Photobucket

Monday, June 16, 2008

ကဗျာလွတ် ကကြမယ်

ဒီနေ့တော့ ဗမာအကမှာ အခြေခံဖြစ်တဲ့ ကဗျာလွတ်အကြောင်းလေးကို နည်းနည်းပါးပါးရေး မလားလို့ပါ။ ဒီဆောင်းပါးလေးကို မရေးခင် ၀န်ခံချင်တာကတော့ ပေဖူးက ဒီနယ်ပယ်မှာ ပညာသည်အဆင့် မဟုတ်ဘူးလေ။ ၀ါသနာရှင်အဆင့်ဆိုတော့ အမှားပါရင် ထောက်ပြပေးဖို့ ၀န်မလေးကြပါနဲ့လို့၊ ကိုယ့်ညီမလေးပညာတိုးတော့လဲ လက်ဆင့်ကမ်းလို့ ရတာပေါ့။ ^.^

ကဗျာလွတ်ဆိုတာ ဗမာအကရဲ့ ပထမဆုံး အခြေခံ အကပါ။ ဒါကို လူတွေက ပျင်းစရာကြီးဆိုပြီး မသင်ချင်ကြဘူး။ တချို့ရုပ်ရှင်မင်းသမီးတွေလေ အချိန်မရှိဘူးဆိုပြီး အငြိမ့်တွေတန်းသင်၊ DVD တွေ တန်းရိုက်၊ ကဲ……ထွက်လာတော့ ရွှေဝါဆပ်ပြာတောင့် ကြီးဒေါ် ခေါ်ရအောင် တောင့်တောင့် ကြီးတွေ ထွက်လာကော။


ပေဖူးသိသလောက် ပြန်ဖောက်သည် ချရမယ် ဆိုရင်တော့ ဗမာ ကဗျာလွတ်မှာ အဆင့်သုံးဆင့်ရှိပါတယ်။ တစ်ဆင့်မှာ ကကွက်က ၁၈ ကွက် ကနေ ၂၅ ကွက် အထိ ပါတယ်။ အကြမ်းဖြင်းအားဖြင့် အကွက်ခြောက်ဆယ်ထက် မနည်းပါ။ ကျောင်းက PE မှာ သင်တာကတော့ သုံးကွက် ပြီးရင် ဆရာမတွေက Course ပြတ်ပြီလို့ ပြောတယ်။ :P ဒီနေ့တော့ ပထမအဆင့်ပေါ့။ အကခေါင်းစဉ်တွေတောင် သိပ်မမှတ်မိချင်တော့ဘူး။

ကဗျာလွတ်မှာ သုံးတဲ့ နောက်ခံသီချင်းကတော့ များသော အားဖြင့် တစ်မ်ျိုးထဲ သုံးကျတာ များပါတယ်။ ဆိုင်းဝိုင်းနဲ့ တီးထားတာပါ။ ပေဖူးလွှာတော့ အဲဒီ သီချင်းခွေ US ကို ယူမလာ မိတာ နောင်တရတယ်။ တော်သေးလို့ YouTube မှာ ရှာတွေ့ သွားတယ်။

Beat ကို အကြမ်းအားဖြင့်တော့ ကဗျာလွတ်ကို 4/4 Timing နဲ့ ကတာ များတယ်။ 2/4 Timing လဲ သုံးကျပါတယ်။ အဲ 3/4 Timing ကတော့ အသုံးနည်းပါတယ်။ ဘီလူးအကတို့ ဘာတို့ မှာတော့ သုံးတာမြင်ဘူးပါတယ်။ အဲဒီမှာ မေးစရာဖြစ်လာပြီ။ ပေဖူးလွှာတို့ ဂီတအကြောင်း သိလို့လား? သိတာပေါ့။ ပေဖူးက ငယ်ငယ်က စောင်းတီးဖူးတယ်။ ဒါပေမယ့် ရိုးရိုးတီးတာဟုတ်ဘူး……ကျွဲပါးစောင်းတီး :P :P :P…. တယောလဲ ထိုးဖူးတယ်။ ဘေးအိမ်တွေက တိုင်လို့ ရပ်ကွက်လူကြီးရောက်မလာခင် အထိ လေ့ကျင့်ဖူးပါတယ်။ ^.^ အခုတော့ ဘာမှ မတီး၊မမှုတ်ဖြစ်တော့ဘူး။ သိတယ် မဟုတ်လား၊ USA က ကောလိပ်တွေမှာ သေနတ်နဲ့ ၀င်ဝင်ပစ်သွားတာတွေ နည်းမှ မနည်းပဲကိုး။ အဲဒါနဲ့ပဲ ပေဖူးလွှာတို့ ငြိမ်နေရတယ်။ မဟုတ်လို့ကတော့ ဟင်း ဟင်း ဟင်း….

