Photobucket

Tuesday, June 3, 2008

နှမသားခြင်း မစာနာသူများ


အခုတစ်လော ကျမ ဂျီမေလ်တွင် ၀င်လာသော မိတ်ဆွေ သူငယ်ချင်း များထံမှ စာများကို တော်တော်နှင့် မပြန်ဖြစ်ပါ ။ ကျမ မေမေ အတွက် ပူပင်သောကတွေ ဖိစီးနေရချိန်မှာ သူငယ်ချင်းများကို လျစ်လျူရှု သလို ဖြစ်သွားတဲ့အတွက် မေသူ အနှူးအညွတ်တောင်းပန်ပါတယ်။

ကျမ ဆီမှာ ကိုမိုး(komoe) ဆိုသော သူ၏ အီးမေလ်း သုံးစောင်တိတိေ၇ာက်နေပါသည်။ အရင်ကလည်း သူ့အီးမေလ်များကို ရ၇ှိဘူးပါတယ် ။ ကိုမိုး ဆိုသော ပုဂ္ဂိုလ် တွင် အချိန် များ ဘယ်လောက်တောင် ပိုနေလဲတော့ မသိ။ နှမ ချင်း မစာမနာ ယုတ်ရင်း ကြမ်းတမ်းစွာ ဆဲဆိုသော စာ များ ကို အရင်က နှစ်စောင် တိတိ ပို့ဘူးပါတယ်။ ကျမ ဖျက်ပစ်ပြီး သူ့ အီးမေလ်များကို လျစ်လျူရှူ ထားပါတယ်။

ကိုမိုး ဆိုသော ပုဂ္ဂိုလ်ကို ကျမ အိမ်ရှေ့တွင် လာဟောင်သော ခွေးတစ်ကောင် လောက်မျှ ပင် ကျမ သဘောမထားပါ။ သို့သော် ကို မိုး အပြင် နောက်ထပ် ပုဂ္ဂိုလ် တစ်ဦး က ထပ်ပြီး ပေါ်လာပြန်ပါတယ်၊ အဲဒီ ပုဂ္ဂိုလ်သည် လူမှ မွေး တာ မှ ဟုတ် ပါလေစ ဟု ကျမ သံသယ ဖြစ်မိပါတယ်။ အဲဒီပုဂ္ဂိုလ်တွင် ညီမ အစ်မ မရှိ လို့ ကိုယ်ချင်စာတရား မထားနိုင်အုံး လူသား မိခင်တစ်ယောက် တော့ ရှိပါလိမ့်မည်ဟု ကျမ ယူဆမိသည်။

သို့သော်သူေ၇းသောစာ များသည်

၁။ နိုင်ငံေ၇း ကို အခြေခံပြီး ကျမ ကို မိုးမွှန်အောင် နှမ ချင်း မစာ မနာ ပေးစား ဆဲဆို ထားပါသည်။ အဲဒီလို စော်ကားမှုမျိုး လက်မခံနိုင် သောကြောင့် ပြန်လည် ချေပခြင်း ဖြစ်သည်။ ခွေးဟောင်တိုင်း ထမကြည့်လိုပါ ။ နားညီးသဖြင့်ေ၇နဲ့ထပတ်ခြင်းဖြစ်သည်။
(က)မေသူ ပိုင် နိုင်ငံေ၇း သမား မဟုတ်ပါ။ ထိုနည်းတူစွာ ပင် တီး၊ လင်းစစ်သူ တို့မှာ လည်းနိုင်ငံေ၇း သမား များ မဟုတ်ကြပါ။
(ခ)ယုံကြည်ချက် နဲ့ နိုင်ငံအပေါ်ထားရှိသော စိတ်ဓါတ်နှင့် လူကို လူလို့မြင်တတ်သော အခြေခံ ခံစားချက် များတူသော ၀ါသနာတူ ညီအစ်ကို မောင်နှစ်မ များဖြစ်ပါသည်။
(ဂ)မည်သည့် နိုင်ငံေ၇း အဖွဲ့အစည်း၏ လက်ကိုင်ဒုတ်လဲ မဟုတ်ပါ။ သို့သော် နိုင်ငံအတွက် စည်းစနစ်ကျသော အုပ်ချုပ်မှုကို လိုလားသောသူများဖြစ်ပါသည်။
(ဃ) ကျမ တို့ သုံးယောက်လုံးတွင် ကျောင်းတစ်ဖတ် အလုပ်တစ်ဖတ် ဖြစ်သောကြောင့်အား မနေကြပါ။့ အားလပ်သည့် အချိန်များကို ဘလောခ်ပေါ်တတ်ပြီး ခံစားချက်များ ကို မျှဝေခြင်း သူငယ်ချင်း အချင်း ချင်းစနောက်ချင်း ဖြင့် စိတ်ကို အပမ်း ဖြေ ပြီး အမိမြေကို အလွမ်းဖြေကြပါသည်။ မည်သူ့ကို မှ ယနေ့အချိန်ထိ မစော်ကားပါ။ စော်ကားဘို့ ဆဲဆိုဘို့ ကျမ တို့ဦးနှောက်ထဲတွင် မရှိ။ မည်သူ့ကို မှလဲ ရန်မစပါ။ ရန်စပြီး မိုက်ရိုင်းလာပါက လည်း ပြန်လည် တုံ့ပြန်ရန် ၀န်မလေးပါ။(ဆဲတာထက်နာသည့်စကားလုံးနှင့်ပြောပါမည်)

၂။ မိဘ များကို ထိခိုက်ပြီး ဆဲဆိုခြင်းအတွက် တုံ့ပြန်ချက်
ကျမ သည် မိမိ မိဘ များကို ရိုသေ လေးစား ပါသည်။ ကျမ မိဘ များကို တစ်ပါးသူမှ မခန့် လေးစား ပြောဆိုချင်းကို မနှစ်သက်သလို ၊ တစ်ပါးသူမိဘများကို လဲ မခန့် လေးစား မရိုမသေ ဆက်ဆံခြင်း မရှိပါ။ ကျမ ဖေဖေနှင့် မေမေ သည် ပိုက်ဆံ မချမ်းသာသောလည်း စာရိတ္တနှင့် ကိုယ်ကျင့်တရား ချမ်းသာ သူများပင် ဖြစ်သည်၊ ကျမ တို့ရှေ့တွင် ဖေဖေနှင့်မေမေ တစ်ခါမှ ဆဲဆိုသံကို မကြားဖူးပါ၊ (ကွယ်ရာမှာ ဆဲကောင်းဆဲနိုင်ပါသည်)။ ကျမ မိဘ နှင့် ထိခိုက်ပြီးဆဲဆိုသော ပုဂ္ဂိုလ်အား ကျမ မှာ သတ်ရန် ၀န်မလေးပါ (ခြိမ်းခြောက် နေချင်းမဟုတ် အသိပေးချင်းသာဖြစ်သည်)။

၃။ စက်တင်ဘာအေ၇းအခင်းကာလ တုန်းက ဘုန်းကြီးကျောင်းများတွင် အစိုးရ တာဝန်ရှိသူများ ၀င်ေ၇ာက် ရှာဖွေပြီး တွေ့ရှိသောပစ္စည်း စာရင်းကို ကြေငြာသော သတင်းစာတွင် ကြေငြာထားတာကို မေးလ်ဖြင့် ပေးပို့ပြီး၊ ဘုန်ကြီးကျောင်းတွင် အတွင်းခံဘောင်ဘီတွေ့ရှိပုံကို ကျမ အား မိုက်ရိုင်းသော မေးခွန်းများနှင့် ဆဲဆိုလာသောကြောင့် ချေပချက်

ကဲ.... ဒီအချက်ကို တစ်ချို့ဘလောခ်များတွင် အငြင်းပွားနေမှုကို မကြာခဏ မြင်တွေ့ဘူးသည်။ သို့သော် ၀င်ေ၇ာက် ပြောဆိုခဲ့ချင်းမရှိပါ။ အခုတော့ပြောဘီ။ ဘုန်ကြီးကျောင်းတွင် ဘုန်ကြီး၏ဆွေမျိုး များ၊ တူ၊တူမ များ၊ ဒကာ ဒယကာမများ အမြဲ ၀င်ထွက် သွားလာလေ့ရှိသည်ကို မြန်မာ ပြည်သူ အများသိရှိပြီး ဖြစ်သည်။ နယ်မှလာသော ဒါယကာ ဒါယကာမများလည် မြို့ပေါ်မှ ဘုန်းကြီးကျောင်းများတွင် တည်ခိုလေ့ရှိသည်မှာ ငြင်းမရသည့် အချက်ပင်ဖြစ်သည် ။ထိုဒါကာမ ၏ ပစ္စည်းများ ဖြစ်နိုင်ပါသည်။ အမြင်မတော်သူများသာ သိမ်းဆည်းကြပေလိမ့်မည်။ ဘယ်ဘုန်းကြီးကမှတော့ အားအားယားယား ဘီဒိုထဲသို့ ခေါက်သိမ်း ထားလိမ့်မည် မထင်၊ မေသူပိုင်သည် ဗုဒ္ဓဘာသာဝင် တစ်ယောက်မဟုတ်သော်ငြားလည်း သံဃာအရိပ်ကို ယနေ့ချိန်ထိ မနင်းဘူးပါ၊ (ဘယ်တော့မှလဲ လုပ်လိမ့်မယ် မဟုတ်)။ ဗုဒ္ဓဘာသာဝင် ဖခင်တစ်ဦး၏ ဆုံးမစကား ဖခင်ကိုးကွယ်သော ဘာသာကို အလေးထား သောကြောင့်ပင်ဖြစ်သည်။ သို့သော်ကို မိုးဆိုသော ပုဂ္ဂိုလ်က " ကျုပ်က ဗုဒ္ဓဘာသာဝင်ဟု " အရှက်မရှိ သော လက်ချောင်းများဖြင့် ရိုက်လိုက်သော သူ့၏စာလုံးများကို ဖတ်ပြီး " ထွီ" ဟုသာ ပြန်ရိုက်ပေးလိုက်ပါသည်။

မေသူပိုင်သည် သာမန် ပုထုဇဉ် လူငယ်တစ်ယောက်သာ ဖြစ်သည် ။
မေသူပိုင်သည် အတိုင်းအတာ တစ်ခုထိ သာ သီးခံနိုင်သည်။ အတိုင်းတာ တစ်ခုထိကျော်လွန်လာပါက တုံ့ပြန်ရန်ဝန်မလေးပါ။

* Myhome 16 မှ လူငယ်များသည် မိဘများဆိုဆုံးမမှု အောက်မှာရှိသောကြောင့် လာေ၇ာက် လည်ပတ်သူများကို ဖော်ေ၇ွပျူငှာစွာဧည့်ခံသည်။
* MYhome16 မှ တီး လင်းစစ်သူ မေသူပိုင် တို့သည် မိမိ ယုံကြည်ချက် ခံယူချက်များကို ခံစားချက်များကို ပုံဖော်ရင်း အနာဂတ် မြန်မာနိုင်ငံတော်ကြီးဆီ လူငယ်အချင်းချင်း စည်းစည်းလုံးလုံး ချစ်ချစ်ခင်ခင် ပျော်ရွှင်စေချင်းသော ဆန္ဒများကို ထွေးပွေ့ရင် ချီတတ်နေသူများဖြစ်သည်။
* Myhome16 မှ ဝေဖန်အကြံပြုစာများကို အမြတ်တနိုး လေးစားတန်ဘိုးထားသလို၊ မိုက်ရိုင်းစွာ စော်ကားလာမှုကို တုံ့ပြန်ရန် ၀န်မလေးသူများ ဖြစ်သည်။

မိမနိုင်ဖမနိုင်ခွေးများ ဟောင်လာပါက
၁။ လျစ်လျူရှူမည်
၂၊မောင်းထုတ်မည်
၃၊ရေနဲ့ပတ်မည်
၎။ရိုက်ထုတ်မည်။

Myhome 16 မှလူငယ်များသည် မိဘ ဆိုဆုံးမမှုအောက်တွင် တည်ရှိပါသောကြောင့် လာေ၇ာက်လည်ပတ်သူ အပေါင်း ပျော်ရွှင်ကြပါစေသတည်း။
မေသူပိုင်

14 comments:

Tea said...

မမေသူရေ။ အားလုံးကို ကြားရတာ စိတ်မကောင်းဘူး။

သိရတာလည်း စိတ်မကောင်းပါဘူး။

သူတို့တွေက ဘုရားချွတ်တောင် ကျွတ်ပါ့တော့ မလား မသိဘူး။ တော်တော်လေးကို အခြေအနေဆိုးနေပီ။ နှမသားခြင်း မစာနာတာ မပြောနဲ့။ ဘာကိုမှ စာနာမယ့်ပုံ မပေါ်ဘူး။ တော်တော်လေးကို ဆိုးရွားနေတယ်။

ကျွန်တော့်ရဲ့ - အားလုံးချစ်တဲ့ မြန်မာပြည် - ပိုစ့်လေးပြီးတော့ ဒီကိစ္စတွေ ဖြစ်တာ တော်တော်တော့ ၀မ်းနည်းတယ်။ ဒါပေမယ့်လေ။ အမှန်တရားအတွက် အားလုံး တူညီစွာနဲ့ ဆက်လက်တိုက်ပွဲဝင်မှာပါ။

တစ်ချိန်ကျရင် နောက်ဆုံး အမှန်တရားပဲ ကျန်လိမ့်မယ်လို့ ယုံကြည်ပါတယ်။

Tea

Anonymous said...

နှမခြင်းမစာနာသူများကို ကြိမ်စာတိုက်သွားသည်။ ဒင်းတို့မကောင်းရာလားပါစေသား။

Unknown said...

ညီမရေ အသိဥာဏ်မရှိတဲ့သူတွေ အမှားအမှန်ဆိုတာ ဘာမှန်းမသိတဲ့သူတွေ အတွက်နဲ့တော့ တန်ဖိုးရှိတဲ့ အချိန်နဲ့ခံစားချက်တွေကို အထိခိုက်မခံပါနဲ့...။ မတန်ပါဘူး...။

မေသူပိုင် said...

ကို အိမ်မက်မည်းေ၇ ...... မေသူIgnore လုပ်ထားပါတယ် ။ဒါပေမယ့် မိဘကို ထိခိုက်လာတော့ခံစားရပါတယ်။ အားပေးတဲ့အတွက်ကျေးဇူးပါအစ်ကိုေ၇

Anonymous said...

Hi Ma May Thu,

I'm not gonna give u any comments coz i really dont know how these dogs barked at u :) but i'll be with u all the way coz U R RIGHT

Anonymous said...

ဖြစ်တတ်ပါတယ်၊

Ka Daung Nyin Thar said...

အွန်လိုင်းမှာ အဲလို နှောင့်ယှက်တဲ့သူမျိုးဟာ ယုံကြည်မှုအစွန်းရောက်တဲ့သူမျိုး (သို့) ကောက်ရိုးပုံစောင့်ခွေးလို ဘာမှ မယုံကြည်ဘဲ (သို့) မျက်စိမှိတ် ယုံကြည်တဲ့သူမျိုး၊ ကိုယ့်အကျိုးစီးပွားကိုသာ ကြည့်တဲ့သူမျိုး ဖြစ်ပါတယ်။

ဘာမှ မခံစားပါနဲ့။ ကျနော်တို့ဟာ လူ = လူ ဆိုတဲ့ အီကွေရှင်းကို ယုံကြည်သူတွေပါ။ ကျနော်တို့ဟာ လွတ်လပ်စွာ ပြောဆိုခွင့်နဲ့ ဘာသာစကားက ချုပ်ကိုင်ထားပိုင်ခွင့်မရှိတဲ့ လွတ်လပ်တဲ့ လူတွေပါ။ ကျနော်တို့ဟာ ကိုယ့်လွတ်လပ်ခွင့်နဲ့ ဟောဟိုမှာ ရှိတဲ့ မလွတ်လပ်တဲ့ သူတွေကို ကာကွယ်ပိုင်ခွင့်၊ အားပေးပိုင်ခွင့် မျှဝေပိုင်ခွင့် ရှိတဲ့သူတွေပါ။ ဒီအတွက် ကျနော်တို့ အားလုံးဟာ အရေးပါပါတယ်။ ဒီတော့ အရေးမပါတဲ့ လမင်းဟောင်သူတွေကို ဘန်းသာ ထားလိုက်ပါတော့လား။

ကဒေါင်းညင်သာ

ပါဂနာ said...

ညီမလေး.မေသူ ရေ...

မိခင် က မမာလို့  စိတ်သောက ဖြစ်နေရတဲ့ အထဲ..
နောက် “တစ်ပူ” ကဆင့် ရပြန်ပေါ့...

လူလိမ္မာသား ...ယဉ်ပါး တဲ့...

မိခင်ကြီး အမြန်နေကောင်းကာ ပျော်ရွှင်ပါစေ..ညီမ

Anonymous said...

အရိုင်းအစိုင်းကောင်တွေကို ရေနဲ့ပက်လည်း သိတောင်သိမှာမဟုတ်၊ မောင်းထုတ်လည်း ပြန်လာရင်လာမည်၊ လျစ်လျူရှုလည်း ကမ်းတက်မယ်၊ ရိုက်ထုတ်တော့ မှတ်မှာမဟုတ်ဘူး။

Anonymous said...

မေသူရေ ကြားရတာ စိတ်မကောင်းပါဘူး ။ သူ့တို့ရှက်ရကောင်းမှန်း သိတဲ့တနေ့ကို မြန်မြန်ရောက်ပါစေလိုပဲ ဆုတောင်းပါတယ်ဗျာ ။ အစစ အရာရာ အဆင်ပြေပါစေ။

အောင်မျိုးဟန် said...

မေသူလို့ပဲခေါ်လိုက်မယ်

ဒီလိုမျိုးကြားရတော့ ကျွန်တော်လဲ စိတ်မကောင်းပါဘူး
လူဆိုတာ ကိုယ့်ယုံကြည်ချက် နဲ့ ကိုယ် လှုပ်ရှားကြတာပဲဗျာ ။ အဲဒီလို ဆဲတာ ဆိုတယ် ဆိုတာ အခြေအမြစ် မရှိတဲ့ သူတွေ လုပ်တဲ့ အလုပ်ပါဗျာ။

ထားလိုက်ပါ သူ့အကုသိုလ်နဲ့ သူသွားပါလိမ့်မယ်

Anonymous said...

ကျမ မေမေ အတွက် ပူပင်သောကတွေ ဖိစီးနေရချိန်မှာ

ကြားရတာ စိတ်မကောင်းပါ

Anonymous said...

အမိယုတ်တော့ နှုတ်ကြမ်းတယ်ဆိုတဲ့စကားဟာ အဲဒီလိုကောင်မျိုးတွေကိုကြည့်ပြီး ပြောထားတာဖြစ်မယ်

Anonymous said...

အားတင်းထားနိုင်ပါစေ