Photobucket

Sunday, June 29, 2008

တီးကြိုက်တဲ့ သီချင်းများနှင့် ပေဖူးလွှာကြိုက်တဲ့ အကများ



ပေဖူးကိုတော့ လူတွေ ပြောတော့မှာပဲ။ ရေးတဲ့ post တွေ အကုန်လုံးကလဲ ကိုယ့်အကြိုက် TV show တွေ ကြီးဘဲလို့။ တတ်နိုင်ဘူးလေ။ YouTube မှာကလဲ ဒါတွေပဲရှိတာကိုး။ (ဆင်ခြေ) :P
ကိုတီးရဲ့ post အဟောင်းလေးတွေ ပြန်မွှေရင်းကနေ သူဘာသာပြန်ထားတဲ့ Apologize သီချင်းလေးကို သွားတွေ့တယ်။ အဲဒီမှာတင် Apologize သီချင်းနဲ့ ကသွားတဲ့ အကလေးတစ်ခုကို သတိရသွားလို့ ရေးဖြစ်သွားတာပါ။


တီးရဲ့ Post မှာ သီချင်းလေးကော၊ မြန်မာဘာသာပြန်လေးကော ရှိတယ်။ အကလေး မကြည့်ခင် ပြန်သွားနားထောင်လို့ရအောင် ဒီမှာက တီးရဲ့ Original လင့်ခ်။ ဒါကတော့ အဆင်သင့် ဖွင့်နားထောင်ဖို့။



ဒီတခါ ပေဖူးအလှည့်။ SYTYCD မှာ အဲဒီသီချင်းလေးကို အမှီပြုပြီး ကသွားတာလေ။ အကအမျိုးအစားကတော့ Lyrical Contemporary ပါ။ Lyrical ဆိုတာကတော့ တေးသရုပ်ဖော်လို့ပဲ ဘာသာပြန်တော့မယ်။ ဒါပေမဲ့ ဒီက အကပညာရှင်တွေကတော့ Lyrical ကို အခက်ဆုံးအကလို့ ဆိုကြတယ်။ ရှုပ်ထွေးတဲ့ ကကွက်တွေ အပြင် သူတို့ရဲ့ စိတ်ခံစားချက်တွေကိုပါ ပေါင်းစည်းထုတ်ဖော်ပြီး ကရလို့ ပါတဲ့။
ဒီအကမှာတော့ Danny နဲ့ Anya ကထားတာပါ။ Anya ကို မှတ်မိကြလားမသိဘူး။ SYTYCD post တုန်း က No. 3 Audition video မှာကတာ သူလေ။ ပြန်သွားချင်ရင် ဒီမှာ Link။

သရုပ်ဖော်ထားတဲ့ ပုံစံက ကောင်မလေးက အထပ်ထပ်အခါခါ တောင်းပန်နေတာကို ကောင်လေးက ဂရုမစိုက်တဲ့ပုံ၊ “Too Late to Apologize” လို့ပဲ အထပ်ထပ် အခါခါပြန်ပြောနေခဲ့တယ်။ ကောင်မလေး တောင်းပန်နေတာကို ဂရုမစိုက်ပဲ နောက်ဆုံး ကောင်လေးက အဝေးကို လျှောက်သွားတဲ့ အလွမ်းလေးနဲ့ အဆုံးသတ်ထားပါတယ်။ အကပညာရပ်အပိုင်းမှာဆိုရင်တော့ ကောင်လေးက ပိုကောင်းပါတယ်။ Contemporary က သူ့ပညာရပ်အပိုင်းကိုး။ Latin Dancer Anya ကလဲ အားကျမခံ အမှီလိုက်နိုင်ခဲ့တယ်။ ကြည့်လိုက်ကြစို့။





ဒီတပုဒ်ကတော့ Leona Lewis ရဲ့ Bleeding Love သီချင်းပါ။ အမှန်ပြောရရင် ပေဖူးလဲ ဒီသီချင်းကို အရမ်းကြိုက်တာ။ နေ့တိုင်းဖွင့်နားထောင်ဖြစ်တယ်။ ဆိုတဲ့လူကို လိုက်ရှာနေတုန်းမှာ TEA ရဲ့ ဘလော့ခ်မှာ လာတွေ့တာ။ ပြန်သွားမယ်ဆိုရင်တော့ ဒီမှာ LINK။