ခုနက အကကို ပြန်ဆက်မယ်။ ကဗျာလွတ်မှာ အဓိက ကတော့ စည်းနဲ့ဝါး ပါပဲ။ အကတစ်ကွက်ကို ၁၆ချက်(beat) ကရတယ်။ ရေနည်းကတော့ ၁၂၃၄၅၆၇၈.၈၇၆၅၄၃၂၁ ပါ။ စည်းနဲ့ စပြီး ၀ါးနဲ့ ဆုံးပါတယ်။ ချွင်.ချတ်၊ ချွင်.ချတ် ပေါ့။ ၄၃၂၁ ပြီးတာနဲ့ မနားရပါဘူး၊ နောက်အကတစ်ကွက်ကို ချက်ချင်းပြန်စရပါမယ်။ ၄၃၂၁.၁၂၃၄ ပေါ့၊ စည်းနဲ့ဝါးကတော့ တချိန်လုံး မပြတ်လိုက် နေရပါ့မယ်။ စည်းဝါးလွတ်သွားရင်တော့ Stage စဉ်ပေါ်မှာ ရေတိမ်နစ်ပြီလို့သာ မှတ်လိုက်ပါတော့။ ;)

Aerobic ကစားဖူးတဲ့ မမများ သတိထားရမှာက aerobic မှာက 1 ဆိုရင် ဘယ်ခြေထောက်နဲ့ အရင်စတယ်ဟုတ်? ကဗျာလွတ်မှာတော့ ဘာမဆို ညာခြေထောက်နဲ့ စရပါ့မယ်။ အကဆရာမ ဒေါ်သီတာဝင်းဆီမှာ ဆိုရင်တော့ စမိတဲ့ ဘယ်ခြေထောက် သစ်သားပေတံ စပ်စပ်လေး မြည်းရတယ်။ နောက်တစ်ခုက ကဗျာလွတ်နဲ့ သင်္ကြန်ယိမ်းပါ။ သင်္ကြန်ယိမ်းက ခြေဖျားလေးရှေ့တော့ ကရတယ်။ ခြေဖျားရှေ့တော့တာကလည်း သင်္ကြန်ယိမ်းရဲ့ သင်္ကေတတစ်ခုပါ. ပေါ့ပေါ့ပါးပါးလေးပေါ့။ ကဗျာလွတ်မှာတော့ ခြေဖျားရှေ့တော့တာ လုံးဝမပါ, ပါဘူး။ ခြေရှေ့ထိုးရင် ခြေဖနောင့်နဲ့ထိုး၊ ခြေနောက်ထိုးရင်တော့ ခြေဖျားလေးပြန်သုံးပါ။
အောက်က video လေးကတော့ ကံကောင်းထောက်မစွာနဲ့ YouTube မှာ ရှာတွေ့ထားတာပါ။ ကတဲ့ ကောင်မလေးကတော့
ပညာသည်အဆင့် မဟုတ်ပေမယ့် ဆရာတင်လောက်ပါတယ်။ သူရှိနေတော့ ပေဖူးရဲ့ webcam မျက်စိနောက် သက်သာသွားတာပေါ့။ ဟင်း ဟင်း…….



