်မည်မထင်၊ သို့သော် ကေသီခိုင်သည် မိဘများ၏ ဆန္ဒအရ စိတ်မပါသော ၊ ၀ါသနာမပါသော TTC ကို လျှောက်ရတော့မည်။

သူက အင်တာဗျူးစတင်ဝင်ရပါသည်။ အဲဒီအချိန်မှာဘဲ အင်တာ ဗျူးသည့်ဆရာ က ...

အင်တာဗျူးသည့်ဆရာ ။ ။ " သမီး အာဇာနည် သီချင်းရလား"
ကေသီခိုင် ။ ။ "ဟုတ်ကဲ့ ရပါတယ်ဆရာ
အင်တာဗျူးဆရာ ။ ။ ဒါဆို သမီးသိတဲ့ အာဇာနည် သီချင်းတစ်ပုဒ်လောက်ဆိုပြပါလား
ကေသီခိုင်တို့က အားတတ်သေ၇ာနဲ့ အလွန်လွယ်ကူသော မေးခွန်းအတွက် ပျော်သွားလေ၏

ကေသီခိုင် ။ ။ အာဇာနည် ၇ဲ့" ဂန္တ၀င် ဆည်းဆာ"သီချင်းကို အပီဟဲ ပြလိုက်ပါတယ်။

အဲဒီသီချင်းအပြီးမှာ ကေသီခိုင်တို့ အင်တာဗျူးက ခွက်ခွက်လန် အောင်ကို ကျသွားပါတယ်။
အင်တာဗျူး ဆရာဆိုခိုင်းတဲ့ သီချင်းက ကျောင်းဆရာမ ဖြစ်မယ့် ကျမ သူငယ်ချင်းကို နိုင်ငံ ခေါင်းဆောင် အာဇာနည် တွေကို ဂုဏ်ပြုတဲ့ သီချင်းကိုဆိုခိုင်းတာပါ။
ဟီးး ။ ကျမ သူငယ်ချင်းက တော့ " မင်းဆံပင်လေးတွေသိပ်လှတဲ့အရှိန်ဝါ" ဆိုပြီး အာဇာနည်သီချင်းကို သူ့ဆံပင်ရှည်ကြီးကို ကိုင်ပြီး ဂုဏ်ယူဝံ့ကြွားစွာဆိုလိုက်တာပါ။
အင်း အဲဒီ အင်တာဗျူး တဲ့ လူ ကလဲ ရှာရှာဖွေဖွေ အာဇာနည် သီချင်းဆိုခိုင်းရတယ်လို့။

ကေသီေ၇ နင့်အကြောင်းတော့ ငါဖော်ကောင်လုပ်နေပြီ ကြားရာအရပ်က မေတ္တာတွေပို့သစေတော့
တိုက်ဆိုင်မှု လေးကြောင့် အပြုံးတစ်ချက် ဝေငှချင်းပါ။

2 comments:

ပါဂနာ said...

တော်သေးတာပေါ့.

ငါ့ ညီမ ရယ်. အင်တာဗျူး ဆရာက ကတုံး တုန်း မထားလို့ ..:P

အပျော်လေးတွေ မျှဝေ သွားပါသည်။

Kaung Kin Ko said...

ဟားဟား