Photobucket

Thursday, June 26, 2008

သတင်း Center - 25th June, 2008


မြန်မာ့သတင်းများ

မြန်မာစစ်အစိုးရသည် အဓိကကျသော တပ်မတော်အရာရှိ အများအပြားကို အစဉ်အလာ မရှိဘဲ ရုတ်တရက် အပြောင်းအရွှေ့ များ ပြုလုပ်လိုက်ပြီး အရာရှိငယ်များကိုလည်း စစ်တိုင်းမှူး ရာထူး နေရာများတွင် တိုးမြှင့်ခန့်ထားလိုက်သည်။ စစ်အစိုးရတွင်း အပြောင်းအရွှေ့များ နောက်ကွယ်တွင် ဘာတွေရှိသလဲ။ [More]


ရန်ကုန်ရှိ ကိုရီးယားလူမျိုး သတင်းထောက်တဦးကို အာဏာပိုင် များက နှင်ထုတ် လိုက်သည်။ [More]


United Kingdom မှ Flash Mob ဟု ခေါ်သော ဗီဒီယို အတိုလေး တစ်ခုအား လန်ဒန်မှာ ယနေ့ည ၉.၄၅ တွင် Waterloo station တွင် ပြသသွားမည် ဖြစ်သည်။ YouTube clip ကို သွားရောက် ကြည့်ရှုနိုင်သည်။ Flash Mob သည် ပုံမှန်အားဖြင့် စစ်အစိုးရ၏ ရက်စက်စွာ သတ်ဖြတ်ပုံများကို ပုံဖော်ထားခြင်းဖြစ်သည်။ [More]


မူးယစ်ဆေးဝါး သုံးစွဲမှုဖြင့် ရုပ်ရှင် အနုပညာရှင် အများအပြားကို အာဏာပိုင်များက ခေါ်ယူ စစ်ဆေးမှုပြုအပြီး နောက်ဆက် တွဲ ပြဿနာကတော့ ဂျာနယ်တစောင်နှင့် အနုပညာရှင်အချို့ အငြင်းပွားမှု ဖြစ်သည်။ [More]


Telecoms Sans Frontieres (TSF) မှ အဖွဲ့နှစ်ခု ရှိ ကယ်ဆယ်ရေးသမားများ အရေးပေါ် Telecoms များ မုန်တိုင်း ထိ ဆိုးရွားနေရာများသို့ ပို့ဆောင်ပေးမည်ကို ပိတ်ပင်လိုက်သည်။ [More]


စစ်အစိုးရသည် ဗိုလ်ချုပ်အောင်ဆန်းနှင့် သခင်ကိုယ်တော်မှိုင်းတို့၏ စာများကို အထက်တန်း သင်ရိုးညွှန်းတမ်းမှ ဖြုတ်ပယ်လိုက်သည်။ [More]


ယိုးဒယားနိုင်ငံသည် မြန်မာပြည်နှင့် Gas deal တစ်ခု ပြုလုပ်လိုက်သည်။ တစ်နေ့လျှင် 300 million cubic feet of gas ထုတ်လုပ်နိုင်ပြီး ၈၀%ကို ယိုးဒယားနိုင်ငံသို့ တင်ပို့မည်ဖြစ်သည်။ [More]


ဒေါ်လာ ၈၄သန်း ချေးငှားရေး အပါအ၀င် မြန်မာ စစ်အစိုးရ သည် အိန္ဒိယနှင့် စာချုပ် စုစုပေါင်း ၄ခုကို ချုပ်ဆိုလိုက်သည်။ [More]


မြန်မာစစ်အစိုးရ၏ တရားဝင် စားရင်း သေဆုံးသူ ၈၄၅၀၀ ရှိသွားပြီဖြစ်သည်။ အင်္ဂါနေ့တွင် ပြောကြားလိုက်ခြင်း ဖြစ်သည်။ [More]


ရန်ကုန် လေဘေး ဒုက္ခသည်များအရေး သတင်းလိုက်ယူသဖြင့် လွန်ခဲ့သည့် နှစ်ပတ်က ဖမ်းဆီးခံရသူ Ecovision ဂျာနယ် သတင်းထောက် မအိမ့်ခိုင်ဦးအား စစ်အစိုးရက ကြီးလေးသော ပြစ်မှုများ တပ်၍ စွဲဆိုထားသည်။ [More]





ကမ္ဘာ့သတင်းများ


Jolie-Pitt Foundation donates $1 mil to Iraqi kids
ဟောလိဝုဒ်သရုပ်ဆောင်စုံတွဲ Brad Pitt နှင့် Angelina Jolie တို့သည် အီရတ်တွင် စစ်ဒဏ်ခံနေရသော ကလေးများအတွက် ဒေါ်လာတစ်သန်းကို Jolie-Pitt Foundation မှတဆင့် လှူဒါန်းလိုက်။ [More]


Gastric Bypass reduces cancer risk
ခွဲစိတ်ခြင်းဖြင့် လူကို ပိန်စေသောနည်းသည် တနည်းအားဖြင့် အန္တရာယ်ရှိသော်လဲ ဆီးချိုနှင့် နှလုံးရောဂါဖြစ်နိုင်ချေ လျှော့ချပေး။ ကင်ဆာဖြစ်နှုန်းကိုလဲ ၈၅ရာခိုင်နှုန်းအထိ လျှော့ချ။ [More]