အသင့်အနေအထားမှာ စ နေပါ။ အသင့်အနေအထားဆိုတာ ခြေမျက်စိနှစ်ခု တစ်မိုက်အကွာ၊ ခြေမနှစ်ခု တစ်မိုက်တစ်ထွာအကွာ၊ ဒူးနှစ်လုံး တစ်တောင်အကွာ မှာ ရှိရပါမယ်။ ဒီ video မှာတော့ ထိုင်ရက်လေးက စပါတယ်။ အတူတူပါပဲ။ ကိုယ်သက်သာသလိုပေါ့။
"တိုးပေတို့ပေ၊ တိုးပေတို့ပေ၊ ဗိန်းဗိန်းတက်ဗိန်း တက်ဗိန်း တက်။” ဆိုတာနဲ့ စက ပါ။ အကူးအပြောင်းလဲ ဒီတီးလုံး ပါပဲ။
ဒါကတော့ အကတွေရဲ့ နာမည်တွေပါ (မှတ်မိသလောက် ဝေငှတာ)
၁။ ခြေရှေ့ထိုး
၂။ ခြေနောက်ထိုး
၃။ သုံးချက် တစ်ချက်
၎။ ကြာပန်းလှန်
၅။ ကြာပန်းထိုး
၆။ ကြာပန်းသိမ်း
၇။ မေးထိုး
၈။ ပလို့ဂျိ
၉။ ထဘီနားခတ်
၁၀။ ဆံမြိတ်ခတ်
၁၁။ ကြာပန်းကော့
၁၂။ မေးထိုး
၁၃။ ဘေးတိုက်ရွှေ့
၁၄။ မျှော်တော်ယောင်
၁၅။ ဇင်ယော်တောင် လက်ပစ်
၁၆။ ဆံထုံး နားဝိုက်
၁၇။ ပုခုံးတွန့်
၁၈။ ထဘီနား ၀ိုက်ခတ်
၁၉။ ဘီလူးက
၂၀။ အငြိမ့်ပြေး
အားလုံး နှစ်ခြိုက်မယ်လို့ မျှော်လင့်ပါတယ်။ နောက်တစ်ပတ်မှာတော့ အနောက်တိုင်း ပြန်သွားတာပေါ့။ ဒီတစ်ခါတော့ စပါယ်ရှယ် America Ballroom Challenge အကြောင်း တင်ဆက်သွားမှာ ဖြစ်ပါတယ်။
ဒါနဲ့ စကားမစပ် ကိုတီးက နှစ်ပါးသွား က မလို့တဲ့ မင်းသမီးလိုက်ရှာနေတယ်။ ဘလောခ့်ဂါမမတို့ ဘုရားတနေပေတော့။ ဟင်း ဟင်း၊ သိတယ် မဟုတ်လား၊ တွတ်ပီ နဲ့ တီး ဆိုတာ မရှောင်ရင် လွတ်တယ်။ ;D

ပေဖူးလွှာ

5 comments:

Tea said...

ဟီး.. နေဦး..မေးစရာရှိတယ်.. ၁၆ကွက် မပြီးပဲ ၄ကွက်လောက်ကပြီး နောက် တစ်ခါထဲ ပြောင်းကလို့ မရဘူးလား..

ပြီးတော့.. အမျိုးမျိုး အကွက်တွေကို မြန်မြန်ဆန်ဆန် ကပြတော့ ပိုကြည့်လို့ ကောင်းတာပေါ့.. ..

ဟုတ်ဘူးလား (အကအကြောင်း နားမလည်လို့.. စည်းဖောက်နေရင် ဆော်တီးနော်။)

ကျွန်တော်တို့က Popper တွေ ဆိုတော့ ဒီလို ဒိုးဘေဒိုး တွေ သိပ်မရဘူးလေ.. အဟိ အဟိ။

Anonymous said...

ပေဖူးရေ.. ပြည့်ပြည်စုံစုံဘဲနော်.. တင်ပြပုံလေးကောင်းတယ်.. You Tube က ကြည့်လို့မရဘူး.. ပေဖူး ကိုယ်တိုင်က လေးသာ တင်လိုက်ပါ.. "တိုးပေတို့ပေ၊ တိုးပေတို့ပေ၊ ဗိန်းဗိန်းတက်ဗိန်း တက်ဗိန်း တက်။” :) ခင်မင်လျက် (ကိုရင်နော်ခင်လေးငယ်)

RePublic said...

Youtube မှာ ကတဲ့သူ က ပေဖူးလွှာ လား ၊ သိပ်မသဲကွဲဘူးဗျ ၊..ဟီး
အက တွေရဲ့ နာမည်တွေက တရုတ်ကားထဲက သိုင်းကွက်နာမည်တွေလိုပဲ..စားတယ်
စတာနော် ၊ အမြဲအားပေးနေပါတယ် ပေဖူးလွှာ..ပျော်ရွှင်ပါစေဗျာ

maungko said...

I cannot load Zaw Gyi font on my computer; so please forgive me for this English comment.
Really happy to see such community interested in Myanmar KaByarLut;
Ka Byar Lut is not only basic of Myanmar dance it is very unique. Actually there is no 3/4 timing like waltz (u said in BeLu dance); only there is what we called ThonGyetSee (u snapped three WAs in two four four timing bars. Tut Byae Bae Tu Po Tu (is the song)
anyhow bravo and keep on
maung ko
native forum

PP said...

Thanks for the comment and I really appreciate this.
Yes, Tu Poat Tu Post Thingyan song is also with fast 4/4 and 3/4 bars.
I find it really hard to play it on the keyboard than dancing to the song. FYI
I am also at school that's why can't write in Burmese. ;)
I hope to write more about Burmese dance and I keep looking for cool Burmese dances online.
Hopefully, I could find more and hope to acknowledge and entertain more to everyone.
;)