ဒါကတော့ အဆင်သင့်နားထောင်ဖို့နဲ့ အရမ်းကောင်းတဲ့ သီချင်းစာသား LINK။



သီချင်းစာသားပေးရတာ အကြောင်းရှိတယ်လေ။ အခု post က lyrical dance (တေးသရုပ်ဖော်အက) တွေ အကြောင်းလေ။ ဒီအကလေးအကြောင်း ပြောကြမယ်။ သူတို့ ဒီအကကို TVကနေ လွှင့်သွားတာ ဒီ Wednesday ကမှ လာသွားတာပါ။ ပူပူနွေးနွေးပဲ။ နာမည်တွေကတော့ Mark နဲ့ Chelsi ပါ။ Mark က Contemporary Dancer, Chelsi က Ballroom Dancer ပါ။ တယောက်မှ Hip Hop မကဖူးပါဘူး။ အလေ့အကျင့်တော်တော်လေးလုပ်ထားပုံပေါ်ပါတယ်။ စိတ်ခံစားမှုအပြည့်နဲ့ ကသွားတာပါ။ အကြောင်းကတော့ ယောကျာ်းက အလုပ်မှ အလုပ်၊ မိန်းမကို ဂရုမစိုက်နိုင်တဲ့ အကြောင်းကို သရုပ်ဖော်သွားတာပါ။ မိန်းမက ဘယ်လိုပဲ အလုပ်မသွားအောင်တားတား နောက်ဆုံးတားမရဘဲ အသဲကွဲ ကျန်ရစ်တဲ့ အကြောင်းကို Hip Hop အကလေးနဲ့ ကသွားတာပါ။ “You cut me open my heart” ဆိုတဲ့ စာသားကို သူတို့နှစ်ယောက် ကောင်ကောင်းသရုပ်ဖော်သွားပါတယ်။ အကောင်းဆုံး Hip Hop အကတခုလားလို့ မေးရင်တော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ပေဖူးကြည့်ဖူးတဲ့ Lyrical Hip Hop မှာတော့ အကောင်းဆုံးထဲက တစ်ခုပါပဲ။



ပို့စ်ကို အချိန်ပေး ဖတ်၊ ကြည့်၊ နားထောင်တာ ကျေးဇူးနော်။ တီးရေ လိုက်ပြီးတော့လဲ က မနေနဲ့။ ခဲမလောက်အိမ်နံပါတ်၁၆ဖြစ်ပြီး ခေါင်မိုးတွေပေါက်ကုန်အုံးမယ်။ သွပ်ဈေးကြီးတယ်ဟ။ ;)

လေးစားခင်မင်လျှက်
ပေဖူးလွှာ

6 comments:

ကိုရင်နော်ခင်လေးငယ် said...

သြော်..ပေပေရယ်...
အဲလိုဘဲ..က ရ..က ရ
ဘယ်လိုဘဲ က ရ ..က ရ အလုပ်မသွား
အောင်တားချင်တာတောင် တားရမဲ့သူက
ဘေးနားမှာ ရှိနေဘူး.....
ဟွန့်....တားချင်ပါတယ်ဆို..
(ခင်လေးငယ်)

RePublic said...

ပေဖူးလွှာ...
Dancing Floor ရဲ့ Fan နော် ၊၊အမြဲအားပေးနေတာ ..
အများကြီးရေးဗျ ..

Tea said...

ပေဖူးရယ် အစတုံးကတော့ မပြောတော့ဘူးလို့ ဆုံးဖြတ်ထားတာ။ အခုတော့ ပြောရတော့မယ်။ ဒီ Apologize ရော Bleeding Love ရော ကသွားတဲ့ အကွက်တွေက .. ကျုပ်ဒီကနေ ပုံတွေဆွဲပြီး online က သင်ပေးလိုက်တာလေ။ ကောင်းတယ်မလား.. ဒါတောင် အိပ်ချင်မူးတူးနဲ့ ဆွဲပေးလိုက်တာပါ။ ဟတ်ဟတ်.. လိုက်တော့ မကတော့ဘူး။ ကိုယ်ဆွဲပေးထားတာဆိုတော့ ကလေ့ သိပ်မရှိဘူး။ ပြီးတော့ လွယ်လဲလွယ်တာကိုး.. သိတယ်မလား.. တီးတို့က နည်းနည်း ခက်မှ လှုပ်ရှားချင်တာ .. ဟတ်ဟတ်

PP said...

အဟွတ် အဟွတ် အဟွတ်
တီးကိုတော့ မပြောတော့ဘူး :S

Unknown said...

စမ်းကကြည်.တာ အခန်းက ကျဥ်းတော. နံရံနဲ. လက် နဲ. ဆောင်.မိတယ် နာလိုက်တာ

စိုးထက် - Soe Htet ! said...

ပေဖူးလွှာ ရေ ...

Mark နဲ့ Chelsi က အဓိပ္ပါယ် ကို ကောင်းကောင်း ဖေါ် သွားတယ် ... ခံစားရတယ် ဗျာ ... :D Many thanks for sharing ! It really reflects my family life also ! :D Cheers !