China's First Spacewalk: A Prelude of Things to Come
တရုတ်ပြည်သည် ၂၀၀၃ ခုနှစ်မှ စပြီး “Shenzhou Spaceship Program” ဆန်ဇိုးအာကာသယာဉ်နှစ်ခုတင်လွှတ်ပြီးရာ ယခု အောက်တိုဘာလတွင် Shenzhou 7 Spacecraft အား တင်လွှတ်ရန် ပြင်ဆင်နေ။ ယခုအခေါက်တွင် အာကာသတွင်း လမ်းလျှောက်ခြင်းပါ ပါဝင်မည်ဖြစ်သည်။ [More]


Letter from LDS Church asks for support against gay marriage
ခရစ်ယာန်ဘာသာတစ်ခုဖြစ်သော The Church of Jesus Christ of Latter-day Saints ဧ။် အကြီးအကဲဖြစ်သူက မကြာသေးမီက ကယ်လီဖိုးနီးယားတွင် အတည်ပြုလိုက်သော Gay Marriage ကို ဆန့်ကျင်ကြောင်း စာတစ်စောင်ရေးသားလိုက်သည်။ [More]


McCain Proposes a $300 Million Prize for a Next-Generation Car Battery
သမ္မတလောင်း Senator John McCain သည် သူသာ အမေရိကန်သမ္မတဖြစ်လျှင် စွမ်းရည်ပြည့် ဘက်ထရီကားထုတ်လုပ်နိုင်သူအား ဒေါ်လာ သန်း၃၀၀ ပေးမည်ဟု ကြေညာလိုက်သည်။ ဓါတ်ဆီဈေးမြင့်မားမှုကြောင့် Senator Obama ကလဲ ပြောင်းဖူးမှ လောင်စာဆီထုတ်လုပ်မှုကို အားပေးမည်ဟု ကြေညာထား။ [More]


Mobile phone battery dead? Try dancing
မိုဘိုင်းဖုန်းရုတ်တရက်ဘက်ထရီကုန်သွားပါက အရွေ့စွမ်းအင် Kinetic Energy မှ လျှပ်စစ်စွမ်းအင် Electrical Energy သို့ ကူးပြောင်းပေးမည့် Charger တစ်ခုတီထွင်လိုက်။ ယင်းကို ကမ္ဘာ့အကြီးဆုံး Music and Art Glastonbury Festival တွင် စတင်စမ်းသပ်အသုံးပြုသွားမည်ဖြစ်။ [More]


345 arrested, kids rescued in prostitution busts
FBIဧ။် ငါးရက်ကြာ အမရိကန်နိုင်ငံရှိ မြို့ကြီးများတွင် ပြည့်တန်ဆာဖမ်းဆီးရာတွင် လူကြီး ပြည့်တန်ဆာ ၃၄၅ ယောက်ဖမ်းမိပြီး ကလေးငယ်၂၁ယောက်အားလဲ ကယ်ဆယ်လိုက်နိုင်။ [More]


Fossil of most primitive 4-legged creature found
ကမ္ဘာပေါ်တွင် ရှေးအကျဆုံး လွန်ခဲ့သော သန်း ၃၆၅နှစ် ခန့်က တွားသွားသတ္တ၀ါဧ။် ဦးခေါင်းခွံ၊ ပုခုံးရိုးနှင့် တင်ပါးဆုံရိုးများကို လစ်ဗျားနိုင်ငံတွင် တွေ့ရှိ။ ရေထဲတွင်နေလေ့ရှိပြီး ထိုအသားစားသတ္တ၀ါ Vantestega curonica သည် ဒိုင်နိုဆောများထက် နှစ်သန်းပေါင်းတစ်ရာ ပိုမိုရှေးကျ [More]


Gloucester Pregnancy Plot Thickens
အမေရိကန် မက်ဆာချူးဆက်ပြည်နယ်ရှိ အထက်တန်းကျောင်းတွင် ကိုယ်ဝန်ရှိ ကျောင်းသူ ၁၇ယောက်အထိ တိုးလာ။ ကျောင်းသူများသည် သူငယ်ချင်းများနှင့် အတူ ကလေးများကို ကြီးပြင်းစေမည်ဟူသော အကြံဖြင့်၊ ယင်းအထက်တန်းကျောင်းတွင် နေ့ကလေးထိန်းကျောင်းတစ်ခုပါဖွင့်ပေးရမည့် အခြေအနေသို့ ဆိုက်ရောက်နေ။ [More]


Ronaldo To Madrid, Owen To Man U?
မန်ယူကြယ်ပွင့် Christiano Ronaldo ရီးရဲမက်ဒရစ်သို့ ပြောင်းဖြစ်ပါက Sit Alex Ferguson သည် နယူးကာဆယ် ရှေ့တန်းတိုက်စစ်မှူး Micheal Owen ကို မန်ယူသို့ နှစ်တိုစာချုပ်ဖြင့် ခေါ်ယူရန် ကြံစည်နေ။ [More]


လေးစားလျှက်
Mr. Reporter
Ms. Reporter

No comments: